ဗဟုတုသ

သန႔္စင္တဲ့ မိုးေရရဲ႕ ခႏၶာကိုယ္ကို ထူးျခားအက်ိဳးျပဳပံုမ်ား

(Zawgyi)

ခႏၶာကိုယ္ က်န္းမာေရးအတြက္ မိုးေရရဲ႕ အက်ိဳးျပဳပုံမ်ား

သန႔္စင္တဲ့ မိုးေရဟာ ခႏၶာကိုယ္က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။ မိုးေရမွာ သာမန္ေရေတြလို ေရကိုညစ္ညမ္းေစတဲ့ ဓာတ္သတၱဳေတြ မပါဝင္တာေၾကာင့္ မိုးေရကို အသန႔္စင္ဆုံးေရအျဖစ္ လက္ခံထားၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက မိုးေရကို ေဆးဝါးကုသမႈေတြမွာ အသုံးျပဳခဲ့ၾကၿပီး သန႔္စင္တဲ့ မိုးေရဟာ ခႏၶာကိုယ္က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။

(၁) အစာအိမ္ က်န္းမာေရးကို ေကာင္းမြန္ေစတယ္

အိႏၵိယ႐ိုးရာ တိုင္းရင္းေဆးပညာေတြအရ မနက္တိုင္း သန႔္စင္တဲ့ မိုးေရ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကေန ၃ ဇြန္းခန႔္အထိ ေသာက္သုံးေပးျခင္းဟာ အစာအိမ္က်န္းမာေရးကို ေကာင္းမြန္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ မိုးေရမွာပါဝင္တဲ့ Alkaline pH ဟာ အစာအိမ္နာျခင္းအပါအဝင္ အစာမေၾကျခင္းနဲ႔ အစာအိမ္ေဝဒနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

မိုးေရကို ေသာက္သုံးတဲ့အခါ လုံးဝသန႔္စင္တဲ့ မိုးေရျဖစ္ဖို႔ ေသခ်ာစစ္ေဆးသင့္သလို ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔ကေတာ့ မိုးေရကို က်ိဳခ်က္ၿပီးမွသာ ေသာက္သုံးသင့္ပါတယ္။

(၂) ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တယ္

သန႔္စင္တဲ့ မိုးေရဟာ Alkaline Water ျဖစ္တာေၾကာင့္ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ သတၱိရွိပါတယ္။အစာေခ်ဖ်က္ျခင္းစနစ္ကို ေကာင္းမြန္ေစၿပီး ကိုယ္တြင္း pH Level ကို မွ်တေစကာ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

(၃) ဆံသား က်န္းမာေရးကို ေကာင္းမြန္ေစျခင္း

မိုးေရဟာ ခႏၶာကိုယ္ က်န္းမာေရးအတြက္သာမက ဆံေကသာ က်န္းမာေရးကိုပါ အက်ိဳးျပဳေစပါတယ္။ မိုးေရမွာပါဝင္တဲ့ Alkaline pH ဟာ ဆံေကသာေတြကို သဘာဝအတိုင္း က်န္းမာသန္စြမ္းေစၿပီး မိုးေရနဲ႔ ေခါင္းေလွ်ာ္ျခင္းဟာေခါင္းေလွ်ာ္ရည္ေတြရဲ႕ အက်ိဳးအာနိသင္ကို ပိုမိုေကာင္းမြန္ေစႏိုင္ပါတယ္။

(၄) အသားအေရကို ေကာင္းမြန္ေစတယ္

သန႔္စင္တဲ့ မိုးေရမွာ Chlorine နဲ႔ Fluoride တို႔ မပါဝင္တာေၾကာင့္ အသားအေရကို ထိခိုက္ပ်က္စီးမႈ မရွိေစပါဘူး။Alkaline pH ဟာ အသားအေရရဲ႕ အစိုဓာတ္ကို ထိန္းသိမ္းေပးၿပီး အေရျပားကို ထိေရာက္စြာ သန႔္စင္ေပးႏိုင္တာေၾကာင့္ အသားအေရကို ၾကည္လင္သန႔္စင္ေစႏိုင္ပါတယ္။

Ref. dehealthbenifits.com

Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ခန္ဓာကိုယ် ကျန်းမာရေးအတွက် မိုးရေရဲ့ အကျိုးပြုပုံများ

သန့်စင်တဲ့ မိုးရေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ မိုးရေမှာ သာမန်ရေတွေလို ရေကိုညစ်ညမ်းစေတဲ့ ဓာတ်သတ္တုတွေ မပါဝင်တာကြောင့် မိုးရေကို အသန့်စင်ဆုံးရေအဖြစ် လက်ခံထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက မိုးရေကို ဆေးဝါးကုသမှုတွေမှာ အသုံးပြုခဲ့ကြပြီး သန့်စင်တဲ့ မိုးရေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

(၁) အစာအိမ် ကျန်းမာရေးကို ကောင်းမွန်စေတယ်

အိန္ဒိယရိုးရာ တိုင်းရင်းဆေးပညာတွေအရ မနက်တိုင်း သန့်စင်တဲ့ မိုးရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းခန့်အထိ သောက်သုံးပေးခြင်းဟာ အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။ မိုးရေမှာပါဝင်တဲ့ Alkaline pH ဟာ အစာအိမ်နာခြင်းအပါအဝင် အစာမကြေခြင်းနဲ့ အစာအိမ်ဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

မိုးရေကို သောက်သုံးတဲ့အခါ လုံးဝသန့်စင်တဲ့ မိုးရေဖြစ်ဖို့ သေချာစစ်ဆေးသင့်သလို ကိုယ်ဝန်ဆောင်တွေ အနေနဲ့ကတော့ မိုးရေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

(၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်

သန့်စင်တဲ့ မိုးရေဟာ Alkaline Water ဖြစ်တာကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ သတ္တိရှိပါတယ်။အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း pH Level ကို မျှတစေကာ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၃) ဆံသား ကျန်းမာရေးကို ကောင်းမွန်စေခြင်း

မိုးရေဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက ဆံကေသာ ကျန်းမာရေးကိုပါ အကျိုးပြုစေပါတယ်။ မိုးရေမှာပါဝင်တဲ့ Alkaline pH ဟာ ဆံကေသာတွေကို သဘာဝအတိုင်း ကျန်းမာသန်စွမ်းစေပြီး မိုးရေနဲ့ ခေါင်းလျှော်ခြင်းဟာခေါင်းလျှော်ရည်တွေရဲ့ အကျိုးအာနိသင်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

(၄) အသားအရေကို ကောင်းမွန်စေတယ်

သန့်စင်တဲ့ မိုးရေမှာ Chlorine နဲ့ Fluoride တို့ မပါဝင်တာကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှု မရှိစေပါဘူး။Alkaline pH ဟာ အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြားကို ထိရောက်စွာ သန့်စင်ပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်သန့်စင်စေနိုင်ပါတယ်။

Ref. dehealthbenifits.com

Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *