(Zawgyi)
သင့္ကားမွာ မီးသတ္ေဆးဗူး ဘယ္ႏွစ္ဗူး ေဆာင္ထားရမလဲ.. ဘယ္ေလာက္ Kg ဗူးေတြလဲ..

ကားေတြမွာ မီးသတ္ေဆးဗူးေဆာင္တာႏွင့္ ပတ္သတ္လို႔ ကားအမ်ိဳးအစားေပၚမႈတည္ၿပီး ကားအလိုက္ သတ္မွတ္ေပးထားပါတယ္။ မၾကာမၾကာ ေမးျမန္းၾကတဲ့ သူငယ္ခ်င္းေတြနဲ႔ ကြၽန္ေတာ့္ကားဆရာေတြ ဂဃနဏ သိေစဖို႔ ကုန္လမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားတာေလး ေဖာ္ျပေပးပါရေစ။

-Saloon, Jeep, Pick up, Station Wagon, Micro Bus ႏွင့္ အိမ္စီးကားေတြမွာ 1Kg တစ္ဗူး
-Mini Bus, Light Truck, Light Van ႏွင့္ ေပါင္းမုန႔္၊ အန္စာတုံးကားေတြမွာ 2Kg တစ္ဗူး
-Truck, Van Container Carrier, Other ေတြမွာ 3Kg တစ္ဗူး, Tankerမွာ 3Kg တစ္ဗူး
-City Bus, Express Bus ခရီးသည္တင္ကားႀကီးေတြမွာ 3Kg ႏွစ္ဗူး

မီးသတ္ေဆးဗူးဟာ အလြယ္တကူ ယူလို႔ရတဲ့ေနရာ အလြယ္တကူ ယူလို႔ရေအာင္ ထားရပါ့မယ္။လိုအပ္လို႔ ယူတဲ့အခါ ႀကိဳးေတြနဲ႔ ခ်ည္ထားလို႔ ယူမရတာ၊ ဟိုးေအာက္ထဲမွာမို႔ ယူမရတာ စသည္မ်ိဳး မျဖစ္ေအာင္ ဂ႐ုျပဳရပါ့မယ္။ ခရီးသည္တင္ ယာဥ္ေတြမွာဆို ယာဥ္ေမာင္းနဲ႔ စပယ္ယာ အလြယ္တကူယူလို႔ရတဲ့ ေနရာမွာ ထားရပါ့မယ္ဗ်။
Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ
(Unicode)
သင့်ကားမှာ မီးသတ်ဆေးဗူး ဘယ်နှစ်ဗူး ဆောင်ထားရမလဲ.. ဘယ်လောက် Kg ဗူးတွေလဲ..
ကားတွေမှာ မီးသတ်ဆေးဗူးဆောင်တာနှင့် ပတ်သတ်လို့ ကားအမျိုးအစားပေါ်မှုတည်ပြီး ကားအလိုက် သတ်မှတ်ပေးထားပါတယ်။ မကြာမကြာ မေးမြန်းကြတဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော့်ကားဆရာတွေ ဂဃနဏ သိစေဖို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားတာလေး ဖော်ပြပေးပါရစေ။
-Saloon, Jeep, Pick up, Station Wagon, Micro Bus နှင့် အိမ်စီးကားတွေမှာ 1Kg တစ်ဗူး
-Mini Bus, Light Truck, Light Van နှင့် ပေါင်းမုန့်၊ အန်စာတုံးကားတွေမှာ 2Kg တစ်ဗူး
-Truck, Van Container Carrier, Other တွေမှာ 3Kg တစ်ဗူး, Tankerမှာ 3Kg တစ်ဗူး
-City Bus, Express Bus ခရီးသည်တင်ကားကြီးတွေမှာ 3Kg နှစ်ဗူး
မီးသတ်ဆေးဗူးဟာ အလွယ်တကူ ယူလို့ရတဲ့နေရာ အလွယ်တကူ ယူလို့ရအောင် ထားရပါ့မယ်။လိုအပ်လို့ ယူတဲ့အခါ ကြိုးတွေနဲ့ ချည်ထားလို့ ယူမရတာ၊ ဟိုးအောက်ထဲမှာမို့ ယူမရတာ စသည်မျိုး မဖြစ်အောင် ဂရုပြုရပါ့မယ်။ ခရီးသည်တင် ယာဉ်တွေမှာဆို ယာဉ်မောင်းနဲ့ စပယ်ယာ အလွယ်တကူယူလို့ရတဲ့ နေရာမှာ ထားရပါ့မယ်ဗျ။
Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
Leave a Reply