ဗဟုတုသ

က်န္းမာေရးအတြက္ အိမ္အတြင္းမွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္မ်ား

(Zawgyi)

က်န္းမာေရးအတြက္ အိမ္အတြင္းမွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္မ်ား

အခုေဖာ္ျပေပးမယ့္ အပင္ေတြဟာ စိုက္ပ်ိဳးဖို႔ မခဲယဥ္းသလို က်န္းမာေရးကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။ မိမိတို႔အိမ္ ပတ္ဝန္းက်င္က မီးခိုးေငြ႕၊ ေဆးလိပ္ေငြ႕ေတြနဲ႔ သန႔္ရွင္းေရး ျပဳလုပ္တဲ့အခါ အသုံးျပဳတဲ့ ေဆးရည္ေတြကေန ထြက္လာတဲ့ အေငြ႕ေတြဟာ အိမ္တြင္းေလထုကို ညစ္ညမ္းေစၿပီး က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အပင္ေတြကေတာ့ စိုက္ပ်ိဳးဖို႔ မခဲယဥ္းသလို က်န္းမာေရးကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။

(၁) ရွားေစာင္းလက္ပပ္ပင္

က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသုံးတည့္တဲ့ ရွားေစာင္းလက္ပပ္ပင္ဟာ စိုက္ပ်ိဳးဖို႔ မခဲယဥ္းတဲ့ အပင္တမ်ိဳးပါ။ အၾကမ္းခံတဲ့ အပင္မ်ိဳးျဖစ္တဲ့အျပင္ ေအာက္ဆီဂ်င္ကို ၂၄ နာရီအျပည့္ ထုတ္လႊတ္ေပးႏိုင္တာေၾကာင့္ အိမ္မွာ စိုက္ပ်ိဳးထားသင့္ပါတယ္။

(၂) နဂါးစက္ပင္ (Snake Plant)

နဂါးစက္ပင္လို႔လည္း ေခၚသလို ေႁမြပင္လို႔လည္း ေခၚေဝၚၾကတဲ့ Snake Plant ပင္ေတြဟာ အၾကမ္းခံတဲ့အျပင္ အခန္းတြင္းေလထုကို သန႔္စင္ေပးႏိုင္တာေၾကာင့္ ကမာၻနဲ႔တဝွမ္း အိမ္တြင္းအလွစိုက္ပင္အျဖစ္ ေက်ာ္ၾကားလွပါတယ္။

(၃) ရွင္သီဝလိဂမုန္း (Peace Lily)

ျမန္မာလို “ရွင္သီဝလိ ဂမုန္း” လို႔ေခၚၾကတဲ့ Peace Lily ပင္ဟာဆိုရင္ အလင္းေရာင္ အနည္းငယ္နဲ႔ ရ႐ုံနဲ႔ ရွင္သန္ႏိုင္တဲ့ အပင္တမ်ိဳးပါ။ ေလထုညစ္ညမ္းမႈကို ျဖစ္ေပၚေစတဲ့ Carbondioxide, Carbonmonoxide နဲ႔ Formaldehyde တို႔ကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ အိမ္တြင္းေလထုကို သန႔္စင္ေပးႏိုင္ပါတယ္။

(၄) ပင္စိမ္း

ဟင္းလ်ာ ခ်က္ျပဳတ္ရာမွာ ထည့္သြင္း အသုံးျပဳေလ့ရွိတဲ့ ပင္စိမ္းပင္ဟာ ေလထုတြင္းက ဘက္တီးရီးယားပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပင္စိမ္းရနံ႔ဟာ စိတ္ဖိစီးမႈကို သက္သာေစႏိုင္ပါတယ္။

(၅) ေ႐ႊလာေငြလာဂမုန္း (Golden Pothos)

ေ႐ႊလာေငြလာဂမုန္း အပါအဝင္ ဂမုန္းပင္အမ်ားစုဟာ အခန္းတြင္းက ေဆးလိပ္ေငြ႕လို အဆိပ္အေတာက္ ရွိတဲ့ ဓာတ္ေငြ႕ေတြကို စုပ္ယူေပးႏိုင္ၿပီး ၂၄ နာရီလုံး ေအာက္ဆီဂ်င္ ထုတ္လႊတ္ေပးႏိုင္တာေၾကာင့္ သင့္က်န္းမာေရးအတြက္ အိမ္မွာ စိုက္ပ်ိဳးထားေပးသင့္တဲ့ အပင္တပင္ပဲ ျဖစ္ပါတယ္။

Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ကျန်းမာရေးအတွက် အိမ်အတွင်းမှာ စိုက်ပျိုးထားသင့်တဲ့ အပင်များ

အခုဖော်ပြပေးမယ့် အပင်တွေဟာ စိုက်ပျိုးဖို့ မခဲယဉ်းသလို ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ မိမိတို့အိမ် ပတ်ဝန်းကျင်က မီးခိုးငွေ့၊ ဆေးလိပ်ငွေ့တွေနဲ့ သန့်ရှင်းရေး ပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဆေးရည်တွေကနေ ထွက်လာတဲ့ အငွေ့တွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အပင်တွေကတော့ စိုက်ပျိုးဖို့ မခဲယဉ်းသလို ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

(၁) ရှားစောင်းလက်ပပ်ပင်

ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးတည့်တဲ့ ရှားစောင်းလက်ပပ်ပင်ဟာ စိုက်ပျိုးဖို့ မခဲယဉ်းတဲ့ အပင်တမျိုးပါ။ အကြမ်းခံတဲ့ အပင်မျိုးဖြစ်တဲ့အပြင် အောက်ဆီဂျင်ကို ၂၄ နာရီအပြည့် ထုတ်လွှတ်ပေးနိုင်တာကြောင့် အိမ်မှာ စိုက်ပျိုးထားသင့်ပါတယ်။

(၂) နဂါးစက်ပင် (Snake Plant)

နဂါးစက်ပင်လို့လည်း ခေါ်သလို မြွေပင်လို့လည်း ခေါ်ဝေါ်ကြတဲ့ Snake Plant ပင်တွေဟာ အကြမ်းခံတဲ့အပြင် အခန်းတွင်းလေထုကို သန့်စင်ပေးနိုင်တာကြောင့် ကမ္ဘာနဲ့တဝှမ်း အိမ်တွင်းအလှစိုက်ပင်အဖြစ် ကျော်ကြားလှပါတယ်။

(၃) ရှင်သီဝလိဂမုန်း (Peace Lily)

မြန်မာလို “ရှင်သီဝလိ ဂမုန်း” လို့ခေါ်ကြတဲ့ Peace Lily ပင်ဟာဆိုရင် အလင်းရောင် အနည်းငယ်နဲ့ ရရုံနဲ့ ရှင်သန်နိုင်တဲ့ အပင်တမျိုးပါ။ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ Carbondioxide, Carbonmonoxide နဲ့ Formaldehyde တို့ကို ဖယ်ရှားပေးနိုင်တာကြောင့် အိမ်တွင်းလေထုကို သန့်စင်ပေးနိုင်ပါတယ်။

(၄) ပင်စိမ်း

ဟင်းလျာ ချက်ပြုတ်ရာမှာ ထည့်သွင်း အသုံးပြုလေ့ရှိတဲ့ ပင်စိမ်းပင်ဟာ လေထုတွင်းက ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပင်စိမ်းရနံ့ဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

(၅) ရွှေလာငွေလာဂမုန်း (Golden Pothos)

ရွှေလာငွေလာဂမုန်း အပါအဝင် ဂမုန်းပင်အများစုဟာ အခန်းတွင်းက ဆေးလိပ်ငွေ့လို အဆိပ်အတောက် ရှိတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူပေးနိုင်ပြီး ၂၄ နာရီလုံး အောက်ဆီဂျင် ထုတ်လွှတ်ပေးနိုင်တာကြောင့် သင့်ကျန်းမာရေးအတွက် အိမ်မှာ စိုက်ပျိုးထားပေးသင့်တဲ့ အပင်တပင်ပဲ ဖြစ်ပါတယ်။

Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *