ဗဟုတုသ

ေဆးမွည့္လား? သဘာဝမွည့္တာလား? ေရြး၀ယ္နည္း

(Zawgyi)

ေဆးမွည့္လား သဘာဝမွည့္တာလား

ေဆးနဲ႔မွည့္တဲ့ သရက္သီးေတြဟာ အဝါတစ္ေရာင္တည္းရွိၿပီး အေရာင္ကလည္း ညီၿပီး ဝင္းေနပါတယ္။ အသားမွာပါ အဝါေရာင္သမ္းေနတတ္ၿပီး နည္းနည္းလည္း ပိုမာေနတတ္ပါတယ္။ ခါးသက္သက္ အရသာလည္းရွိတဲ့အျပင္ အနံ႔ကလည္း သိပ္မေမႊးပါဘူး။

သဘာဝအတိုင္းမွည့္တဲ့ သရက္သီးကေတာ့ လိေမၼာ္ေရာင္၊ အနီေရာင္၊ အစိမ္းေရာင္ အစရွိတဲ့ အေရာင္စုံသမ္းပါတယ္။အသားကလည္း အဝါေရာင္ရင့္ၿပီး အနီေရာင္လည္း ရွိတတ္ပါတယ္။ အသီးက ႏူးညံ့ၿပီး သဘာဝအတိုင္း အရမ္းခ်ိဳပါတယ္။ အနံ႔ကလည္း အရမ္းကိုေမႊးပါတယ္။

ေဆးနဲ႔ျပဳျပင္ထားတဲ့ အသီးေတြကို စားမိရင္ ကင္ဆာေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ မ်က္စိနာ၊ အေရျပားယားယံတာတို႔အျပင္ မွတ္ဉာဏ္ ေပ်ာက္ဆုံး ေမ့ေလ်ာ့တာေတြကိုပါ ခံစားရတတ္ပါတယ္။ ဒါေၾကာင့္ သဘာဝအတိုင္း ရင့္မွည့္တဲ့ သရက္သီးေတြကိုသာ ေ႐ြးခ်ယ္ဝယ္ယူပါ။

ဝယ္လာၿပီးရင္လည္း ဆားေရထဲမွာ မိနစ္ႏွစ္ဆယ္ကေန နာရီဝက္ခန႔္ စိမ္ေပးၿပီးေတာ့ ေရသန႔္ထဲမွာ ၁၅ မိနစ္ ခန႔္ ထပ္စိမ္ၿပီးမွ စားေသာက္ေပးရင္ေတာ့ ကပ္ၿငိေနႏိုင္တဲ့ ပိုးသတ္ေဆးေတြ၊ ဓာတ္ေျမဩဇာေတြကိုပါ ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

ေနလင္း

YangonDirectory

(Unicode)

ဆေးမှည့်လား သဘာဝမှည့်တာလား

ဆေးနဲ့မှည့်တဲ့ သရက်သီးတွေဟာ အဝါတစ်ရောင်တည်းရှိပြီး အရောင်ကလည်း ညီပြီး ဝင်းနေပါတယ်။ အသားမှာပါ အဝါရောင်သမ်းနေတတ်ပြီး နည်းနည်းလည်း ပိုမာနေတတ်ပါတယ်။ ခါးသက်သက် အရသာလည်းရှိတဲ့အပြင် အနံ့ကလည်း သိပ်မမွှေးပါဘူး။

သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကတော့ လိမ္မော်ရောင်၊ အနီရောင်၊ အစိမ်းရောင် အစရှိတဲ့ အရောင်စုံသမ်းပါတယ်။အသားကလည်း အဝါရောင်ရင့်ပြီး အနီရောင်လည်း ရှိတတ်ပါတယ်။ အသီးက နူးညံ့ပြီး သဘာဝအတိုင်း အရမ်းချိုပါတယ်။ အနံ့ကလည်း အရမ်းကိုမွှေးပါတယ်။

ဆေးနဲ့ပြုပြင်ထားတဲ့ အသီးတွေကို စားမိရင် ကင်ဆာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာ၊ အရေပြားယားယံတာတို့အပြင် မှတ်ဉာဏ် ပျောက်ဆုံး မေ့လျော့တာတွေကိုပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ရင့်မှည့်တဲ့ သရက်သီးတွေကိုသာ ရွေးချယ်ဝယ်ယူပါ။

ဝယ်လာပြီးရင်လည်း ဆားရေထဲမှာ မိနစ်နှစ်ဆယ်ကနေ နာရီဝက်ခန့် စိမ်ပေးပြီးတော့ ရေသန့်ထဲမှာ ၁၅ မိနစ် ခန့် ထပ်စိမ်ပြီးမှ စားသောက်ပေးရင်တော့ ကပ်ငြိနေနိုင်တဲ့ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေကိုပါ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

နေလင်း

YangonDirectory

Leave a Reply

Your email address will not be published. Required fields are marked *