ဗဟုတုသ

မိုးတြင္းမွာ ကားအဲကြန္းကပ်က္လို႕(မဖြင့္ႏိုင္လို႕) ကားမွန္မွာ မိုးရြာျပီး ေရေငြ႕ရိုက္ရင္၊ အဲ့ဒီေရေငြ႕ကို ေဖ်ာက္မယ့္နည္း

(Zawgyi)

မိုး႐ြာလို႔ျဖစ္ေစ အျပင္မွာ အရမ္းေအးတဲ့ေဒသမွာ ျဖစ္ေစ မိမိကား အဲကြန္းပ်က္ေနရင္ ေရေငြ႕႐ိုက္ပါတယ္။ အဲ့ေရေငြ႕ကို ေဖ်ာက္ၾကမယ္။

ေငြ ၅၀တန္ေလး တစ္႐ြက္ပဲသုံးၿပီး အဆင္ေျပေျပနဲ႔ မိုးရာသီ တစ္ရာသီကို ေအးေဆးေက်ာ္ျဖတ္လို႔ရပါတယ္ေနာ့။

ေခါင္းေလွ်ာ္ထုပ္ေလးကို ေရွ႕မွန္မွာ အစက္ကေလးေတြ နည္းနည္းစီ လိုက္တို႔ပါ။ ၿပီးရင္ ေရစိုပတ္ ကေလး တိုက္ပါ။ ညီေအာင္ မွ်ားအတိုင္း အလ်ားလိုက္ ညီေအာင္ဆြဲ။ မိုးႀကီးႀကီး ၃ မိုးေလာက္ကို ည ဘက္မီးႀကီးထိုးခံရတာေတာင္ ျမင္ကြင္းအလင္းမယိုင္တာ ေတြ႕ရပါမယ္။

ေဒါင္လိုက္တို႔ စက္ဝိုင္းလို ေတြ႕သလို ပြတ္ရင္ ျမင္ကြင္းယိုင္တယ္ဗ်။ ေရေငြ႕ကို ေကာ့စတစ္ဆပ္ျပာရည္က ဓါတ္ျပဳၿပီး ေရျဖစ္ေစပါတယ္။ နည္းရင္ ေျခာက္ပါတယ္။ မိုးမ်ားရင္ ေရေငြ႕မ်ားေတာ့ အရည္ၾကည္က မိမိ သုတ္ထားတဲ့ ဆပ္ျပာရည္အတိုင္း ေရျဖစ္ပါတယ္။ အဲမွာ မွန္ကို မွန္ဘီလူး ျဖစ္ေစတယ္။ သုတ္နည္း မမွန္ရင္ အလင္းယိုင္ၿပီး ပုံရိပ္ေတြဝါး ႏွစ္ထပ္ျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ ယိုင္ၫႊန္ကိန္း နည္းအာင္ အလ်ားလိုက္က အဆင္ေျပတာ ေတြ႕ရပါတယ္။

Credit-Aung Myo

(Unicode)

မိုးရွာလို့ဖြစ်စေ အပြင်မှာ အရမ်းအေးတဲ့ဒေသမှာ ဖြစ်စေ မိမိကား အဲကွန်းပျက်နေရင် ရေငွေ့ရိုက်ပါတယ်။ အဲ့ရေငွေ့ကို ဖျောက်ကြမယ်။

ငွေ ၅၀တန်လေး တစ်ရွက်ပဲသုံးပြီး အဆင်ပြေပြေနဲ့ မိုးရာသီ တစ်ရာသီကို အေးဆေးကျော်ဖြတ်လို့ရပါတယ်နော့။

ခေါင်းလျှော်ထုပ်လေးကို ရှေ့မှန်မှာ အစက်ကလေးတွေ နည်းနည်းစီ လိုက်တို့ပါ။ ပြီးရင် ရေစိုပတ် ကလေး တိုက်ပါ။ ညီအောင် မျှားအတိုင်း အလျားလိုက် ညီအောင်ဆွဲ။ မိုးကြီးကြီး ၃ မိုးလောက်ကို ည ဘက်မီးကြီးထိုးခံရတာတောင် မြင်ကွင်းအလင်းမယိုင်တာ တွေ့ရပါမယ်။

ဒေါင်လိုက်တို့ စက်ဝိုင်းလို တွေ့သလို ပွတ်ရင် မြင်ကွင်းယိုင်တယ်ဗျ။ ရေငွေ့ကို ကော့စတစ်ဆပ်ပြာရည်က ဓါတ်ပြုပြီး ရေဖြစ်စေပါတယ်။ နည်းရင် ခြောက်ပါတယ်။ မိုးများရင် ရေငွေ့များတော့ အရည်ကြည်က မိမိ သုတ်ထားတဲ့ ဆပ်ပြာရည်အတိုင်း ရေဖြစ်ပါတယ်။ အဲမှာ မှန်ကို မှန်ဘီလူး ဖြစ်စေတယ်။ သုတ်နည်း မမှန်ရင် အလင်းယိုင်ပြီး ပုံရိပ်တွေဝါး နှစ်ထပ်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ယိုင်ညွှန်ကိန်း နည်းအာင် အလျားလိုက်က အဆင်ပြေတာ တွေ့ရပါတယ်။

Credit-Aung Myo

Leave a Reply

Your email address will not be published. Required fields are marked *