ဗဟုတုသ

က်ားေဟာ္မုန္း ျမင့္တက္လာေစမည့္ အိမ္တြင္းနည္းမ်ား

(Zawgyi)

က်ားေဟာ္မုန္း ျမင့္တက္လာေစမည့္ အိမ္တြင္းနည္းမ်ား

အမ်ိဳးသားေတြအေနနဲ႔ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း အဆင့္ျမင့္တက္ေစဖို႔အတြက္ သဘာဝက်တဲ့ နည္းလမ္းေတြကို လိုက္နာႏိုင္ဖို႔ ေရးသားလိုက္ရပါတယ္။

၁။ ဇင့္ (သြပ္)ဓာတ္ ပါဝင္သည့္ အာဟာရစားပါ

ဇင့္ဓာတ္ပါဝင္တဲ့ အစားအေသာက္ေတြက ကမာေကာင္၊ အမဲသား၊ တိရစာၦန္အသည္း၊ ပင္လယ္စာ၊ ၾကက္၊ ဘဲ၊ အခြံမာသီး၊ အေစ့အဆန္၊ ဆယ္လ္မြန္ငါး၊ ဆန္လုံးညိဳ၊ ဒိန္ခဲ၊ ပဲအမ်ိဳးမ်ိဳး၊ ႏြားႏို႔၊ ဒိန္ခ်ဥ္စတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ ျဖစ္ၾကပါတယ္။ ဇင့္ (သြပ္)ဓာတ္ဟာ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္ေရး အတြက္ အေရးပါပါတယ္။ ဇင့္ဓာတ္ဟာ က်န္းမာေရးေကာင္းမြန္တဲ့ သုက္ေကာင္ေတြ ထုတ္လုပ္ႏိုင္ေအာင္ ကူညီေပးသလို သုက္ေကာင္အေရအတြက္ မ်ားမ်ား ထြက္ရွိေစပါတယ္။ ခႏၶာကိုယ္ထဲမွာ ဇင့္ဓာတ္နည္းေနရင္ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း အဆင့္လည္း ေလ်ာ့နည္းေနႏိုင္ပါတယ္။

၂။ ခႏၶာကိုယ္ရွိ အဆီပိုမ်ားကို ေလွ်ာ့ခ်ပါ

ခႏၶာကိုယ္မွာ အဆီပိုေတြရွိတာက အမ်ိဳးသားေတြရဲ႕ ေယာက်္ားပီသမႈကို ေလ်ာ့က်ေစပါတယ္။ခႏၶာကိုယ္မွာ အဆီပိုေတြ ရွိေလေလ၊ အီစထ႐ိုဂ်င္ေဟာ္မုန္းအဆင့္ မ်ားေလေလ ျဖစ္ႏိုင္တာေၾကာင့္ပါ။ဒါေၾကာင့္ အဆီပိုေတြမ်ားၿပီး အဝလြန္ေနရင္ တစ္လမွာ ကိုယ္အေလးခ်ိန္ တစ္ေပါင္ခန႔္ ေလ်ာ့က်ေအာင္ ေလ့က်င့္ခန္းလုပ္ပါ။

၃။ ေကာင္းမြန္သည့္ အဆီစားပါ

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီေတြျဖစ္တဲ့ အခြံမာတဲ့ အေစ့အဆန္၊ သံလြင္ဆီ၊ ဆယ္လ္မြန္ငါး၊ အိုမီဂါ ၃ ဖက္တီးအက္စစ္စတဲ့ အစာေတြကို အစားမ်ားတဲ့ အမ်ိဳးသားေတြက က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းအဆင့္ အျမင့္ဆုံး ျဖစ္ေနတာကို ေလ့လာမႈေတြအရ ေတြ႕ရွိရပါတယ္။ ခႏၶာကိုယ္မွ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္ေရးမွာ ေကာင္းတဲ့အဆီေတြ လိုအပ္ေနလို႔ပါ။

၄။ စိတ္ဖိစီးမႈကို တြန္းလွန္အႏိုင္ယူပါ

စိတ္ဖိစီးမႈခံစားရတဲ့အခါ ခႏၶာကိုယ္ထဲမွာ ေကာ္တီေစာဆိုတဲ့ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းတစ္မ်ိဳးထြက္လာပါတယ္။ ဒီေဟာ္မုန္းဟာ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈကို ေႏွာင့္ယွက္ ဟန႔္တားတတ္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈဆိုင္ရာ ေဟာ္မုန္းဟာ ဗိုက္ပူေစတဲ့အတြက္ ဗိုက္မွာ အဆီပိုေတြရွိေလေလ၊ တက္စတိုစတီ႐ုန္းအဆင့္ ေလ်ာ့နည္းေလေလဆိုတဲ့ အခ်က္နဲ႔ ဆက္စပ္မႈရွိတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈေလ်ာ့က်ေစဖို႔ တရားထိုင္တာ၊ အသက္ျပင္းျပင္းရွဴတာ၊ အိပ္ေရးဝဝ အိပ္စက္ အနားယူတာစတဲ့ နည္းလမ္းေတြကို လုပ္ေဆာင္သင့္ပါတယ္။

၅။ တစ္ည ရွစ္နာရီ အိပ္ပါ

အိပ္စက္ခ်ိန္နည္းတဲ့ အမ်ိဳးသားေတြဟာ တစ္ည ၆-၈ နာရီ အိပ္စက္တဲ့ အမ်ိဳးသားေတြထက္ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းအဆင့္ ေလ်ာ့နည္းေနတယ္လို႔ ခ်ီကာဂိုတကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ရပ္အရ သိရပါတယ္။ အိပ္တဲ့အခါမွာလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ အေရးႀကီးပါတယ္။

၆။ ပုံမွန္ ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းကို ပုံမွန္ျပဳလုပ္တာေၾကာင့္ အဆီပိုကင္းၿပီး ႂကြက္သားထုထည္ အားေကာင္းကာခႏၶာကိုယ္ရဲ႕ တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈအဆင့္ကို တိုးေစပါတယ္။ ေလ့က်င့္ခန္းအေနနဲ႔လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ေရကူးတာစတဲ့ ေအ႐ိုးဗစ္ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္သင့္သလိုႂကြက္သားထုထည္ သန္စြမ္းေစမယ့္ အေလးမေလ့က်င့္ခန္း၊ အိပ္ထမတင္ေလ့က်င့္ခန္း၊ ထိုင္ထေလ့က်င့္ခန္းစတဲ့ ေလ့က်င့္ခန္းေတြကိုလည္း လုပ္သင့္ပါတယ္။

၇။ ဗီတာမင္ပါဝင္ေသာ အစားအစာမ်ား စားပါ

ဗီတာမင္ ေအ၊ ဘီ၊ အီးေတြပါတဲ့ အစားအေသာက္ေတြကို စားတာက တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈအတြက္ အေရးပါပါတယ္။ ဒါေၾကာင့္ အစိမ္းေရာင္နဲ႔ အဝါေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္နဲ႔သစ္သီးဝလံေတြကို အစုံ စားေပးသင့္ပါတယ္။ အခြံမာသီး၊ အေစ့အဆန္ေတြထဲမွာလည္း ယင္းဗီတာမင္ဓာတ္ေတြ ပါဝင္ေနပါတယ္။

၈။ ခႏၶာကိုယ္ေအာက္ပိုင္းကို မပူလြန္းေအာင္ သတိထားပါ

အတြင္းခံ ေဘာင္းဘီက်ပ္က်ပ္ ဝတ္တာ၊ ေရပူစိမ္ၿပီး ေရခ်ိဳးတာ၊ ေပါင္ေပၚမွာ Laptop တင္ၿပီးသုံးတာ စတဲ့ နည္းလမ္းေတြက ခႏၶာကိုယ္ေအာက္ပိုင္း အထူးသျဖင့္ အမ်ိဳးသားအဂၤါကို ပူေစတာေၾကာင့္ တက္စတိုစတီ႐ုန္း ထုတ္လုပ္မႈကို အဟန႔္အတား ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အတြင္းခံ ေဘာင္းဘီဝတ္ရာမွာ က်ပ္လြန္းတာ ေရွာင္ပါ။

ေကအမ္

Credit-Good Health

(Unicode)

ကျားဟော်မုန်း မြင့်တက်လာစေမည့် အိမ်တွင်းနည်းများ

အမျိုးသားတွေအနေနဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်မြင့်တက်စေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

၁။ ဇင့် (သွပ်)ဓာတ် ပါဝင်သည့် အာဟာရစားပါ

ဇင့်ဓာတ်ပါဝင်တဲ့ အစားအသောက်တွေက ကမာကောင်၊ အမဲသား၊ တိရစ္ဆာန်အသည်း၊ ပင်လယ်စာ၊ ကြက်၊ ဘဲ၊ အခွံမာသီး၊ အစေ့အဆန်၊ ဆယ်လ်မွန်ငါး၊ ဆန်လုံးညို၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဇင့် (သွပ်)ဓာတ်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေး အတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ သုက်ကောင်တွေ ထုတ်လုပ်နိုင်အောင် ကူညီပေးသလို သုက်ကောင်အရေအတွက် များများ ထွက်ရှိစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်နည်းနေရင် ကျားဟော်မုန်း တက်စတိုစတီရုန်း အဆင့်လည်း လျော့နည်းနေနိုင်ပါတယ်။

၂။ ခန္ဓာကိုယ်ရှိ အဆီပိုများကို လျှော့ချပါ

ခန္ဓာကိုယ်မှာ အဆီပိုတွေရှိတာက အမျိုးသားတွေရဲ့ ယောကျ်ားပီသမှုကို လျော့ကျစေပါတယ်။ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိလေလေ၊ အီစထရိုဂျင်ဟော်မုန်းအဆင့် များလေလေ ဖြစ်နိုင်တာကြောင့်ပါ။ဒါကြောင့် အဆီပိုတွေများပြီး အဝလွန်နေရင် တစ်လမှာ ကိုယ်အလေးချိန် တစ်ပေါင်ခန့် လျော့ကျအောင် လေ့ကျင့်ခန်းလုပ်ပါ။

၃။ ကောင်းမွန်သည့် အဆီစားပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ အခွံမာတဲ့ အစေ့အဆန်၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်စတဲ့ အစာတွေကို အစားများတဲ့ အမျိုးသားတွေက ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် အမြင့်ဆုံး ဖြစ်နေတာကို လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်မှ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်ရေးမှာ ကောင်းတဲ့အဆီတွေ လိုအပ်နေလို့ပါ။

၄။ စိတ်ဖိစီးမှုကို တွန်းလှန်အနိုင်ယူပါ

စိတ်ဖိစီးမှုခံစားရတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဆိုတဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းဟာ ကျားဟော်မုန်း တက်စတိုစတီရုန်း ထုတ်လုပ်မှုကို နှောင့်ယှက် ဟန့်တားတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းဟာ ဗိုက်ပူစေတဲ့အတွက် ဗိုက်မှာ အဆီပိုတွေရှိလေလေ၊ တက်စတိုစတီရုန်းအဆင့် လျော့နည်းလေလေဆိုတဲ့ အချက်နဲ့ ဆက်စပ်မှုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေဖို့ တရားထိုင်တာ၊ အသက်ပြင်းပြင်းရှူတာ၊ အိပ်ရေးဝဝ အိပ်စက် အနားယူတာစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။

၅။ တစ်ည ရှစ်နာရီ အိပ်ပါ

အိပ်စက်ချိန်နည်းတဲ့ အမျိုးသားတွေဟာ တစ်ည ၆-၈ နာရီ အိပ်စက်တဲ့ အမျိုးသားတွေထက် ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် လျော့နည်းနေတယ်လို့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ အိပ်တဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အရေးကြီးပါတယ်။

၆။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် အဆီပိုကင်းပြီး ကြွက်သားထုထည် အားကောင်းကာခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်း ထုတ်လုပ်မှုအဆင့်ကို တိုးစေပါတယ်။ လေ့ကျင့်ခန်းအနေနဲ့လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်သလိုကြွက်သားထုထည် သန်စွမ်းစေမယ့် အလေးမလေ့ကျင့်ခန်း၊ အိပ်ထမတင်လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်သင့်ပါတယ်။

၇။ ဗီတာမင်ပါဝင်သော အစားအစာများ စားပါ

ဗီတာမင် အေ၊ ဘီ၊ အီးတွေပါတဲ့ အစားအသောက်တွေကို စားတာက တက်စတိုစတီရုန်း ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို အစုံ စားပေးသင့်ပါတယ်။ အခွံမာသီး၊ အစေ့အဆန်တွေထဲမှာလည်း ယင်းဗီတာမင်ဓာတ်တွေ ပါဝင်နေပါတယ်။

၈။ ခန္ဓာကိုယ်အောက်ပိုင်းကို မပူလွန်းအောင် သတိထားပါ

အတွင်းခံ ဘောင်းဘီကျပ်ကျပ် ဝတ်တာ၊ ရေပူစိမ်ပြီး ရေချိုးတာ၊ ပေါင်ပေါ်မှာ Laptop တင်ပြီးသုံးတာ စတဲ့ နည်းလမ်းတွေက ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့် အမျိုးသားအင်္ဂါကို ပူစေတာကြောင့် တက်စတိုစတီရုန်း ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံ ဘောင်းဘီဝတ်ရာမှာ ကျပ်လွန်းတာ ရှောင်ပါ။

ကေအမ်

Credit-Good Health

Leave a Reply

Your email address will not be published. Required fields are marked *