ဗဟုတုသ

သက္ၾကီးရြယ္အိုမ်ား၊ ဂီလာန ရဟန္းသံဃာေတာ္မ်ားအတြက္ အေကာင္းဆံုး အာဟာရ။ စတုမဓူ ကိုယ္တိုင္ျပဳလုပ္နည္း

(Zawgyi)

သက္ၾကီးရြယ္အိုမ်ား၊ ဂီလာန ရဟန္းသံဃာေတာ္မ်ားအတြက္ အေကာင္းဆံုး အာဟာရ။ စတုမဓူ ကိုယ္တိုင္ျပဳလုပ္နည္း

ဂီလာန ရဟန္းသံဃာေတာ္မ်ားႏွင့္ သက္ၾကီးရြယ္အိုမ်ား အာဟာရဓာတ္ျပည့္၀ေစရန္ ရည္ရြယ္၍ စတုမဓူ ျပုလုပ္ေရာင္းခ်သူမ်ား ရွိလာ၍ ၀မ္းေျမာက္မိပါသည္။ သို႕ေသာ္ စတုမဓူကို ကၽြန္ေတာ္ျမည္းၾကည့္ေသာအခါ ၀မ္းနည္းရျပန္သည္။ စတုမဓူ အညံ့စားမ်ားျဖစ္၍ အာဟာရတန္ဖိုး နည္းပါးလြန္းလွ၏။

ဆီၾကိတ္ဆံု

ျမင္းျခံျမိဳ႕၊ သေျပသာေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ၾကီး ဦးေကာသလႅသည္ အသက္(၉၀)၀န္းက်င္အထိ အသက္ရွည္ကာ က်န္းမာခဲ့ပါသည္။ စတုမဓူကို အာဟာရဓာတ္ ျပည့္၀ေအာင္ ေဖာ္စပ္ျပဳလုပ္၍ သံုးေဆာင္ခဲ့သည္။ ဆရာေတာ္ၾကီး၏ စတုမဓူ ျပုလုပ္နည္းမွာ…

၁။ အညာပ်ားရည္စစ္စစ္

၂။ အညာႏွမ္းၾကီးဆီ (ဆံုဆီ)စစ္စစ္

၃။ ထန္းဖုိသကာရည္

၄။ ေထာပတ္စစ္စစ္

အထက္ပါ ပစၥည္း၄မယ္ကို အေလးခ်ိန္ ဆတူေရာစပ္ကာ သမေအာင္ေမႊ၍ တစ္ပတ္ခန္႕ၾကာေအာင္ ေနေရာင္လွန္းရသည္။ မီးႏွင့္ လံုး၀မခ်က္ရပါ။ ပစၥည္းမ်ား စစ္မွန္ျခင္း၊ ေနေရာင္ႏွင့္သာ ခ်က္ရျခင္းတို႕မွာ စတုမဓူ၏ အရည္အေသြးကို ျမင့္မားေစသည္။

ထန္းဖိုသကာရည္ကို ေႏြကာလမွာသာ ရရွိႏိုင္သျဖင့္ တေပါင္း၊ တန္ခူး၊ ကဆုန္ ထို(၃)လမွာသာ စတုမဓူျပဳလုပ္ၾကရသည္။ အညာပ်ားရည္သည္ စစ္လွ်င္ အခ်ိန္မည္မွ်ၾကာေစကာမူ အခ်ဥ္ဓာတ္ မေပါက္ပါ။ တမာ၊ ထေနာင္းတို႕ကဲ့သို႕ ေဆးဖက္၀င္ ေဆးပင္ ေဆးပြင့္တို႕၏ ၀တ္ရည္မ်ား ျဖစ္၍ ေဆးစြမ္းထက္သည္။ ထန္းဖိုသကာရည္မွာလည္း အညာမွာသာ ပို၍ ရရွိႏိုင္သည္။ ထန္းမ သကာရည္ထက္ ပို၍ ေဆးဖက္၀င္သည္။ ေထာပတ္မွာ ယခုေခတ္ အတု၊ အေရာအေႏွာ မ်ားလွသည္။ အညာေဒသမွ အသိအကြ်မ္း ေဆြမ်ိဳးရင္းခ်ာမ်ားႏွင့္ မွာယူမွ စိတ္ခ်ရသည္။

အေကာင္းဆံုး စတုမဓူ၏ အရသာမွာ အခ်ိဳဓာတ္နည္းပါးျပီး ဆိမ့္ပါသည္။ ကိုယ္တိုင္ျပဳလုပ္ေသာ စတုမဓူႏွင့္ ဆိုင္မွ၀ယ္ယူေသာ စတုမဓူ ယွဥ္၍ စားသံုးၾကည့္ပါ။ အနံ႕ေရာ အရသာပါအလြန္ကြာျခားေၾကာင္း လက္ေတြ႕သိၾကပါလိမ့္မည္။

ေအာင္ေက်ာ္ထူး

နကၡတေရာင္ျခည္မဂၢဇင္း

(Unicode)

သက်ကြီးရွယ်အိုများ၊ ဂီလာန ရဟန်းသံဃာတော်များအတွက် အကောင်းဆုံး အာဟာရ။ စတုမဓူ ကိုယ်တိုင်ပြုလုပ်နည်း

ဂီလာန ရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အိုများ အာဟာရဓာတ်ပြည့်ဝစေရန် ရည်ရွယ်၍ စတုမဓူ ပြုလုပ်ရောင်းချသူများ ရှိလာ၍ ဝမ်းမြောက်မိပါသည်။ သို့သော် စတုမဓူကို ကျွန်တော်မြည်းကြည့်သောအခါ ဝမ်းနည်းရပြန်သည်။ စတုမဓူ အညံ့စားများဖြစ်၍ အာဟာရတန်ဖိုး နည်းပါးလွန်းလှ၏။

မြင်းခြံမြို့၊ သပြေသာကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး ဦးကောသလ္လသည် အသက်(၉၀)ဝန်းကျင်အထိ အသက်ရှည်ကာ ကျန်းမာခဲ့ပါသည်။ စတုမဓူကို အာဟာရဓာတ် ပြည့်ဝအောင် ဖော်စပ်ပြုလုပ်၍ သုံးဆောင်ခဲ့သည်။ ဆရာတော်ကြီး၏ စတုမဓူ ပြုလုပ်နည်းမှာ…

၁။ အညာပျားရည်စစ်စစ်

၂။ အညာနှမ်းကြီးဆီ (ဆုံဆီ)စစ်စစ်

၃။ ထန်းဖိုသကာရည်

၄။ ထောပတ်စစ်စစ်

အထက်ပါ ပစ္စည်း၄မယ်ကို အလေးချိန် ဆတူရောစပ်ကာ သမအောင်မွှေ၍ တစ်ပတ်ခန့်ကြာအောင် နေရောင်လှန်းရသည်။ မီးနှင့် လုံးဝမချက်ရပါ။ ပစ္စည်းများ စစ်မှန်ခြင်း၊ နေရောင်နှင့်သာ ချက်ရခြင်းတို့မှာ စတုမဓူ၏ အရည်အသွေးကို မြင့်မားစေသည်။

ထန်းဖိုသကာရည်ကို နွေကာလမှာသာ ရရှိနိုင်သဖြင့် တပေါင်း၊ တန်ခူး၊ ကဆုန် ထို(၃)လမှာသာ စတုမဓူပြုလုပ်ကြရသည်။ အညာပျားရည်သည် စစ်လျှင် အချိန်မည်မျှကြာစေကာမူ အချဉ်ဓာတ် မပေါက်ပါ။ တမာ၊ ထနောင်းတို့ကဲ့သို့ ဆေးဖက်ဝင် ဆေးပင် ဆေးပွင့်တို့၏ ဝတ်ရည်များ ဖြစ်၍ ဆေးစွမ်းထက်သည်။ ထန်းဖိုသကာရည်မှာလည်း အညာမှာသာ ပို၍ ရရှိနိုင်သည်။ ထန်းမ သကာရည်ထက် ပို၍ ဆေးဖက်ဝင်သည်။ ထောပတ်မှာ ယခုခေတ် အတု၊ အရောအနှော များလှသည်။ အညာဒေသမှ အသိအကျွမ်း ဆွေမျိုးရင်းချာများနှင့် မှာယူမှ စိတ်ချရသည်။

အကောင်းဆုံး စတုမဓူ၏ အရသာမှာ အချိုဓာတ်နည်းပါးပြီး ဆိမ့်ပါသည်။ ကိုယ်တိုင်ပြုလုပ်သော စတုမဓူနှင့် ဆိုင်မှဝယ်ယူသော စတုမဓူ ယှဉ်၍ စားသုံးကြည့်ပါ။ အနံ့ရော အရသာပါအလွန်ကွာခြားကြောင်း လက်တွေ့သိကြပါလိမ့်မည်။

အောင်ကျော်ထူး

နက္ခတရောင်ခြည်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *