ဗဟုတုသ

လက္ေခ်ာင္း၊ ေျခေခ်ာင္းေတြ၊ ေျခေထာက္ေတြ လက္ေတြ ျဖဴ၀င္းေစမယ့္ သဘာ၀နည္း ႏွစ္မ်ိဳး

(Zawgyi)

လက္နဲ႔ ေျခေထာက္ေတြ ျဖဴဝင္းၿပီး ႏူးညံ့ေနေစဖို႔ သဘာဝနည္းလမ္း နဲ႔ ေခ်းခၽြတ္မယ္

အလွအပလို႔ ဆိုရာမွာ မ်က္ႏွာေလးကိုသာမက လက္ေတြ ေျခေထာက္ ေတြကိုလည္း ဂ႐ုစိုက္ေပးဖို႔လိုပါတယ္ေနာ္။ လက္ေတြဟာ အရာဝတၱဳေတာ္ေတာ္မ်ားမ်ားကို ကိုယ္တြယ္ထိေတြ႕ေနရလို႔ ေသခ်ာ သန႔္ရွင္းေရးလုပ္ေပးဖို႔ လိုပါတယ္။ ဒီလိုပါပဲ ေျခေထာက္ေလးေတြကိုလည္း သန႔္ရွင္းေရးလုပ္ေပးဖို႔ လိုပါတယ္။ လက္ေတြ ေျခေထာက္ေတြမွာ ေနေလာင္လို႔ မည္းေနတာေတြကိုလည္း သက္သာေစမွာျဖစ္ပါတယ္။

နည္းလမ္း (၁)

ပါဝင္ပစၥည္း-

ႏြားႏို႔ ခြက္ ၁/၄ ပုံ

ေကြကာအုတ္အမႈန႔္ ခြက္တစ္ဝက္

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း-

ခြက္တစ္လုံးထဲမွာ ေကြကာအုတ္အမႈန္႔ကို ထည့္လိုက္ပါ။ ၿပီးရင္ ႏို႔ထည့္ေပးၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ ပ်ားရည္ ထည့္ၿပီး ေသခ်ာထပ္ေမႊေပးပါ။ အဲဒီေနာက္လက္နဲ႔ ေျခေထာက္ေတြမွာ ေသခ်ာပြတ္လိမ္းေပးပါ။ ၅ မိနစ္ ၁၀ မိနစ္ေလာက္ ပြတ္ေပးရပါမယ္။ ၿပီးရင္ ေျခာက္ေအာင္ထားပါ။ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး လက္ေတြ ေျခေထာက္ ေတြကို ႏူးညံ့သန႔္ရွင္းေစမွာပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ ေဆးခ်ၿပီး တဘက္နဲ႔ ေသခ်ာသုတ္ေပးပါ။ တစ္လကို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ပဲလုပ္ေပးရမွာပါ။

နည္းလမ္း(၂)

သၾကား ခြက္တစ္ဝက္

သံပုရာရည္ (သို႔) သံပုယိုရည္ ခြက္တစ္ဝက္

သံလြင္ဆီ ခြက္ ၁/၄ပုံ

ျပဳလုပ္နည္း-

ခြက္တစ္လုံးထဲမွာ သၾကား သံလြင္ဆီ၊ သံပုရာရည္ကိုေရာၿပီး ေသခ်ာေမႊေပးပါ။ အဲဒီေနာက္လက္နဲ႔ ေျခေထာက္ေတြမွာ ေသခ်ာပြတ္လိမ္းေပးပါ။ ၅ မိနစ္ ၁၀ မိနစ္ေလာက္ ပြတ္ေပးရပါမယ္။ ၿပီးရင္ ေျခာက္ေအာင္ထားပါ။ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး ေခြၽးေပါက္ေတြကို ပြင့္ေစမွာျဖစ္သလို အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္မွာပါ။ ဒါ့အျပင္ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး လက္ေတြ ေျခေထာက္ေတြကို ႏူးညံ့သန႔္ရွင္းေစမွာပါ။ တစ္ပတ္ကို ၁ ႀကိမ္ (သို႔) ၂ ပတ္ ၁ ႀကိမ္လုပ္ေပးပါ။

Credit-MyStyle Myanmar

(Unicode)

လက်နဲ့ ခြေထောက်တွေ ဖြူဝင်းပြီး နူးညံ့နေစေဖို့ သဘာဝနည်းလမ်းနဲ့ ချေးချွတ်မယ်

အလှအပလို့ ဆိုရာမှာ မျက်နှာလေးကိုသာမက လက်တွေ ခြေထောက် တွေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ လက်တွေဟာ အရာဝတ္တုတော်တော်များများကို ကိုယ်တွယ်ထိတွေ့နေရလို့ သေချာ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ ဒီလိုပါပဲ ခြေထောက်လေးတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ လက်တွေ ခြေထောက်တွေမှာ နေလောင်လို့ မည်းနေတာတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း-

နွားနို့ ခွက် ၁/၄ ပုံ

ကွေကာအုတ်အမှုန့် ခွက်တစ်ဝက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း-

ခွက်တစ်လုံးထဲမှာ ကွေကာအုတ်အမှုန့်ကို ထည့်လိုက်ပါ။ ပြီးရင် နို့ထည့်ပေးပြီး သေချာမွှေပေးပါ။ ပြီးရင် ပျားရည် ထည့်ပြီး သေချာထပ်မွှေပေးပါ။ အဲဒီနောက်လက်နဲ့ ခြေထောက်တွေမှာ သေချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး လက်တွေ ခြေထောက် တွေကို နူးညံ့သန့်ရှင်းစေမှာပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချပြီး တဘက်နဲ့ သေချာသုတ်ပေးပါ။ တစ်လကို ၂ ကြိမ် ၃ ကြိမ်လောက်ပဲလုပ်ပေးရမှာပါ။

နည်းလမ်း(၂)

သကြား ခွက်တစ်ဝက်

သံပုရာရည် (သို့) သံပုယိုရည် ခွက်တစ်ဝက်

သံလွင်ဆီ ခွက် ၁/၄ပုံ

ပြုလုပ်နည်း-

ခွက်တစ်လုံးထဲမှာ သကြား သံလွင်ဆီ၊ သံပုရာရည်ကိုရောပြီး သေချာမွှေပေးပါ။ အဲဒီနောက်လက်နဲ့ ခြေထောက်တွေမှာ သေချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေမှာဖြစ်သလို အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဒါ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး လက်တွေ ခြေထောက်တွေကို နူးညံ့သန့်ရှင်းစေမှာပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ပတ် ၁ ကြိမ်လုပ်ပေးပါ။

Credit-MyStyle Myanmar

Leave a Reply

Your email address will not be published. Required fields are marked *