ဗဟုတုသ

တပ္​​မ​ေတာ္​ရမ္​ အ​ေၾကာင္​း တစ္​​ေစ့ တစ္​​ေစာင္​း

တပ္​​မ​ေတာ္​ရမ္​ အ​ေၾကာင္​း တစ္​​ေစ့ တစ္​​ေစာင္​း

လြန္ခဲ့ေသာသံုးေလးလေလာက္က ရုရွားဖက္ဒေရးရွင္းႏိုင္ငံ ရုပ္သံတစ္ခုက ျမန္မာ့တပ္မေတာ္အေႀကာင္း documentary တစ္ပုဒ္လာေရာက္ရိုက္ကူးထားတာကို fb မွာလူသိမ်ားႀကပါတယ္။ အဲဒီသတင္းရဲ႕ ပထမပိုင္းမွာ ရုရွားႀကီးက ျမန္မာ့တပ္မေတာ္သားေတြကို ရာရွင္အျဖစ္ေပးတယ့္ Army Rum နဲ႔ Dagon Beer အေႀကာင္း အေတာ္ေႀကာ္ျငာေပးသြားလို႔ လူသိမ်ားလာခဲ့တယ္။ တကယ္တမ္းက အဲဒီ documentary မရိုက္ခင္ ႏွစ္အေတာ္ႀကာကတည္းက Army Rum က နာမည္ရွိျပီးသားပါ ႀကိဳက္တတ္သူေတြအဖို႔ တစ္ပုလင္းဆို ဆိုသေလာက္ တန္ဖိုးထားျပီးေသာက္ႀကပါတယ္။

အာမီရမ္ ဆိုတာ ဘယ္လိုအရက္မ်ဳိးလဲ ဘာေႀကာင့္လူႀကိဳက္မ်ားလဲ ေသာက္သံုးသူေတြဘက္ကတုန္႔ျပန္မႈကဘယ္လိုလဲ ဆိုတာေတြကို ခင္ရာမင္ရာ ယမကာလုလင္မ်ား တပ္မေတာ္သားမ်ား ဆီမွေမးျမန္းျပီးတင္ဆက္လိုက္ပါ့မည္။

အာမီရမ္ကဘယ္လိုအရက္မ်ဳိးလဲ

ျဗိတိသ်ွစနစ္ကိုဆက္လက္က်င့္သံုးေနေသးေသာ ေခတ္သစ္တပ္မေတာ္မ်ားမွာ ရမ္အရက္ကို ရာရွင္အေနနဲ႔ထုတ္ေပးခဲ့သည္။(ဥပမာ အိႏိၵယ ျမန္မာ နယူးဇီလန္) ရမ္အရက္ဆိုတာ ယခင္က သေဘာၤသားမ်ားအတြက္ ႏႈတ္ျမိန္စာအျဖစ္လည္းေကာင္း ေဆးဝါးအျဖစ္လည္းေကာင္းေသာက္သံုးေသာအရက္တစ္မ်ဳိးျဖစ္သည္။ ေရတပ္ကိုဦးစားေပးထားေသာ ျဗိတိသ်ွတပ္မေတာ္တြင္ ရမ္အရက္သည္ ရိုးရာတစ္ခုပင္ျဖစ္သည္။ ဘုရင့္ေရတပ္သားတို႔ကိုသာမက ႀကည္းတပ္သားမ်ားအတြက္ ထုတ္ေပးေသာရိကၡာအမ်ဳိးအစားထဲတြင္ ရမ္ပါသည္။ ၁၆~၁၇ရာစုကတည္းကစကာ ကမ႓ာပတ္ဓျမတိုက္ျပီး ေနမဝင္အင္ပါယာထူေထာင္ေနသူ ငျဗိတို႔အတြက္ ၄င္းတို႔တပ္မေတာ္သားမ်ား၏က်န္းမာေရးသည္ ဦးစားေပးအခ်က္တစ္ခ်က္ျဖစ္သည္။ ရမ္အရက္အား သင့္ေတာ္ေသာေဆးဝါးမ်ားျဖင့္ ေပါင္းစပ္ခ်က္လုပ္ကာ မ်ွတေသာပမာဏျဖင့္ သံုးေဆာင္ပါက ကိုယ္ခံအားေကာင္းျခင္း ရာသီဥတုႏွင့္ေရာဂါဘယဒဏ္အား ခံႏိုင္ရည္ရွိျခင္း ႏွင့္အျခားေကာင္းက်ဳိးမ်ားရရွိသည္။ ျဗိတိသ်ွအင္ပါယာကိုထူေထာင္စဥ္က ကမ႓ာ့ေနရာအႏွံအျပားသို႔သြားေရာက္ကာ တိုက္ခိုက္ေသာ ျဗိတိသ်ွလူျဖဴ စစ္သားတို႔အတြက္ တပ္မေတာ္သံုးရမ္အရက္အား ျဗိတိသ်ွတပ္မေတာ္မွထုတ္ေပးသည္။ ေနာက္ပိုင္း ျဗိတိသ်ွအင္ပါယာအတြင္းမွ ကိုလိုနီတပ္မေတာ္မ်ား(မဟာေမဒင္ဘာသာဝင္မ်ားမွလဲြ၍)အတြက္ ႏိုင္ငံအလိုက္သင့္ေတာ္ေသာ ရမ္အရက္အမ်ဳိးမ်ဳိးကို ထုတ္ေပးခဲ့သည္။ ျမန္မာႏွင့္အိႏၵိယကဲ့သို႔ မုတ္သုန္ရာသီရွိေသာႏိုင္ငံမ်ားအတြက္ ငွက္ဖ်ားႏွင့္ဘယ္ရီဘယ္ရီေရာဂါ ကာကြယ္ရန္ ကီြႏိုင္ေဆးရည္ပါေသာရမ္အရက္အမ်ဳိးအစားထုတ္ေပးသည္။ လြတ္လပ္ေရးရျပီးေသာ္လည္း ျဗိတိသ်ွတပ္မေတာ္၏ အုပ္ခ်ဳပ္ေရးစနစ္ကိုဆက္လက္ သံုးစဲြေနသည့္အျပင္ လိုအပ္ခ်က္အရ တပ္မေတာ္ရမ္ အားဆက္လက္ထုတ္ေပးေနဆဲပင္ျဖစ္သည္။ ျမန္မာ့တပ္မေတာ္၏အာမီရမ္တြင္ ငွက္ဖ်ားေရာဂါကာကြယ္ေဆးကီြႏိုင္ေဆးရည္အျပင္ အျခားေသာေဆးမ်ားပါဝင္ျပီး အရက္ပါဝင္ႏႈန္း ၄၉%ျဖစ္သျဖင့္ အာမီရမ္မ်ားထဲတြင္ ထိပ္တန္းအဆင့္ရွိေသာရမ္အမ်ဳိးအစားျဖစ္သည္။

ဘာေႀကာင့္လူႀကိဳက္မ်ားသနည္း

ျမန္မာႏိုင္ငံတြင္လြတ္လပ္ေရးရျပီးစကတည္းက တိုက္ခိုက္ေနေသာ ေသာင္းက်န္းမႈႏွိမ္နင္းေရးတိုက္ပဲြမ်ားေႀကာင့္ ျမန္မာ့တပ္မေတာ္သားမ်ားသည္ ေတာင္ေပၚေျမျပန္႔မေရြး ေနရာအႏွံ႔သြားလာေရာက္ရွိေနႀကသည္။ ထိုသို႔တာဝန္ထမ္းေဆာင္ရင္း ခင္ရာမင္ေႀကာင္းမိတ္ဖဲြ႕ျခင္းျဖစ္ေစ စည္းရံုးေရးအရျဖစ္ေစ ဝန္ထမ္းျခင္းမိတ္ဆံုစားေသာက္ရာတြင္ျဖစ္ေစ အာမီရမ္အား တပ္မေတာ္သားမ်ားသာမက ဝန္ထမ္း အရပ္သားျပည္သူတို႔ပါျမည္းစမ္းမိႀကသည္။ ၄င္း၏ ေဆးဖက္ဝင္ေသာ အာနိသင္အရ ေတာထဲေတာင္ထဲေနတြင္ ေနထိုင္လုပ္ကိုင္စားေသာက္ႀကေသာ ဝန္ထမ္းႏွင့္ျပည္သူတို႔သည္ အာမီရမ္၏ေကာင္းကြက္အားသိျမင္ကာ ႏွစ္ျခိဳက္စြာေသာက္သံုးႀကသည္။ မဆလေခတ္တြင္ အစစအရာရာရွားပါးေသာကာလျဖစ္သည့္အျပင္ ျပည္ပသြင္းကုန္အရက္ကိုကန္႔သတ္ထားသျဖင့္ သာမန္ျပည္သူတို႔အတြက္ BEDC၏ ဘီအီးျဖဴ ႏွင့္ တပ္မေတာ္သားတို႔အတြက္ အာမီရမ္သည္သာ ျမန္မာျပည္၏ အေက်ာ္ကရ ယမကာမ်ားျဖစ္သည္။ ၁၉၉၅ေနာက္ပိုင္းျပည္ပမွ အေဖ်ာ္ယာမကာမ်ားဝင္လာျခင္း ျပည္တြင္းျဖစ္ အေဖ်ာ္ယာမကာမ်ားထုတ္လုပ္လာျခင္းတို႔ျဖင့္ ဘီအီးအရက္ျဖဴ သည္ ေပ်ာက္သြားျပီး တပ္မေတာ္သားမ်ားႀကားထဲတြင္ပင္ အာမီရမ္သည္ ေခတၱတိမ္ေကာသြားခဲ့သည္။ သို႔ေသာ္ အာမီရမ္၏အရည္အေသြးအား စတင္ထုတ္လုပ္စဥ္မွ ယေန႔တိုင္ ထိန္းသိမ္းထားႏိုင္မႈသည္ ၄င္းကိုေသာက္သံုးသူမ်ားကို ဆဲြေဆာင္ေနျမဲျဖစ္သည္။ ေစ်းႏႈန္းအားျဖင့္ ယခုလို ကုန္ေစ်းႏႈန္းတက္ေနေသာကာလတြင္ပင္ ၁၃ပက္ပါတစ္ပုလင္းလ်ွင္ ကာလေပါက္ေစ်း ၁၅၀၀ သာရွိသျဖင့္ ယခင္ကဆို ယခုထက္ေစ်းပိုခ်ဳိမည္မလဲြေပ။ ေစ်းႏႈန္းအားျဖင့္ေသာ္လည္းေကာင္း အရသာအားျဖင့္ေသာ္လည္းေကာင္း အရည္အေသြးအားျဖင့္ေသာ္လည္းေကာင္း အျခားအေဖ်ာ္ယာမကာမ်ားထက္မေလ်ာ့ဘဲ အခ်ဳိ႕ေနရာတြင္ ပိုမိုသာလြန္သျဖင့္ ၂၀၀၉~၁၀ ခုႏွစ္ေလာက္ကတည္းက စတင္ကာ ေသာက္သံုးသူျပန္လည္မ်ားလာသည္။ ယခင္က ဦးပိုင္အေနျဖင့္ တပ္မေတာ္အတြက္သာမက ဘ႑ာေငြရွာေဖြရန္အတြက္ အာမီရမ္အားတပ္မေတာ္သားမ်ားအတြက္သာမက ျပင္ပေစ်းကြက္အတြက္ အျခားနည္းလမ္းမ်ားျဖင့္ ျဖန္႔ျဖဴ းခဲ့သျဖင့္ အာမီရမ္အတုမ်ားေပၚခဲ့သည္လည္းရွိသည္။ သို႔ေသာ္ လြန္ခဲ့ေသာ သံုးႏွစ္ခန္႔မွစကာ အာမီရမ္အား ျပင္ပေစ်းကြက္တြင္ မေတြ႕ရေတာ့ဘဲ တပ္မေတာ္သားမ်ားအတြက္သာ သီးသန္႔ Army personl only ထုတ္လုပ္လာသည္။ အေရအတြက္ကိုေလ်ာ့ခ်လိုက္သျဖင့္ အရည္အေသြးဘက္သို႔ပိုမိုအားထည့္ႏိုင္လာေသာအခါ အာမီရမ္၏အရည္အေသြးသည္ ယခင္ကထက္ပိုမို တိုးတက္လာသည္။ အထူးသျဖင့္ ညကေသာက္ထားလ်ွင္ ေနာက္တစ္ေန႔မနက္တြင္ အရက္နာက်ျခင္း မအီမသာျဖစ္ျခင္း လံုးဝမရွိသျဖင့္ ယာမကာလုလင္တို႔အႀကိဳက္ျဖစ္လာသည္။ Limited edition ျဖစ္လာသျဖင့္ တပ္မေတာ္သားမ်ားအတြက္ပင္ ရွားပါးကုန္စည္ျဖစ္လာေသာအခါ အျပင္ရွိ ယာမကာလုလင္တို႔အဖို႔ျမင္သာျမင္မႀကင္ရသည့္ဘဝျဖစ္လာသည္။ ထို႔ျပင္ အရက္အတုမ်ားစြာေပါမ်ားေနေသာ ကာလတြင္ Army personal only စာတမ္းပါ အရက္ပါဝင္ႏႈန္း ၄၉%ရွိသည့္ ရမ္သည္ ႏွစ္သက္သူတို႔အတြက္ စစ္မွန္ေသာေရႊပင္ျဖစ္သည္။ သို႔ေသာ္ ေရႊဆိုသည့္အတိုင္း မေပါမ်ားေပ။ ခင္ရာမင္ရာတပ္မေတာ္သားမ်ားထံမွပင္ ရရွိရန္ခက္လွသည္။ တပ္မေတာ္သားမ်ားကိုယ္တိုင္ပင္ ေရွ႕တန္းစစ္ေျမျပင္တြင္ျဖစ္ေစ ေနာက္တန္းတာဝန္ထမ္းေဆာင္ရာတြင္ျဖစ္ေစ ရာသီဥတုေႀကာင့္ေသာ္လည္းေကာင္း ေဆးဝါးအျဖစ္ေသာ္လည္းေကာင္း ကိုယ္လက္မအီမသာ ဖ်ားနာခ်င္ဟန္ရွိလာလ်ွင္ တစ္ပက္ခန္႔ေသာက္သံုးပါက အဖ်ားမဝင္သျဖင့္ အရက္မေသာက္တတ္ေသာသူမ်ားပင္ေဆးဝါးအျဖစ္သိမ္းဆည္းထားတတ္ႀကသည္။

(ဗဟုသုတအေနျဖင့္သာေရးသားပါသည္။ အရက္ေသစာေသာက္သံုးျခင္းအား စာေရးသူကိုယ္တိုင္ပင္အားမေပးေပ။ တန္ေဆးလြန္ေဘးစကားပံုအတိုင္း မိမိတို႔သင့္တင့္ေသာပမာဏကိုခ်င့္ခ်ိန္ေသာက္သံုးရန္ လိုသည္။ ေဆးျဖစ္ဝါးျဖစ္မွ ေခြးျဖစ္ႏြားျဖစ္အဆင့္မေရာက္ခင္ အသိ သတိျဖင့္ ထိန္းသိမ္းႀကပါ)

အာမီဆားငံ သို႔မဟုတ္ ျပဳ ျပင္ထားေသာအာမီရမ္

ယေန႔ online ေပၚတြင္ အခ်ဳိ႕တပ္မေတာ္သားမ်ားႏွင့္ ႏွစ္သက္သူမ်ားႀကားထဲတြင္ နာမည္ေက်ာ္ေနသည္က ျပဳျပင္ထားသာ အာမီဆားငံဟူသည့္အမည္ျဖင့္ အာမီရမ္ျဖစ္သည္။ လိုက္လံေမးျမန္းထားသမ်ွအား ျပန္လည္အမ်ဳိးအစားခဲြေသာ္ သံုးမ်ဳိးခဲြျခားႏိုင္သည္။ ထိုအမ်ဳိးအစားမ်ားမွာ

1. High concentration Brackish Army Rum

2. Low concentration Brackish Army Rum

3. Army rum cocktail တို႔ပင္ျဖစ္သည္။

အာမီရမ္သည္ အရည္အေသြးအားျဖင့္ ယမကာလုလင္တို႔ ႏွစ္သက္ေသာ္လည္း ၄င္း၏ အနံ႔ႏွင့္အရသာသည္ ျပင္းထန္လွသည္။ ရိုးရိုးသံုးေဆာင္ပါက အဝင္ဆိုးတတ္သျဖင့္ ျပဳျပင္ကာ ေသာက္သံုးႀကသည္။ အထက္တြင္ေဖာ္ျပထားေသာ အမ်ဳိးအစားသံုးခုသည္ နံပါတ္စဥ္အလိုက္အဆင့္အတန္းကြာျခားသည္။ ပထမႏွစ္မ်ဳိးသည္ ထိပ္တန္းအဆင့္ျဖစ္ျပီး ေအာက္ဆံုးအဆင့္သည္ စိတ္မရွည္သူမ်ားအတြက္ျဖစ္သည္။အရသာလဲကြာျခားလွသည္။

ျပဳလုပ္နည္းမ်ားကို ျပန္လည္ေဝမ်ွရမည္ဆိုေသာ္ အနိမ့္ဆံုးအဆင့္ cocktail ကိုဦးစြာဆိုရေပမည္။ Army rum cocktail အတြက္ လိုအပ္ေသာအမယ္မ်ားသည္ လြယ္ကူသည္။ သစ္သီးေဖ်ာ္ရည္အႏွစ္(ဆားငံသီးေဖ်ာ္ရည္အႏွစ္သည္အေကာင္းဆံုးျဖစ္သည္) သံပုရာသီး ႏွင့္ ေရသာျဖစ္သည္။ ငါးႀကင္းဖန္ခြက္အရြယ္ ေကာ့ေတးတစ္ခြက္အတြက္ Army rum ၂ပက္ သစ္သီးေဖ်ာ္ရည္ႏွစ္ ၁ပက္ သံပုရာသီးတစ္စိတ္ အားထည့္ကာ ေရအျပည့္ျဖည့္ျပီး သမေအာင္ေမႊပါက လြယ္ကူေသာ အာမီေကာ့ေတးတစ္ခြက္ျဖစ္သည္။ ဆားငံသီးအႏွစ္မရမက သံပုရာရည္ နာနတ္ရည္သံုးႏိုင္သည္။ အရသာအားျဖင့္ အဝင္အနည္းငယ္သက္သာေစျပီး ဆားငံသီး၏ အငန္အရသာ သံပုရာသီး၏ လတ္ဆတ္မႈတို႔အားအျပည့္အဝခံစားရျပီး ညစာမသံုးေဆာင္မီေသာက္သံုးပါက ႏႈတ္ကိုျမိန္ေစသည္။

ဒုတိယတန္းစား အာမီဆားငံျဖစ္ေသာ Low conentration အတြက္ လိုအပ္ေသာ ပစၥည္းမ်ားသည္ ဆားငံသီးဘူးႀကီး ႏွစ္ဘူး ဆားခ်ဳိသီး ဘူးေသး ေလးဘူး သႀကား ငါးက်ပ္သား ႏွင့္ ေရ ျဖစ္သည္။ ပထမဦးစြာ အာမီရမ္ အသစ္တစ္ပုလင္းအား ႏွစ္ပုလင္းခဲြကာ ထည့္ရမည္။ (မထည့္ခ်င္လို႔ တစ္ဝက္ေသာက္ပစ္လဲအျပစ္မဆုိ ဟဲဟဲ) အာမီရမ္ပုလင္းတစ္ဝက္စီအား ဆားငံတစ္ဘူး ဆားခ်ဳိဘူးေသးႏွစ္ဘူးစီထည့္ကာ သႀကား ငါးက်ပ္သားထည့္ ေရအားပုလင္းအျပည့္ ျဖည့္ကာ သႀကားမ်ားေပ်ာ္သည့္အထိ လႈပ္ရမည္။ သႀကားမ်ားအားလံုးေပ်ာ္ဝင္သြားျပီဆိုပါက အဖံုးလံုေအာင္ပိတ္ကာ အလင္းေရာင္မရွိေသာ ေနရာတြင္ ႏွစ္ပတ္ထားရမည္။ ႏွစ္ပတ္ေစ့ေသာအခါ ထိုပုလင္းအားဖြင့္ကာသံုးေဆာင္ႏိုင္ပါျပီ ဆားငံသီးဆားခ်ဳိသီး၏ ေမြးပ်ံ႕ေသာရနံ႔ႏွင့္ ခ်ဳိျမေသာအရသာသည္ မိတ္ေဆြတို႔လ်ွာဖ်ားတြင္စဲြေစျပီး ဝမ္းမီးေကာင္းေစပါသည္။ စတင္စိမ္စဥ္ကတည္းက ေရပါပါဝင္ေရာစပ္ထားသျဖင့္ ေရထပ္မံေရာ စရာမလိုဘဲ သံုးေဆာင္ႏိုင္ပါသည္။ သႀကားထည့္ထားသျဖင့္ Alcohal % အား ၅၁%ခန္႔အထိျမင့္ထားသျဖင့္ တစ္ေခါက္တည္းမ်ားစြာမေသာက္ရန္ သတိေပးပါသည္။(မွတ္ခ်က္ ဤအာမီရမ္အမ်ဳိးအစားအား ေရေရာျခင္း အျခားေသာ အေဖ်ာ္ယမကာမ်ားေရာျခင္း မျပဳရန္သတိျပဳပါ)

ပထမတန္းစားအာမီဆားငံျဖစ္ေသာ High concentration အတြက္လိုအပ္သည့္ ပစၥည္းမ်ားမွာ ဆားငံသီးဘူးႀကီးတစ္ဘူး ဆားခ်ဳိသီးတစ္ဘူး သႀကား ငါးက်ပ္သားမွလိုအပ္သေလာက္ ေဆးဘက္ဝင္သစ္ဥသစ္ျမစ္မ်ား (ေတာေရွာက္ျမစ္ မခ်စ္ဥ ရွီးပဒီး ဂ်င္ဆင္း ကဲ့သို႔ေသာေဆးမ်ား) ပင္ျဖစ္သည္။ (ေဆးဘက္ဝင္သစ္ဥသစ္ျမစ္မ်ားမထည့္လည္း ကိစၥမရွိပါ ႀကိဳက္တတ္လ်ွင္ျဖစ္ေစ လိုအပ္လ်ွင္ျဖစ္ေစ ထည့္ႏိုင္သည္ဟု ေျပာျခင္းျဖစ္သည္။) ပထမဦးစြာ အာမီရမ္တစ္ပုလင္းလ်ွင္ ၁၃ပက္ပါဝင္သျဖင့္ ၄ပက္အား ထုတ္ပစ္ရမည္။ ဤနည္းတြင္မူရင္းပုလင္းျဖင့္သာစိမ္ဖို႔လိုပါသည္။ ၄ပက္ထုတ္ပစ္ေသာပုလင္းထဲသို႔ ဆားငံႏွင့္ဆားခ်ဳိသီးမ်ား ထည့္ရမည္။ ေဆးျမစ္မ်ားထည့္မည္ဆိုပါက အတံုးေသးမ်ားျဖစ္ေအာင္ တံုးကာထည့္ရမည္။ အမယ္မ်ားစံုလင္ေအာင္ထည့္ျပီးပါက သႀကားထည့္ရမည္။ သႀကားထည့္ရတြင္ ပုလင္းအဝမေရာက္ခင္ လက္တစ္လံုးအလိုအထိျဖည့္ရမည္။(ေမးျမန္းခ်က္မ်ားေသာ္လည္းေကာင္း ကိုယ္တိုင္စိမ္စဥ္က အေတြ႕အႀကံဳမ်ားအရေသာ္လည္းေကာင္း သႀကား ငါးက်ပ္သားမွ တစ္ဆယ္သားအထိလိုအပ္သည္) ပါဝင္ပစၥည္းမ်ားအကုန္စံုပါက ပုလင္းအားေလလံုေအာင္ပိတ္ကာ သႀကားမ်ားေပ်ာ္သည္အထိ လႈပ္ခါေပးရမည္။ သႀကားမ်ားေပ်ာ္သည္ဆိုမွ ေမွာင္ကာေျခာက္ေသြ႕ေအးျမေသာေနရာတြင္ ႏွစ္လထားရသည္။ ႏွစ္လျပည့္ေသာ္စတင္ေသာက္သံုးႏိုင္ေသာ္လည္း သက္တမ္းႀကာႀကာစိမ္ေလ အရသာပိုေကာင္းေလျဖစ္သည္။ ေျခာက္လႀကာစိမ္ထားေသာ ပထမတန္းစားအာမီဆားငံတစ္ပုလင္းသည္ ယမကာလုလင္တို႔အတြက္ Black တစ္လံုးႏွင့္ပင္မလဲႏိုင္ဟုဆိုႀကသည္။

အဆိုပါ အာမီဆားငံမ်ား ႏွင့္တဲြဖက္သံုးေဆာင္သင့္ေသာ ပထမတန္းစားအျမည္းသည္ အသားကင္မ်ားျဖစ္သည္။ ဒုတိယတန္းစားမွာ က်ပ္တိုက္ေျခာက္ အသားေျခာက္မ်ားျဖစ္သည္။ တတိယတန္းစားသည္ ခ်ဳိေသာအရသာရွိသည့္အသီးအရြက္ေႀကာ္မ်ားျဖစ္သည္။မည္သို႔ပင္ဆိုေစကာမႈ မရမ္းျပားတစ္ထုပ္ျဖင့္ ျမည္းသူမ်ားလည္းေတြ႕ဖူးသည္ လက္ဖက္ခ်ဥ္စပ္တစ္ထုပ္ႏွင့္္ျမည္းသူလဲေတြ႕ဖူးသျဖင့္ မိမိႏွစ္သက္ရာ ျဖင့္တဲြဖက္သံုးေဆာင္ႏိုင္ပါသည္။

အသိ သတိျဖင့္ယွဥ္ကာ သပၸမ်ွတေအာင္သံုးေဆာင္ျပီး သက္ရွည္က်န္းမာေစေႀကာင္းဆုမြန္ေကာင္းျဖင့္

စစ္မွတ္တမ္း

Credit – စစ္မွတ္တမ္း

(Unicode)

တပ်မတော်ရမ် အကြောင်း တစ်စေ့ တစ်စောင်း

လွန်ခဲ့သောသုံးလေးလလောက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုပ်သံတစ်ခုက မြန်မာ့တပ်မတော်အကြောင်း documentary တစ်ပုဒ်လာရောက်ရိုက်ကူးထားတာကို fb မှာလူသိများကြပါတယ်။ အဲဒီသတင်းရဲ့ ပထမပိုင်းမှာ ရုရှားကြီးက မြန်မာ့တပ်မတော်သားတွေကို ရာရှင်အဖြစ်ပေးတယ့် Army Rum နဲ့ Dagon Beer အကြောင်း အတော်ကြော်ငြာပေးသွားလို့ လူသိများလာခဲ့တယ်။ တကယ်တမ်းက အဲဒီ documentary မရိုက်ခင် နှစ်အတော်ကြာကတည်းက Army Rum က နာမည်ရှိပြီးသားပါ ကြိုက်တတ်သူတွေအဖို့ တစ်ပုလင်းဆို ဆိုသလောက် တန်ဖိုးထားပြီးသောက်ကြပါတယ်။

အာမီရမ် ဆိုတာ ဘယ်လိုအရက်မျိုးလဲ ဘာကြောင့်လူကြိုက်များလဲ သောက်သုံးသူတွေဘက်ကတုန့်ပြန်မှုကဘယ်လိုလဲ ဆိုတာတွေကို ခင်ရာမင်ရာ ယမကာလုလင်များ တပ်မတော်သားများ ဆီမှမေးမြန်းပြီးတင်ဆက်လိုက်ပါ့မည်။

အာမီရမ်ကဘယ်လိုအရက်မျိုးလဲ

ဗြိတိသျှစနစ်ကိုဆက်လက်ကျင့်သုံးနေသေးသော ခေတ်သစ်တပ်မတော်များမှာ ရမ်အရက်ကို ရာရှင်အနေနဲ့ထုတ်ပေးခဲ့သည်။(ဥပမာ အိန္ဒိယ မြန်မာ နယူးဇီလန်) ရမ်အရက်ဆိုတာ ယခင်က သဘောၤသားများအတွက် နှုတ်မြိန်စာအဖြစ်လည်းကောင်း ဆေးဝါးအဖြစ်လည်းကောင်းသောက်သုံးသောအရက်တစ်မျိုးဖြစ်သည်။ ရေတပ်ကိုဦးစားပေးထားသော ဗြိတိသျှတပ်မတော်တွင် ရမ်အရက်သည် ရိုးရာတစ်ခုပင်ဖြစ်သည်။ ဘုရင့်ရေတပ်သားတို့ကိုသာမက ကြည်းတပ်သားများအတွက် ထုတ်ပေးသောရိက္ခာအမျိုးအစားထဲတွင် ရမ်ပါသည်။ ၁၆~၁၇ရာစုကတည်းကစကာ ကမ္ဘာပတ်ဓမြတိုက်ပြီး နေမဝင်အင်ပါယာထူထောင်နေသူ ငဗြိတို့အတွက် ၎င်းတို့တပ်မတော်သားများ၏ကျန်းမာရေးသည် ဦးစားပေးအချက်တစ်ချက်ဖြစ်သည်။ ရမ်အရက်အား သင့်တော်သောဆေးဝါးများဖြင့် ပေါင်းစပ်ချက်လုပ်ကာ မျှတသောပမာဏဖြင့် သုံးဆောင်ပါက ကိုယ်ခံအားကောင်းခြင်း ရာသီဥတုနှင့်ရောဂါဘယဒဏ်အား ခံနိုင်ရည်ရှိခြင်း နှင့်အခြားကောင်းကျိုးများရရှိသည်။ ဗြိတိသျှအင်ပါယာကိုထူထောင်စဉ်က ကမ္ဘာ့နေရာအနှံအပြားသို့သွားရောက်ကာ တိုက်ခိုက်သော ဗြိတိသျှလူဖြူ စစ်သားတို့အတွက် တပ်မတော်သုံးရမ်အရက်အား ဗြိတိသျှတပ်မတော်မှထုတ်ပေးသည်။ နောက်ပိုင်း ဗြိတိသျှအင်ပါယာအတွင်းမှ ကိုလိုနီတပ်မတော်များ(မဟာမေဒင်ဘာသာဝင်များမှလွဲ၍)အတွက် နိုင်ငံအလိုက်သင့်တော်သော ရမ်အရက်အမျိုးမျိုးကို ထုတ်ပေးခဲ့သည်။ မြန်မာနှင့်အိန္ဒိယကဲ့သို့ မုတ်သုန်ရာသီရှိသောနိုင်ငံများအတွက် ငှက်ဖျားနှင့်ဘယ်ရီဘယ်ရီရောဂါ ကာကွယ်ရန် ကွီနိုင်ဆေးရည်ပါသောရမ်အရက်အမျိုးအစားထုတ်ပေးသည်။ လွတ်လပ်ရေးရပြီးသော်လည်း ဗြိတိသျှတပ်မတော်၏ အုပ်ချုပ်ရေးစနစ်ကိုဆက်လက် သုံးစွဲနေသည့်အပြင် လိုအပ်ချက်အရ တပ်မတော်ရမ် အားဆက်လက်ထုတ်ပေးနေဆဲပင်ဖြစ်သည်။ မြန်မာ့တပ်မတော်၏အာမီရမ်တွင် ငှက်ဖျားရောဂါကာကွယ်ဆေးကွီနိုင်ဆေးရည်အပြင် အခြားသောဆေးများပါဝင်ပြီး အရက်ပါဝင်နှုန်း ၄၉%ဖြစ်သဖြင့် အာမီရမ်များထဲတွင် ထိပ်တန်းအဆင့်ရှိသောရမ်အမျိုးအစားဖြစ်သည်။

ဘာကြောင့်လူကြိုက်များသနည်း

မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရပြီးစကတည်းက တိုက်ခိုက်နေသော သောင်းကျန်းမှုနှိမ်နင်းရေးတိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သားများသည် တောင်ပေါ်မြေပြန့်မရွေး နေရာအနှံ့သွားလာရောက်ရှိနေကြသည်။ ထိုသို့တာဝန်ထမ်းဆောင်ရင်း ခင်ရာမင်ကြောင်းမိတ်ဖွဲ့ခြင်းဖြစ်စေ စည်းရုံးရေးအရဖြစ်စေ ဝန်ထမ်းခြင်းမိတ်ဆုံစားသောက်ရာတွင်ဖြစ်စေ အာမီရမ်အား တပ်မတော်သားများသာမက ဝန်ထမ်း အရပ်သားပြည်သူတို့ပါမြည်းစမ်းမိကြသည်။ ၎င်း၏ ဆေးဖက်ဝင်သော အာနိသင်အရ တောထဲတောင်ထဲနေတွင် နေထိုင်လုပ်ကိုင်စားသောက်ကြသော ဝန်ထမ်းနှင့်ပြည်သူတို့သည် အာမီရမ်၏ကောင်းကွက်အားသိမြင်ကာ နှစ်ခြိုက်စွာသောက်သုံးကြသည်။ မဆလခေတ်တွင် အစစအရာရာရှားပါးသောကာလဖြစ်သည့်အပြင် ပြည်ပသွင်းကုန်အရက်ကိုကန့်သတ်ထားသဖြင့် သာမန်ပြည်သူတို့အတွက် BEDC၏ ဘီအီးဖြူ နှင့် တပ်မတော်သားတို့အတွက် အာမီရမ်သည်သာ မြန်မာပြည်၏ အကျော်ကရ ယမကာများဖြစ်သည်။ ၁၉၉၅နောက်ပိုင်းပြည်ပမှ အဖျော်ယာမကာများဝင်လာခြင်း ပြည်တွင်းဖြစ် အဖျော်ယာမကာများထုတ်လုပ်လာခြင်းတို့ဖြင့် ဘီအီးအရက်ဖြူ သည် ပျောက်သွားပြီး တပ်မတော်သားများကြားထဲတွင်ပင် အာမီရမ်သည် ခေတ္တတိမ်ကောသွားခဲ့သည်။ သို့သော် အာမီရမ်၏အရည်အသွေးအား စတင်ထုတ်လုပ်စဉ်မှ ယနေ့တိုင် ထိန်းသိမ်းထားနိုင်မှုသည် ၎င်းကိုသောက်သုံးသူများကို ဆွဲဆောင်နေမြဲဖြစ်သည်။ ဈေးနှုန်းအားဖြင့် ယခုလို ကုန်ဈေးနှုန်းတက်နေသောကာလတွင်ပင် ၁၃ပက်ပါတစ်ပုလင်းလျှင် ကာလပေါက်ဈေး ၁၅၀၀ သာရှိသဖြင့် ယခင်ကဆို ယခုထက်ဈေးပိုချိုမည်မလွဲပေ။ ဈေးနှုန်းအားဖြင့်သော်လည်းကောင်း အရသာအားဖြင့်သော်လည်းကောင်း အရည်အသွေးအားဖြင့်သော်လည်းကောင်း အခြားအဖျော်ယာမကာများထက်မလျော့ဘဲ အချို့နေရာတွင် ပိုမိုသာလွန်သဖြင့် ၂၀၀၉~၁၀ ခုနှစ်လောက်ကတည်းက စတင်ကာ သောက်သုံးသူပြန်လည်များလာသည်။ ယခင်က ဦးပိုင်အနေဖြင့် တပ်မတော်အတွက်သာမက ဘဏ္ဍာငွေရှာဖွေရန်အတွက် အာမီရမ်အားတပ်မတော်သားများအတွက်သာမက ပြင်ပဈေးကွက်အတွက် အခြားနည်းလမ်းများဖြင့် ဖြန့်ဖြူ းခဲ့သဖြင့် အာမီရမ်အတုများပေါ်ခဲ့သည်လည်းရှိသည်။ သို့သော် လွန်ခဲ့သော သုံးနှစ်ခန့်မှစကာ အာမီရမ်အား ပြင်ပဈေးကွက်တွင် မတွေ့ရတော့ဘဲ တပ်မတော်သားများအတွက်သာ သီးသန့် Army personl only ထုတ်လုပ်လာသည်။ အရေအတွက်ကိုလျော့ချလိုက်သဖြင့် အရည်အသွေးဘက်သို့ပိုမိုအားထည့်နိုင်လာသောအခါ အာမီရမ်၏အရည်အသွေးသည် ယခင်ကထက်ပိုမို တိုးတက်လာသည်။ အထူးသဖြင့် ညကသောက်ထားလျှင် နောက်တစ်နေ့မနက်တွင် အရက်နာကျခြင်း မအီမသာဖြစ်ခြင်း လုံးဝမရှိသဖြင့် ယာမကာလုလင်တို့အကြိုက်ဖြစ်လာသည်။ Limited edition ဖြစ်လာသဖြင့် တပ်မတော်သားများအတွက်ပင် ရှားပါးကုန်စည်ဖြစ်လာသောအခါ အပြင်ရှိ ယာမကာလုလင်တို့အဖို့မြင်သာမြင်မကြင်ရသည့်ဘဝဖြစ်လာသည်။ ထို့ပြင် အရက်အတုများစွာပေါများနေသော ကာလတွင် Army personal only စာတမ်းပါ အရက်ပါဝင်နှုန်း ၄၉%ရှိသည့် ရမ်သည် နှစ်သက်သူတို့အတွက် စစ်မှန်သောရွှေပင်ဖြစ်သည်။ သို့သော် ရွှေဆိုသည့်အတိုင်း မပေါများပေ။ ခင်ရာမင်ရာတပ်မတော်သားများထံမှပင် ရရှိရန်ခက်လှသည်။ တပ်မတော်သားများကိုယ်တိုင်ပင် ရှေ့တန်းစစ်မြေပြင်တွင်ဖြစ်စေ နောက်တန်းတာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ ရာသီဥတုကြောင့်သော်လည်းကောင်း ဆေးဝါးအဖြစ်သော်လည်းကောင်း ကိုယ်လက်မအီမသာ ဖျားနာချင်ဟန်ရှိလာလျှင် တစ်ပက်ခန့်သောက်သုံးပါက အဖျားမဝင်သဖြင့် အရက်မသောက်တတ်သောသူများပင်ဆေးဝါးအဖြစ်သိမ်းဆည်းထားတတ်ကြသည်။

(ဗဟုသုတအနေဖြင့်သာရေးသားပါသည်။ အရက်သေစာသောက်သုံးခြင်းအား စာရေးသူကိုယ်တိုင်ပင်အားမပေးပေ။ တန်ဆေးလွန်ဘေးစကားပုံအတိုင်း မိမိတို့သင့်တင့်သောပမာဏကိုချင့်ချိန်သောက်သုံးရန် လိုသည်။ ဆေးဖြစ်ဝါးဖြစ်မှ ခွေးဖြစ်နွားဖြစ်အဆင့်မရောက်ခင် အသိ သတိဖြင့် ထိန်းသိမ်းကြပါ)

အာမီဆားငံ သို့မဟုတ် ပြု ပြင်ထားသောအာမီရမ်

ယနေ့ online ပေါ်တွင် အချို့တပ်မတော်သားများနှင့် နှစ်သက်သူများကြားထဲတွင် နာမည်ကျော်နေသည်က ပြုပြင်ထားသာ အာမီဆားငံဟူသည့်အမည်ဖြင့် အာမီရမ်ဖြစ်သည်။ လိုက်လံမေးမြန်းထားသမျှအား ပြန်လည်အမျိုးအစားခွဲသော် သုံးမျိုးခွဲခြားနိုင်သည်။ ထိုအမျိုးအစားများမှာ

1. High concentration Brackish Army Rum

2. Low concentration Brackish Army Rum

3. Army rum cocktail တို့ပင်ဖြစ်သည်။

အာမီရမ်သည် အရည်အသွေးအားဖြင့် ယမကာလုလင်တို့ နှစ်သက်သော်လည်း ၎င်း၏ အနံ့နှင့်အရသာသည် ပြင်းထန်လှသည်။ ရိုးရိုးသုံးဆောင်ပါက အဝင်ဆိုးတတ်သဖြင့် ပြုပြင်ကာ သောက်သုံးကြသည်။ အထက်တွင်ဖော်ပြထားသော အမျိုးအစားသုံးခုသည် နံပါတ်စဉ်အလိုက်အဆင့်အတန်းကွာခြားသည်။ ပထမနှစ်မျိုးသည် ထိပ်တန်းအဆင့်ဖြစ်ပြီး အောက်ဆုံးအဆင့်သည် စိတ်မရှည်သူများအတွက်ဖြစ်သည်။အရသာလဲကွာခြားလှသည်။

ပြုလုပ်နည်းများကို ပြန်လည်ဝေမျှရမည်ဆိုသော် အနိမ့်ဆုံးအဆင့် cocktail ကိုဦးစွာဆိုရပေမည်။ Army rum cocktail အတွက် လိုအပ်သောအမယ်များသည် လွယ်ကူသည်။ သစ်သီးဖျော်ရည်အနှစ်(ဆားငံသီးဖျော်ရည်အနှစ်သည်အကောင်းဆုံးဖြစ်သည်) သံပုရာသီး နှင့် ရေသာဖြစ်သည်။ ငါးကြင်းဖန်ခွက်အရွယ် ကော့တေးတစ်ခွက်အတွက် Army rum ၂ပက် သစ်သီးဖျော်ရည်နှစ် ၁ပက် သံပုရာသီးတစ်စိတ် အားထည့်ကာ ရေအပြည့်ဖြည့်ပြီး သမအောင်မွှေပါက လွယ်ကူသော အာမီကော့တေးတစ်ခွက်ဖြစ်သည်။ ဆားငံသီးအနှစ်မရမက သံပုရာရည် နာနတ်ရည်သုံးနိုင်သည်။ အရသာအားဖြင့် အဝင်အနည်းငယ်သက်သာစေပြီး ဆားငံသီး၏ အငန်အရသာ သံပုရာသီး၏ လတ်ဆတ်မှုတို့အားအပြည့်အဝခံစားရပြီး ညစာမသုံးဆောင်မီသောက်သုံးပါက နှုတ်ကိုမြိန်စေသည်။

ဒုတိယတန်းစား အာမီဆားငံဖြစ်သော Low conentration အတွက် လိုအပ်သော ပစ္စည်းများသည် ဆားငံသီးဘူးကြီး နှစ်ဘူး ဆားချိုသီး ဘူးသေး လေးဘူး သကြား ငါးကျပ်သား နှင့် ရေ ဖြစ်သည်။ ပထမဦးစွာ အာမီရမ် အသစ်တစ်ပုလင်းအား နှစ်ပုလင်းခွဲကာ ထည့်ရမည်။ (မထည့်ချင်လို့ တစ်ဝက်သောက်ပစ်လဲအပြစ်မဆို ဟဲဟဲ) အာမီရမ်ပုလင်းတစ်ဝက်စီအား ဆားငံတစ်ဘူး ဆားချိုဘူးသေးနှစ်ဘူးစီထည့်ကာ သကြား ငါးကျပ်သားထည့် ရေအားပုလင်းအပြည့် ဖြည့်ကာ သကြားများပျော်သည့်အထိ လှုပ်ရမည်။ သကြားများအားလုံးပျော်ဝင်သွားပြီဆိုပါက အဖုံးလုံအောင်ပိတ်ကာ အလင်းရောင်မရှိသော နေရာတွင် နှစ်ပတ်ထားရမည်။ နှစ်ပတ်စေ့သောအခါ ထိုပုလင်းအားဖွင့်ကာသုံးဆောင်နိုင်ပါပြီ ဆားငံသီးဆားချိုသီး၏ မွေးပျံ့သောရနံ့နှင့် ချိုမြသောအရသာသည် မိတ်ဆွေတို့လျှာဖျားတွင်စွဲစေပြီး ဝမ်းမီးကောင်းစေပါသည်။ စတင်စိမ်စဉ်ကတည်းက ရေပါပါဝင်ရောစပ်ထားသဖြင့် ရေထပ်မံရော စရာမလိုဘဲ သုံးဆောင်နိုင်ပါသည်။ သကြားထည့်ထားသဖြင့် Alcohal % အား ၅၁%ခန့်အထိမြင့်ထားသဖြင့် တစ်ခေါက်တည်းများစွာမသောက်ရန် သတိပေးပါသည်။(မှတ်ချက် ဤအာမီရမ်အမျိုးအစားအား ရေရောခြင်း အခြားသော အဖျော်ယမကာများရောခြင်း မပြုရန်သတိပြုပါ)

ပထမတန်းစားအာမီဆားငံဖြစ်သော High concentration အတွက်လိုအပ်သည့် ပစ္စည်းများမှာ ဆားငံသီးဘူးကြီးတစ်ဘူး ဆားချိုသီးတစ်ဘူး သကြား ငါးကျပ်သားမှလိုအပ်သလောက် ဆေးဘက်ဝင်သစ်ဥသစ်မြစ်များ (တောရှောက်မြစ် မချစ်ဥ ရှီးပဒီး ဂျင်ဆင်း ကဲ့သို့သောဆေးများ) ပင်ဖြစ်သည်။ (ဆေးဘက်ဝင်သစ်ဥသစ်မြစ်များမထည့်လည်း ကိစ္စမရှိပါ ကြိုက်တတ်လျှင်ဖြစ်စေ လိုအပ်လျှင်ဖြစ်စေ ထည့်နိုင်သည်ဟု ပြောခြင်းဖြစ်သည်။) ပထမဦးစွာ အာမီရမ်တစ်ပုလင်းလျှင် ၁၃ပက်ပါဝင်သဖြင့် ၄ပက်အား ထုတ်ပစ်ရမည်။ ဤနည်းတွင်မူရင်းပုလင်းဖြင့်သာစိမ်ဖို့လိုပါသည်။ ၄ပက်ထုတ်ပစ်သောပုလင်းထဲသို့ ဆားငံနှင့်ဆားချိုသီးများ ထည့်ရမည်။ ဆေးမြစ်များထည့်မည်ဆိုပါက အတုံးသေးများဖြစ်အောင် တုံးကာထည့်ရမည်။ အမယ်များစုံလင်အောင်ထည့်ပြီးပါက သကြားထည့်ရမည်။ သကြားထည့်ရတွင် ပုလင်းအဝမရောက်ခင် လက်တစ်လုံးအလိုအထိဖြည့်ရမည်။(မေးမြန်းချက်များသော်လည်းကောင်း ကိုယ်တိုင်စိမ်စဉ်က အတွေ့အကြုံများအရသော်လည်းကောင်း သကြား ငါးကျပ်သားမှ တစ်ဆယ်သားအထိလိုအပ်သည်) ပါဝင်ပစ္စည်းများအကုန်စုံပါက ပုလင်းအားလေလုံအောင်ပိတ်ကာ သကြားများပျော်သည်အထိ လှုပ်ခါပေးရမည်။ သကြားများပျော်သည်ဆိုမှ မှောင်ကာခြောက်သွေ့အေးမြသောနေရာတွင် နှစ်လထားရသည်။ နှစ်လပြည့်သော်စတင်သောက်သုံးနိုင်သော်လည်း သက်တမ်းကြာကြာစိမ်လေ အရသာပိုကောင်းလေဖြစ်သည်။ ခြောက်လကြာစိမ်ထားသော ပထမတန်းစားအာမီဆားငံတစ်ပုလင်းသည် ယမကာလုလင်တို့အတွက် Black တစ်လုံးနှင့်ပင်မလဲနိုင်ဟုဆိုကြသည်။

အဆိုပါ အာမီဆားငံများ နှင့်တွဲဖက်သုံးဆောင်သင့်သော ပထမတန်းစားအမြည်းသည် အသားကင်များဖြစ်သည်။ ဒုတိယတန်းစားမှာ ကျပ်တိုက်ခြောက် အသားခြောက်များဖြစ်သည်။ တတိယတန်းစားသည် ချိုသောအရသာရှိသည့်အသီးအရွက်ကြော်များဖြစ်သည်။မည်သို့ပင်ဆိုစေကာမှု မရမ်းပြားတစ်ထုပ်ဖြင့် မြည်းသူများလည်းတွေ့ဖူးသည် လက်ဖက်ချဉ်စပ်တစ်ထုပ်နှင့်မြည်းသူလဲတွေ့ဖူးသဖြင့် မိမိနှစ်သက်ရာ ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။

အသိ သတိဖြင့်ယှဉ်ကာ သပ္ပမျှတအောင်သုံးဆောင်ပြီး သက်ရှည်ကျန်းမာစေကြောင်းဆုမွန်ကောင်းဖြင့်

#စစ်မှတ်တမ်း

Credit – စစ်မှတ်တမ်

Leave a Reply

Your email address will not be published. Required fields are marked *