ဗဟုတုသ

ယူနက္စကိုက ကာကြယ္ေပးထားတဲ့ ႐ိုးရာယဥ္ေက်းမႈမ်ား

(Zawgyi)

ယူနက္စကိုက ကာကြယ္ေပးထားတဲ့ ႐ိုးရာယဥ္ေက်းမႈမ်ား

ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ယဥ္ေက်းမႈအဖြဲ႕(UNESCO) ကို ေရွးေဟာင္း အေမြအႏွစ္ ယဥ္ေက်းမႈ အဆာက္အဦေတြ ထိန္းသိမ္းတဲ့ အဖြဲ႕အစည္းအျဖစ္ လူအမ်ားက သိၾကပါတယ္။ တကယ္ေတာ့ ႐ိုးရာယဥ္ေက်းမႈဆိုတာ အေဆာက္အဦထက္ပိုတဲ့ အရာပါ။

ယူနက္စကိုအဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ ယူနက္စကိုဟာ အေဆာက္အဦေတြအျပင္ ႏႈတ္ထြက္စကား၊ ေဖ်ာ္ေျဖေရး အႏုပညာ၊ လူမႈပတ္ဝန္းက်င္နဲ႔ ပြဲေတာ္ေတြကိုပါ ေရွးေဟာင္းအေမြအႏွစ္အျဖစ္ ထိန္းသိမ္းေပးတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ယူနက္စကိုက အေမြအႏွစ္အျဖစ္ ထိန္းသိမ္းထားေပးတဲ့ ႐ိုးရာယဥ္ေက်းမႈေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Reggae ဂီတ

ဂ်ေမကန္ႏိုင္ငံရဲ႕ ႐ိုးရာဂီတျဖစ္တဲ့ Reggae ဂီတကို ယူနက္စကိုက ထိန္းသိမ္းေစာင့္ေရွာက္ထားေပးပါတယ္။ လွပတဲ့ ဂီတသံစဥ္ေတြရဲ႕ ေပါင္းဖက္မႈနဲ႔ ၿငိမ္းခ်မ္းျခင္း၊ တရားမွ်တျခင္းအေၾကာင္းေတြကို သီဆိုရတဲ့ Reggae ဂီတရဲ႕ အေစာပိုင္း ဂ်ာေမကန္,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ႔ Blues ပုံစံအားလုံး ပါဝင္ပါတယ္။

(၂) Hurling နဲ႔ Camogie ကစားနည္း

Hurling ဆိုတာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ေထာင္ေက်ာ္က ကစားနည္း တမ်ိဳးျဖစ္ပါတယ္။ ဒီကစားနည္းကို အိုင္ယာလန္ႏိုင္ငံက စတင္ကစားခဲ့ၿပီး ေဘာလုံးကစားနည္းလို အုပ္စုလိုက္ ကစားရတဲ့ ကစားနည္း ျဖစ္ပါတယ္။ ကစားသူဟာ ေယာက္ခ်ိဳပုံစံ တုတ္ေခ်ာင္းနဲ႔ ေဘာလုံးအေသးစားကို ႐ိုက္ရတာ ျဖစ္ၿပီး တဖက္ဂိုးကို ဝင္ေအာင္ ကစားရတာျဖစ္ပါတယ္။ ဒီကစားနည္းက ေဟာ္ကီနဲ႔ ဆင္တူပါတယ္။ Camogie ကေတာ့ အမ်ိဳးသမီး ဗားရွင္း ျဖစ္တယ္လို႔ သိရပါတယ္။

(၃) Al-Aragoz (လက္ထိုး ႐ုပ္ေသး)

႐ုပ္ေသးပညာဟာ အီဂ်စ္ႏိုင္ငံမွာ အလြန္ေခတ္စားတဲ့ အႏုပညာတရပ္ ျဖစ္ပါတယ္။ ျမန္မာ့႐ုပ္ေသး ကျပသလို ပုံစံ တူေပမယ့္ သူတို႔က အ႐ုပ္ရဲ႕ အတြင္းထဲကို လက္ထိုးၿပီး ကျပရတာ ျဖစ္ပါတယ္။ အ႐ုပ္ကိုင္သူဟာ ပရိသတ္ မျမင္ရတဲ့ ကြယ္ရာမွာ ထိုင္ရၿပီး သူ႔ရဲ႕ လက္ေထာက္က ပရိသတ္ကို ကျပရာမွာ အဓိက ကူညီပါတယ္။ Al-Aragoz ဟာ အဓိက ႐ုပ္ေသးကာ႐ိုက္တာ ျဖစ္ၿပီး ေဖ်ာ္ေျဖသူေတြဟာ နယ္လွည့္ ေဖ်ာ္ေျဖေလ့ရွိပါတယ္။

(၄) ျမင္းျဖင့္ ပုစြန္ဖမ္းျခင္း

ဘယ္လဂ်ီယံ ႏိုင္ငံမွာရွိတဲ့ ပင္လယ္ကမ္းေျခေတြမွာ ျမင္းနဲ႔ ပုစြန္ဖမ္းေလ့ရွိၾကပါတယ္။ ဒီနည္းဟာ ကမာၻစစ္ျဖစ္တဲ့ အခ်ိန္မွာ အသုံးျပဳခဲ့တဲ့ နည္းလမ္းျဖစ္တယ္လို႔ သိရပါတယ္။ ျမင္းရဲ႕ အေနာက္မွာ ငါးဖမ္းပိုက္ကြန္ကို ထည့္ၿပီး ျမင္းဟာ ပင္လယ္ေရထဲ ဆင္းရတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။

ေခတ္မီ စက္ကိရိယာေတြ ေပၚလာၿပီးတဲ့ ေနာက္မွာ ဒီလို ငါးဖမ္းျခင္းကို လုပ္ကိုင္တဲ့ သူေတြ ရွားလာပါတယ္။ ဒီငါးဖမ္းနည္းဟာ ေရ၊ ေလနဲ႔ ပင္လယ္သဲ အားလုံးကို တြက္ခ်က္ၿပီးမွ ျပဳလုပ္ရတဲ့ေရွးေဟာင္းနည္း ျဖစ္တာေၾကာင့္ ယူနက္စကိုက ကာကြယ္ထားေပးျခင္း ျဖစ္ပါတယ္။

Ref; mmn

ေရဗန္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ယူနက်စကိုက ကာကွယ်ပေးထားတဲ့ ရိုးရာယဉ်ကျေးမှုများ

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) ကို ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှု အဆာက်အဦတွေ ထိန်းသိမ်းတဲ့ အဖွဲ့အစည်းအဖြစ် လူအများက သိကြပါတယ်။ တကယ်တော့ ရိုးရာယဉ်ကျေးမှုဆိုတာ အဆောက်အဦထက်ပိုတဲ့ အရာပါ။

ယူနက်စကိုအဖွဲ့ရဲ့ ပြောကြားချက်အရ ယူနက်စကိုဟာ အဆောက်အဦတွေအပြင် နှုတ်ထွက်စကား၊ ဖျော်ဖြေရေး အနုပညာ၊ လူမှုပတ်ဝန်းကျင်နဲ့ ပွဲတော်တွေကိုပါ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယူနက်စကိုက အမွေအနှစ်အဖြစ် ထိန်းသိမ်းထားပေးတဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Reggae ဂီတ

ဂျမေကန်နိုင်ငံရဲ့ ရိုးရာဂီတဖြစ်တဲ့ Reggae ဂီတကို ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ထားပေးပါတယ်။ လှပတဲ့ ဂီတသံစဉ်တွေရဲ့ ပေါင်းဖက်မှုနဲ့ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းအကြောင်းတွေကို သီဆိုရတဲ့ Reggae ဂီတရဲ့ အစောပိုင်း ဂျာမေကန်,Caribbean, North American and Latin strains, Neo-African styles, Soul and Rhythm နဲ့ Blues ပုံစံအားလုံး ပါဝင်ပါတယ်။

(၂) Hurling နဲ့ Camogie ကစားနည်း

Hurling ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်က ကစားနည်း တမျိုးဖြစ်ပါတယ်။ ဒီကစားနည်းကို အိုင်ယာလန်နိုင်ငံက စတင်ကစားခဲ့ပြီး ဘောလုံးကစားနည်းလို အုပ်စုလိုက် ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။ ကစားသူဟာ ယောက်ချိုပုံစံ တုတ်ချောင်းနဲ့ ဘောလုံးအသေးစားကို ရိုက်ရတာ ဖြစ်ပြီး တဖက်ဂိုးကို ဝင်အောင် ကစားရတာဖြစ်ပါတယ်။ ဒီကစားနည်းက ဟော်ကီနဲ့ ဆင်တူပါတယ်။ Camogie ကတော့ အမျိုးသမီး ဗားရှင်း ဖြစ်တယ်လို့ သိရပါတယ်။

(၃) Al-Aragoz (လက်ထိုး ရုပ်သေး)

ရုပ်သေးပညာဟာ အီဂျစ်နိုင်ငံမှာ အလွန်ခေတ်စားတဲ့ အနုပညာတရပ် ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေး ကပြသလို ပုံစံ တူပေမယ့် သူတို့က အရုပ်ရဲ့ အတွင်းထဲကို လက်ထိုးပြီး ကပြရတာ ဖြစ်ပါတယ်။ အရုပ်ကိုင်သူဟာ ပရိသတ် မမြင်ရတဲ့ ကွယ်ရာမှာ ထိုင်ရပြီး သူ့ရဲ့ လက်ထောက်က ပရိသတ်ကို ကပြရာမှာ အဓိက ကူညီပါတယ်။ Al-Aragoz ဟာ အဓိက ရုပ်သေးကာရိုက်တာ ဖြစ်ပြီး ဖျော်ဖြေသူတွေဟာ နယ်လှည့် ဖျော်ဖြေလေ့ရှိပါတယ်။

(၄) မြင်းဖြင့် ပုစွန်ဖမ်းခြင်း

ဘယ်လဂျီယံ နိုင်ငံမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေမှာ မြင်းနဲ့ ပုစွန်ဖမ်းလေ့ရှိကြပါတယ်။ ဒီနည်းဟာ ကမ္ဘာစစ်ဖြစ်တဲ့ အချိန်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ မြင်းရဲ့ အနောက်မှာ ငါးဖမ်းပိုက်ကွန်ကို ထည့်ပြီး မြင်းဟာ ပင်လယ်ရေထဲ ဆင်းရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

ခေတ်မီ စက်ကိရိယာတွေ ပေါ်လာပြီးတဲ့ နောက်မှာ ဒီလို ငါးဖမ်းခြင်းကို လုပ်ကိုင်တဲ့ သူတွေ ရှားလာပါတယ်။ ဒီငါးဖမ်းနည်းဟာ ရေ၊ လေနဲ့ ပင်လယ်သဲ အားလုံးကို တွက်ချက်ပြီးမှ ပြုလုပ်ရတဲ့ရှေးဟောင်းနည်း ဖြစ်တာကြောင့် ယူနက်စကိုက ကာကွယ်ထားပေးခြင်း ဖြစ်ပါတယ်။

Ref; mmn

ရေဗန်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *