ဗဟုတုသ

ငရုတ္ပိုမိုသီးရန္ႏွင့္ ပိုမိုစပ္ေစရန္

(Zawgyi)

ငရုတ္ပိုမိုသီးရန္ႏွင့္ ပိုမိုစပ္ေစရန္

နတ္ေမာက္ျမိဳ႕၏ အေရွ႕ဘက္ ခုႏွစ္မိုင္ခန္႕ကြာေ၀းေသာ “ေဂြးကုန္း” ေက်းရြာသို႕ အသြားခရီးတြင္ ငရုတ္သီးဆြတ္ခူးေနေသာ ေတာင္သူတစ္ဦးႏွင့္ ေတြ႕ဆံုရပါသည္။ သူ၏ ငရုတ္ခင္းမ်ားမွာ ပန္းဆီအိုးၾကီး ေလာင္းခ်ထားသလို ငရုတ္သီးမ်ား ရဲရဲေတာက္ မွည့္ေန႕၊ သီးေနျပီး ပတ္၀န္းက်င္ အနီးအနား ငရုတ္ခင္းမ်ားထက္ ပိုမိုသီးေနသည္ကို ထင္ရွားစြာ သိျမင္ရပါသည္။ စကားစပ္စု ေမးျမန္းၾကည့္ရာ –

“က်ုပ္နာမည္က ကိုရွိန္ပါ။ ခင္ဗ်ားျမင္တဲ့အတိုင္းပဲ။ က်ဳပ္ငရုတ္ခင္းက ပိုသီးတယ္။ ယွဥ္ျပီး စားၾကည့္လိုက္၊ ပိုစပ္တယ္ဗ်” “ဒီအတိုင္းေတာ့ မစားရဲပါဘူးဗ်ာ”

သေဘာေျပာျပတာပါ။ ပိုသီး၊ ပိုစပ္ေအာင္ ပ်ိဳးေထာင္ကတည္းက ဂရုတစိုက္ လုပ္ခဲ့တာေလဗ်ာ။ အဲ အဲ့ဒါေလး ေျပာျပပါလားဗ်ာ။

ငရုတ္မ်ိဳးေစ့ကို ေအာာင္ျမင္တာ ေရြးပ်ိဳး။ အဓိက,က ဆိတ္ေခ်းေျမေဆြးကို မႈန္႕ေအာင္လုပ္ျပီး ပ်ိဳးေထာင္ကတည္းက ေအာက္ခံထည့္ရတယ္။ ပ်ိဳးပင္တစ္ထြာေလာက္ အျမင့္ ယာခင္းေျမေပၚ ေျပာင္းစိုက္တဲ့အခ်ိန္မွာ တစ္ပင္နဲ႕တစ္ပင္၊ တစ္ေပအနည္းဆံုးခြာျပီး ဆိတ္ေခ်းလက္တစ္ဆုပ္ေလာက္ တစ္ပင္ခ်င္းမွာ ထည့္ခံျပီး စိုက္ရတယ္။ အဲ့လိုသာ စိုက္ရင္ မုခ်ပိုသီးတယ္၊ ပိုစပ္တယ္။ အခုခင္ဗ်ား လက္ေတြ႕အျမင္ပါပဲဗ်ာ။

ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္ဗ်ာ။

ေဂြးကုန္းရြာမွ ငရုတ္စိုက္ေတာင္သူ ဦးရွိန္ရဲ႕ လက္ေတြ႕ရွင္းျပခ်က္ကို တင္ျပလိုက္ပါတယ္။

ၾကီးပြားတိုးတက္ၾကပါေစ။

ေအာင္အိုး(နတ္ေမာက္)

နကၡတေရာင္ျခည္မဂၢဇင္း၊ အမွတ္(၂၃၈)

(Unicode)

ငရုတ်ပိုမိုသီးရန်နှင့် ပိုမိုစပ်စေရန်

နတ်မောက်မြို့၏ အရှေ့ဘက် ခုနှစ်မိုင်ခန့်ကွာဝေးသော “ဂွေးကုန်း” ကျေးရွာသို့ အသွားခရီးတွင် ငရုတ်သီးဆွတ်ခူးနေသော တောင်သူတစ်ဦးနှင့် တွေ့ဆုံရပါသည်။ သူ၏ ငရုတ်ခင်းများမှာ ပန်းဆီအိုးကြီး လောင်းချထားသလို ငရုတ်သီးများ ရဲရဲတောက် မှည့်နေ့၊ သီးနေပြီး ပတ်ဝန်းကျင် အနီးအနား ငရုတ်ခင်းများထက် ပိုမိုသီးနေသည်ကို ထင်ရှားစွာ သိမြင်ရပါသည်။ စကားစပ်စု မေးမြန်းကြည့်ရာ –

“ကျုပ်နာမည်က ကိုရှိန်ပါ။ ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကျုပ်ငရုတ်ခင်းက ပိုသီးတယ်။ ယှဉ်ပြီး စားကြည့်လိုက်၊ ပိုစပ်တယ်ဗျ” “ဒီအတိုင်းတော့ မစားရဲပါဘူးဗျာ”

သဘောပြောပြတာပါ။ ပိုသီး၊ ပိုစပ်အောင် ပျိုးထောင်ကတည်းက ဂရုတစိုက် လုပ်ခဲ့တာလေဗျာ။ အဲ အဲ့ဒါလေး ပြောပြပါလားဗျာ။

ငရုတ်မျိုးစေ့ကို အောာင်မြင်တာ ရွေးပျိုး။ အဓိက,က ဆိတ်ချေးမြေဆွေးကို မှုန့်အောင်လုပ်ပြီး ပျိုးထောင်ကတည်းက အောက်ခံထည့်ရတယ်။ ပျိုးပင်တစ်ထွာလောက် အမြင့် ယာခင်းမြေပေါ် ပြောင်းစိုက်တဲ့အချိန်မှာ တစ်ပင်နဲ့တစ်ပင်၊ တစ်ပေအနည်းဆုံးခွာပြီး ဆိတ်ချေးလက်တစ်ဆုပ်လောက် တစ်ပင်ချင်းမှာ ထည့်ခံပြီး စိုက်ရတယ်။ အဲ့လိုသာ စိုက်ရင် မုချပိုသီးတယ်၊ ပိုစပ်တယ်။ အခုခင်ဗျား လက်တွေ့အမြင်ပါပဲဗျာ။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။

ဂွေးကုန်းရွာမှ ငရုတ်စိုက်တောင်သူ ဦးရှိန်ရဲ့ လက်တွေ့ရှင်းပြချက်ကို တင်ပြလိုက်ပါတယ်။

ကြီးပွားတိုးတက်ကြပါစေ။

အောင်အိုး(နတ်မောက်)

နက္ခတရောင်ခြည်မဂ္ဂဇင်း၊ အမှတ်(၂၃၈)

Leave a Reply

Your email address will not be published. Required fields are marked *