ဗဟုတုသ

သင္မသိေသးတဲ့ ရွားေစာင္း လက္ပက္ လွ်ိဳ႕၀ွက္ခ်က္မ်ား

(Zawgyi)

သင္မသိေသးတဲ့ ရွားေစာင္း လက္ပက္ အသံုး၀င္ပံု

ရွားေစာင္းလက္ပက္ရဲ႕ အ႐ြက္ထူႀကီးေတြကို ခြာလိုက္ရင္ ေတြ႕ရတဲ့ ဂ်ယ္အႏွစ္ေတြမွာ ဗီတာမင္ဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ပါတယ္။ သူတို႔ရဲ႕ အာနိသင္ စြမ္းပုံက ပိုးေကာင္ကိုက္ ကုသတာက အစ ဆံပင္ေပါင္းတင္တာ အဆုံးပဲ ျဖစ္ပါတယ္။

၁။ မိတ္ကပ္ဖ်က္လွ်င္

သင္ဟာ ေဈးလည္း သက္သာ၊ အသားအေရ အတြက္လည္း အႏၲရာယ္ မျဖစ္ေစႏိုင္တဲ့ သဘာ၀ မိတ္ကပ္ဖ်က္ေဆး လိုခ်င္ရင္ေတာ့ ဆိုင္ေတြ မွာ အလြယ္တကူ ရႏိုင္တဲ့ ရွားေစာင္း လက္ပက္ အရည္ကိုသာသုံးပါ။ မ်က္ႏွာကို ျပန္လည္ စိုေျပေစပါတယ္။

၂။ ေျခေထာက္ေပါက္လွ်င္

ေျခေထာက္ ေပါက္သြားတဲ့ အနာကို ရွားေစာင္း လက္ပက္အႏွစ္နဲ႔ လိမ္းပါ။ ဒီနည္းအတိုင္းလုပ္ေဆာင္လွ်င္ အနာနီရဲ ေရာင္ရမ္းျခင္းကို ေလ်ာ့ပါး သက္သာေစပါတယ္။

၃။ ေနေလာင္လွ်င္

အသားအေရ ေနေလာင္သြားလို႔ စိတ္မညစ္ေနပါနဲ႔ ။ ေနေလာင္သြားတဲ့ အေရျပားေပၚကို ရွားေစာင္း လက္ပက္ အႏွစ္ကို လိမ္းလိုက္ပါ။ ရွားေစာင္း လက္ပက္မွာပါတဲ့ အစိုဓာတ္က လ်င္ျမန္စြာ သက္သာေစႏိုင္ပါတယ္။

၄။ အသားအေရ အစိုဓာတ္ထိန္းဖို႔

ရွားေစာင္း လက္ပက္ကေတာ့ ခႏၶာကိုယ္ တစ္ခုလုံးကို အစိုဓာတ္ ထိန္းေပးႏိုင္စြမ္း ရွိပါတယ္။အထူးသျဖင့္ မ်က္ႏွာ အသားအေရကို ပိုလို႔ေတာင္ အစိုဓာတ္ ထိန္းေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ရွားေစာင္း လက္ပက္အႏွစ္က ခြဲ်ပ်စ္ပ်စ္ျဖစ္ မက်န္ေစပါဘူး။ အေရျပား ေရာင္ရမ္းမႈကိုလည္း ေလ်ာ့က်ေစတဲ့ အတြက္ ဝက္ၿခံနဲ႔ အမာ႐ြတ္ေတြ အတြက္ ေဆးေကာင္း တစ္လက္ပါပဲ။

၅။ ဆံပင္ေပါင္းတင္ဖို႔

သင္ပုံမွန္ သုံးေနက် ဆံပင္ ေပါင္းတင္ေဆး အစား ရွားေစာင္း လက္ပက္ အႏွစ္အခ်ိဳ႕ကို ယူၿပီး ဆံပင္မွာ သုတ္လိမ္းလိုက္ပါ။ (၅) မိနစ္ၾကာ ထားၿပီးေနာက္ ေရေဆးခ်ပါ။ သင့္ဆံေကသာ သဘာဝအတိုင္း ႏူးညံ့ေခ်ာေမြ႕လာပါမယ္။

၆။ မုတ္ဆိတ္ရိတ္ရာတြင္

ရွားေစာင္း လက္ပက္မွာ ေရဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ သာမန္ မုတ္ဆိတ္ရိတ္ ခရင္မ္ေတြထက္ ပိုၿပီး သဘာဝက်က် ေကာင္းမြန္ပါ တယ္။ ဒါ့အျပင္ အစိုဓာတ္ကိုလည္း ထိန္းေပးလို႔ မုတ္ဆိတ္ရိတ္ၿပီး အေရျပားကို မေျခာက္ေသြ႕ေစေတာ့ပါဘူး။

၇။ ပိုးေကာင္ အကိုက္ခံရလွ်င္

အင္းဆက္ ပိုးေကာင္ေတြ၊ ျခင္ေတြရဲ႕ အကိုက္ခံရလွ်င္ ရွားေစာင္း လက္ပက္ အႏွစ္ကိုသာ လိမ္းလိုက္ပါ။ ဒါ့အျပင္ ရွားေစာင္း လက္ပက္ က အဖုအပိန႔္ေတြ၊ ယားနာေတြ၊ အပူ ေလာင္ဒဏ္ရာေတြနဲ႔ ဒဏ္ရာတခ်ိဳ႕ ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

Credit-Messenger

(Unicode)

ရှားစောင်းလက်ပက်ရဲ့ အရွက်ထူကြီးတွေကို ခွာလိုက်ရင် တွေ့ရတဲ့ ဂျယ်အနှစ်တွေမှာ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ရဲ့ အာနိသင် စွမ်းပုံက ပိုးကောင်ကိုက် ကုသတာက အစ ဆံပင်ပေါင်းတင်တာ အဆုံးပဲ ဖြစ်ပါတယ်။

၁။ မိတ်ကပ်ဖျက်လျှင်

သင်ဟာ ဈေးလည်း သက်သာ၊ အသားအရေ အတွက်လည်း အန္တရာယ် မဖြစ်စေနိုင်တဲ့ သဘာ၀ မိတ်ကပ်ဖျက်ဆေး လိုချင်ရင်တော့ ဆိုင်တွေ မှာ အလွယ်တကူ ရနိုင်တဲ့ ရှားစောင်း လက်ပက် အရည်ကိုသာသုံးပါ။ မျက်နှာကို ပြန်လည် စိုပြေစေပါတယ်။

၂။ ခြေထောက်ပေါက်လျှင်

ခြေထောက် ပေါက်သွားတဲ့ အနာကို ရှားစောင်း လက်ပက်အနှစ်နဲ့ လိမ်းပါ။ ဒီနည်းအတိုင်းလုပ်ဆောင်လျှင် အနာနီရဲ ရောင်ရမ်းခြင်းကို လျော့ပါး သက်သာစေပါတယ်။

၃။ နေလောင်လျှင်

အသားအရေ နေလောင်သွားလို့ စိတ်မညစ်နေပါနဲ့ ။ နေလောင်သွားတဲ့ အရေပြားပေါ်ကို ရှားစောင်း လက်ပက် အနှစ်ကို လိမ်းလိုက်ပါ။ ရှားစောင်း လက်ပက်မှာပါတဲ့ အစိုဓာတ်က လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

၄။ အသားအရေ အစိုဓာတ်ထိန်းဖို့

ရှားစောင်း လက်ပက်ကတော့ ခန္ဓာကိုယ် တစ်ခုလုံးကို အစိုဓာတ် ထိန်းပေးနိုင်စွမ်း ရှိပါတယ်။အထူးသဖြင့် မျက်နှာ အသားအရေကို ပိုလို့တောင် အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရှားစောင်း လက်ပက်အနှစ်က ခွဲျပျစ်ပျစ်ဖြစ် မကျန်စေပါဘူး။ အရေပြား ရောင်ရမ်းမှုကိုလည်း လျော့ကျစေတဲ့ အတွက် ဝက်ခြံနဲ့ အမာရွတ်တွေ အတွက် ဆေးကောင်း တစ်လက်ပါပဲ။

၅။ ဆံပင်ပေါင်းတင်ဖို့

သင်ပုံမှန် သုံးနေကျ ဆံပင် ပေါင်းတင်ဆေး အစား ရှားစောင်း လက်ပက် အနှစ်အချို့ကို ယူပြီး ဆံပင်မှာ သုတ်လိမ်းလိုက်ပါ။ (၅) မိနစ်ကြာ ထားပြီးနောက် ရေဆေးချပါ။ သင့်ဆံကေသာ သဘာဝအတိုင်း နူးညံ့ချောမွေ့လာပါမယ်။

၆။ မုတ်ဆိတ်ရိတ်ရာတွင်

ရှားစောင်း လက်ပက်မှာ ရေဓာတ်များစွာ ပါဝင်တာကြောင့် သာမန် မုတ်ဆိတ်ရိတ် ခရင်မ်တွေထက် ပိုပြီး သဘာဝကျကျ ကောင်းမွန်ပါ တယ်။ ဒါ့အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးလို့ မုတ်ဆိတ်ရိတ်ပြီး အရေပြားကို မခြောက်သွေ့စေတော့ပါဘူး။

၇။ ပိုးကောင် အကိုက်ခံရလျှင်

အင်းဆက် ပိုးကောင်တွေ၊ ခြင်တွေရဲ့ အကိုက်ခံရလျှင် ရှားစောင်း လက်ပက် အနှစ်ကိုသာ လိမ်းလိုက်ပါ။ ဒါ့အပြင် ရှားစောင်း လက်ပက် က အဖုအပိန့်တွေ၊ ယားနာတွေ၊ အပူ လောင်ဒဏ်ရာတွေနဲ့ ဒဏ်ရာတချို့ ကို ပျောက်ကင်းစေနိုင်ပါတယ်။

Credit-Messenger

Leave a Reply

Your email address will not be published. Required fields are marked *