ဗဟုတုသ

ႏိုင္ငံတကာ ခရီးသြားေတြ လည္ပတ္ေလ့ရွိတဲ့ ကမာၻ႔အလွဆုံး သခ်ႋဳင္းမ်ား

(Zawgyi)

ႏိုင္ငံတကာ ခရီးသြားေတြ လည္ပတ္ေလ့ရွိတဲ့ ကမာၻ႔အလွဆုံး သခ်ႋဳင္းမ်ား

မ်က္ေမွာက္ေခတ္ ကမာၻႀကီးရဲ႕လူသားေတြဟာ ေသျခင္းတရားနဲ႔ လွပျခင္းကို မတြဲစပ္တတ္ပါဘူး။ဒါေပမဲ့လည္း ကမာၻႀကီးမွာရွိတဲ့ လွပတဲ့ သခ်ႋဳင္းေတြဆီကို ကမာၻလွည့္ခရီးသြားေတြ သြားေရာက္လည္ပတ္ေလ့ ရွိၾကပါတယ္။ အခုေဖာ္ျပေပးမယ့္ သခ်ႋဳင္းေတြကေတာ့ ႏိုင္ငံတကာ ခရီးသြားေတြအလည္အပတ္ သြားေလ့ရွိၾကတဲ့ သခ်ႋဳင္းေတြ ျဖစ္ပါတယ္။

(၁) Merry သခ်ႋဳင္း

Merry သခ်ႋဳင္းကေတာ့ ႐ိုေမးနီးယားႏိုင္ငံေျမာက္ပိုင္းက Sapanta ေက်း႐ြာမွာရွိတဲ့ သခ်ႋဳင္းျဖစ္ၿပီး ႏိုင္ငံတကာခရီးသြား အမ်ားစု လာေရာက္ လည္ပတ္ေလ့ ရွိတဲ့သခ်ႋဳင္းပါ။ အဲဒီသခ်ႋဳင္းမွာရွိတဲ့ သခ်ႋဳင္းမွတ္တိုင္အမ်ားစုကိုေတာ့ အေရာင္စုံစုံလင္လင္နဲ႔ ျခယ္သထားေလ့ရွိပါတယ္။ Merry သခ်ႋဳင္းဟာလြင္ျပင္မွာ ဖြင့္ထားတဲ့ ျပတိုက္တခုနဲ႔တူၿပီး ခရီးသြားေတြကို ဆြဲေဆာင္တဲ့ အရပ္ေဒသလည္း ျဖစ္ပါတယ္။

(၂) Cimetiere du Pere Lachaise သခ်ႋဳင္း

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕မွာရွိတဲ့ Cimetiere du Pere Lachaise သခ်ႋဳင္းကေတာ့ ပဲရစ္ၿမိဳ႕ရဲ႕ အႀကီးဆုံး သခ်ႋဳင္းျဖစ္ၿပီး ၄၄ ဟက္တာ (၁၁၀ ဧက) က်ယ္ဝန္းပါတယ္။ ေရွးေဟာင္းသခ်ႋဳင္းတခုျဖစ္တဲ့ Cimetiere du Pere Lachaise သခ်ႋဳင္းကို ႏွစ္စဥ္ လာေရာက္လည္ပတ္တဲ့ ခရီးသြားအေရအတြက္ ၃ ဒႆမ ၅ သန္း ရွိပါတယ္။ အဲဒီသခ်ႋဳင္းမွာေတာ့ ကမာၻမွာထင္ရွားတဲ့ ပုဂၢိဳလ္ေတြျဖစ္တဲ့ Moliere, Marcel Proust, Oscar Wild, Gertrude နဲ႔ Jim Morrison တို႔ကို ျမႇဳပ္ႏွံထားပါၿပီး ဂူေပါင္း ၇၀,၀၀၀ ေက်ာ္ ရွိပါတယ္။

(၃) Waverly သခ်ႋဳင္း

ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာရွိတဲ့ Waverley သခ်ႋဳင္းဟာ ကမာၻ႔ေရွးေဟာင္း အေမြအႏွစ္စာရင္းဝင္ သခ်ႋဳင္းတခုျဖစ္ၿပီး Bronte ကမ္းပါးထိပ္မွာ တည္ရွိပါတယ္။ ဒီသခ်ႋဳင္းကိုေတာ့ ၁၈၇၇ ခုႏွစ္မွာ စတင္ ဖြင့္လွစ္ၿပီး ကဗ်ာဆရာ Henry Lawson နဲ႔ အျခား ထင္ရွားတဲ့လူေတြကို ျမႇဳပ္ႏွံထားပါတယ္။၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာ ၂၈ ရက္ေန႔မွာေတာ့ New South Wales ျပည္နယ္ရဲ႕ ေရွးေဟာင္း အေမြအႏွစ္စာရင္းမွာ မွတ္တမ္းတင္ခဲ့ပါတယ္။ နာမည္ႀကီးပုဂၢိဳလ္ေတြ ျမႇဳပ္ႏွံထားတဲ့ အတြက္သာမက ေရွးက်တဲ့ သခ်ႋဳင္းတခုလည္းျဖစ္လို႔ ႏိုင္ငံတကာခရီးသြားေတြ လာေရာက္ လည္ပတ္ေလ့ ရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။

(၄) La Recoleta သခ်ႋဳင္း

La Recoleta သခ်ႋဳင္းကေတာ့ အာဂ်င္တီးနားႏိုင္ငံ ၿမိဳ႕ေတာ္ျဖစ္တဲ့ Buenos Aires ၿမိဳ႕မွာ တည္ရွိၿပီး ႏွစ္စဥ္ ႏိုင္ငံတကာ ခရီးသြားေပါင္းမ်ားစြာ လာေရာက္ လည္ပတ္ေလ့ ရွိပါတယ္။ ဒီသခ်ႋဳင္းမွာဆိုရင္ အာဂ်င္တီးနားႏိုင္ငံရဲ႕ ပထမဆုံး အမ်ိဳးသမီးသမၼတျဖစ္တဲ့ Eva Peron ကို ျမႇဳပ္ႏွံထားပါတယ္။ ၂၀၁၁ ခုႏွစ္မွေတာ့ La Recoleta သခ်ႋဳင္းဟာ BBC ကေ႐ြးခ်ယ္ေပးခဲ့တဲ့ ကမာၻ႔အေကာင္းဆုံးသခ်ႋဳင္းတခုျဖစ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာေတာ့ CNN ကေ႐ြးခ်ယ္ေပးခဲ့တဲ့ ကမာၻ႔အလွဆုံးသခ်ႋဳင္း ၁၀ ခုစာရင္းမွာ ပါဝင္ခဲ့ပါတယ္။

Ref: Bloomberg, flightcentre

Credit- ညီညီသူ (ဧရာဝတီ), The Irrawaddy-Burmese Editon

(Unicode)

နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ

မျက်မှောက်ခေတ် ကမ္ဘာကြီးရဲ့လူသားတွေဟာ သေခြင်းတရားနဲ့ လှပခြင်းကို မတွဲစပ်တတ်ပါဘူး။ဒါပေမဲ့လည်း ကမ္ဘာကြီးမှာရှိတဲ့ လှပတဲ့ သင်္ချိုင်းတွေဆီကို ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။ အခုဖော်ပြပေးမယ့် သင်္ချိုင်းတွေကတော့ နိုင်ငံတကာ ခရီးသွားတွေအလည်အပတ် သွားလေ့ရှိကြတဲ့ သင်္ချိုင်းတွေ ဖြစ်ပါတယ်။

(၁) Merry သင်္ချိုင်း

Merry သင်္ချိုင်းကတော့ ရိုမေးနီးယားနိုင်ငံမြောက်ပိုင်းက Sapanta ကျေးရွာမှာရှိတဲ့ သင်္ချိုင်းဖြစ်ပြီး နိုင်ငံတကာခရီးသွား အများစု လာရောက် လည်ပတ်လေ့ ရှိတဲ့သင်္ချိုင်းပါ။ အဲဒီသင်္ချိုင်းမှာရှိတဲ့ သင်္ချိုင်းမှတ်တိုင်အများစုကိုတော့ အရောင်စုံစုံလင်လင်နဲ့ ခြယ်သထားလေ့ရှိပါတယ်။ Merry သင်္ချိုင်းဟာလွင်ပြင်မှာ ဖွင့်ထားတဲ့ ပြတိုက်တခုနဲ့တူပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ အရပ်ဒေသလည်း ဖြစ်ပါတယ်။

(၂) Cimetiere du Pere Lachaise သင်္ချိုင်း

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ Cimetiere du Pere Lachaise သင်္ချိုင်းကတော့ ပဲရစ်မြို့ရဲ့ အကြီးဆုံး သင်္ချိုင်းဖြစ်ပြီး ၄၄ ဟက်တာ (၁၁၀ ဧက) ကျယ်ဝန်းပါတယ်။ ရှေးဟောင်းသင်္ချိုင်းတခုဖြစ်တဲ့ Cimetiere du Pere Lachaise သင်္ချိုင်းကို နှစ်စဉ် လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက် ၃ ဒဿမ ၅ သန်း ရှိပါတယ်။ အဲဒီသင်္ချိုင်းမှာတော့ ကမ္ဘာမှာထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ Moliere, Marcel Proust, Oscar Wild, Gertrude နဲ့ Jim Morrison တို့ကို မြှုပ်နှံထားပါပြီး ဂူပေါင်း ၇၀,၀၀၀ ကျော် ရှိပါတယ်။

(၃) Waverly သင်္ချိုင်း

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ Waverley သင်္ချိုင်းဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် သင်္ချိုင်းတခုဖြစ်ပြီး Bronte ကမ်းပါးထိပ်မှာ တည်ရှိပါတယ်။ ဒီသင်္ချိုင်းကိုတော့ ၁၈၇၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ပြီး ကဗျာဆရာ Henry Lawson နဲ့ အခြား ထင်ရှားတဲ့လူတွေကို မြှုပ်နှံထားပါတယ်။၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ New South Wales ပြည်နယ်ရဲ့ ရှေးဟောင်း အမွေအနှစ်စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေ မြှုပ်နှံထားတဲ့ အတွက်သာမက ရှေးကျတဲ့ သင်္ချိုင်းတခုလည်းဖြစ်လို့ နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်လေ့ ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

(၄) La Recoleta သင်္ချိုင်း

La Recoleta သင်္ချိုင်းကတော့ အာဂျင်တီးနားနိုင်ငံ မြို့တော်ဖြစ်တဲ့ Buenos Aires မြို့မှာ တည်ရှိပြီး နှစ်စဉ် နိုင်ငံတကာ ခရီးသွားပေါင်းများစွာ လာရောက် လည်ပတ်လေ့ ရှိပါတယ်။ ဒီသင်္ချိုင်းမှာဆိုရင် အာဂျင်တီးနားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်တဲ့ Eva Peron ကို မြှုပ်နှံထားပါတယ်။ ၂၀၁၁ ခုနှစ်မှတော့ La Recoleta သင်္ချိုင်းဟာ BBC ကရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးသင်္ချိုင်းတခုဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ CNN ကရွေးချယ်ပေးခဲ့တဲ့ ကမ္ဘာ့အလှဆုံးသင်္ချိုင်း ၁၀ ခုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Ref: Bloomberg, flightcentre

Credit- ညီညီသူ (ဧရာဝတီ), The Irrawaddy-Burmese Editon

Leave a Reply

Your email address will not be published. Required fields are marked *