ဗဟုတုသ

ဝင္ေငြခြန္ေပးေဆာင္ေနရသူမ်ား မျဖစ္မေန သိသင့္ေသာအခ်က္မ်ား

(Zawgyi)

အခြန္ထမ္း ဝန္ထမ္း(ဝါ) ႏိုင္ငံေတာ္အတြက္ ဝင္ေငြခြန္ေပးေဆာင္ေနသူမ်ား မျဖစ္မေန သိသင့္ေသာအခ်က္မ်ား

မိမိ၏လစဥ္ရရွိေသာ လစာမွ ဝင္ေငြခြန္ ေပးေဆာင္ျခင္း (Update)

စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္သည့္ လစာေခါင္းစဥ္မွ ဝင္ေငြခြန္ ေပးေဆာင္ျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာမ်ားကို ေဖာ္ျပလိုက္ရပါတယ္ခင္ဗ်ာ။

ဝင္ေငြခြန္ေပးေဆာင္ရမည့္ ဝင္ေငြအမ်ိဳးအစားမ်ား

မည္သူမဆို အလုပ္ရွင္ထံမွ မိမိရရွိသည့္ (သို႔မဟုတ္) ရရန္ရွိသည့္ လစာ၊ လုပ္ခ၊ ႏွစ္စဥ္ေၾကး၊ ဆုေၾကး၊ ခ်ီးျမႇင့္ေငြ၊ လစာႏွင့္ လုပ္ခအစား (သို႔မဟုတ္) ယင္းတို႔ အျပင္ ထပ္ေဆာင္း ရရွိသည့္ အခေၾကးေငြ၊ ေကာ္မရွင္တို႔အတြက္ လစာေခါင္းစဥ္ျဖင့္ အခြန္ထမ္းေဆာင္ရမည္ျဖစ္ပါသျဖင့္ ႏွစ္တစ္ႏွစ္အတြင္း ရရွိသည့္ လစာဝင္ေငြ၊ လစာ ဝင္ေငြအျပင္ ေကာ္မရွင္ေၾကး၊ ႏွစ္စဥ္ေၾကး၊ ပညာရွင္ေၾကးတို႔ကိုလည္း စုစုေပါင္း လစာဝင္ေငြ တြက္ခ်က္ရာတြင္ ထည့္သြင္း တြက္ခ်က္ရမည္ ျဖစ္ပါ သည္။

စတင္အက်ိဳးသက္ေရာက္သည့္ေန႔-

၁-၄-၂၀၁၈ ရက္ေန႔မွ စတင္ရရွိမည့္ လစာဝင္ေငြအတြက္မွ စတင္ အက်ိဳးသက္ေရာက္ပါသည္။

ေပးေဆာင္ရမည့္ အခြန္ႏႈန္းထားမ်ား-

(က) ၁ က်ပ္မွ သိန္း ၂၀ အထိ (၀ ရာခိုင္ႏႈန္း)

(ခ) သိန္း ၂၀ ႏွင့္ ၁ က်ပ္မွ သိန္း ၅၀ အထိ (၅ ရာခိုင္ႏႈန္း)

(ဂ) သိန္း ၅၀ ႏွင့္ ၁ က်ပ္မွ သိန္း ၁၀၀ အထိ (၁၀ ရာခိုင္ႏႈန္း)

(ဃ) သိန္း ၁၀၀ ႏွင့္ ၁ က်ပ္မွ သိန္း ၂၀၀ အထိ (၁၅ ရာခိုင္ႏႈန္း)

(င) သိန္း ၂၀၀ ႏွင့္ ၁ က်ပ္မွ သိန္း ၃၀၀ အထိ (၂၀ ရာခိုင္ႏႈန္း)

(စ) သိန္း ၃၀၀ ႏွင့္ ၁က်ပ္ အထက္ (၂၅ ရာခိုင္ႏႈန္း)

အခြန္တြက္ခ်က္ပုံ-

တစ္ႏွစ္ စုစုေပါင္း လစာဝင္ေငြ ၄၈ သိန္းက်ပ္ထက္ မေက်ာ္ပါက ဝင္ေငြခြန္ ေပးေဆာင္ရန္ မလိုပါ။

-တစ္ႏွစ္ စုစုေပါင္း လစာဝင္ေငြ ၄၈ သိန္းက်ပ္ထက္ ေက်ာ္လြန္ေသာ္လည္း စုစုေပါင္း လစာ ဝင္ေငြမွ သက္သာခြင့္မ်ား ျဖစ္သည့္ အေျခခံ သက္သာခြင့္၊ အတူေနမိဘအတြက္ သက္သာခြင့္၊ အိမ္ေထာင္ဖက္ အတြက္ သက္သာခြင့္၊ သားသမီးမ်ားအတြက္ သက္သာခြင့္၊ အသက္ အာမခံ အတြက္ ေပးရသည့္ ပရီမီယံ၊ လူမႈ ဖူလုံေရး ရန္ပုံေငြသို႔ ထည့္ဝင္ေငြတို႔ကို ႏုတ္ပယ္ပါ။ ႏုတ္ပယ္ၿပီး က်န္ရွိေသာ အခြန္ စည္းၾကပ္ရန္ ဝင္ေငြမွာ သိန္း ၂၀ က်ပ္ထက္ မေက်ာ္ပါက ဝင္ေငြခြန္ ေပးေဆာင္ရန္ မလိုပါ။ ေဖာ္ျမဴလာမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

အခြန္စည္းၾကပ္ရန္ ဝင္ေငြ (T) = စုစုေပါင္းလစာဝင္ေငြ(A) – အေျခခံသက္သာခြင့္မ်ား(B+C+D+E+F+G)

ဥပမာ- ဦးေက်ာ္သည္ ႏွစ္တစ္ႏွစ္အတြင္း လစာဝင္ေငြ စုစုေပါင္း က်ပ္ ၆၀ သိန္း ရရွိပါက

(A) စုစုေပါင္းလစာဝင္ေငြ = ၆၀ သိန္း

(B) အေျခခံ သက္သာခြင့္ (၆၀ သိန္း ၏ ၂၀%) = ၁၂ သိန္း

(C) အတူေန မိဘအတြက္ သက္သာခြင့္ (တစ္ဦးလွ်င္ ၁၀ သိန္း) = ၂၀ သိန္း

(D) အိမ္ေထာင္ဖက္အတြက္ သက္သာခြင့္ = ၁၀ သိန္း

(E) သားသမီး ၂ ဦးအတြက္ သက္သာခြင့္ (တစ္ဦးလွ်င္ ၅ သိန္း) = ၁၀ သိန္း

(F) ဦးေက်ာ္ႏွင့္ အိမ္ေထာင္ဖက္ အသက္အာမခံ = ၅ ေသာင္း

(G) ဦးေက်ာ္အတြက္ ထည့္ဝင္ လူမႈဖူလုံေရး ရန္ပုံေငြ = ၅ ေသာင္း

ေဖာ္ျမဴလာအရ အမွတ္စဥ္ (B) မွ (G) အထိ စုစုေပါင္း ၅၃ သိန္း

အဆိုပါ ၅၃ သိန္းကို စုစုေပါင္းဝင္ေငြ (A) ထံမွ ႏုတ္လိုက္ေသာအခါ အခြန္စည္းၾကပ္ရန္ ဝင္ေငြ ၇ သိန္း ရရွိပါမည္။ အခြန္ႏႈန္းထားမ်ားတြင္ ေဖာ္ျပထားသည့္အတိုင္း ၁ က်ပ္မွ သိန္း ၂၀ အထိဆိုလွ်င္ ၀ ရာခိုင္ႏႈန္း ျဖစ္ေသာေၾကာင့္ ဦးေက်ာ္အေနျဖင့္ အခြန္ေဆာင္ရန္ မလိုအပ္ပါ။

-အခြန္စည္းၾကပ္ရန္ ဝင္ေငြ က်ပ္သိန္း ၂၀ ထက္ ေက်ာ္ပါက က်ပ္သိန္း ၂၀ ထက္ပိုသည့္ ပမာဏအတြက္သာ သတ္မွတ္ရာခိုင္ႏႈန္း အတိုင္း အခြန္တြက္ခ်က္ ေပးေဆာင္ရမည္ ျဖစ္ပါသည္။ ဥပမာ- ဦးေက်ာ္သည္ တစ္ႏွစ္အတြင္း လစာဝင္ေငြ စုစုေပါင္း က်ပ္ ၉၀ သိန္း ရရွိပါက

စုစုေပါင္း လစာဝင္ေငြ (A) = ၉၀ သိန္း

သက္သာခြင့္မ်ား (B+C+D+E+F+G) = ၅၉ သိန္း

အဆိုပါ ၅၉ သိန္းကို စုစုေပါင္း ဝင္ေငြ (A) ထံမွ ႏုတ္လိုက္ေသာအခါ အခြန္စည္းၾကပ္ရန္ ဝင္ေငြ ၃၁ သိန္း ရရွိပါမည္။ အခြန္ႏႈန္းထားမ်ား တြင္ ေဖာ္ျပထားသည့္ အတိုင္း ၁ က်ပ္မွ သိန္း ၂၀ အထိဆိုလွ်င္ ၀ ရာခိုင္ႏႈန္း ျဖစ္ေသာေၾကာင့္ အခြန္ မေပးေဆာင္ရပါ။ က်န္ရွိေသာ ၁၁ သိန္းအတြက္ အထက္တြင္ ေဖာ္ျပထားသည့္ အခြန္ႏႈန္းထား အမွတ္စဥ္ (ခ) မွ သိန္း ၂၀ ႏွင့္ ၁ က်ပ္မွ သိန္း ၅၀ အထိ (၅ ရာခိုင္ႏႈန္း) ေဆာင္ရ မည္ ျဖစ္ေသာေၾကာင့္ တြက္ခ်က္လိုက္လွ်င္ ဦးေက်ာ္အတြက္ တစ္ႏွစ္ က်သင့္အခြန္မွာ ၅ ေသာင္း ၅ ေထာင္က်ပ္ ျဖစ္ပါသည္။ တစ္လ က်သင့္ အခြန္မွာ ၄,၅၈၃ က်ပ္ ေဆာင္ရမည္ ျဖစ္ပါသည္။

ပိုမိုျမင္သာေစရန္ တြက္ခ်က္ပုံကို ေဖာ္ျပသြားပါမည္။

စုစုေပါင္းလစာဝင္ေငြ(A) – အေျခခံ သက္သာခြင့္မ်ား (B+C+D+E+F+G)= အခြန္စည္းၾကပ္ရန္ ဝင္ေငြ (T)

၉၀ သိန္း – ၅၉ သိန္း = ၃၁ သိန္း

၃၁ သိန္း – ၂၀ သိန္း (၀ ရာခိုင္ႏႈန္း) = ၁၁ သိန္း

အခြန္စည္းၾကပ္ရန္ ဝင္ေငြသည္ ၃၁ သိန္း ျဖစ္ေသာေၾကာင့္ အမွတ္စဥ္ (ခ) ၅ ရာခိုင္ႏႈန္း ေဆာင္ရမည္။

၁၁ သိန္း x ၅ % = ၅၅၀၀၀ က်ပ္ (တစ္ႏွစ္စာ၊ တစ္လလွ်င္ ၄၅၈၃ က်ပ္)

အေသးစိတ္ သိရွိလိုပါက ဆိုင္ရာၿမိဳ႕နယ္ အခြန္ဦးစီးဌာနမႉး႐ုံး (သို႔မဟုတ္) အခြန္ဆိုင္ရာ ဝန္ေဆာင္မႈ႐ုံး (ေနျပည္ေတာ္) ႐ုံးအမွတ္ (၄၆)၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ဖုန္းနံပါတ္ ၀၆၇-၄၃၀၅၃၃၊ ၀၆၇-၄၃၀၅၂၂ (သို႔မဟုတ္) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (ရန္ကုန္) အမွတ္ ၅၉/၆၁၊ ေျမညီထပ္၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတား ၿမိဳ႕နယ္၊ ဖုန္းနံပါတ္ ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို႔မဟုတ္) အခြန္ဆိုင္ရာ ဝန္ေဆာင္မႈ႐ုံး (မႏၲေလး) ၆၅ လမ္း၊ ၂၂ x ၂၃ လမ္းၾကား၊ ဖုန္းနံပါတ္ ၀၂-၃၀၁၉၂ သို႔ ေမးျမန္း စုံစမ္းႏိုင္ပါသည္။

Credit-ျပည္တြင္းအခြန္မ်ားဦးစီးဌာန

Via-Lwinpyin

(Unicode)

အခွန်ထမ်း ဝန်ထမ်း(ဝါ) နိုင်ငံတော်အတွက် ဝင်ငွေခွန်ပေးဆောင်နေသူများ မဖြစ်မနေ သိသင့်သောအချက်များ

မိမိ၏လစဉ်ရရှိသော လစာမှ ဝင်ငွေခွန် ပေးဆောင်ခြင်း (Update)

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည့် လစာခေါင်းစဉ်မှ ဝင်ငွေခွန် ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

ဝင်ငွေခွန်ပေးဆောင်ရမည့် ဝင်ငွေအမျိုးအစားများ

မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် (သို့မဟုတ်) ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား (သို့မဟုတ်) ယင်းတို့ အပြင် ထပ်ဆောင်း ရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်ပါသဖြင့် နှစ်တစ်နှစ်အတွင်း ရရှိသည့် လစာဝင်ငွေ၊ လစာ ဝင်ငွေအပြင် ကော်မရှင်ကြေး၊ နှစ်စဉ်ကြေး၊ ပညာရှင်ကြေးတို့ကိုလည်း စုစုပေါင်း လစာဝင်ငွေ တွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်ရမည် ဖြစ်ပါ သည်။

စတင်အကျိုးသက်ရောက်သည့်နေ့-

၁-၄-၂၀၁၈ ရက်နေ့မှ စတင်ရရှိမည့် လစာဝင်ငွေအတွက်မှ စတင် အကျိုးသက်ရောက်ပါသည်။

ပေးဆောင်ရမည့် အခွန်နှုန်းထားများ-

(က) ၁ ကျပ်မှ သိန်း ၂၀ အထိ (၀ ရာခိုင်နှုန်း)

(ခ) သိန်း ၂၀ နှင့် ၁ ကျပ်မှ သိန်း ၅၀ အထိ (၅ ရာခိုင်နှုန်း)

(ဂ) သိန်း ၅၀ နှင့် ၁ ကျပ်မှ သိန်း ၁၀၀ အထိ (၁၀ ရာခိုင်နှုန်း)

(ဃ) သိန်း ၁၀၀ နှင့် ၁ ကျပ်မှ သိန်း ၂၀၀ အထိ (၁၅ ရာခိုင်နှုန်း)

(င) သိန်း ၂၀၀ နှင့် ၁ ကျပ်မှ သိန်း ၃၀၀ အထိ (၂၀ ရာခိုင်နှုန်း)

(စ) သိန်း ၃၀၀ နှင့် ၁ကျပ် အထက် (၂၅ ရာခိုင်နှုန်း)

အခွန်တွက်ချက်ပုံ-

တစ်နှစ် စုစုပေါင်း လစာဝင်ငွေ ၄၈ သိန်းကျပ်ထက် မကျော်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။

-တစ်နှစ် စုစုပေါင်း လစာဝင်ငွေ ၄၈ သိန်းကျပ်ထက် ကျော်လွန်သော်လည်း စုစုပေါင်း လစာ ဝင်ငွေမှ သက်သာခွင့်များ ဖြစ်သည့် အခြေခံ သက်သာခွင့်၊ အတူနေမိဘအတွက် သက်သာခွင့်၊ အိမ်ထောင်ဖက် အတွက် သက်သာခွင့်၊ သားသမီးများအတွက် သက်သာခွင့်၊ အသက် အာမခံ အတွက် ပေးရသည့် ပရီမီယံ၊ လူမှု ဖူလုံရေး ရန်ပုံငွေသို့ ထည့်ဝင်ငွေတို့ကို နုတ်ပယ်ပါ။ နုတ်ပယ်ပြီး ကျန်ရှိသော အခွန် စည်းကြပ်ရန် ဝင်ငွေမှာ သိန်း ၂၀ ကျပ်ထက် မကျော်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။ ဖော်မြူလာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အခွန်စည်းကြပ်ရန် ဝင်ငွေ (T) = စုစုပေါင်းလစာဝင်ငွေ(A) – အခြေခံသက်သာခွင့်များ(B+C+D+E+F+G)

ဥပမာ- ဦးကျော်သည် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ စုစုပေါင်း ကျပ် ၆၀ သိန်း ရရှိပါက

(A) စုစုပေါင်းလစာဝင်ငွေ = ၆၀ သိန်း

(B) အခြေခံ သက်သာခွင့် (၆၀ သိန်း ၏ ၂၀%) = ၁၂ သိန်း

(C) အတူနေ မိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ၁၀ သိန်း) = ၂၀ သိန်း

(D) အိမ်ထောင်ဖက်အတွက် သက်သာခွင့် = ၁၀ သိန်း

(E) သားသမီး ၂ ဦးအတွက် သက်သာခွင့် (တစ်ဦးလျှင် ၅ သိန်း) = ၁၀ သိန်း

(F) ဦးကျော်နှင့် အိမ်ထောင်ဖက် အသက်အာမခံ = ၅ သောင်း

(G) ဦးကျော်အတွက် ထည့်ဝင် လူမှုဖူလုံရေး ရန်ပုံငွေ = ၅ သောင်း

ဖော်မြူလာအရ အမှတ်စဉ် (B) မှ (G) အထိ စုစုပေါင်း ၅၃ သိန်း

အဆိုပါ ၅၃ သိန်းကို စုစုပေါင်းဝင်ငွေ (A) ထံမှ နုတ်လိုက်သောအခါ အခွန်စည်းကြပ်ရန် ဝင်ငွေ ၇ သိန်း ရရှိပါမည်။ အခွန်နှုန်းထားများတွင် ဖော်ပြထားသည့်အတိုင်း ၁ ကျပ်မှ သိန်း ၂၀ အထိဆိုလျှင် ၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် ဦးကျော်အနေဖြင့် အခွန်ဆောင်ရန် မလိုအပ်ပါ။

-အခွန်စည်းကြပ်ရန် ဝင်ငွေ ကျပ်သိန်း ၂၀ ထက် ကျော်ပါက ကျပ်သိန်း ၂၀ ထက်ပိုသည့် ပမာဏအတွက်သာ သတ်မှတ်ရာခိုင်နှုန်း အတိုင်း အခွန်တွက်ချက် ပေးဆောင်ရမည် ဖြစ်ပါသည်။ ဥပမာ- ဦးကျော်သည် တစ်နှစ်အတွင်း လစာဝင်ငွေ စုစုပေါင်း ကျပ် ၉၀ သိန်း ရရှိပါက

စုစုပေါင်း လစာဝင်ငွေ (A) = ၉၀ သိန်း

သက်သာခွင့်များ (B+C+D+E+F+G) = ၅၉ သိန်း

အဆိုပါ ၅၉ သိန်းကို စုစုပေါင်း ဝင်ငွေ (A) ထံမှ နုတ်လိုက်သောအခါ အခွန်စည်းကြပ်ရန် ဝင်ငွေ ၃၁ သိန်း ရရှိပါမည်။ အခွန်နှုန်းထားများ တွင် ဖော်ပြထားသည့် အတိုင်း ၁ ကျပ်မှ သိန်း ၂၀ အထိဆိုလျှင် ၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် အခွန် မပေးဆောင်ရပါ။ ကျန်ရှိသော ၁၁ သိန်းအတွက် အထက်တွင် ဖော်ပြထားသည့် အခွန်နှုန်းထား အမှတ်စဉ် (ခ) မှ သိန်း ၂၀ နှင့် ၁ ကျပ်မှ သိန်း ၅၀ အထိ (၅ ရာခိုင်နှုန်း) ဆောင်ရ မည် ဖြစ်သောကြောင့် တွက်ချက်လိုက်လျှင် ဦးကျော်အတွက် တစ်နှစ် ကျသင့်အခွန်မှာ ၅ သောင်း ၅ ထောင်ကျပ် ဖြစ်ပါသည်။ တစ်လ ကျသင့် အခွန်မှာ ၄,၅၈၃ ကျပ် ဆောင်ရမည် ဖြစ်ပါသည်။

ပိုမိုမြင်သာစေရန် တွက်ချက်ပုံကို ဖော်ပြသွားပါမည်။

စုစုပေါင်းလစာဝင်ငွေ(A) – အခြေခံ သက်သာခွင့်များ (B+C+D+E+F+G)= အခွန်စည်းကြပ်ရန် ဝင်ငွေ (T)

၉၀ သိန်း – ၅၉ သိန်း = ၃၁ သိန်း

၃၁ သိန်း – ၂၀ သိန်း (၀ ရာခိုင်နှုန်း) = ၁၁ သိန်း

အခွန်စည်းကြပ်ရန် ဝင်ငွေသည် ၃၁ သိန်း ဖြစ်သောကြောင့် အမှတ်စဉ် (ခ) ၅ ရာခိုင်နှုန်း ဆောင်ရမည်။

၁၁ သိန်း x ၅ % = ၅၅၀၀၀ ကျပ် (တစ်နှစ်စာ၊ တစ်လလျှင် ၄၅၈၃ ကျပ်)

အသေးစိတ် သိရှိလိုပါက ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၄၃၀၅၃၃၊ ၀၆၇-၄၃၀၅၂၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား မြို့နယ်၊ ဖုန်းနံပါတ် ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် ၀၂-၃၀၁၉၂ သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။

Credit-ပြည်တွင်းအခွန်များဦးစီးဌာန

Via-Lwinpyin

Leave a Reply

Your email address will not be published. Required fields are marked *