ႏြားမ်ား အေၾကာမ်က္ျခင္းအတြက္ အကုမခက္

(Zawgyi)

ႏြားမ်ား အေၾကာမ်က္ျခင္းအတြက္ အကုမခက္

ေတာင္သူလယ္သမားဦးၾကီးမ်ားသည္ လယ္ယာလုပ္ငန္း လုပ္ကိုင္ရာတြင္ ႏြားမ်ားကို အဓိက အားထားလုပ္ကိုင္ၾကရသည္။ ထိုသို႕ အားထားရေသာ မိမိတို႕ပိုင္ဆိုင္သည့္ ႏြားမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေၾကာမ်က္ေရာဂါ ရခဲ့ေသာ္ ေအာက္နည္းအတိုင္း ကုသႏိုင္ပါသည္။

ႏြား၏ အေၾကာမ်က္ေသာေနရာကို အ၀တ္စိုျဖင့္ ပတ္ခ်ည္ေပးပါ။ အ၀တ္စို ေျခာက္ေသြ႕သြားပါက ထပ္မံ၍ ၄င္းအ၀တ္ ေျခာက္ေသြ႕မေနေအာင္ ေရမ်ားဆြတ္ေပးပါ။ တစ္ရက္မွ် အ၀တ္စိုပတ္ထားျပီး အ၀တ္ကို ေျဖေသာအခါ အေၾကာမ်က္သည့္ေနရာကို ပြတ္သပ္ႏွိပ္နယ္ေပးပါ။ ႏြားမ်ား အေၾကာမ်က္ေရာဂါ မုခ်ေပ်ာက္ကင္းပါလိမ့္မည္။

ယခုနည္းကို ေျပာျပေသာ နတ္ေမာက္ျမိဳ႕နယ္၊ ေဘာ္အိုင္ေက်းရြာမွ ေတာင္သူၾကီး ဦးလွဆန္းအား ေက်းဇူးတင္လ်က္။

ဆရာ သညာမႈး

နကၡတေရာင္ျခည္မဂၢဇင္း

(Unicode)

နွားများ အကြောမျက်ခြင်းအတွက် အကုမခက်

တောင်သူလယ်သမားဦးကြီးများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် နွားများကို အဓိက အားထားလုပ်ကိုင်ကြရသည်။ ထိုသို့ အားထားရသော မိမိတို့ပိုင်ဆိုင်သည့် နွားများ အကြောင်းအမျိုးမျိုးကြောင့် အကြောမျက်ရောဂါ ရခဲ့သော် အောက်နည်းအတိုင်း ကုသနိုင်ပါသည်။

နွား၏ အကြောမျက်သောနေရာကို အဝတ်စိုဖြင့် ပတ်ချည်ပေးပါ။ အဝတ်စို ခြောက်သွေ့သွားပါက ထပ်မံ၍ ၎င်းအဝတ် ခြောက်သွေ့မနေအောင် ရေများဆွတ်ပေးပါ။ တစ်ရက်မျှ အဝတ်စိုပတ်ထားပြီး အဝတ်ကို ဖြေသောအခါ အကြောမျက်သည့်နေရာကို ပွတ်သပ်နှိပ်နယ်ပေးပါ။ နွားများ အကြောမျက်ရောဂါ မုချပျောက်ကင်းပါလိမ့်မည်။

ယခုနည်းကို ပြောပြသော နတ်မောက်မြို့နယ်၊ ဘော်အိုင်ကျေးရွာမှ တောင်သူကြီး ဦးလှဆန်းအား ကျေးဇူးတင်လျက်။

ဆရာ သညာမှုး

နက္ခတရောင်ခြည်မဂ္ဂဇင်း

Comments

Leave a Reply

Your email address will not be published. Required fields are marked *