ဗဟုတုသ

ကမာၻ႔လိင္ၿမိဳ႕ေတာ္ (သို႔မဟုတ္) ထိုင္းႏိုင္ငံက ပတၱရားကမ္းေျခ

(Zawgyi)

ကမာၻ႔လိင္ၿမိဳ႕ေတာ္ (သို႔မဟုတ္) ထိုင္းႏိုင္ငံက ပတၱရားကမ္းေျခ

၁၃၅၁ ခုႏွစ္ကေန ၁၇၆၇ ခုႏွစ္အထိ ထိုင္းႏိုင္ငံဟာ ျပည့္တန္ဆာလုပ္ငန္းကို ဥပေဒနဲ႔အညီ လုပ္ကိုင္ခဲ့ၾကပါတယ္။ အဲဒီေခတ္မွာ ရွိခဲ့တဲ့ ျပည့္တန္ဆာလုပ္ငန္းေတြကို အယုဒၶယဘုရင္က အခြန္ေကာက္ခဲ့သလို တ႐ုတ္၊ ဗီယက္နမ္၊ ေပၚတူဂီ၊ အိႏၵိယ၊ ဂ်ပန္၊ ကိုရီးယား၊ ပါရွား စတဲ့ ႏိုင္ငံေတြနဲ႔ ႏိုင္ငံျခားကုန္သြယ္မႈေတြလည္း ရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ စပိန္၊ ဒတ္ခ်္၊ အဂၤလိပ္၊ ျပင္သစ္ ႏိုင္ငံေတြနဲ႔ပါ ကုန္ကူးသန္းေရာင္းဝယ္မႈေတြ ရွိခဲ့ပါတယ္။

ဒါေပမဲ့လည္း ေနာက္ပိုင္းႏွစ္ေတြ ေရာက္လာတဲ့ ၁၉၆၀ ခုႏွစ္ကစၿပီး ထိုင္းႏိုင္ငံဟာ ျပည့္တန္ဆာ လုပ္ငန္းကို တရားဥပေဒအရ ကာကြယ္မေပးေတာ့ဘဲ တရားမဝင္ စီးပြားေရးလုပ္ငန္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ျပည့္တန္ဆာလုပ္ငန္းကို ထိုင္းႏိုင္ငံက တရားမဝင္ စီးပြားေရးလုပ္ငန္းအျဖစ္ ေၾကညာထားေပမယ့္လည္း ျပည့္တန္ဆာလုပ္ငန္းကေန ရတဲ့ဝင္ေငြက တႏွစ္ကို ေဒၚလာ ၆ ဒႆမ ၄ ဘီလီယံ အထိ ရွိပါတယ္။ ဒီ ပမာဏဟာ ၂၀၁၅ ခုႏွစ္က ဝင္ေငြစာရင္းသာျဖစ္ၿပီး အခုဆိုရင္ေတာ့ ပိုမိုတိုးလာဖို႔သာ ရွိပါတယ္။

ထိုင္းႏိုင္ငံရဲ႕ ပတၱရား ကမ္းေျခၿမိဳ႕ကို လူေတြက “ကမာၻ႔လိင္ၿမိဳ႕ေတာ္” ဆိုၿပီး ေခၚဆိုေလ့ ရွိပါတယ္။ ပတၱရားၿမိဳ႕ရဲ႕ ေၾကာ္ျငာ ဆိုင္းဘုတ္ႀကီးေတြနဲ႔ အမွတ္တရ ေရာင္းခ်ေပးတဲ့ တီရွပ္အက်ႌေတြမွာလည္း ပတၱရားရဲ႕ ေဆာင္ပုဒ္ကို ေတြ႕ႏိုင္ပါတယ္။ ပတၱရားရဲ႕ေဆာင္ပုဒ္ကေတာ့ “လူေကာင္းေတြက ေကာင္းကင္ဘုံကိုသြားၾကတယ္။ လူဆိုးေတြက ပတၱရားကမ္းေျခကို သြားၾကတယ္” ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္က ထိုင္းႏိုင္ငံကို လာေရာက္ လည္ပတ္ၾကတဲ့ ႏိုင္ငံတကာ ခရီးသြားအေရအတြက္ထဲက ၁၃ သန္းေလာက္ဟာ ပတၱရားကမ္းေျခကို လာေရာက္ခဲ့ၾကတဲ့သူေတြ ျဖစ္ပါတယ္။ ဒီအေရအတြက္ဟာ တျခားကမ္းေျခေတြဆီကို အပန္းေျဖလာေရာက္တဲ့ ႏႈန္းထက္ ပိုမိုမ်ားျပားပါတယ္။ မ်ားျပားရတဲ့ အေၾကာင္းကေတာ့ ခရီးသြားေတြဟာ လိင္အေပ်ာ္ပါးကိစၥကို ေဆာင္႐ြက္ခ်င္တဲ့အတြက္ေၾကာင့္ပါ။

ထိုင္းႏိုင္ငံဟာ ျပည့္တန္ဆာလုပ္ငန္းကို တရားမဝင္တဲ့ စီးပြားေရးလုပ္ငန္းအျဖစ္ ေၾကညာထားေပမယ့္လည္း ပတၱရားမွာတင္ လိင္အလုပ္သမေပါင္း ၂၇,၀၀၀ ရွိေနပါတယ္။ ထိုင္းလူ႔အဖြဲ႕အစည္းမွာအမ်ိဳးသမီးငယ္ေတြ ျပည့္တန္ဆာလုပ္ငန္းေတြမွာ ဝင္ေရာက္ လုပ္ကိုင္ေနၾကတာဟာ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။

ဘန္ေကာက္ၿမိဳ႕ ဧရိယာအေတာ္မ်ားမ်ားကိုလည္း လိင္စီးပြားေရးလုပ္ငန္းက လႊမ္းမိုးခ်ဳပ္ကိုင္ထားပါတယ္။ အေမရိကန္ – ဗီယက္နမ္ စစ္ပြဲျဖစ္ေနတုန္းကလည္း အေမရိကန္စစ္သားေတြဟာ လိင္ကိစၥေပ်ာ္ပါးဖို႔အတြက္ ပတၱရားကို လာေလ့ ရွိၾကပါတယ္။ ဒါဟာ ပတၱရားကမ္းေျခ ၿမိဳ႕ကို ကမာၻ႔လိင္ၿမိဳ႕ေတာ္ ျဖစ္လာေစဖို႔ အစပါ။ အဲဒီကေနစၿပီးေတာ့ ပတၱရားဟာ လိင္ေပ်ာ္ပါးခ်င္သူေတြအတြက္ ေနရာ တေနရာ ျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီေန႔ေခတ္မွာေတာ့ ထိုင္းအစိုးရဟာ ညစ္ညမ္းေနတဲ့ ပတၱရားရဲ႕ပုံရိပ္ကို ျပန္လည္ကယ္တင္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အစိုးရက ပုံရိပ္ေျပာင္းဖို႔ ႀကိဳးစားေနေပမယ့္လည္း ႏွစ္ၾကာလာခဲ့ၿပီျဖစ္တဲ့ ပတၱရားရဲ႕ ပုံရိပ္ကို ေန႔ခ်င္း ညခ်င္း ေျပာင္းဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ပတၱရား ခရီးသြားလုပ္ငန္း လုပ္ကိုင္ေနၾကသူေတြက ဆိုပါတယ္။

“ရွည္ၾကာလွၿပီျဖစ္တဲ့ ပတၱရားရဲ႕ ပုံရိပ္ကိုေျပာင္းလဲႏိုင္ဖို႔ ဆိုရင္ေတာ့ အမ်ားျပည္သူေတြနဲ႔ တဦး တေယာက္ခ်င္းစီက ပူးေပါင္းေဆာင္႐ြက္မွသာ ျဖစ္ႏိုင္ပါလိမ့္မယ္” လို႔ ပတၱရားခရီးသြားလုပ္ငန္းရဲ႕အႀကီးအကဲတေယာက္ျဖစ္တဲ့ Sinchai Watanasartsathorn က အခုလိုေျပာပါတယ္။

ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ပရာ႐ြတ္ခ်န္အိုခ်ာကလည္း ပတၱရားမွာရွိေနတဲ့ တရားမဝင္ စီးပြားေရး လုပ္ငန္းေတြနဲ႔ ျပည့္တန္ဆာလုပ္ငန္းေတြကို ႏွိပ္ကြပ္သြားမယ္လို႔ ဆိုပါတယ္။

Ref: Asiancorrespondent, Thethaiger

Credit-ညီညီသူ(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ကမ္ဘာ့လိင်မြို့တော် (သို့မဟုတ်) ထိုင်းနိုင်ငံက ပတ္တရားကမ်းခြေ

၁၃၅၁ ခုနှစ်ကနေ ၁၇၆၇ ခုနှစ်အထိ ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေနဲ့အညီ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီခေတ်မှာ ရှိခဲ့တဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အယုဒ္ဓယဘုရင်က အခွန်ကောက်ခဲ့သလို တရုတ်၊ ဗီယက်နမ်၊ ပေါ်တူဂီ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ပါရှား စတဲ့ နိုင်ငံတွေနဲ့ နိုင်ငံခြားကုန်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စပိန်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ ပြင်သစ် နိုင်ငံတွေနဲ့ပါ ကုန်ကူးသန်းရောင်းဝယ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းနှစ်တွေ ရောက်လာတဲ့ ၁၉၆၀ ခုနှစ်ကစပြီး ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဥပဒေအရ ကာကွယ်မပေးတော့ဘဲ တရားမဝင် စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို ထိုင်းနိုင်ငံက တရားမဝင် စီးပွားရေးလုပ်ငန်းအဖြစ် ကြေညာထားပေမယ့်လည်း ပြည့်တန်ဆာလုပ်ငန်းကနေ ရတဲ့ဝင်ငွေက တနှစ်ကို ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ အထိ ရှိပါတယ်။ ဒီ ပမာဏဟာ ၂၀၁၅ ခုနှစ်က ဝင်ငွေစာရင်းသာဖြစ်ပြီး အခုဆိုရင်တော့ ပိုမိုတိုးလာဖို့သာ ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ ပတ္တရား ကမ်းခြေမြို့ကို လူတွေက “ကမ္ဘာ့လိင်မြို့တော်” ဆိုပြီး ခေါ်ဆိုလေ့ ရှိပါတယ်။ ပတ္တရားမြို့ရဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေနဲ့ အမှတ်တရ ရောင်းချပေးတဲ့ တီရှပ်အင်္ကျီတွေမှာလည်း ပတ္တရားရဲ့ ဆောင်ပုဒ်ကို တွေ့နိုင်ပါတယ်။ ပတ္တရားရဲ့ဆောင်ပုဒ်ကတော့ “လူကောင်းတွေက ကောင်းကင်ဘုံကိုသွားကြတယ်။ လူဆိုးတွေက ပတ္တရားကမ်းခြေကို သွားကြတယ်” ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက်ထဲက ၁၃ သန်းလောက်ဟာ ပတ္တရားကမ်းခြေကို လာရောက်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ တခြားကမ်းခြေတွေဆီကို အပန်းဖြေလာရောက်တဲ့ နှုန်းထက် ပိုမိုများပြားပါတယ်။ များပြားရတဲ့ အကြောင်းကတော့ ခရီးသွားတွေဟာ လိင်အပျော်ပါးကိစ္စကို ဆောင်ရွက်ချင်တဲ့အတွက်ကြောင့်ပါ။

ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ကြေညာထားပေမယ့်လည်း ပတ္တရားမှာတင် လိင်အလုပ်သမပေါင်း ၂၇,၀၀၀ ရှိနေပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းမှာအမျိုးသမီးငယ်တွေ ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ဘန်ကောက်မြို့ ဧရိယာအတော်များများကိုလည်း လိင်စီးပွားရေးလုပ်ငန်းက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အမေရိကန် – ဗီယက်နမ် စစ်ပွဲဖြစ်နေတုန်းကလည်း အမေရိကန်စစ်သားတွေဟာ လိင်ကိစ္စပျော်ပါးဖို့အတွက် ပတ္တရားကို လာလေ့ ရှိကြပါတယ်။ ဒါဟာ ပတ္တရားကမ်းခြေ မြို့ကို ကမ္ဘာ့လိင်မြို့တော် ဖြစ်လာစေဖို့ အစပါ။ အဲဒီကနေစပြီးတော့ ပတ္တရားဟာ လိင်ပျော်ပါးချင်သူတွေအတွက် နေရာ တနေရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီနေ့ခေတ်မှာတော့ ထိုင်းအစိုးရဟာ ညစ်ညမ်းနေတဲ့ ပတ္တရားရဲ့ပုံရိပ်ကို ပြန်လည်ကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အစိုးရက ပုံရိပ်ပြောင်းဖို့ ကြိုးစားနေပေမယ့်လည်း နှစ်ကြာလာခဲ့ပြီဖြစ်တဲ့ ပတ္တရားရဲ့ ပုံရိပ်ကို နေ့ချင်း ညချင်း ပြောင်းဖို့တော့ မဖြစ်နိုင်ဘူးလို့ ပတ္တရား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူတွေက ဆိုပါတယ်။

“ရှည်ကြာလှပြီဖြစ်တဲ့ ပတ္တရားရဲ့ ပုံရိပ်ကိုပြောင်းလဲနိုင်ဖို့ ဆိုရင်တော့ အများပြည်သူတွေနဲ့ တဦး တယောက်ချင်းစီက ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်” လို့ ပတ္တရားခရီးသွားလုပ်ငန်းရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ Sinchai Watanasartsathorn က အခုလိုပြောပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်တဲ့ ပရာရွတ်ချန်အိုချာကလည်း ပတ္တရားမှာရှိနေတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို နှိပ်ကွပ်သွားမယ်လို့ ဆိုပါတယ်။

Ref: Asiancorrespondent, Thethaiger

Credit-ညီညီသူ(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *