ဗဟုတုသ

ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေရျမဳပ္ရဲ႕အသုံးဝင္ပုံ (၄) မ်ိဳး

(Zawgyi)

ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေရျမဳပ္ရဲ႕အသုံးဝင္ပုံ (၄) မ်ိဳး

ပန္းကန္ေဆးတဲ့ေနရာမွာသုံးတဲ့ ေဖာ့ေရျမႇဳပ္တုံးေလးေတြက ေဆးေၾကာတဲ့ေနရာမွာတင္မကပဲ အဖက္ဖက္ကေန အသုံးဝင္ေနတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အဲ့ဒီထဲကမွ လူတိုင္းအတြက္အသုံးဝင္ေစမယ့္ နည္းလမ္းေကာင္း (၄) မ်ိဳးကို ေ႐ြးခ်ယ္ၿပီးေဖာ္ျပေပးလိုက္ပါတယ္။

ျပတင္းေပါက္မွန္ကိုသန႔္စင္ဖို႔

ပန္းကန္ေဆးတဲ့ေရျမႇဳပ္ႏွစ္ခုကိုယူၿပီး အစိမ္းဖတ္ထဲကို ပုံမွာျပထားတဲ့အတိုင္း ဓားနဲ႔ထိုးလိုက္ပါ။ ၿပီးရင္ေတာ့ ညႇပ္မွာတစ္ဖက္စီစြပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ျပတင္းေပါက္မွန္ၾကားေတြထိ သန႔္စင္လို႔ရတာကို ေတြ႕ရမွာပါ။

ပန္ကာကိုသန႔္စင္ဖို႔

ပန္ကာကို သန႔္စင္တဲ့အခါမွာ ၾကားေတြထဲထိသန႔္စင္ဖို႔ ခက္ပါတယ္။ ဒါေၾကာင့္ ေရျမႇဳပ္တုံးကိုယူၿပီး ပုံမွာျပထားတဲ့အတိုင္း ေဖာ့ဘက္ကိုဓားနဲ႔လွီးေပးပါ။ ၿပီးရင္ေတာ့ လက္နဲ႔ယူၿပီး ပန္ကန္ၾကားထဲထိသန႔္စင္လို႔ ရသြားပါၿပီ။

ထိုင္ခုံေအာက္မွာခံဖို႔

ထိုင္ခုံေတြကိုဆြဲလိုက္ရင္ ၾကမ္းျပင္ေတြ၊ ေကာေဇာေတြက ပြန္းသြားတတ္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ ထိုင္ခုံေျခေထာက္မွာ ေဖာ့ျပားေတြကို ညႇပ္ၿပီး ေကာ္နဲ႔ကပ္ထားမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ေ႐ႊ႕ေ႐ႊ႕ ပြန္းတာ၊ ၿပဲတာေတြျဖစ္မွာ မဟုတ္ေတာ့ပါဘူး။

လက္သည္းဖ်က္ေဆးအျဖစ္ သုံးဖို႔

ပန္းကန္ေဆးတဲ့ ေဖာ့ကိုယူၿပီး အလိပ္ေလးျဖစ္ေအာင္ လိပ္လိုက္ပါ။ ၿပီးရင္ေတာ့ ပုလင္းတစ္ခုထဲထည့္ၿပီး လက္သည္းဖ်က္ေဆး အရည္ေတြကို ထည့္ေပးပါ။ လက္သည္းဖ်က္ေဆးေတြကို ေဖာ့ကစုပ္ယူထားတာ ျဖစ္တဲ့အတြက္ လက္သည္းကို ေဖာ့ၾကားထဲထည့္ၿပီး လက္ကိုလွည့္လိုက္တာနဲ႔ လက္သည္းနီေတြပ်က္သြားမွာပါ။

Credit-MyFood Myanmar

(Unicode)

ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ရေမြုပ်ရဲ့အသုံးဝင်ပုံ (၄) မျိုး

ပန်းကန်ဆေးတဲ့နေရာမှာသုံးတဲ့ ဖော့ရေမြှုပ်တုံးလေးတွေက ဆေးကြောတဲ့နေရာမှာတင်မကပဲ အဖက်ဖက်ကနေ အသုံးဝင်နေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ လူတိုင်းအတွက်အသုံးဝင်စေမယ့် နည်းလမ်းကောင်း (၄) မျိုးကို ရွေးချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။

ပြတင်းပေါက်မှန်ကိုသန့်စင်ဖို့

ပန်းကန်ဆေးတဲ့ရေမြှုပ်နှစ်ခုကိုယူပြီး အစိမ်းဖတ်ထဲကို ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့ထိုးလိုက်ပါ။ ပြီးရင်တော့ ညှပ်မှာတစ်ဖက်စီစွပ်လိုက်ပါ။ ဒါဆိုရင်တော့ ပြတင်းပေါက်မှန်ကြားတွေထိ သန့်စင်လို့ရတာကို တွေ့ရမှာပါ။

ပန်ကာကိုသန့်စင်ဖို့

ပန်ကာကို သန့်စင်တဲ့အခါမှာ ကြားတွေထဲထိသန့်စင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ရေမြှုပ်တုံးကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ဖော့ဘက်ကိုဓားနဲ့လှီးပေးပါ။ ပြီးရင်တော့ လက်နဲ့ယူပြီး ပန်ကန်ကြားထဲထိသန့်စင်လို့ ရသွားပါပြီ။

ထိုင်ခုံအောက်မှာခံဖို့

ထိုင်ခုံတွေကိုဆွဲလိုက်ရင် ကြမ်းပြင်တွေ၊ ကောဇောတွေက ပွန်းသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ထိုင်ခုံခြေထောက်မှာ ဖော့ပြားတွေကို ညှပ်ပြီး ကော်နဲ့ကပ်ထားမယ်ဆိုရင်တော့ ဘယ်လောက်ရွှေ့ရွှေ့ ပွန်းတာ၊ ပြဲတာတွေဖြစ်မှာ မဟုတ်တော့ပါဘူး။

လက်သည်းဖျက်ဆေးအဖြစ် သုံးဖို့

ပန်းကန်ဆေးတဲ့ ဖော့ကိုယူပြီး အလိပ်လေးဖြစ်အောင် လိပ်လိုက်ပါ။ ပြီးရင်တော့ ပုလင်းတစ်ခုထဲထည့်ပြီး လက်သည်းဖျက်ဆေး အရည်တွေကို ထည့်ပေးပါ။ လက်သည်းဖျက်ဆေးတွေကို ဖော့ကစုပ်ယူထားတာ ဖြစ်တဲ့အတွက် လက်သည်းကို ဖော့ကြားထဲထည့်ပြီး လက်ကိုလှည့်လိုက်တာနဲ့ လက်သည်းနီတွေပျက်သွားမှာပါ။

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *