ဗဟုတုသ

ျမန္မာKFC (သို႔) မိတၳီလာ ေက်ာက္ပန္းေတာင္းလမ္းေပၚက လက္ပံပ်ားၾကက္ေၾကာ္

(Zawgyi)

ရန္ကုန္မွာ ေကအက္ဖ္စီ ၾကက္ေၾကာ္ဆိုင္ စဖြင့္ေတာ့ လူေတြႀကိတ္ႀကိတ္တိုး အားေပးၾကတာဝက္ဝက္ကြဲပါ။ အေမရိကန္လို ႏိုင္ငံႀကီးကေန လာဖြင့္တဲ့ နာမည္ႀကီး ၾကက္ေၾကာ္ဆိုင္ ဆိုေတာ့ လူေတြ စုၿပဳံတိုးၾကတာ ဘာဆန္းလဲ။ ေကအက္ဖ္စီလိုပဲ ျမန္မာႏိုင္ငံမွာ နာမည္ႀကီးတဲ့ ၾကက္ေၾကာ္ရွိပါတယ္။ မိတၳီလာ-ေက်ာက္ပန္း ေတာင္းလမ္းေပၚက လက္ပံပ်ားၾကက္ေၾကာ္ဆို သိၾကမယ္ထင္တယ္။

ေက်ာက္ပန္းေတာင္း၊ မေကြး၊ နတ္ေမာက္၊ ေခ်ာက္၊ ေရနံေခ်ာင္း၊ ေတာင္တြင္းႀကီး၊ ျပည္၊ ဆိပ္ျဖဴ၊ စလင္းအစရွိတဲ့ ေဒသေတြသြားမယ္ဆို ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ထဲမွာရွိတဲ့ လက္ပံပ်ား ေက်း႐ြာမွာ ထမင္းစားနားေလ့ရွိၾကတယ္။ ကားရပ္ၿပီဆို စတီးလင္ပန္းတို႔၊ သံလင္ပန္းတို႔ ေတြေပၚမွာ နီရဲရဲဝင္းေျပာင္ေနတဲ့ ၾကက္သားေၾကာ္ေတြ ေခါင္းေပၚ ႐ြက္ၿပီး လာေရာင္းတတ္တဲ့ လက္ပံပ်ားၾကက္ေၾကာ္သည္ေလးေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ၾကက္ေၾကာ္ေတြက လင္ပန္းထဲမွာ စီစီရီရီတင္ထားတာက စားခ်င္စရာပါ။ ရင္အုပ္ႀကီးေတြကို တစ္ခုေပၚတစ္ခု ဆင့္တင္ၿပီး ပတ္ပတ္လည္ စီထားတယ္။ အလယ္မွာေတာ့ ရင္အုပ္ေတြ။ လစ္ဟာေနတဲ့ ေနရာေလးေတြမွာေတာ့ ၾကက္အသည္းအျမစ္၊ ၾကက္ကလီစာေၾကာ္ေလးေတြ။

လက္ပံပ်ားကို ေရာက္ၿပီဆိုတာနဲ႔ ၾကက္ေၾကာ္ေကာင္းေကာင္း စားရေတာ့မယ္ဆိုတာ စားဖူးသူေတြသိတယ္။ တခ်ိဳ႕က ဝယ္ၿပီး ဒီအတိုင္း တကြၽတ္ကြၽတ္စားပစ္တယ္။ တခ်ိဳ႕ကေတာ့ ထမင္းဆီ ဆမ္းေလးမွာ ထမင္းထဲ ၾကက္ေၾကာ္ေလးေတြ မွ်င္ႏႊာထည့္ၿပီး ထမင္းနဲ႔ ၾကက္ေၾကာ္စားလိုက္၊ အ႐ိုးေလးကိုက္လိုက္ ေရေႏြးေသာက္လိုက္ စားတတ္ၾကတယ္။ ထမင္းဆိုင္ေတြနဲ႔ နီးစပ္တဲ့ ၾကက္ေၾကာ္သည္ေတြဆို ေဈးဝယ္က ပူပူေလးစားခ်င္လို႔ပါဆိုလည္း ျပန္ေၾကာ္ေပးတယ္။ တခ်ိဳ႕ကေတာ့ ကိုယ္စားဖို႔တင္ အားမရ။ ခ်စ္သူခင္သူ မိတ္ေဆြေတြအတြက္ပါ ပါဆယ္ဝယ္ၾကတယ္။

လက္ပံပ်ားၾကက္ေၾကာ္က ျပဳတ္ၿပီး ေၾကာ္တာမ်ိဳးမဟုတ္ဘဲ အစိမ္းအတိုင္းေၾကာ္တာမ်ိဳးဆိုေတာ့ ေမႊးၿပီး အရသာရွိလွတယ္။ ဝယ္ၿပီး သုံးေလးရက္ေလာက္ ေအးေအးေဆးေဆး ထားလို႔ရတယ္။ အိမ္က်မွ အခ်ိဳမႈန႔္စားတတ္ရင္ နည္းနည္းေလးနယ္ၿပီး ျပန္ေၾကာ္စားရင္လည္း ေကာင္းတယ္။ ၾကက္သားကို ႏႊင္ၿပီး ခရမ္းခ်ဥ္သီးနဲ႔ ခ်က္စားလည္း ေကာင္းတယ္။ အစပ္စားတတ္သူေတြ င႐ုတ္သီးနဲ႔ ျပန္ေၾကာ္မယ္ဆိုလည္း ရွယ္ပါပဲ။

ၾကက္ကိုမျပဳတ္ဘဲ ေရေႏြးေျဖာၿပီး လက္မ ၂၀ ေလာက္ရွိတဲ့ မိုးၿပဲဒယ္ႀကီးေတြနဲ႔ ေၾကာ္ေလ့ရွိတယ္။အခ်ိဳမႈန႔္ မသုံးဘူး။ ဆားေလးသာ နည္းနည္းပြတ္တယ္။ ၾကက္ေၾကာ္တဲ့အခါ ဆီကို ဆီအစိမ္းနဲ႔ ဆီအက်က္မွ်ေအာင္ ထည့္ရတယ္။ တစ္ဝက္စီ ထည့္ေၾကာ္လည္းျဖစ္တယ္။ မမွ်ရင္ ၾကက္ေၾကာ္က မလွဘူး။

ရင္အုပ္သက္သက္၊ ေပါင္သက္သက္၊ ကလီစာသက္သက္ေၾကာ္တယ္။ မီးကလည္း ပုံမွန္ထိုးေပးရတယ္။ ၾကက္ေၾကာ္လွ၊ မလွ မီးထိုးတဲ့အေပၚမွာလည္း မူတည္တယ္။ တခ်ိဳ႕ကေတာ့ ၾကက္ေၾကာ္ကို ခပ္ရဲရဲေလးမွ ႀကိဳက္သလို ခပ္ေဖ်ာ့ေဖ်ာ့ေလး ႀကိဳက္တတ္တဲ့သူေတြလည္း ရွိတယ္လို႔ လက္ပံပ်ား႐ြာသား ကိုထြန္းထြန္းက ရွင္းျပတယ္။

တခ်ိဳ႕က လက္ပံပ်ားၾကက္ေၾကာ္ကို စီပီၾကက္ေတြကို ဗမာၾကက္ဆိုၿပီး ေရာင္းတယ္လို႔ အထင္လြဲၾကတယ္။ မဟုတ္ပါဘူး။ လက္ပံပ်ားမွာ စီပီၾကက္ လုံးဝမေရာင္းဖို႔ ကိုယ့္စီးပြားကိုယ္တုတ္နဲ႔ မထိုးဖို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက တင္းတင္းက်ပ္က်ပ္မွာထားတယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။ ‘‘နာမည္ပ်က္သြားရင္ လုပ္စားလို႔မရေတာ့ဘူးေလ’’လို႔ ကို ထြန္းထြန္းက ေျပာတယ္။

ဗမာၾကက္ကိုပဲ သုံးရတာဆိုေတာ့ လက္ပံပ်ား႐ြာဝန္းက်င္မွာ ဗမာၾကက္က အေတာ္ေလးရွားလာတယ္။ ဒါေၾကာင့္ ဗမာၾကက္ရဖို႔ ႐ြာနီးခ်ဳပ္စပ္ ၾကက္အရွာထြက္ရတယ္။ နတ္ေမာက္၊ ေတာင္တြင္းႀကီး၊ ေပ်ာ္ဘြယ္၊ သာစည္၊ ေညာင္ဦးဘက္တို႔ အထိကို သြားရွာရတယ္။ ဆိုင္ကယ္တစ္စီးနဲ႔ ႐ြာစဥ္ ႐ြာၾကား ဗမာၾကက္ရွာရတာ ဓာတ္ဆီငါးဘူးေလာက္ ကုန္တယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။

တစ္႐ြာဝင္တစ္႐ြာထြက္ ၾကက္ေမြးတတ္တဲ့ အိမ္ေတြဆီ ၾကက္ေရာင္းဖို႔ရွိ၊ မရွိ ဝင္ေမးရတယ္။ ဗမာၾကက္ဆိုတာလည္း တျခားေမြးျမဴေရးၾကက္ေတြလို ၿခံ နဲ႔ဝင္းနဲ႔ ေမြးထားတာမ်ိဳးမဟုတ္ေတာ့ တစ္အိမ္တစ္အိမ္မွ ငါးေကာင္ေျခာက္ေကာာင္ေလာက္ ေရာင္းတတ္ၾကတာ။ ေရာင္းမယ္ဆိုရင္ သည္အတိုင္းေရာ့အင့္ဆို ၿပီး ဝယ္လို႔ရတာမဟုတ္။ ေရာင္းမယ့္ၾကက္ကို လူႏွစ္ေယာက္သုံး ေယာက္ေလာက္က ဝိုင္းဖမ္းရ တယ္။ ၾကက္ေျပးႏိုင္မယ့္ ဘက္ကို ပိုက္ေထာင္ထားရတယ္။ ၾကက္က ေတာင္ေျပးလိုက္ ေျမာက္ေျပး လိုက္ဆိုေတာ့ ေန႔ခင္းေနပူပူ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ လိုက္ဖမ္းၿပီး ဝယ္ရတယ္လို႔ ကိုထြန္းထြန္းက ေျပာျပတယ္။

ဒါေၾကာင့္ ဗမာၾကက္သုံးတဲ့ လက္ပံပ်ားၾကက္ေၾကာ္က စားဖူး သူေတြ သေဘာက်က်တယ္။ ခရီး သြားေတြကလည္း ေရာက္တုန္း ေရာက္ခဲဆိုေတာ့ အားရပါးရ ဝယ္စားေလ့ရွိၾကတယ္။ ကိုယ္ပိုင္ကားေသးေလးေတြဆို ေဈးပိုေပး တတ္ၾကတယ္။ ေတာ္သလင္းလ ပုပၸားမွာ ဘိုးေတာ္ထြက္ပြဲအခါ ေရာက္ၿပီဆို လက္ပံပ်ားၾကက္ ေၾကာ္သည္ေတြ လက္ပန္းေပါင္း ခတ္ေပေရာ့။ ဟိုကားကလည္း လက္ပံပ်ားၾကက္ေၾကာ္၊ ဒီကားကလည္း လက္ပံပ်ားၾကက္ေၾကာ္ အသည္တစ္သည္သိန္းခ်ီ ေရာင္းရတယ္လို႔ ဆိုတယ္။ ေတာ္သလင္းကအစ သီတင္းကြၽတ္တန္ေဆာင္တိုင္ေတြမွာလည္း ေရာင္းရတယ္။ ၾသကၤန္မတိုင္မီလည္း ေရာင္းရတယ္လို႔ ဆိုၾကတယ္။

ေဈးေရာင္းေကာင္းတဲ့အခါ ဆိုရင္ေတာ့ ညေန ၃နာရီေလာက္ ဆို ကုန္တတ္တယ္။ အေရာင္း နည္းနည္းေလးေအးတယ္ဆိုရင္ ေတာ့ လာတဲ့ကားကို လက္ပံ ပ်ားၾကက္ေၾကာ္သည္ေတြ ေျပး လႊားေရာင္းၾကရရွာတာပါပဲ။ ေပါင္နဲ႔ ရင္အုပ္အရင္းအတိုင္းေပး ၿပီး ကလီစာေလးအျမစ္အသည္း ေလးအျမတ္ယူေရာင္းရတဲ့အခါ လည္း ရွိတယ္။

ေဈးေရာင္း မေကာင္းတဲ့ အခါ ၾကက္ေၾကာ္သည္ အမ်ိဳး သမီးေလးေတြက ေရာင္းခ်င္ေဇာ နဲ႔ ၾကက္ေၾကာ္ကို ထည့္မေျပာ ေတာ့ဘဲ ‘‘ယူပါအစ္ကိုရယ္။ ကြၽန္ မေပါင္က အႀကီးႀကီးပါ။ ကြၽန္မ ရင္အုပ္က အႀကီးႀကီးပါ’’ဆိုၿပီး ေျပာဆိုေရာင္းခ်တဲ့အခါ ေဘးနားက ၾကားတဲ့ ႐ြာထဲက ကာလသား ေတြဆို တခြိခြိရယ္တတ္ၾကတယ္။ ေနာက္ၿပီး စိုးစႏၵာထြန္းရဲ႕ ကြၽန္မဘဝညဥ့္နက္ရၿပီကြယ္ဆိုတဲ့ သီခ်င္းစာသားကို သူတို႔ေရာင္းေနတာနဲ႔ လိုက္ေအာင္ ေျပာင္းဆို ညည္းတတ္ၾကတယ္။ ဘာတဲ့။ ‘‘ကြၽန္မဘ၀ ၾကက္ျဖစ္ရၿပီကြယ္’’ တဲ့။

လက္ပံပ်ားၾကက္ေၾကာ္ နာမည္ႀကီးေတာ့ ရန္ကုန္က ထမင္း ဆိုင္တခ်ိဳ႕က နည္းယူဖို႔ ႐ြာက ၾကက္ေၾကာ္တဲ့သူတခ်ိဳ႕ကို ေငြစ ေၾကးစေပးၿပီး ေခၚသြားဖူးတယ္။ ႐ြာက လူေတြသိသြားေတာ့ လိုက္ သြားတဲ့သူေတြကို ဆူၾကတာေပါ့။ နင္တို႔ ထမင္းအိုးကြဲသြားခ်င္သ လားေပါ့။ သူတို႔ေတြက ဆိုင္ႀကီး ကနားႀကီး ေငြေၾကးကလည္း ေတာင့္မွေတာင့္။ လက္ပံပ်ား ၾကက္ေၾကာ္ဆိုၿပီး ႏိုင္ငံအႏွံ႔ဆိုင္ ေတြဖြင့္လိုက္ရင္ တို႔ဘယ္လို ေရာင္းစားလို႔ရေတာ့မလဲဆိုတဲ့ အေတြးနဲ႔ ႐ိုးရွင္းစြာစိုးရိမ္ခဲ့ၾကတာ ပါ။ ႐ြာရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ က ၾကက္ေၾကာ္ေရာင္းရတဲ့ စီးပြား ေရးကို မွီခိုအားထားေနရတာဆို ေတာ့ ၾကက္ေၾကာ္ကေပးတဲ့ ဒီစီး ပြားအိုးတုတ္နဲ႔ အထိုးခံရမွာ စိတ္ ပူၾကတာပါ။

စိတ္ပူမယ္ဆိုလည္း ပူစရာပါ။ ေက်းလက္ေဒသေတြမွာ ျဖစ္ပ်က္ေနတဲ့ မိုးေလဝသမမွန္လို႔၊ မိုး ေခါင္လို႔ ဒုကၡေရာက္ရတဲ့ ႐ြာေတြထဲ လက္ပံပ်ား႐ြာေလးလည္း အပါအဝင္ေပါ့။ စပါးရေနတဲ့ လယ္ေတာင္ ေရမရလို႔ ယာေျပာင္းစိုက္ေနရတဲ့ အဆင့္ေရာက္သြားၿပီ။ မိုးေလဝသမမွန္၊ စိုက္ေရးပ်ိဳး ေရးမျဖစ္လို႔ ေဒသခံေတြလည္း ေရၾကည္ေလာက္မယ္၊ ျမက္ႏု ေလာက္မယ္ထင္တဲ့ ဖားကန႔္၊ မိုး ကုတ္၊ ျပည္ပဆို ထိုင္း၊ မေလးရွား တို႔ေရာက္ကုန္ၾကၿပီလို႔ လက္ပံပ်ား႐ြာသား ကိုထြန္းထြန္းက ဆိုပါတယ္။ ဒါေၾကာင့္ ၾကက္ေၾကာ္ေရာင္းတဲ့ စီးပြားေလးထိခိုက္သြားမွာ စိုးရိမ္ၾကတယ္။ ဒါေၾကာင့္ ၾကက္ေၾကာ္နည္းေလးလာေမးရင္ကို သူတို႔မွာ ဘာလဲဆိုၿပီး စိတ္ပူတတ္ၾကတယ္။

ဘာပဲျဖစ္ျဖစ္ပါ။ ၾကက္တစ္ေကာင္လုံး တစ္က်ပ္ေခတ္ေလာက္ကတည္းက ေရာင္းခဲ့တဲ့ လက္ပံပ်ားၾကက္ေၾကာ္ အခုေတာ့ ၇ေထာင္၈ေထာင္ ေဈးျဖစ္ေနလည္း ေရာင္းေနရဆဲပဲ။ ႏွစ္ေပါင္းဆိုရင္ လည္း သုံးဆယ္ ေက်ာ္လာခဲ့ၿပီ။ အခုခ်ိန္ထိ လက္ပံပ်ားၾကက္ေၾကာ္ ပန္းပန္ထားႏိုင္ဆဲ။ ေဒသတစ္ခုေရာက္တိုင္း အဲဒီ ေဒသကထြက္တဲ့ အစားအစာ ပစၥည္းေလးေတြ ဝယ္ယူစားသုံး တာဟာ အဲဒီေဒသေလးေတြ ဖြံ႕ ၿဖိဳးတိုးတက္ဖို႔ တစ္တပ္တစ္အား အားေပးရာေရာက္တယ္လို႔ ဆိုခဲ့ မယ္ဆိုရင္….။

Photos – NNZ

Credit-7DayDaily

(Unicode)

ရန်ကုန်မှာ ကေအက်ဖ်စီ ကြက်ကြော်ဆိုင် စဖွင့်တော့ လူတွေကြိတ်ကြိတ်တိုး အားပေးကြတာဝက်ဝက်ကွဲပါ။ အမေရိကန်လို နိုင်ငံကြီးကနေ လာဖွင့်တဲ့ နာမည်ကြီး ကြက်ကြော်ဆိုင် ဆိုတော့ လူတွေ စုပြုံတိုးကြတာ ဘာဆန်းလဲ။ ကေအက်ဖ်စီလိုပဲ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ကြက်ကြော်ရှိပါတယ်။ မိတ္ထီလာ-ကျောက်ပန်း တောင်းလမ်းပေါ်က လက်ပံပျားကြက်ကြော်ဆို သိကြမယ်ထင်တယ်။

ကျောက်ပန်းတောင်း၊ မကွေး၊ နတ်မောက်၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ပြည်၊ ဆိပ်ဖြူ၊ စလင်းအစရှိတဲ့ ဒေသတွေသွားမယ်ဆို ကျောက်ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ လက်ပံပျား ကျေးရွာမှာ ထမင်းစားနားလေ့ရှိကြတယ်။ ကားရပ်ပြီဆို စတီးလင်ပန်းတို့၊ သံလင်ပန်းတို့ တွေပေါ်မှာ နီရဲရဲဝင်းပြောင်နေတဲ့ ကြက်သားကြော်တွေ ခေါင်းပေါ် ရွက်ပြီး လာရောင်းတတ်တဲ့ လက်ပံပျားကြက်ကြော်သည်လေးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ကြက်ကြော်တွေက လင်ပန်းထဲမှာ စီစီရီရီတင်ထားတာက စားချင်စရာပါ။ ရင်အုပ်ကြီးတွေကို တစ်ခုပေါ်တစ်ခု ဆင့်တင်ပြီး ပတ်ပတ်လည် စီထားတယ်။ အလယ်မှာတော့ ရင်အုပ်တွေ။ လစ်ဟာနေတဲ့ နေရာလေးတွေမှာတော့ ကြက်အသည်းအမြစ်၊ ကြက်ကလီစာကြော်လေးတွေ။

လက်ပံပျားကို ရောက်ပြီဆိုတာနဲ့ ကြက်ကြော်ကောင်းကောင်း စားရတော့မယ်ဆိုတာ စားဖူးသူတွေသိတယ်။ တချို့က ဝယ်ပြီး ဒီအတိုင်း တကျွတ်ကျွတ်စားပစ်တယ်။ တချို့ကတော့ ထမင်းဆီ ဆမ်းလေးမှာ ထမင်းထဲ ကြက်ကြော်လေးတွေ မျှင်နွှာထည့်ပြီး ထမင်းနဲ့ ကြက်ကြော်စားလိုက်၊ အရိုးလေးကိုက်လိုက် ရေနွေးသောက်လိုက် စားတတ်ကြတယ်။ ထမင်းဆိုင်တွေနဲ့ နီးစပ်တဲ့ ကြက်ကြော်သည်တွေဆို ဈေးဝယ်က ပူပူလေးစားချင်လို့ပါဆိုလည်း ပြန်ကြော်ပေးတယ်။ တချို့ကတော့ ကိုယ်စားဖို့တင် အားမရ။ ချစ်သူခင်သူ မိတ်ဆွေတွေအတွက်ပါ ပါဆယ်ဝယ်ကြတယ်။

လက်ပံပျားကြက်ကြော်က ပြုတ်ပြီး ကြော်တာမျိုးမဟုတ်ဘဲ အစိမ်းအတိုင်းကြော်တာမျိုးဆိုတော့ မွှေးပြီး အရသာရှိလှတယ်။ ဝယ်ပြီး သုံးလေးရက်လောက် အေးအေးဆေးဆေး ထားလို့ရတယ်။ အိမ်ကျမှ အချိုမှုန့်စားတတ်ရင် နည်းနည်းလေးနယ်ပြီး ပြန်ကြော်စားရင်လည်း ကောင်းတယ်။ ကြက်သားကို နွှင်ပြီး ခရမ်းချဉ်သီးနဲ့ ချက်စားလည်း ကောင်းတယ်။ အစပ်စားတတ်သူတွေ ငရုတ်သီးနဲ့ ပြန်ကြော်မယ်ဆိုလည်း ရှယ်ပါပဲ။

ကြက်ကိုမပြုတ်ဘဲ ရေနွေးဖြောပြီး လက်မ ၂၀ လောက်ရှိတဲ့ မိုးပြဲဒယ်ကြီးတွေနဲ့ ကြော်လေ့ရှိတယ်။အချိုမှုန့် မသုံးဘူး။ ဆားလေးသာ နည်းနည်းပွတ်တယ်။ ကြက်ကြော်တဲ့အခါ ဆီကို ဆီအစိမ်းနဲ့ ဆီအကျက်မျှအောင် ထည့်ရတယ်။ တစ်ဝက်စီ ထည့်ကြော်လည်းဖြစ်တယ်။ မမျှရင် ကြက်ကြော်က မလှဘူး။

ရင်အုပ်သက်သက်၊ ပေါင်သက်သက်၊ ကလီစာသက်သက်ကြော်တယ်။ မီးကလည်း ပုံမှန်ထိုးပေးရတယ်။ ကြက်ကြော်လှ၊ မလှ မီးထိုးတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့ကတော့ ကြက်ကြော်ကို ခပ်ရဲရဲလေးမှ ကြိုက်သလို ခပ်ဖျော့ဖျော့လေး ကြိုက်တတ်တဲ့သူတွေလည်း ရှိတယ်လို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ရှင်းပြတယ်။

တချို့က လက်ပံပျားကြက်ကြော်ကို စီပီကြက်တွေကို ဗမာကြက်ဆိုပြီး ရောင်းတယ်လို့ အထင်လွဲကြတယ်။ မဟုတ်ပါဘူး။ လက်ပံပျားမှာ စီပီကြက် လုံးဝမရောင်းဖို့ ကိုယ့်စီးပွားကိုယ်တုတ်နဲ့ မထိုးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက တင်းတင်းကျပ်ကျပ်မှာထားတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။ ‘‘နာမည်ပျက်သွားရင် လုပ်စားလို့မရတော့ဘူးလေ’’လို့ ကို ထွန်းထွန်းက ပြောတယ်။

ဗမာကြက်ကိုပဲ သုံးရတာဆိုတော့ လက်ပံပျားရွာဝန်းကျင်မှာ ဗမာကြက်က အတော်လေးရှားလာတယ်။ ဒါကြောင့် ဗမာကြက်ရဖို့ ရွာနီးချုပ်စပ် ကြက်အရှာထွက်ရတယ်။ နတ်မောက်၊ တောင်တွင်းကြီး၊ ပျော်ဘွယ်၊ သာစည်၊ ညောင်ဦးဘက်တို့ အထိကို သွားရှာရတယ်။ ဆိုင်ကယ်တစ်စီးနဲ့ ရွာစဉ် ရွာကြား ဗမာကြက်ရှာရတာ ဓာတ်ဆီငါးဘူးလောက် ကုန်တယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

တစ်ရွာဝင်တစ်ရွာထွက် ကြက်မွေးတတ်တဲ့ အိမ်တွေဆီ ကြက်ရောင်းဖို့ရှိ၊ မရှိ ဝင်မေးရတယ်။ ဗမာကြက်ဆိုတာလည်း တခြားမွေးမြူရေးကြက်တွေလို ခြံ နဲ့ဝင်းနဲ့ မွေးထားတာမျိုးမဟုတ်တော့ တစ်အိမ်တစ်အိမ်မှ ငါးကောင်ခြောက်ကောာင်လောက် ရောင်းတတ်ကြတာ။ ရောင်းမယ်ဆိုရင် သည်အတိုင်းရော့အင့်ဆို ပြီး ဝယ်လို့ရတာမဟုတ်။ ရောင်းမယ့်ကြက်ကို လူနှစ်ယောက်သုံး ယောက်လောက်က ဝိုင်းဖမ်းရ တယ်။ ကြက်ပြေးနိုင်မယ့် ဘက်ကို ပိုက်ထောင်ထားရတယ်။ ကြက်က တောင်ပြေးလိုက် မြောက်ပြေး လိုက်ဆိုတော့ နေ့ခင်းနေပူပူ ချွေးသံတရွှဲရွှဲနဲ့ လိုက်ဖမ်းပြီး ဝယ်ရတယ်လို့ ကိုထွန်းထွန်းက ပြောပြတယ်။

ဒါကြောင့် ဗမာကြက်သုံးတဲ့ လက်ပံပျားကြက်ကြော်က စားဖူး သူတွေ သဘောကျကျတယ်။ ခရီး သွားတွေကလည်း ရောက်တုန်း ရောက်ခဲဆိုတော့ အားရပါးရ ဝယ်စားလေ့ရှိကြတယ်။ ကိုယ်ပိုင်ကားသေးလေးတွေဆို ဈေးပိုပေး တတ်ကြတယ်။ တော်သလင်းလ ပုပ္ပားမှာ ဘိုးတော်ထွက်ပွဲအခါ ရောက်ပြီဆို လက်ပံပျားကြက် ကြော်သည်တွေ လက်ပန်းပေါင်း ခတ်ပေရော့။ ဟိုကားကလည်း လက်ပံပျားကြက်ကြော်၊ ဒီကားကလည်း လက်ပံပျားကြက်ကြော် အသည်တစ်သည်သိန်းချီ ရောင်းရတယ်လို့ ဆိုတယ်။ တော်သလင်းကအစ သီတင်းကျွတ်တန်ဆောင်တိုင်တွေမှာလည်း ရောင်းရတယ်။ သြင်္ကန်မတိုင်မီလည်း ရောင်းရတယ်လို့ ဆိုကြတယ်။

ဈေးရောင်းကောင်းတဲ့အခါ ဆိုရင်တော့ ညနေ ၃နာရီလောက် ဆို ကုန်တတ်တယ်။ အရောင်း နည်းနည်းလေးအေးတယ်ဆိုရင် တော့ လာတဲ့ကားကို လက်ပံ ပျားကြက်ကြော်သည်တွေ ပြေး လွှားရောင်းကြရရှာတာပါပဲ။ ပေါင်နဲ့ ရင်အုပ်အရင်းအတိုင်းပေး ပြီး ကလီစာလေးအမြစ်အသည်း လေးအမြတ်ယူရောင်းရတဲ့အခါ လည်း ရှိတယ်။

ဈေးရောင်း မကောင်းတဲ့ အခါ ကြက်ကြော်သည် အမျိုး သမီးလေးတွေက ရောင်းချင်ဇော နဲ့ ကြက်ကြော်ကို ထည့်မပြော တော့ဘဲ ‘‘ယူပါအစ်ကိုရယ်။ ကျွန် မပေါင်က အကြီးကြီးပါ။ ကျွန်မ ရင်အုပ်က အကြီးကြီးပါ’’ဆိုပြီး ပြောဆိုရောင်းချတဲ့အခါ ဘေးနား က ကြားတဲ့ ရွာထဲက ကာလသား တွေဆို တခွိခွိရယ်တတ်ကြတယ်။ နောက်ပြီး စိုးစန္ဒာထွန်းရဲ့ ကျွန်မဘဝညဉ့်နက်ရပြီကွယ်ဆိုတဲ့ သီချင်းစာသားကို သူတို့ရောင်းနေတာနဲ့ လိုက်အောင် ပြောင်းဆို ညည်းတတ်ကြတယ်။ ဘာတဲ့။ ‘‘ကျွန်မဘ၀ ကြက်ဖြစ်ရပြီကွယ်’’ တဲ့။

လက်ပံပျားကြက်ကြော် နာမည်ကြီးတော့ ရန်ကုန်က ထမင်း ဆိုင်တချို့က နည်းယူဖို့ ရွာက ကြက်ကြော်တဲ့သူတချို့ကို ငွေစ ကြေးစပေးပြီး ခေါ်သွားဖူးတယ်။ ရွာက လူတွေသိသွားတော့ လိုက် သွားတဲ့သူတွေကို ဆူကြတာပေါ့။ နင်တို့ ထမင်းအိုးကွဲသွားချင်သ လားပေါ့။ သူတို့တွေက ဆိုင်ကြီး ကနားကြီး ငွေကြေးကလည်း တောင့်မှတောင့်။ လက်ပံပျား ကြက်ကြော်ဆိုပြီး နိုင်ငံအနှံ့ဆိုင် တွေဖွင့်လိုက်ရင် တို့ဘယ်လို ရောင်းစားလို့ရတော့မလဲဆိုတဲ့ အတွေးနဲ့ ရိုးရှင်းစွာစိုးရိမ်ခဲ့ကြတာ ပါ။ ရွာရဲ့ ၉၀ ရာခိုင်နှုန်းလောက် က ကြက်ကြော်ရောင်းရတဲ့ စီးပွား ရေးကို မှီခိုအားထားနေရတာဆို တော့ ကြက်ကြော်ကပေးတဲ့ ဒီစီး ပွားအိုးတုတ်နဲ့ အထိုးခံရမှာ စိတ် ပူကြတာပါ။

စိတ်ပူမယ်ဆိုလည်း ပူစရာပါ။ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ မိုးလေဝသမမှန်လို့၊ မိုး ခေါင်လို့ ဒုက္ခရောက်ရတဲ့ ရွာတွေထဲ လက်ပံပျားရွာလေးလည်း အပါအဝင်ပေါ့။ စပါးရနေတဲ့ လယ်တောင် ရေမရလို့ ယာပြောင်းစိုက်နေရတဲ့ အဆင့်ရောက်သွားပြီ။ မိုးလေဝသမမှန်၊ စိုက်ရေးပျိုး ရေးမဖြစ်လို့ ဒေသခံတွေလည်း ရေကြည်လောက်မယ်၊ မြက်နု လောက်မယ်ထင်တဲ့ ဖားကန့်၊ မိုး ကုတ်၊ ပြည်ပဆို ထိုင်း၊ မလေးရှား တို့ရောက်ကုန်ကြပြီလို့ လက်ပံပျားရွာသား ကိုထွန်းထွန်းက ဆိုပါတယ်။ ဒါကြောင့် ကြက်ကြော်ရောင်းတဲ့ စီးပွားလေးထိခိုက်သွားမှာ စိုးရိမ်ကြတယ်။ ဒါကြောင့် ကြက်ကြော်နည်းလေးလာမေးရင်ကို သူတို့မှာ ဘာလဲဆိုပြီး စိတ်ပူတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ကြက်တစ်ကောင်လုံး တစ်ကျပ်ခေတ်လောက်ကတည်းက ရောင်းခဲ့တဲ့ လက်ပံပျားကြက်ကြော် အခုတော့ ၇ထောင်၈ထောင် ဈေးဖြစ်နေလည်း ရောင်းနေရဆဲပဲ။ နှစ်ပေါင်းဆိုရင် လည်း သုံးဆယ် ကျော်လာခဲ့ပြီ။ အခုချိန်ထိ လက်ပံပျားကြက်ကြော် ပန်းပန်ထားနိုင်ဆဲ။ ဒေသတစ်ခုရောက်တိုင်း အဲဒီ ဒေသကထွက်တဲ့ အစားအစာ ပစ္စည်းလေးတွေ ဝယ်ယူစားသုံး တာဟာ အဲဒီဒေသလေးတွေ ဖွံ့ ဖြိုးတိုးတက်ဖို့ တစ်တပ်တစ်အား အားပေးရာရောက်တယ်လို့ ဆိုခဲ့ မယ်ဆိုရင်….။

Photos – NNZ

Credit-7DayDaily

Leave a Reply

Your email address will not be published. Required fields are marked *