ဗဟုတုသ

အမ်ိဳးသား၊ အမ်ိဳးသမီး ဆံပင္ေတြကို သဘာဝအတိုင္း ေျဖာင့္စင္းေနေစမယ့္ နည္းလမ္း ၅ ခု

(Zawgyi)

ဆံသားေတြကို သဘာဝအတိုင္း ေျဖာင့္စင္းေနေစမယ့္ နည္းလမ္း ၅ ခု

သင့္ရဲ႕ ဆံေကသာေတြ ေျဖာင့္စင္းေနေစဖို႔ Beauty Saloon ေတြသြားၿပီး အခ်ိန္ကုန္ခံေနဖို႔ မလိုေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ နည္းလမ္းေကာင္းေတြက သင့္ဆံသားေတြကို သဘာဝအတိုင္းေျဖာင့္စင္း ေနေစဖို႔အေထာက္အကူျပဳေစမွာ ျဖစ္လို႔ပဲ ျဖစ္ပါတယ္။

(၁) ႏြားႏို႔နဲ႔ ၾကက္ဥမွာ ပ႐ိုတင္းဓာတ္မ်ားစြာပါဝင္ၿပီး ပ႐ိုတင္းဓာတ္ဟာ ဆံသားေတြ ေျဖာင့္စင္းေနေစဖို႔အတြက္ေတာ့ မ်ားစြာ အေထာက္အကူျပဳႏိုင္ပါတယ္။ ႏြားႏို႔တဖန္ခြက္နဲ႔ ၾကက္ဥတလုံးတို႔ကို ေရာစပ္ၿပီး ေခါင္းမေလွ်ာ္ခင္ ဆံသားအႏွံ႔ သုတ္လိမ္းေပးၿပီး နာရီဝက္ခန႔္အၾကာမွ ေခါင္းေလွ်ာ္ေပးျခင္းျဖင့္ အံ့အားသင့္ဖြယ္ ရလဒ္ေကာင္းကို ပိုင္ဆိုင္ႏိုင္မွာပါ။

(၂) ရွားေစာင္းလက္ပတ္ဟာ ဆံသားကို အားျဖည့္ေပးႏိုင္တဲ့ သဘာဝပစၥည္းတခုျဖစ္ၿပီး ရွားေစာင္းလက္ပတ္ဂ်ယ္လ္ အနည္းငယ္နဲ႔ အုန္းဆီတို႔ကို ေရာေႏွာၿပီး ဆံသားေပၚမွာ သုတ္လိမ္းေပးပါ။ နာရီဝက္ခန႔္ထားၿပီး ေလွ်ာ္ေနက်ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးျခင္းအားျဖင့္ သဘာဝအတိုင္း ေျဖာင့္စင္းေနတဲ့ ဆံႏြယ္ေတြကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။

(၃) ပန္းသီးရွာလကာရည္ဟာ ဆံပင္ေတြကို သန႔္ရွင္းစင္ၾကယ္ေနေအာင္လုပ္ေပးႏိုင္တဲ့ သဘာဝ Cleanser ပဲျဖစ္ၿပီး ဆံသားေတြ ေျဖာင့္စင္းေနေစဖို႔အတြက္လည္း ကူညီေပးႏိုင္ပါတယ္။ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းသုံးဇြန္းခန႔္နဲ႔ ေရတဖန္ခြက္တို႔ကို ေရာၿပီး ဆံသားေတြေပၚမွာ သုတ္လိမ္းေပးၿပီးမွ ေခါင္းေလွ်ာ္ေပးပါ။ ဒီနည္းလမ္းအတိုင္း တပတ္မွာ ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပး႐ုံနဲ႔ သိသာထူးျခားတဲ့ ရလဒ္ေကာင္းကို ရရွိေစမွာျဖစ္ပါတယ္။

(၄) အုန္းႏို႔ရည္ကို အသုံးျပဳၿပီး ေခါင္းေလွ်ာ္ျခင္းဟာ ေရွးယခင္တည္းက အမ်ိဳးသမီးေတြ အသုံးမ်ားခဲ့ၾကတဲ့ ဆံပင္ေတြကို ေျဖာင့္စင္းေစတဲ့ နည္းလမ္းေကာင္းတခုပဲ ျဖစ္ပါတယ္။ အုန္းႏို႔ရည္တဖန္ခြက္ခန႔္နဲ႔ ေျပာင္းဖူးမႈန႔္လက္ဖက္ရည္ဇြန္းတဇြန္း ခန႔္တို႔ကို ေရာစပ္ၿပီး ဆံသားေပၚမွာ လိမ္းက်ံေပးၿပီး တနာရီခန႔္ထားၿပီးမွ ေခါင္းေလွ်ာ္ေပးရမွာ ျဖစ္ပါတယ္။

(၅) မ်က္ႏွာေပါင္းတင္တဲ့အခါမွာ အသုံးျပဳတဲ့ သဘာဝ႐ႊံ႕ေစးဟာ ဆံသားေတြအတြက္ေတာ့ သဘာဝဆံပင္ေပ်ာ့ေဆးလို႔ လည္း ေျပာလို႔ရပါတယ္။ ႐ႊံ႕ေစးမႈန႔္ လက္ဖက္ရည္ဇြန္းသုံးဇြန္းခန႔္ကို ေရနဲ႔ ခပ္ပ်စ္ပ်စ္ေဖ်ာ္ၿပီး ဆံသားေတြေပၚမွာ ေျခာက္ေသြ႕သြားတဲ့အထိထားၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ေပ်ာ့ေပ်ာင္းၿပီး ေျဖာင့္စင္းတဲ့ ဆံေကသာေတြကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

Ref: timesofindia.indiatimes.com

Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ဆံသားတွေကို သဘာဝအတိုင်း ဖြောင့်စင်းနေစေမယ့် နည်းလမ်း ၅ ခု

သင့်ရဲ့ ဆံကေသာတွေ ဖြောင့်စင်းနေစေဖို့ Beauty Saloon တွေသွားပြီး အချိန်ကုန်ခံနေဖို့ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းကောင်းတွေက သင့်ဆံသားတွေကို သဘာဝအတိုင်းဖြောင့်စင်း နေစေဖို့အထောက်အကူပြုစေမှာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

(၁) နွားနို့နဲ့ ကြက်ဥမှာ ပရိုတင်းဓာတ်များစွာပါဝင်ပြီး ပရိုတင်းဓာတ်ဟာ ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်တော့ များစွာ အထောက်အကူပြုနိုင်ပါတယ်။ နွားနို့တဖန်ခွက်နဲ့ ကြက်ဥတလုံးတို့ကို ရောစပ်ပြီး ခေါင်းမလျှော်ခင် ဆံသားအနှံ့ သုတ်လိမ်းပေးပြီး နာရီဝက်ခန့်အကြာမှ ခေါင်းလျှော်ပေးခြင်းဖြင့် အံ့အားသင့်ဖွယ် ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်မှာပါ။

(၂) ရှားစောင်းလက်ပတ်ဟာ ဆံသားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတခုဖြစ်ပြီး ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်နဲ့ အုန်းဆီတို့ကို ရောနှောပြီး ဆံသားပေါ်မှာ သုတ်လိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီး လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးခြင်းအားဖြင့် သဘာဝအတိုင်း ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) ပန်းသီးရှာလကာရည်ဟာ ဆံပင်တွေကို သန့်ရှင်းစင်ကြယ်နေအောင်လုပ်ပေးနိုင်တဲ့ သဘာဝ Cleanser ပဲဖြစ်ပြီး ဆံသားတွေ ဖြောင့်စင်းနေစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်နဲ့ ရေတဖန်ခွက်တို့ကို ရောပြီး ဆံသားတွေပေါ်မှာ သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ နှစ်ကြိမ်ခန့်ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။

(၄) အုန်းနို့ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ခြင်းဟာ ရှေးယခင်တည်းက အမျိုးသမီးတွေ အသုံးများခဲ့ကြတဲ့ ဆံပင်တွေကို ဖြောင့်စင်းစေတဲ့ နည်းလမ်းကောင်းတခုပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်တဖန်ခွက်ခန့်နဲ့ ပြောင်းဖူးမှုန့်လက်ဖက်ရည်ဇွန်းတဇွန်း ခန့်တို့ကို ရောစပ်ပြီး ဆံသားပေါ်မှာ လိမ်းကျံပေးပြီး တနာရီခန့်ထားပြီးမှ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။

(၅) မျက်နှာပေါင်းတင်တဲ့အခါမှာ အသုံးပြုတဲ့ သဘာဝရွှံ့စေးဟာ ဆံသားတွေအတွက်တော့ သဘာဝဆံပင်ပျော့ဆေးလို့ လည်း ပြောလို့ရပါတယ်။ ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်းသုံးဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ဆံသားတွေပေါ်မှာ ခြောက်သွေ့သွားတဲ့အထိထားပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ပျော့ပျောင်းပြီး ဖြောင့်စင်းတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref: timesofindia.indiatimes.com

Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *