ဗဟုတုသ

ၾကက္သြန္ျဖဴအနံ႕သင္းသင္းေလးနဲ႕ ႀကက္ဥထမင္းေႀကာ္

(Zawgyi)

ႀကက္သြန္ျဖဴအနံ႕သင္းသင္းေလးနဲ႕ ႀကက္ဥထမင္းေႀကာ္

ေန႕လည္စာျဖစ္ျဖစ္ ညစာျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါးစားခ်င္သူမ်ားအတြက္ ဒီထမင္းေႀကာ္ေလးက အေကာင္းဆံုးနဲ႕ အသင့္ေတာ္ဆံုးပါ။ မေန႕ကထမင္းက်န္တဲ့အခါ ဘာလုပ္ရမယ္မသိျဖစ္ေနရင္ ႀကက္ဥ၊ ႀကက္သြန္ျဖဴအနည္းငယ္နဲ႕ ေပါင္းစပ္လိုက္ရံုနဲ႕ အရသာရွိတဲ့ ထမင္းေႀကာ္ေလးတစ္ပြဲကို ရရွိမွာပါ။ အရသာအလြန္ရွိၿပီး ခ်က္ရတာလည္း မခက္လို႕ အခုပဲေဖာ္ျပေပးလုိက္ရပါတယ္။

ပါ၀င္ပစၥည္းမ်ား

ဆီ – စားပြဲတင္ဇြန္း ၂ ဇြန္း

ႀကက္သြန္ျဖဴ (လွီးၿပီးသား) – စားပြဲတင္ဇြန္း ၁ ဇြန္း

ႀကက္သြန္ၿမိတ္ (လွီးၿပီးသား) – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ဂ်င္း (လွီးၿပီးသား) – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ငရုတ္သီးစိမ္း (လွီးၿပီးသား) – ၁ ေတာင့္

ႀကက္ဥ – ၁ လံုး

ထမင္း (ခ်က္ၿပီးသား) – ၂ ခြက္

ဆား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ငရုပ္ေကာင္းမႈန္႕ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပဲငံျပာရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ခ်က္ျပဳတ္ပံုအဆင့္ဆင့္-

မီးအေနေတာ္မွာ ဒယ္အိုးထဲဆီထည့္၊ အပူေပးၿပီး လွီးထားတဲ့ ႀကက္သြန္ျဖဴထည့္ပါ။ ေရႊညိဳေရာင္သမ္းလာသည္အထိ ခ်က္ေပးပါ။

ႀကက္သြန္ၿမိတ္၊ ဂ်ငး္ႏွင့္ ငရုတ္သီးစိမ္းတုိ႕ကိုလည္း ထည့္ေပးၿပီး တစ္မိနစ္ ေမႊေပးပါ။ ဒယ္အိုးထဲကို ႀကက္ဥေခါက္ၿပီး ႀကက္ဥေမႊျဖစ္သည္အထိ ေမႊၿပီးေႀကာ္ေပးပါ။

ၿပီးလွ်င္ ထမင္းေလာင္းထည့္ၿပီး ပါ၀င္ပစၥည္းေတြနဲ႕ ေရာၿပီးေမႊေပးပါ။ ဆား၊ ငရုတ္ေကာင္းမႈန္႕တုိ႕ထည့္ၿပီး ပဲငံၿပာရည္ႏွံ႕ေအာင္စမ္းေပးၿပီး ေသခ်ာေမႊပါ။ ႀကက္သြန္ၿမိတ္ထည့္ကာ တစ္မိနစ္ေလာက္ေႀကာ္ေပးပါ။ေနာက္ဆံုးမွာ ပန္းကန္လံုးထဲေျပာင္းထည့္ၿပီး ႀကက္သြန္ၿမိတ္နည္းနည္းျဖဴးေပးၿပီးရင္ အရသာရွိရွိစားသံုးႏိုင္ပါၿပီ။

Credit-MyFood Myanamr

(Unicode)

ကြက်သွန်ဖြူအနံ့သင်းသင်းလေးနဲ့ ကြက်ဥထမင်းကြော်

နေ့လည်စာဖြစ်ဖြစ် ညစာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစားချင်သူများအတွက် ဒီထမင်းကြော်လေးက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါ။ မနေ့ကထမင်းကျန်တဲ့အခါ ဘာလုပ်ရမယ်မသိဖြစ်နေရင် ကြက်ဥ၊ ကြက်သွန်ဖြူအနည်းငယ်နဲ့ ပေါင်းစပ်လိုက်ရုံနဲ့ အရသာရှိတဲ့ ထမင်းကြော်လေးတစ်ပွဲကို ရရှိမှာပါ။ အရသာအလွန်ရှိပြီး ချက်ရတာလည်း မခက်လို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ (လှီးပြီးသား) – စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဂျင်း (လှီးပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း (လှီးပြီးသား) – ၁ တောင့်

ကြက်ဥ – ၁ လုံး

ထမင်း (ချက်ပြီးသား) – ၂ ခွက်

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်ပုံအဆင့်ဆင့်-

မီးအနေတော်မှာ ဒယ်အိုးထဲဆီထည့်၊ အပူပေးပြီး လှီးထားတဲ့ ကြက်သွန်ဖြူထည့်ပါ။ ရွှေညိုရောင်သမ်းလာသည်အထိ ချက်ပေးပါ။

ကြက်သွန်မြိတ်၊ ဂျင်းနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ထည့်ပေးပြီး တစ်မိနစ် မွှေပေးပါ။ ဒယ်အိုးထဲကို ကြက်ဥခေါက်ပြီး ကြက်ဥမွှေဖြစ်သည်အထိ မွှေပြီးကြော်ပေးပါ။

ပြီးလျှင် ထမင်းလောင်းထည့်ပြီး ပါဝင်ပစ္စည်းတွေနဲ့ ရောပြီးမွှေပေးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ပဲငံပြာရည်နှံ့အောင်စမ်းပေးပြီး သေချာမွှေပါ။ ကြက်သွန်မြိတ်ထည့်ကာ တစ်မိနစ်လောက်ကြော်ပေးပါ။နောက်ဆုံးမှာ ပန်းကန်လုံးထဲပြောင်းထည့်ပြီး ကြက်သွန်မြိတ်နည်းနည်းဖြူးပေးပြီးရင် အရသာရှိရှိစားသုံးနိုင်ပါပြီ။

Credit-MyFood Myanamr

Leave a Reply

Your email address will not be published. Required fields are marked *