ဗဟုတုသ

သမိုင္းေၾကာင္း ေနာက္ခံေတြနဲ႔ ရန္ကုန္ၿမိဳ႕က လမ္းမ်ားအေၾကာင္း

(Zawgyi)

သမိုင္းေၾကာင္း ေနာက္ခံေတြနဲ႔ ရန္ကုန္ၿမိဳ႕က လမ္းမ်ားအေၾကာင္း

လမ္းဆိုတာက လိုရာခရီးကို ပို႔ေဆာင္ေပးတဲ့သူျဖစ္ၿပီး လူတန္းစားမေ႐ြး အသုံးျပဳႏိုင္တာေၾကာင့္ျမင့္ျမတ္ပါတယ္။ လူေတြေနထိုင္တဲ့ ရပ္ကြက္၊ ၿမိဳ႕၊ ႐ြာက လမ္းေတြကေတာ့ ကိုယ္ပိုင္အမည္ေလး ေတြ ရွိတတ္ပါတယ္။ လမ္းေတြရဲ႕အမည္ဟာ မ်ားေသာအားျဖင့္ အမ်ားေကာင္းက်ိဳး လုပ္ခဲ့သူေတြကို အစြဲျပဳၿပီး ဂုဏ္ျပဳ ေခၚေဝၚေလ့ရွိပါတယ္။ ဒါေၾကာင့္ လူတစ္ေယာက္ရဲ႕အမည္ကို လမ္းအမည္ အျဖစ္ေ႐ြးခ်ယ္ သတ္မွတ္လိုက္တာဟာ အဲဒီလူအတြက္ အျမင့္ဆုံးဆုလာဘ္ ရလိုက္တာနဲ႔ အတူတူပါပဲ။

ဒဂုံအမည္နဲ႔ထင္ရွားတဲ့ တံငါၿမိဳ႕ေလးကို ၁၇၅၅ ခုႏွစ္မွာ အေလာင္းဘုရားက ေအာင္ႏိုင္ခဲ့တာေၾကာင့္ ရန္ကုန္လို႔ သတ္မွတ္ခဲ့ပါတယ္။ ၁၈၅၂ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ အဂၤလိပ္-ျမန္မာ ဒုတိယ စစ္ပြဲမွာေတာ့ ရန္ကုန္ၿမိဳ႕ဟာ အဂၤလိပ္ေတြရဲ႕ လက္ေအာက္က်ေရာက္ခဲ့ၿပီး ၿမိဳ႕ကြက္ေတြကို စနစ္တက် ခ်ခဲ့ပါတယ္။ရန္ကုန္ၿမိဳ႕ကြက္ကို စစ္ဘက္အင္ဂ်င္နီယာ တစ္ေယာက္ျဖစ္တဲ့ လက္ဖ္တင္နင္ အလက္ဇန္းဒါးဖေရဇာက ေရးဆြဲခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ကလမ္းေတြဟာ ကိုလိုနီေခတ္က အဂၤလိပ္နာမည္ေတြနဲ႔ ရွိေနခဲ့တာပါ။ဒါေပမဲ့ တခ်ိဳ႕လမ္းေတြရဲ႕ အမည္ကေတာ့ ဌာေနတိုင္းရင္းသားေတြရဲ႕အမည္နဲ႔ ထင္ရွားပါတယ္။ လြတ္ လပ္ေရးရၿပီး ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံျခားသားအမည္နဲ႔ ရွိခဲ့တဲ့လမ္းေတြကို ျမန္မာႏိုင္ငံသမိုင္းမွာ ထင္ရွားခဲ့တဲ့သူေတြရဲ႕ အမည္နဲ႔ အစားထိုးေျပာင္းလဲခဲ့ပါတယ္။

အေနာ္ရထာလမ္း-

အေနာ္ရထာလမ္းဟာ ကိုလိုနီေခတ္က ဖေရဇာလမ္းလို႔ လူသိမ်ားခဲ့ပါတယ္။ ဆူးေလဘုရားကို ဗဟိုျပဳၿပီး ရန္ကုန္ၿမိဳ႕ ေတာ္ပုံစံကို ေရးဆြဲခဲ့တဲ့ ေဒါက္တာဝီလ်ံ ေမာင့္ဂိုမာရီရဲ႕ အစီအစဥ္ကို ဖေရဇာက ထပ္မံျဖည့္စြက္ၿပီး ၿမိဳ႕ကြက္ခ်၊ လမ္းေဖာက္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဖေရဇာဟာ ဘဂၤလားတပ္ကအင္ဂ်င္နီယာ တစ္ဦးပါ။ ဒါေၾကာင့္ သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ လမ္းအမည္ကို သူ႔နာမည္ေပးခဲ့ပါတယ္။၁၁ ရာစု ပုဂံႏိုင္ငံေတာ္ႀကီး ထူေထာင္ၿပီး ေထရဝါဒဗုဒၶဘာသာကို စည္ပင္ျပန႔္ပြားေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ အေနာ္ရထာမင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၄-၉-၁၉၅၆ ခုႏွစ္မွာ ဒီလမ္းကို အေနာ္ရထာလမ္းလို႔ ေျပာင္းလဲသတ္မွတ္ ေပးခဲ့ပါတယ္။

ဗိုလ္ေအာင္ေက်ာ္လမ္း-

စပတ္ခ္လမ္းလို႔ လူသိမ်ားခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕သစ္ရဲ႕ ပထမဆုံး အေရးပိုင္ျဖစ္တဲ့ တီပီစပတ္ကို ဂုဏ္ျပဳ မွည့္ေခၚထားတာပါ။ စပတ္ခ္ဟာ သုဓႏုဇာတ္ကို ကာနယ္စေလဒင္ရဲ႕အကူအညီနဲ႔ အဂၤလိပ္လိုျပန္ဆိုခဲ့ဖူးတယ္လို႔ သိရပါတယ္။ ၁၉၃၈ ခုႏွစ္က အတြင္းဝန္႐ုံးကို ဝိုင္းဝန္း ဆႏၵျပတုန္း ျမင္းစီးပုလိပ္ေတြရဲ႕ ႐ိုက္ႏွက္မႈေၾကာင့္ ေက်ာင္းသားဗိုလ္ေအာင္ေက်ာ္ကို က်ဆုံးခဲ့ရပါတယ္။ သူ႔ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ၃-၄-၁၉၅၆ ခုႏွစ္မွာ ဒီလမ္းကို ဗိုလ္ေအာင္ေက်ာ္လမ္းလို႔ ေျပာင္းလဲ ေပးခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း-

လမ္းရဲ႕အေနာက္ဘက္ပိုင္းကို ေကာ္မရွင္နာလမ္း၊ လမ္းရဲ႕အေရွ႕ဘက္ပိုင္းကို ေမာင့္ဂိုမာရီလမ္းလို႔ကိုလိုနီေခတ္က ေခၚ ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ပထမ ဆုံးေကာ္မရွင္နာမင္းႀကီး ဆာအာသာ ဖယ္ရာ ေနထိုင္ခဲ့ရာ လမ္းျဖစ္လို႔ ေကာ္မရွင္နာလမ္းလို႔ ေခၚခဲ့ၾကတာျဖစ္ၿပီး ေမာင့္ဂိုမာရီကေတာ့ ဆာဂ်င္ရာထူးနဲ႔ ၁၈၅၂ ခုႏွစ္မွာ ရန္ကုန္ကိုေရာက္လာခဲ့ သူပါ။ ၃-၄-၁၉၅၆ ခုႏွစ္မွာေတာ့ ျမန္မာ့လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီလမ္းကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းလို႔သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

လမ္းမေတာ္-

ဒီလမ္းကိုေတာ့ ဗိုလ္ခ်ဳပ္ေဂၚဒြင္လမ္းလို႔ မွည့္ေခၚခဲ့ပါတယ္။ ေဂၚဒြင္ဟာ ပထမ၊ ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲကို ႏႊဲခဲ့ သူျဖစ္ၿပီး ၁၈၅၃ ခုႏွစ္က အိႏၵိယႏိုင္ငံမွာ ေသဆုံးခဲ့ပါတယ္။ ဒီလမ္းရဲ႕ထူးျခားခ်က္က ေဂၚဒြင္လမ္းလို႔ မွည့္ေခၚထားေပမယ့္ လမ္းမေတာ္လို႔သာ အေခၚအေဝၚတြင္ က်ယ္ခဲ့တာပါ။ ဒါေၾကာင့္ ဂ်ပန္ေခတ္မွာကတည္းက လမ္းနာမည္က ေျပာင္းလဲၿပီးသားလို႔ ဆိုပါတယ္။ လမ္းမေတာ္ဆိုတာက သာယာဝတီမင္း ၁၈၄၁ ခုႏွစ္မွာ ရန္ကုန္ ကိုႂကြခ်ီလာတုန္း ဘုရင့္ေဖာင္ေတာ္တံတားက တက္ေရာက္ရာလမ္းကို အစြဲျပဳေခၚတာ ျဖစ္ပါတယ္။

မဟာဗႏၶဳလပန္းၿခံလမ္း-

ေမာ္လၿမိဳင္ၿမိဳ႕မွာ စစ္ကဲအျဖစ္တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ဂ်ီအီးဘားကို အစြဲျပဳၿပီး ဘားလမ္းလို႔ ေရွးကေခၚခဲ့ၾကပါတယ္။

မဟာဗႏၶဳလလမ္း-

အိႏၵိယရဲ႕ ဘုရင္ခံခ်ဳပ္ျဖစ္ဖူးတဲ့ ေလာ့ဒ္ဒါလဟိုဇီကို အစြဲျပဳၿပီး ေခၚေဝၚတာပါ။ ဒါလဟိုဇီဟာ အဂၤလိပ္- ျမန္မာ ဒုတိယစစ္ပြဲကို ႀကီးၾကပ္ခဲ့သူျဖစ္ၿပီး ညစာစားပြဲတစ္ခုမွာ ေသာက္ရင္းစားရင္း က်န္တဲ့လမ္းေတာ္ေတာ္မ်ားမ်ားရဲ႕ နာမည္ကို သူက အမည္ေပးခဲ့ပါတယ္။ သူလိုလားတဲ့ အရာရွိႀကီး၊ ငယ္ေတြရဲ႕အမည္ေတြကို လမ္းအမည္ေပးခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ၃-၄-၁၉၅၆ ခုႏွစ္မွာေတာ့ ဒီလမ္းကို မဟာဗႏၶဳလလမ္းလို႔ ေျပာင္းလဲခဲ့ပါတယ္။ စစ္သူႀကီးမဟာဗႏၶဳလဟာ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲအတြင္းမွာ က်ဆုံးခဲ့ ရသူ ျဖစ္ပါတယ္။

ပန္းဆိုးတန္း-

ေအာက္ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးဝန္ရွင္ေတာ္မင္းႀကီး ဆာအာသာဖယ္ရာကို အစြဲျပဳၿပီး ဖယ္ရာလမ္းလို႔ မွည့္ေခၚခဲ့ပါတယ္။ ဖယ္ရာဟာ ျမန္မာႏိုင္ငံသမိုင္း စာအုပ္ကို ေရးသားခဲ့ၿပီး ျမန္မာႏိုင္ငံအတြင္းရွိတဲ့ သက္ရွိမ်ိဳးစိတ္သစ္ေတြကို ေလ့လာဆန္းစစ္မႈလုပ္ခဲ့သူပါ။ ေတြ႕ရွိခဲ့တဲ့ အခ်ိဳ႕မ်ိဳးစိတ္သစ္ေတြကို သူ႔နာမည္ေပးထားတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ လမ္းအမည္မွာေတာ့ ပန္းဆိုးတန္းဆိုတဲ့ အမည္က ပိုၿပီးထင္ေပၚခဲ့ပါတယ္။

ပန္းဆိုးတန္းဟာ ဘိုးေတာ္ ဘုရားလက္ထက္က ကန္ေတာ္ကေလး ေက်း႐ြာအမည္နဲ႔ တည္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ႐ြာသူ၊ ႐ြာသားေတြဟာ ခဝါသည္၊ ေဆးဆိုးလုပ္ငန္းလုပ္ကိုင္ၿပီး အသက္ေမြးခဲ့တာေၾကာင့္ ပန္းဆိုးတန္းသို႔ သြားရာလမ္းကို ပန္းဆိုးတန္းလမ္းလို႔ ေခၚခဲ့ၾကတာပါ။ သီတဂူဆရာေတာ္ဘုရားႀကီးေဟာတဲ့ တရားတစ္ပုဒ္ထဲမွာေတာ့ ပန္းဆိုးတန္းမဟုတ္ဘဲ ပုဆိုးတန္းသာျဖစ္ေၾကာင္း နာယူမွတ္သားခဲ့ရဖူးပါတယ္။ ေနာက္ၿပီး ေ႐ႊတိဂုံဘုရားမွာ ေရးထိုး မွတ္တမ္းတင္ ထားတာေတြအရ ပုဆိုးတန္းအရပ္ဆိုတာ ရွိခဲ့ပါတယ္။

သိမ္ျဖဴလမ္း-

ဂ်ဴးလူမ်ိဳးသူေဌးျဖစ္တဲ့ ဂ်ဴဒါအီစကယ္ကို အစြဲျပဳၿပီး ဂ်ဴဒါအီစကယ္လမ္းလို႔ အမည္တြင္ခဲ့ပါတယ္။ သူဟာ ရက္ေရာတာေၾကာင့္ ထင္ေပၚခဲ့သူျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ရဟႏၲာသိမ္ ကိုးလုံးအနက္ တစ္လုံးအပါအဝင္ျဖစ္တဲ့ ေဒဝသာဂရသိမ္ေတာ္ကို ထုံးျဖဴသုတ္ထားတာ အေၾကာင္းျပဳၿပီး သိမ္ျဖဴဆိုတဲ့ လမ္းအမည္ ေပၚေပါက္ခဲ့တာပါ။ ၁၈၂၄ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲ မွာ သိမ္ျဖဴခံတပ္တိုက္ပြဲဟာ နာမည္ႀကီးခဲ့ပါတယ္။

ဘုန္းႀကီးလမ္း-

ဘုန္းႀကီးလမ္းကို အရင္က ဘုရားငုတ္တိုလမ္းလို႔ ေခၚခဲ့တယ္လို႔ သိရပါတယ္။ မြန္ဘုရားျဖစ္တဲ့ က်ိဳက္ေဒးတဲ့ ေစတီငုတ္တိုနဲ႔ တြဲၿပီး ဘုရားငုတ္တိုလမ္းလို႔ ေခၚ ခဲ့ၾကတာပါ။ က်ိဳက္ေဒးတဲ့ဆိုတာ ျမန္မာလို ေက်ာက္ကုန္းထက္မွာ တည္တဲ့ဘုရားလို႔ အဓိပၸာယ္ရွိတာ ေတြ႕ရပါ တယ္။ သရက္ေတာေက်ာင္းတိုက္က ဘုန္းႀကီးေတြ ဆြမ္းခံႂကြေလ့ရွိတာေၾကာင့္ ေနာက္ပိုင္းမွာ ဘုရားငုတ္တိုလမ္းအစား ဘုန္းႀကီးလမ္းက ပိုထင္ေပၚခဲ့တာ ျဖစ္ပါတယ္။

မႀကီးႀကီးလမ္း-

၁၈၇၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလမွာ ဦး႐ိုးနဲ႔ ေဒၚေ႐ႊသီတို႔က ေမြးဖြားခဲ့တဲ့ မႀကီးႀကီးကို ဂုဏ္ျပဳတဲအေနနဲ႔ မႀကီးႀကီးလမ္းလို႔ မွည့္ေခၚခဲ့တာပါ။ သူဟာ ေျမယာပိုင္ရွင္ သူေဌးတစ္ဦးျဖစ္ခဲ့ၿပီး ေ႐ႊတိဂုံဘုရားကို ေျမ ၁၀ ဧက လႉဒါန္းခဲ့ပါတယ္။ မ်ိဳးခ်စ္စိတ္ ထက္သန္သူျဖစ္တာေၾကာင့္ အဂၤလိပ္စာသင္ ေက်ာင္းနဲ႔အၿပိဳင္ စာသင္ေက်ာင္းတစ္ေက်ာင္းေဆာက္ၿပီး ကိုယ္တိုင္ဆရာမ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ မႀကီးႀကီးဟာ အသက္ ၈၂ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။

ဦးေထာင္ဗိုလ္လမ္း-

မႏၲေလးဇာတိျဖစ္တဲ့ ဦးေထာင္ဗိုလ္ဟာ ျမန္မာလူမ်ိဳးေတြထဲမွာ ပထမဆုံး သြားစိုက္ဆရာဝန္ ျဖစ္ခဲ့သူပါ။ အသက္ ၁၅ ႏွစ္အ႐ြယ္မွာ ရန္ကုန္ကို ေရာက္လာၿပီး ႏွင္းဆီကုန္းဘိုးဘြားရိပ္သာနဲ႔မ်က္ေစာင္းထိုးမွာ သြားစိုက္ဆိုင္ ဖြင့္ခဲ့တယ္လို႔ ဆိုပါတယ္။ တပည့္ေတြကို ပညာသင္ေပးရင္း ဦးေထာင္ဗိုလ္ဟာ ၃၁-၆-၁၉၆၃ ခုႏွစ္၊ တနဂၤေႏြေန႔၊ နံနက္ ၅ နာရီ ၃၀ မိနစ္မွာ လူႀကီးေရာဂါနဲ႔ ဆုံးပါးသြားခဲ့ပါတယ္။သူ႔ကိုအစြဲျပဳၿပီး ဦးေထာင္ဗိုလ္လမ္းလို႔ မွည့္ေခၚခဲ့တာ ျဖစ္ပါတယ္။

ေမာင္ေထာ္ေလးလမ္း-

မြန္လူမ်ိဳးတစ္ဦးျဖစ္တဲ့ စစ္ကဲဦးေထာ္ေလးဟာ ဒလၿမိဳ႕စားအျဖစ္ အမႈထမ္းခဲ့ ဖူးပါတယ္။ ၿဗိတိသ်လက္ေအာက္မွာေတာ့ စစ္ကဲအျဖစ္ တာဝန္ထမ္းခဲ့ပါတယ္။ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးနဲ႔တည္ေဆာက္ေရးအစိုးရလက္ထက္မွာ ဒီလမ္းကို ဗိုလ္ဆြန္ပက္လမ္းလို႔ ေျပာင္းလဲခဲ့ပါတယ္။ ဗိုလ္ဆြန္ပက္ဟာၿဗိတိသွ်ေတြကို ေတာ္လွန္တိုက္ခိုက္ခဲ့တဲ့ မ်ိဳးခ်စ္သူရဲေကာင္းတစ္ဦး ျဖစ္ပါတယ္။

ေရတာရွည္လမ္းေဟာင္း-

ေရတာရွည္ၿမိဳ႕သူ၊ ၿမိဳ႕သားေတြ စုေဝးတဲ့အရပ္ေဒသမို႔ ေရတာရွည္လို႔ ေခၚေဝၚတာ မဟုတ္ပါဘူး။ ေရတာရွည္ လမ္းေဟာင္းနဲ႔ လမ္းသစ္ဆိုၿပီး ႏွစ္လမ္းရွိၿပီး ဗဟန္းၿမိဳ႕နယ္ထဲမွာ ပါဝင္ပါတယ္။ ဗဟန္းဟာ ေရွးက ေတာင္ပူစာ၊ ခ်ိဳင့္ဝွမ္း၊ စိမ့္စမ္းေတြ ေပါမ်ားတာေၾကာင့္ ေရက တာရွည္စီးဆင္းရေလ့ရွိပါတယ္။ ဒါကို အစြဲျပဳၿပီး ေရတာရွည္လမ္းဆိုၿပီး ေပၚေပါက္လာတယ္လို႔ သိရပါတယ္။

ဆူးေလဘုရားလမ္း-

ဆူးေလဘုရားလမ္းသည္ တခ်ိန္က ျမန္မာႏိုင္ငံတြင္သာမက အာရွတြင္ အက်ယ္ဆုံးႏွင့္ အလွပဆုံးလမ္းျဖစ္ခဲ့သည္။ သန႔္ရွင္းလွေသာ လမ္းတြင္ သစ္ပင္မ်ားသာမက ကားမ်ား ဓာတ္ရထားမ်ား ျမင္းလွည္းမ်ားသြားရန္ပါ က်ယ္ဝန္းသည္။

Via : Yangon Directory

Photo Credit : British Library and Myanmar Historic Archive

သမိုင္းအေၾကာင္း

(Unicode)

သမိုင်းကြောင်း နောက်ခံတွေနဲ့ ရန်ကုန်မြို့က လမ်းများအကြောင်း

လမ်းဆိုတာက လိုရာခရီးကို ပို့ဆောင်ပေးတဲ့သူဖြစ်ပြီး လူတန်းစားမရွေး အသုံးပြုနိုင်တာကြောင့်မြင့်မြတ်ပါတယ်။ လူတွေနေထိုင်တဲ့ ရပ်ကွက်၊ မြို့၊ ရွာက လမ်းတွေကတော့ ကိုယ်ပိုင်အမည်လေး တွေ ရှိတတ်ပါတယ်။ လမ်းတွေရဲ့အမည်ဟာ များသောအားဖြင့် အများကောင်းကျိုး လုပ်ခဲ့သူတွေကို အစွဲပြုပြီး ဂုဏ်ပြု ခေါ်ဝေါ်လေ့ရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့အမည်ကို လမ်းအမည် အဖြစ်ရွေးချယ် သတ်မှတ်လိုက်တာဟာ အဲဒီလူအတွက် အမြင့်ဆုံးဆုလာဘ် ရလိုက်တာနဲ့ အတူတူပါပဲ။

ဒဂုံအမည်နဲ့ထင်ရှားတဲ့ တံငါမြို့လေးကို ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားက အောင်နိုင်ခဲ့တာကြောင့် ရန်ကုန်လို့ သတ်မှတ်ခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲမှာတော့ ရန်ကုန်မြို့ဟာ အင်္ဂလိပ်တွေရဲ့ လက်အောက်ကျရောက်ခဲ့ပြီး မြို့ကွက်တွေကို စနစ်တကျ ချခဲ့ပါတယ်။ရန်ကုန်မြို့ကွက်ကို စစ်ဘက်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ လက်ဖ်တင်နင် အလက်ဇန်းဒါးဖရေဇာက ရေးဆွဲခဲ့ပါတယ်။ ရန်ကုန်မြို့ကလမ်းတွေဟာ ကိုလိုနီခေတ်က အင်္ဂလိပ်နာမည်တွေနဲ့ ရှိနေခဲ့တာပါ။ဒါပေမဲ့ တချို့လမ်းတွေရဲ့ အမည်ကတော့ ဌာနေတိုင်းရင်းသားတွေရဲ့အမည်နဲ့ ထင်ရှားပါတယ်။ လွတ် လပ်ရေးရပြီး နောက်ပိုင်းမှာတော့ နိုင်ငံခြားသားအမည်နဲ့ ရှိခဲ့တဲ့လမ်းတွေကို မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့သူတွေရဲ့ အမည်နဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။

အနော်ရထာလမ်း-

အနော်ရထာလမ်းဟာ ကိုလိုနီခေတ်က ဖရေဇာလမ်းလို့ လူသိများခဲ့ပါတယ်။ ဆူးလေဘုရားကို ဗဟိုပြုပြီး ရန်ကုန်မြို့ တော်ပုံစံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာဝီလျံ မောင့်ဂိုမာရီရဲ့ အစီအစဉ်ကို ဖရေဇာက ထပ်မံဖြည့်စွက်ပြီး မြို့ကွက်ချ၊ လမ်းဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖရေဇာဟာ ဘင်္ဂလားတပ်ကအင်ဂျင်နီယာ တစ်ဦးပါ။ ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းအမည်ကို သူ့နာမည်ပေးခဲ့ပါတယ်။၁၁ ရာစု ပုဂံနိုင်ငံတော်ကြီး ထူထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် စွမ်းဆောင်ပေးခဲ့တဲ့ အနော်ရထာမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၄-၉-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို အနော်ရထာလမ်းလို့ ပြောင်းလဲသတ်မှတ် ပေးခဲ့ပါတယ်။

ဗိုလ်အောင်ကျော်လမ်း-

စပတ်ခ်လမ်းလို့ လူသိများခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ပထမဆုံး အရေးပိုင်ဖြစ်တဲ့ တီပီစပတ်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာပါ။ စပတ်ခ်ဟာ သုဓနုဇာတ်ကို ကာနယ်စလေဒင်ရဲ့အကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ ၁၉၃၈ ခုနှစ်က အတွင်းဝန်ရုံးကို ဝိုင်းဝန်း ဆန္ဒပြတုန်း မြင်းစီးပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် ကျောင်းသားဗိုလ်အောင်ကျော်ကို ကျဆုံးခဲ့ရပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ၃-၄-၁၉၅၆ ခုနှစ်မှာ ဒီလမ်းကို ဗိုလ်အောင်ကျော်လမ်းလို့ ပြောင်းလဲ ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း-

လမ်းရဲ့အနောက်ဘက်ပိုင်းကို ကော်မရှင်နာလမ်း၊ လမ်းရဲ့အရှေ့ဘက်ပိုင်းကို မောင့်ဂိုမာရီလမ်းလို့ကိုလိုနီခေတ်က ခေါ် ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမ ဆုံးကော်မရှင်နာမင်းကြီး ဆာအာသာ ဖယ်ရာ နေထိုင်ခဲ့ရာ လမ်းဖြစ်လို့ ကော်မရှင်နာလမ်းလို့ ခေါ်ခဲ့ကြတာဖြစ်ပြီး မောင့်ဂိုမာရီကတော့ ဆာဂျင်ရာထူးနဲ့ ၁၈၅၂ ခုနှစ်မှာ ရန်ကုန်ကိုရောက်လာခဲ့ သူပါ။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းမတော်-

ဒီလမ်းကိုတော့ ဗိုလ်ချုပ်ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဂေါ်ဒွင်ဟာ ပထမ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို နွှဲခဲ့ သူဖြစ်ပြီး ၁၈၅၃ ခုနှစ်က အိန္ဒိယနိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ဒီလမ်းရဲ့ထူးခြားချက်က ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ထားပေမယ့် လမ်းမတော်လို့သာ အခေါ်အဝေါ်တွင် ကျယ်ခဲ့တာပါ။ ဒါကြောင့် ဂျပန်ခေတ်မှာကတည်းက လမ်းနာမည်က ပြောင်းလဲပြီးသားလို့ ဆိုပါတယ်။ လမ်းမတော်ဆိုတာက သာယာဝတီမင်း ၁၈၄၁ ခုနှစ်မှာ ရန်ကုန် ကိုကြွချီလာတုန်း ဘုရင့်ဖောင်တော်တံတားက တက်ရောက်ရာလမ်းကို အစွဲပြုခေါ်တာ ဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံလမ်း-

မော်လမြိုင်မြို့မှာ စစ်ကဲအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျီအီးဘားကို အစွဲပြုပြီး ဘားလမ်းလို့ ရှေးကခေါ်ခဲ့ကြပါတယ်။

မဟာဗန္ဓုလလမ်း-

အိန္ဒိယရဲ့ ဘုရင်ခံချုပ်ဖြစ်ဖူးတဲ့ လော့ဒ်ဒါလဟိုဇီကို အစွဲပြုပြီး ခေါ်ဝေါ်တာပါ။ ဒါလဟိုဇီဟာ အင်္ဂလိပ်- မြန်မာ ဒုတိယစစ်ပွဲကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ညစာစားပွဲတစ်ခုမှာ သောက်ရင်းစားရင်း ကျန်တဲ့လမ်းတော်တော်များများရဲ့ နာမည်ကို သူက အမည်ပေးခဲ့ပါတယ်။ သူလိုလားတဲ့ အရာရှိကြီး၊ ငယ်တွေရဲ့အမည်တွေကို လမ်းအမည်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ၃-၄-၁၉၅၆ ခုနှစ်မှာတော့ ဒီလမ်းကို မဟာဗန္ဓုလလမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ စစ်သူကြီးမဟာဗန္ဓုလဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့ ရသူ ဖြစ်ပါတယ်။

ပန်းဆိုးတန်း-

အောက်မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာကို အစွဲပြုပြီး ဖယ်ရာလမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဖယ်ရာဟာ မြန်မာနိုင်ငံသမိုင်း စာအုပ်ကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိတဲ့ သက်ရှိမျိုးစိတ်သစ်တွေကို လေ့လာဆန်းစစ်မှုလုပ်ခဲ့သူပါ။ တွေ့ရှိခဲ့တဲ့ အချို့မျိုးစိတ်သစ်တွေကို သူ့နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လမ်းအမည်မှာတော့ ပန်းဆိုးတန်းဆိုတဲ့ အမည်က ပိုပြီးထင်ပေါ်ခဲ့ပါတယ်။

ပန်းဆိုးတန်းဟာ ဘိုးတော် ဘုရားလက်ထက်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွာသူ၊ ရွာသားတွေဟာ ခဝါသည်၊ ဆေးဆိုးလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးခဲ့တာကြောင့် ပန်းဆိုးတန်းသို့ သွားရာလမ်းကို ပန်းဆိုးတန်းလမ်းလို့ ခေါ်ခဲ့ကြတာပါ။ သီတဂူဆရာတော်ဘုရားကြီးဟောတဲ့ တရားတစ်ပုဒ်ထဲမှာတော့ ပန်းဆိုးတန်းမဟုတ်ဘဲ ပုဆိုးတန်းသာဖြစ်ကြောင်း နာယူမှတ်သားခဲ့ရဖူးပါတယ်။ နောက်ပြီး ရွှေတိဂုံဘုရားမှာ ရေးထိုး မှတ်တမ်းတင် ထားတာတွေအရ ပုဆိုးတန်းအရပ်ဆိုတာ ရှိခဲ့ပါတယ်။

သိမ်ဖြူလမ်း-

ဂျူးလူမျိုးသူဌေးဖြစ်တဲ့ ဂျူဒါအီစကယ်ကို အစွဲပြုပြီး ဂျူဒါအီစကယ်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ သူဟာ ရက်ရောတာကြောင့် ထင်ပေါ်ခဲ့သူဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရဟန္တာသိမ် ကိုးလုံးအနက် တစ်လုံးအပါအဝင်ဖြစ်တဲ့ ဒေဝသာဂရသိမ်တော်ကို ထုံးဖြူသုတ်ထားတာ အကြောင်းပြုပြီး သိမ်ဖြူဆိုတဲ့ လမ်းအမည် ပေါ်ပေါက်ခဲ့တာပါ။ ၁၈၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာ သိမ်ဖြူခံတပ်တိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။

ဘုန်းကြီးလမ်း-

ဘုန်းကြီးလမ်းကို အရင်က ဘုရားငုတ်တိုလမ်းလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘုရားဖြစ်တဲ့ ကျိုက်ဒေးတဲ့ စေတီငုတ်တိုနဲ့ တွဲပြီး ဘုရားငုတ်တိုလမ်းလို့ ခေါ် ခဲ့ကြတာပါ။ ကျိုက်ဒေးတဲ့ဆိုတာ မြန်မာလို ကျောက်ကုန်းထက်မှာ တည်တဲ့ဘုရားလို့ အဓိပ္ပာယ်ရှိတာ တွေ့ရပါ တယ်။ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေ ဆွမ်းခံကြွလေ့ရှိတာကြောင့် နောက်ပိုင်းမှာ ဘုရားငုတ်တိုလမ်းအစား ဘုန်းကြီးလမ်းက ပိုထင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မကြီးကြီးလမ်း-

၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ဦးရိုးနဲ့ ဒေါ်ရွှေသီတို့က မွေးဖွားခဲ့တဲ့ မကြီးကြီးကို ဂုဏ်ပြုတဲအနေနဲ့ မကြီးကြီးလမ်းလို့ မှည့်ခေါ်ခဲ့တာပါ။ သူဟာ မြေယာပိုင်ရှင် သူဌေးတစ်ဦးဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရားကို မြေ ၁၀ ဧက လှူဒါန်းခဲ့ပါတယ်။ မျိုးချစ်စိတ် ထက်သန်သူဖြစ်တာကြောင့် အင်္ဂလိပ်စာသင် ကျောင်းနဲ့အပြိုင် စာသင်ကျောင်းတစ်ကျောင်းဆောက်ပြီး ကိုယ်တိုင်ဆရာမ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြီးကြီးဟာ အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဦးထောင်ဗိုလ်လမ်း-

မန္တလေးဇာတိဖြစ်တဲ့ ဦးထောင်ဗိုလ်ဟာ မြန်မာလူမျိုးတွေထဲမှာ ပထမဆုံး သွားစိုက်ဆရာဝန် ဖြစ်ခဲ့သူပါ။ အသက် ၁၅ နှစ်အရွယ်မှာ ရန်ကုန်ကို ရောက်လာပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာနဲ့မျက်စောင်းထိုးမှာ သွားစိုက်ဆိုင် ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ တပည့်တွေကို ပညာသင်ပေးရင်း ဦးထောင်ဗိုလ်ဟာ ၃၁-၆-၁၉၆၃ ခုနှစ်၊ တနင်္ဂနွေနေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။သူ့ကိုအစွဲပြုပြီး ဦးထောင်ဗိုလ်လမ်းလို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

မောင်ထော်လေးလမ်း-

မွန်လူမျိုးတစ်ဦးဖြစ်တဲ့ စစ်ကဲဦးထော်လေးဟာ ဒလမြို့စားအဖြစ် အမှုထမ်းခဲ့ ဖူးပါတယ်။ ဗြိတိသျလက်အောက်မှာတော့ စစ်ကဲအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့တည်ဆောက်ရေးအစိုးရလက်ထက်မှာ ဒီလမ်းကို ဗိုလ်ဆွန်ပက်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်ဆွန်ပက်ဟာဗြိတိသျှတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

ရေတာရှည်လမ်းဟောင်း-

ရေတာရှည်မြို့သူ၊ မြို့သားတွေ စုဝေးတဲ့အရပ်ဒေသမို့ ရေတာရှည်လို့ ခေါ်ဝေါ်တာ မဟုတ်ပါဘူး။ ရေတာရှည် လမ်းဟောင်းနဲ့ လမ်းသစ်ဆိုပြီး နှစ်လမ်းရှိပြီး ဗဟန်းမြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ဗဟန်းဟာ ရှေးက တောင်ပူစာ၊ ချိုင့်ဝှမ်း၊ စိမ့်စမ်းတွေ ပေါများတာကြောင့် ရေက တာရှည်စီးဆင်းရလေ့ရှိပါတယ်။ ဒါကို အစွဲပြုပြီး ရေတာရှည်လမ်းဆိုပြီး ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။

ဆူးလေဘုရားလမ်း-

ဆူးလေဘုရားလမ်းသည် တချိန်က မြန်မာနိုင်ငံတွင်သာမက အာရှတွင် အကျယ်ဆုံးနှင့် အလှပဆုံးလမ်းဖြစ်ခဲ့သည်။ သန့်ရှင်းလှသော လမ်းတွင် သစ်ပင်များသာမက ကားများ ဓာတ်ရထားများ မြင်းလှည်းများသွားရန်ပါ ကျယ်ဝန်းသည်။

Via : Yangon Directory

Photo Credit : British Library and Myanmar Historic Archive

သမိုင်းအကြောင်း

Leave a Reply

Your email address will not be published. Required fields are marked *