ဗဟုတုသ

အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္းရြက္မ်ား

(Zawgyi)

ပိုက္ဆံေခၽြတာရင္း မီးဖိုေခ်ာင္ထဲမွာ အမိႈက္ေတြပြတာလည္း သက္သာေအာင္ အိမ္မွာပဲ သီးပင္စားပင္ေလးေတြ စိုက္ၾကမယ္

အိမ္တြင္းမွာပဲ ျပန္လည္စိုက္ပ်ိဳးႏိုင္တဲ့ ဟင္းသီးဟင္းရြက္မ်ား

ဟင္းသီးဟင္းရြက္ေတြကို လွီးခၽြတ္ၿပီးလို့ ပိုေနတဲ့ အပိုင္းအစေလးေတြကို ခ်က္ခ်င္းလႊင့္မပစ္လိုက္ပါနဲ့။ တခ်ိဳ႕ဟင္းသီးဟင္းရြက္ေတြဟာဆိုရင္ ျပန္ၿပီးေတာ့ကို စိုက္ပ်ိဳးၿပီး စားသံုးလို့ရႏိုင္တာေၾကာင့္ ပိုက္ဆံလည္းေခၽြတာရင္း အပ်င္းလည္းေျပရင္းျဖစ္ေအာင္ အပင္ေလးေတြ စိုက္ၾကည့္လိုက္ပါ။

မီးဖိုေခ်ာင္ထဲမွာ အမိႈက္ေတြပြတာလည္း သက္သာတဲ့အျပင္ အခုလို ပိုးသတ္ေဆးေတြ အလြန္အက်ဴးသံုးေနခ်ိန္မွာ က်န္းမာေရးထိခိုက္မွာလည္း စိုးရိမ္စရာမလိုေတာ့ဘူးေပါ့။

ၾကက္သြန္ၿမိတ္

စိုက္ရတာအလြယ္ဆံုးနဲ့ အျမန္ဆံုးအေပါက္လြယ္တဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ၿပီးေတာ့ အိမ္မွာစိုက္ထားမယ္ဆိုရင္ ေနာက္ထပ္ဝယ္ဖို့ကို ေတြးမိမွာမဟုတ္ေတာ့ပါဘူး။ ၾကက္သြန္ၿမိတ္အပင္ေအာက္ေျခကို အျမစ္ေတြပါအပါခ်န္ၿပီးေတာ့ ခရားတစ္ခု သို့မဟုတ္ ဖန္ခြက္တစ္လံုးထဲမွာ ေရလက္မတစ္ဝက္ေလာက္ျဖည့္ၿပီး ထည့္ထားလိုက္ပါ။

ေနေရာင္ေႏြးေႏြးေလးေအာက္မွာ ထားေပးလိုက္ၿပီး သုံးေလးရက္ေလာက္ၾကာရင္ ေရအသစ္လဲေပးမယ္ဆိုရင္ေတာ့ အပင္ေပါက္ေလးေတြကို အေႏွးနဲ့အျမန္ ျမင္ေတြ႕ရမွာပါပဲ။

စပါးလင္

ၾကက္သြန္ၿမိတ္ေတြလိုပဲ အျမစ္နားေအာက္ေျခကို ဖန္ခြက္တစ္လံုးထဲမွာ ေရနည္းနည္းနဲ့အတူထားမယ္ဆိုရင္ ရက္တိုအတြင္း အပင္ေပါက္လာတာကို ျမင္ေတြ႕ရမွာပါ။

ငရုတ္ပြသီး

ငရုတ္ပြသီးေတြထဲက အေစ့ေတြကို ပန္းအိုးတစ္လံုးထဲမွာ ေျမႀကီးနဲ့အတူျမဳပ္ကာ ေနေရာင္ျခည္ေအာက္မွာ တိုက္ရိုက္ထားေပးပါ။

ေထာပတ္သီး

ေထာပတ္သီးအေစ့ကို ေရေဆးၿပီး ေဘးပတ္ပတ္လည္ကေန သြားၾကားထိုးတံေလးေခ်ာင္းထိုးေပးကာ ေရထည့္ထားတဲ့ဖန္ခြက္တစ္လံုးထဲမွာ ဟန္ခ်က္ညီေအာင္ထည့္ေပးပါ။ ေနေရာင္ေအာက္မွာထားေပးၿပီး ႏွစ္ရက္တစ္ခါေရလဲပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အေစ့ကြဲကာ ရိုးတံေလးထြက္လာမွာျဖစ္ပါတယ္။

ဂ်င္း

ဂ်င္းကိုဖန္ခြက္တစ္လံုးထဲမွာ တစ္ညေရစိမ္ပါ။ အဝက်ယ္က်ယ္ အိုးတစ္လံုးထဲမွာ ေျမႀကီးထည့္ကာ ႏွစ္လက္မေလာက္နက္တဲ့အထိ ထိုးထည့္လိုက္ပါ။ ေရမွန္မွန္ေလာင္းၿပီးေတာ့ ေနေရာင္မရွိတဲ့ေနရာမွာထားေပးပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့ေနာက္ အပင္ေပါက္လာမွာျဖစ္ၿပီး သံုးေလးလၾကာရင္ေတာ့ စားသံုးႏိုင္မွာျဖစ္ပါတယ္။

Credit-MyFood Myanmar

(Unicode)

ပိုက်ဆံချွေတာရင်း မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာအောင် အိမ်မှာပဲ သီးပင်စားပင်လေးတွေ စိုက်ကြမယ်

အိမ်တွင်းမှာပဲ ပြန်လည်စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေကို လှီးချွတ်ပြီးလို့ ပိုနေတဲ့ အပိုင်းအစလေးတွေကို ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။ တချို့ဟင်းသီးဟင်းရွက်တွေဟာဆိုရင် ပြန်ပြီးတော့ကို စိုက်ပျိုးပြီး စားသုံးလို့ရနိုင်တာကြောင့် ပိုက်ဆံလည်းချွေတာရင်း အပျင်းလည်းပြေရင်းဖြစ်အောင် အပင်လေးတွေ စိုက်ကြည့်လိုက်ပါ။

မီးဖိုချောင်ထဲမှာ အမှိုက်တွေပွတာလည်း သက်သာတဲ့အပြင် အခုလို ပိုးသတ်ဆေးတွေ အလွန်အကျူးသုံးနေချိန်မှာ ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။

ကြက်သွန်မြိတ်

စိုက်ရတာအလွယ်ဆုံးနဲ့ အမြန်ဆုံးအပေါက်လွယ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီးတော့ အိမ်မှာစိုက်ထားမယ်ဆိုရင် နောက်ထပ်ဝယ်ဖို့ကို တွေးမိမှာမဟုတ်တော့ပါဘူး။ ကြက်သွန်မြိတ်အပင်အောက်ခြေကို အမြစ်တွေပါအပါချန်ပြီးတော့ ခရားတစ်ခု သို့မဟုတ် ဖန်ခွက်တစ်လုံးထဲမှာ ရေလက်မတစ်ဝက်လောက်ဖြည့်ပြီး ထည့်ထားလိုက်ပါ။

နေရောင်နွေးနွေးလေးအောက်မှာ ထားပေးလိုက်ပြီး သုံးလေးရက်လောက်ကြာရင် ရေအသစ်လဲပေးမယ်ဆိုရင်တော့ အပင်ပေါက်လေးတွေကို အနှေးနဲ့အမြန် မြင်တွေ့ရမှာပါပဲ။

စပါးလင်

ကြက်သွန်မြိတ်တွေလိုပဲ အမြစ်နားအောက်ခြေကို ဖန်ခွက်တစ်လုံးထဲမှာ ရေနည်းနည်းနဲ့အတူထားမယ်ဆိုရင် ရက်တိုအတွင်း အပင်ပေါက်လာတာကို မြင်တွေ့ရမှာပါ။

ငရုတ်ပွသီး

ငရုတ်ပွသီးတွေထဲက အစေ့တွေကို ပန်းအိုးတစ်လုံးထဲမှာ မြေကြီးနဲ့အတူမြုပ်ကာ နေရောင်ခြည်အောက်မှာ တိုက်ရိုက်ထားပေးပါ။

ထောပတ်သီး

ထောပတ်သီးအစေ့ကို ရေဆေးပြီး ဘေးပတ်ပတ်လည်ကနေ သွားကြားထိုးတံလေးချောင်းထိုးပေးကာ ရေထည့်ထားတဲ့ဖန်ခွက်တစ်လုံးထဲမှာ ဟန်ချက်ညီအောင်ထည့်ပေးပါ။ နေရောင်အောက်မှာထားပေးပြီး နှစ်ရက်တစ်ခါရေလဲပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အစေ့ကွဲကာ ရိုးတံလေးထွက်လာမှာဖြစ်ပါတယ်။

ဂျင်း

ဂျင်းကိုဖန်ခွက်တစ်လုံးထဲမှာ တစ်ညရေစိမ်ပါ။ အဝကျယ်ကျယ် အိုးတစ်လုံးထဲမှာ မြေကြီးထည့်ကာ နှစ်လက်မလောက်နက်တဲ့အထိ ထိုးထည့်လိုက်ပါ။ ရေမှန်မှန်လောင်းပြီးတော့ နေရောင်မရှိတဲ့နေရာမှာထားပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့နောက် အပင်ပေါက်လာမှာဖြစ်ပြီး သုံးလေးလကြာရင်တော့ စားသုံးနိုင်မှာဖြစ်ပါတယ်။

Credit-MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *