(Zawgyi)
သန႔္သန႔္ရွင္းရွင္းနဲ႔ အဝစားလို႔ ရတဲ့ ကိုယ္တိုင္လုပ္ ပုစြန္ခ်ဥ္ႏွင့္ ငါးေလးခ်ဥ္ ျပဳလုပ္နည္း
အိမ္မွာ ေမေမလုပ္တဲ့နည္းကို မ်ေဝလိုက္ပါတယ္။ ပုစြန္ေသးေသး ၂၀ သားကို ေခါင္းျဖဳတ္ၿပီး ေရစင္ေအာင္ေဆးပါ။ ဇကာနဲ႔ေရ ခဏစစ္ထားၿပီး ဆားကို ခါတိုင္းဟင္းခ်က္တာထက္ နဲနဲပိုထည့္ၿပီး ႏွံ႔ေအာင္နယ္ပါ။ နာရီဝက္ေလာက္ ေရစစ္ထားၿပီး ထမင္းပူပူနဲ႔ ဆားနယ္ထားတဲ့ပုစြန္ကို ေရာနယ္ေပးပါ။

နယ္ၿပီးရင္ ေျခာက္ေသြ႕သန႔္ရွင္းတဲ့ အေနေတာ္ ဖန္ပုလင္းထဲကို ဖိသိပ္ၿပီးထည့္ပါ။ ပုလင္းျပည့္ေအာင္ အေပၚကေန ဝါး႐ြက္ ငွက္ေပ်ာ႐ြက္ဖိထည့္ၿပီး ေလလုံေအာင္အဖုံးဖုံးကာ တစ္ည ထားလိုက္ပါ။

ေနာက္တေန႔အဖုံးဖြင့္ၿပီး ပန္ကန္ျပားေပၚေမွာက္ထားေပးပါ။ ပုစြန္ခ်ဥ္ပုလင္းမွ ထြက္က်လာေသာ အရည္မ်ားကို ေန႔တိုင္းသြန္ပစ္ေပးပါ။ အဲဒီအတိုင္း ၂ ရက္ ၃ ရက္ထားၿပီးရင္ ပုစြန္ခ်ဥ္ ရပါၿပီ။ ခ်ဥ္ၿပီးမွ ေရခဲသတၱာထဲထည့္ပါ။

ငါးခ်ဥ္ကို အိမ္မွာေတာ့ ငါးခုံးမနဲ႔လုပ္ၿပီး ေရစစ္ရင္ အေပၚကေန အေလးတခုခုနဲ႔ ဖိထားရပါတယ္။က်န္တာေတာ့ ဒီနည္းအတိုင္းပဲ လုပ္ပါတယ္။ ပုစြန္ခ်ဥ္သုပ္ကို ၾကက္သြန္နီ၊ ဆီ၊ င႐ုတ္သီးအက်က္မႈန႔္၊ ရွမ္းနံနံ၊ စပါးလင္နဲ႔ ေရာၿပီးသုပ္စားပါတယ္။
Credit-မြန္မ လက္ရာ စားစရာ
(Unicode)
သန့်သန့်ရှင်းရှင်းနဲ့ အဝစားလို့ ရတဲ့ ကိုယ်တိုင်လုပ် ပုစွန်ချဉ်နှင့် ငါးလေးချဉ် ပြုလုပ်နည်း
အိမ်မှာ မေမေလုပ်တဲ့နည်းကို မျဝေလိုက်ပါတယ်။ ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။ နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။
နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။ ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။
နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။ အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။
ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။ကျန်တာတော့ ဒီနည်းအတိုင်းပဲ လုပ်ပါတယ်။ ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။
Credit-မွန်မ လက်ရာ စားစရာ
Leave a Reply