ဗဟုတုသ

ေငြေခ်းျခင္းႏွင့္ သတိျပဳရေတာ့မည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒအသစ္

(Zawgyi)

ေငြေခ်းျခင္းႏွင့္ သတိျပဳရေတာ့မည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒအသစ္

၂၀၁၉ ခုႏွစ္ ေမလ ၇ ရက္ေန႔မွာ ေလာင္းကစား ဥပေဒကို အသစ္ ျပဌာန္းလိုက္တာ အားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။အဆိုပါ ဥပေဒမွာ စိတ္ဝင္စားစရာအခ်က္ေတြ အမ်ားႀကီး ပါလာပါတယ္။

နံပါတ္ (၁) အခ်က္ကေတာ့

ပုဒ္မ ၄(က) ႏွင့္ ၆(က) မွာ ရပ္ကြက္(သို႔မဟုတ္) ေက်း႐ႊာအုပ္စု အုပ္ခ်ဳပ္ေရးမႈးက ေလာင္းကစားေနသူ (သို႔မဟုတ္) ေလာင္းကစားအိမ္ကို ဝရမ္းမပါဘဲ ဖမ္းဆီးခြင့္ ရွိသည္ ဆိုသည့္အခ်က္ ျဖစ္ပါတယ္။ ဒီအခ်က္အရဆိုလ်င္ ေလာင္းကစားေနသူမ်ား အေနျဖင့္ ယခင္ကဆိုလ်င္ ရပ္ကြက္ထဲ ႐ြာထဲ ရဲလာမွသာ သတိထားရမည့္ အေနအထား မဟုတ္ေတာ့ဘဲ မိမိတို႔ရဲ႕ အုပ္ခ်ဳပ္ေရးမႈးကပင္ ဖမ္းဆီးခြင့္ ရွိေနၿပီဆိုတာ သတိျပဳရေတာ့မွာ ျဖစ္ပါတယ္။ ေလာင္းကစားမႈ႕အတြက္ ေနရာ က်ဥ္းေျမာင္းသြားပီဆိုတာ သတိျပဳေစလိုပါတယ္။

နံပါတ္ (၂) အခ်က္ကေတာ့

အဆိုပါဥပေဒရဲ႕ ပုဒ္မ(၂၅)မွာ ေလာင္းကစားမႈ႕ မွ သိမ္းဆည္းရမိေငြနဲ႔ ဖမ္းမိသည့္ ေလာင္းကစားပစၥည္း ေရာင္းရေငြအနက္မွ သတင္းေပးသူကို ၁၀% နဲ႔ ဖမ္းဆီး ရာတြင္ပါဝင္သူကို ၂၀% ဆုခ်ီးျမင့္မည္ဆိုသည့္ အခ်က္ျဖစ္ပါတယ္။ ဒီအခ်က္အရဆိုလ်င္ ေလာင္းကစားဝိုင္းရွိေၾကာင္း သတင္းေပးလိုက္ယုံျဖင့္ သတင္းေပးသူသည္ အဆိုပါ ေလာင္းကစားဝိုင္းအမႈ႕ႏွင့္ ဆက္စပ္ေသာ ေငြႏွင့္ ပစၥည္းကို ျပည္သူ႔ဘ႑ာအျဖစ္ အမိန႔္ခ်မွတ္သည့္အခါတြင္ ေလာင္းကစား ေငြႏွင့္ ပစၥည္းေရာင္းရေငြအနက္မွ ၁၀%ကို ဆုေငြအျဖစ္ ရရွိမွာ ျဖစ္ပါတယ္။ ဒီေတာ့ ဥပမာအေနျဖင့္ ေလာင္းကစားေငြနဲ႔ ေလာင္းကစားသည့္ ပစၥည္းရဲ႕ တန္ဖိုးသည္ သိန္း ၁၀၀ဆိုပါက သတင္းေပးသူအေနျဖင့္ ၁၀သိန္း ရရွိမွာျဖစ္ပါတယ္။ယေန႔ေခတ္ အေနအထားအရ လူတိုင္း လက္ကိုင္ဖုန္းမ်ား ကိုင္ႏိုင္သည္ျဖစ္၍ သတင္းေပးသူအေနျဖင့္ လူကိုယ္တိုင္ ရဲစခန္းသို႔ သြားေရာက္ရန္ မလိုပဲ ဖုန္းျဖင့္ ဆက္သြယ္ သတင္းေပးႏိုင္သည္ျဖစ္၍ ေလာင္းကစားျပဳလုပ္မည့္သူမ်ား အေနျဖင့္ အခ်ိန္မေ႐ြး ဖမ္းဆီးခံရႏိုင္သည္ကို သတိျပဳရန္လို ပါလိမ့္မည္။

(ေလာင္းကစားပုဒ္မ ၇ (ခ) (၁) တြင္သတင္း ေပးသူကို လ်ိဳ႕ဝွက္ထားရန္ ျပဌာန္းထားသည္ျဖစ္၍ သတင္းေပးသူ အား အလြယ္တကူ မသိရွိႏိုင္ပါ) ထို႔ျပင္ ဖမ္းဆီးရာတြင္ပါဝင္သူကို ၂၀% ဆု ခ်ီး ျမင့္မည္ဟု ျပဌာန္းထားသည့္အတြက္ ဖမ္းဆီးရာတြင္ ပါဝင္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးမႈးမ်ာ၊ အသိသက္ေသမ်ားသည္လည္း ယခင္ကဲ့သို႔ အခမဲ့ လူမုန္းခံဘဝမွ ဆုေငြရရွိလာေပေတာ့မည္။ ၂၀ % ျဖစ္၍ သိန္း ၁၀၀တန္ေလာင္းကစားမႈ႕ကို ဖမ္းႏိုင္လ်င္ ၂၀% ကို ခြဲေဝရွိေတာ့မည္ ျဖစ္သည့္အတြက္ ယခင္ကလို မျမင္ခ်င္ေယာင္ေဆာင္ေတာ့မည္ မဟုတ္သည္ကို ေလာင္းကစားသူမ်ား အေနျဖင့္ သိရွိထားရန္လိုပါသည္။

နံပါတ္ (၃) အခ်က္ကေတာ့

ယေန႔တင္ျပသည့္ ပိုစ့္၏ ေခါင္းစဥ္ပါ အေၾကာင္းအရာျဖစ္ပါသည္။ ေလာင္းကစားဥပေဒပုဒ္မ (၁၄) တြင္ “မည္သူမ် ေလာင္းကစားရန္ ေငြေခ်းျခင္း သို႔မဟုတ္ ေငြေၾကးေထာက္ပံ့ျခင္း မျပဳလုပ္ရ” ဆိုသည့္အခ်က္ႏွင့္ ေလာင္းကစားဥပေဒပုဒ္မ (၂၀) (က) တြင္ ” ပုဒ္မ ၁၄ ပါ ျပဌာန္းခ်က္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈ႕ထင္ရွားစီရင္ျခင္းခံရလ်င္ ထိုသူကို အနည္းဆုံး ၁ ႏွစ္မွ ၃ ႏွစ္ထိေထာင္ဒဏ္ ခ်မွတ္ရမည့္အျပင္ အနည္းဆုံး က်ပ္ ၁ သိန္းမွ အမ်ားဆုံး က်ပ္ ၅ သိန္းအထိ ေငြဒဏ္ခ်မွတ္ႏိုင္သည္။ ျပစ္မႈ႕ ႏွင့္ အက်ဳံးဝင္ေသာေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္း ျခင္းခံရမည္ ” ဟု ျပဌာန္းထားပါသည္။

ထို႔ေၾကာင့္ ေငြရွင္အေနျဖင့္ ေငြေခ်းမည္ဆိုပါက ေငြလာေခ်းသူသည္ မည္သည့္အတြက္ ေငြေခ်းျခင္း ျဖစ္သည္ကိုတိတိက်က် စုံစမ္းရမည္ ျဖစ္သည္။ သမာအာဇီဝလုပ္ငန္း လုပ္ကိုင္ရန္ အတြက္မဟုတ္ဘဲ ေလာင္းကစားျပဳလုပ္ရန္အတြက္ ေငြေခ်းသည္ကို ေငြရွင္အေနျဖင့္ သိသိလ်က္ႏွင့္ ေခ်းငွားမိပါက ပုဒ္မ ၁၄ကို က်ဴးလြန္ရာေရာက္ပါသည္။အက်ိဳးဆက္အေနျဖင့္ ပုဒ္မ ၁၄ ကို က်ဴးလြန္သည့္အတြက္ ပုဒ္မ ၂၀ အရ ေငြေခ်းငွားေပးသူ ေငြရွင္သည္ ေထာင္ ဒဏ္ ၁ ႏွစ္မွ ၃ ႏွစ္ထိအျပင္ ေငြဒဏ္ ၁ သိန္းမွ ၅ သိန္း ထိ ခ်မွတ္ခံရႏိုင္ပါသည္။ ကိုယ့္ရႈးကိုယ္ပတ္ ဆိုသည့္အတိုင္း ျဖစ္သြားပါမည္။

ကိုယ့္ေငြနဲ႔ ကိုယ္ ေထာင္နန္းစံ ရႏိုင္သည္ကို ေငြေခ်းငွားမည့္ ေငြရွင္မ်ား သတိႀကီးစြာထားရန္လိုပါသည္။ ထို႔ျပင္ အဆိုပါပုဒ္မ ၂၀ တြင္ ေငြကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းသြားမည္ျဖစ္သျဖင့္ ျပန္ရႏိုင္ရန္ မရွိေတာ့သည္ကိုလည္း ထပ္မံသိထားသင့္ပါသည္။ သို႔ျဖစ္ပါ၍ အတိုးရသည္ကို မမက္ေမာဘဲ ေလာင္းကစားဥပေဒသစ္ကို သတိျပဳရန္ လိုပါေၾကာင္း အသိေပး သတိေပးတင္ျပလိုက္ပါသည္။

Credit-စာခ်ဳပ္ေရွ႕ေန ( U Aung Zay Ya)

Via-SearchMyanmar

(Unicode)

ငွေချေးခြင်းနှင့် သတိပြုရတော့မည့် ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေအသစ်

၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာ လောင်းကစား ဥပဒေကို အသစ် ပြဌာန်းလိုက်တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။အဆိုပါ ဥပဒေမှာ စိတ်ဝင်စားစရာအချက်တွေ အများကြီး ပါလာပါတယ်။

နံပါတ် (၁) အချက်ကတော့

ပုဒ်မ ၄(က) နှင့် ၆(က) မှာ ရပ်ကွက်(သို့မဟုတ်) ကျေးရွှာအုပ်စု အုပ်ချုပ်ရေးမှုးက လောင်းကစားနေသူ (သို့မဟုတ်) လောင်းကစားအိမ်ကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည် ဆိုသည့်အချက် ဖြစ်ပါတယ်။ ဒီအချက်အရဆိုလျင် လောင်းကစားနေသူများ အနေဖြင့် ယခင်ကဆိုလျင် ရပ်ကွက်ထဲ ရွာထဲ ရဲလာမှသာ သတိထားရမည့် အနေအထား မဟုတ်တော့ဘဲ မိမိတို့ရဲ့ အုပ်ချုပ်ရေးမှုးကပင် ဖမ်းဆီးခွင့် ရှိနေပြီဆိုတာ သတိပြုရတော့မှာ ဖြစ်ပါတယ်။ လောင်းကစားမှု့အတွက် နေရာ ကျဉ်းမြောင်းသွားပီဆိုတာ သတိပြုစေလိုပါတယ်။

နံပါတ် (၂) အချက်ကတော့

အဆိုပါဥပဒေရဲ့ ပုဒ်မ(၂၅)မှာ လောင်းကစားမှု့ မှ သိမ်းဆည်းရမိငွေနဲ့ ဖမ်းမိသည့် လောင်းကစားပစ္စည်း ရောင်းရငွေအနက်မှ သတင်းပေးသူကို ၁၀% နဲ့ ဖမ်းဆီး ရာတွင်ပါဝင်သူကို ၂၀% ဆုချီးမြင့်မည်ဆိုသည့် အချက်ဖြစ်ပါတယ်။ ဒီအချက်အရဆိုလျင် လောင်းကစားဝိုင်းရှိကြောင်း သတင်းပေးလိုက်ယုံဖြင့် သတင်းပေးသူသည် အဆိုပါ လောင်းကစားဝိုင်းအမှု့နှင့် ဆက်စပ်သော ငွေနှင့် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် အမိန့်ချမှတ်သည့်အခါတွင် လောင်းကစား ငွေနှင့် ပစ္စည်းရောင်းရငွေအနက်မှ ၁၀%ကို ဆုငွေအဖြစ် ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ ဥပမာအနေဖြင့် လောင်းကစားငွေနဲ့ လောင်းကစားသည့် ပစ္စည်းရဲ့ တန်ဖိုးသည် သိန်း ၁၀၀ဆိုပါက သတင်းပေးသူအနေဖြင့် ၁၀သိန်း ရရှိမှာဖြစ်ပါတယ်။ယနေ့ခေတ် အနေအထားအရ လူတိုင်း လက်ကိုင်ဖုန်းများ ကိုင်နိုင်သည်ဖြစ်၍ သတင်းပေးသူအနေဖြင့် လူကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ရန် မလိုပဲ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးနိုင်သည်ဖြစ်၍ လောင်းကစားပြုလုပ်မည့်သူများ အနေဖြင့် အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ကို သတိပြုရန်လို ပါလိမ့်မည်။

(လောင်းကစားပုဒ်မ ၇ (ခ) (၁) တွင်သတင်း ပေးသူကို လျို့ဝှက်ထားရန် ပြဌာန်းထားသည်ဖြစ်၍ သတင်းပေးသူ အား အလွယ်တကူ မသိရှိနိုင်ပါ) ထို့ပြင် ဖမ်းဆီးရာတွင်ပါဝင်သူကို ၂၀% ဆု ချီး မြင့်မည်ဟု ပြဌာန်းထားသည့်အတွက် ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှုးမျာ၊ အသိသက်သေများသည်လည်း ယခင်ကဲ့သို့ အခမဲ့ လူမုန်းခံဘဝမှ ဆုငွေရရှိလာပေတော့မည်။ ၂၀ % ဖြစ်၍ သိန်း ၁၀၀တန်လောင်းကစားမှု့ကို ဖမ်းနိုင်လျင် ၂၀% ကို ခွဲဝေရှိတော့မည် ဖြစ်သည့်အတွက် ယခင်ကလို မမြင်ချင်ယောင်ဆောင်တော့မည် မဟုတ်သည်ကို လောင်းကစားသူများ အနေဖြင့် သိရှိထားရန်လိုပါသည်။

နံပါတ် (၃) အချက်ကတော့

ယနေ့တင်ပြသည့် ပိုစ့်၏ ခေါင်းစဉ်ပါ အကြောင်းအရာဖြစ်ပါသည်။ လောင်းကစားဥပဒေပုဒ်မ (၁၄) တွင် “မည်သူမျ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့ခြင်း မပြုလုပ်ရ” ဆိုသည့်အချက်နှင့် လောင်းကစားဥပဒေပုဒ်မ (၂၀) (က) တွင် ” ပုဒ်မ ၁၄ ပါ ပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှု့ထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ ၃ နှစ်ထိထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁ သိန်းမှ အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။ ပြစ်မှု့ နှင့် အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းခံရမည် ” ဟု ပြဌာန်းထားပါသည်။

ထို့ကြောင့် ငွေရှင်အနေဖြင့် ငွေချေးမည်ဆိုပါက ငွေလာချေးသူသည် မည်သည့်အတွက် ငွေချေးခြင်း ဖြစ်သည်ကိုတိတိကျကျ စုံစမ်းရမည် ဖြစ်သည်။ သမာအာဇီဝလုပ်ငန်း လုပ်ကိုင်ရန် အတွက်မဟုတ်ဘဲ လောင်းကစားပြုလုပ်ရန်အတွက် ငွေချေးသည်ကို ငွေရှင်အနေဖြင့် သိသိလျက်နှင့် ချေးငှားမိပါက ပုဒ်မ ၁၄ကို ကျူးလွန်ရာရောက်ပါသည်။အကျိုးဆက်အနေဖြင့် ပုဒ်မ ၁၄ ကို ကျူးလွန်သည့်အတွက် ပုဒ်မ ၂၀ အရ ငွေချေးငှားပေးသူ ငွေရှင်သည် ထောင် ဒဏ် ၁ နှစ်မှ ၃ နှစ်ထိအပြင် ငွေဒဏ် ၁ သိန်းမှ ၅ သိန်း ထိ ချမှတ်ခံရနိုင်ပါသည်။ ကိုယ့်ရှုးကိုယ်ပတ် ဆိုသည့်အတိုင်း ဖြစ်သွားပါမည်။

ကိုယ့်ငွေနဲ့ ကိုယ် ထောင်နန်းစံရနိုင်သည်ကို ငွေချေးငှားမည့် ငွေရှင်များ သတိကြီးစွာထားရန်လိုပါသည်။ ထို့ပြင် အဆိုပါပုဒ်မ ၂၀ တွင် ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သဖြင့် ပြန်ရနိုင်ရန် မရှိတော့သည်ကိုလည်း ထပ်မံသိထားသင့်ပါသည်။ သို့ဖြစ်ပါ၍ အတိုးရသည်ကို မမက်မောဘဲ လောင်းကစားဥပဒေသစ်ကို သတိပြုရန် လိုပါကြောင်း အသိပေး သတိပေးတင်ပြလိုက်ပါသည်။

Credit-စာချုပ်ရှေ့နေ ( U Aung Zay Ya)

Via-SearchMyanmar

Leave a Reply

Your email address will not be published. Required fields are marked *