ဗဟုတုသ

သင့္ရဲ႕ ဝိုင္ဖိုင္ကို ေႏွးေအာင္ လုပ္ေနတဲ့ အိမ္တြင္းပစၥည္းမ်ား

(Zawgyi)

သင့္ရဲ႕ ဝိုင္ဖိုင္ကို ေႏွးေအာင္ လုပ္ေနတဲ့ အိမ္တြင္းပစၥည္းမ်ား

နည္းပညာေတြ အဆင့္ျမင့္လာတာနဲ႔ အမွ် အိမ္တိုင္းနီးပါးမွာ ဝိုင္ဖိုင္ေတြ တပ္ဆင္ေနၾကၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ ကြန္နက္ရွင္ မေကာင္းလို႔ စိတ္ညစ္ရတဲ့သူေတြလည္း အမ်ားႀကီး ရွိေနမွာပါ။ တျခားအိမ္ေတြမွာ ကြန္နက္ရွင္ေကာင္းရက္နဲ႔ သင့္အိမ္မွာ တခုခု ျဖစ္ေနတယ္ဆိုရင္ အခုေဖာ္ျပတဲ့ အခ်က္ေတြနဲ႔ ကိုက္ညီေနလို႔ ျဖစ္ပါလိမ့္မယ္။

(၁) ပရိေဘာဂမ်ား

ဝိုင္ဖိုင္စက္ကို သတၱဳမ်က္ႏွာျပင္ပါတဲ့ ခုံေပၚတင္ျခင္းေၾကာင့္ ဝိုင္ဖိုင္ေႏွးတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။သတၱဳဟာ လွ်ပ္ကူးပစၥည္းျဖစ္တာေၾကာင့္ လွ်ပ္စစ္စြမ္းအားေတြကို စုပ္ယူလိုက္တာမ်ိဳးေတြ ရွိပါတယ္။အိမ္တြင္း ပရိေဘာဂ ပစၥည္းေတြက လွ်ပ္စစ္လႈိင္းေတြရဲ႕ သြားလာမႈကိုအတားအဆီး ျဖစ္ေစႏိုင္ပါတယ္။ သင့္ဝိုင္ဖိုင္ကို ျမန္ေစခ်င္တယ္ဆိုရင္ သတၱဳပစၥည္းေတြရဲ႕ ေဝးရာမွာ ထားဖို႔ အႀကံျပဳခ်င္ပါတယ္။

(၂) မွန္

မွန္ဟာ Router က ထုတ္လႊတ္လိုက္တဲ့ အခ်က္ျပလႈိင္းေတြကို ေရာင္ျပန္ေစပါတယ္။ မွန္ဟာအကာအကြယ္တခုလို ျဖစ္ေနၿပီး ထုတ္လႊတ္လိုက္တဲ့ လႈိင္းေတြကို ထပ္ခါတလဲလဲ ျပန္လည္ေနေစတာေၾကာင့္ ကြန္နက္ရွင္ မေကာင္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မွန္နဲ႔ ေဝးေဝးမွာ ထားပါ။

(၃) ေရခဲေသတၱာ

ေရခဲေသတၱာနဲ႔ အဝတ္ေလွ်ာ္စက္ေတြဟာ ေရကို အသုံးျပဳၿပီး လည္ပတ္ရတဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။အဲဒါဟာ ဝိုင္ဖိုင္စက္ရဲ႕ အလုပ္လုပ္မႈကို ထိခိုက္ေစပါတယ္။ ေရဟာ ဝိုင္ဖိုင္စက္က ထုတ္တဲ့ စြမ္းအားအခ်ိဳ႕ကို ထိန္းသိမ္းထားတာေၾကာင့္ အင္တာနက္ ကြန္နက္ရွင္ကို ေႏွးေကြးေစပါတယ္။

(၄) ဘယ္လိုထားသင့္သလဲ

ဝိုင္ဖိုင္လိုင္းေကာင္းဖို႔ အတြက္ဆိုရင္ ဝိုင္ဖိုင္စက္ကို နည္းစနစ္တက်ထားဖို႔ လိုအပ္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲတဲ့ ပစၥည္းေတြရဲ႕ ေဝးရာမွာ ထားပါ။ Routerကို အၿမဲ Update ျပဳလုပ္ပါ။ အားေကာင္းတဲ့ လွ်ိဳ႕ဝွက္နံပါတ္ကို အသုံးျပဳပါ။

Ref. brightside

Credit-ေရဗန္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

သင့်ရဲ့ ဝိုင်ဖိုင်ကို နှေးအောင် လုပ်နေတဲ့ အိမ်တွင်းပစ္စည်းများ

နည်းပညာတွေ အဆင့်မြင့်လာတာနဲ့ အမျှ အိမ်တိုင်းနီးပါးမှာ ဝိုင်ဖိုင်တွေ တပ်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်နက်ရှင် မကောင်းလို့ စိတ်ညစ်ရတဲ့သူတွေလည်း အများကြီး ရှိနေမှာပါ။ တခြားအိမ်တွေမှာ ကွန်နက်ရှင်ကောင်းရက်နဲ့ သင့်အိမ်မှာ တခုခု ဖြစ်နေတယ်ဆိုရင် အခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေလို့ ဖြစ်ပါလိမ့်မယ်။

(၁) ပရိဘောဂများ

ဝိုင်ဖိုင်စက်ကို သတ္တုမျက်နှာပြင်ပါတဲ့ ခုံပေါ်တင်ခြင်းကြောင့် ဝိုင်ဖိုင်နှေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။သတ္တုဟာ လျှပ်ကူးပစ္စည်းဖြစ်တာကြောင့် လျှပ်စစ်စွမ်းအားတွေကို စုပ်ယူလိုက်တာမျိုးတွေ ရှိပါတယ်။အိမ်တွင်း ပရိဘောဂ ပစ္စည်းတွေက လျှပ်စစ်လှိုင်းတွေရဲ့ သွားလာမှုကို အတားအဆီး ဖြစ်စေနိုင်ပါတယ်။ သင့်ဝိုင်ဖိုင်ကို မြန်စေချင်တယ်ဆိုရင် သတ္တုပစ္စည်းတွေရဲ့ ဝေးရာမှာ ထားဖို့ အကြံပြုချင်ပါတယ်။

(၂) မှန်

မှန်ဟာ Router က ထုတ်လွှတ်လိုက်တဲ့ အချက်ပြလှိုင်းတွေကို ရောင်ပြန်စေပါတယ်။ မှန်ဟာအကာအကွယ်တခုလို ဖြစ်နေပြီး ထုတ်လွှတ်လိုက်တဲ့ လှိုင်းတွေကို ထပ်ခါတလဲလဲ ပြန်လည်နေစေတာကြောင့် ကွန်နက်ရှင် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မှန်နဲ့ ဝေးဝေးမှာ ထားပါ။

(၃) ရေခဲသေတ္တာ

ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တွေဟာ ရေကို အသုံးပြုပြီး လည်ပတ်ရတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။အဲဒါဟာ ဝိုင်ဖိုင်စက်ရဲ့ အလုပ်လုပ်မှုကို ထိခိုက်စေပါတယ်။ ရေဟာ ဝိုင်ဖိုင်စက်က ထုတ်တဲ့ စွမ်းအားအချို့ကို ထိန်းသိမ်းထားတာကြောင့် အင်တာနက် ကွန်နက်ရှင်ကို နှေးကွေးစေပါတယ်။

(၄) ဘယ်လိုထားသင့်သလဲ

ဝိုင်ဖိုင်လိုင်းကောင်းဖို့ အတွက်ဆိုရင် ဝိုင်ဖိုင်စက်ကို နည်းစနစ်တကျထားဖို့ လိုအပ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲတဲ့ ပစ္စည်းတွေရဲ့ ဝေးရာမှာ ထားပါ။ Routerကို အမြဲ Update ပြုလုပ်ပါ။အားကောင်းတဲ့ လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ။

Ref. brightside

Credit-ရေဗန်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *