ဗဟုတုသ

ေျမဝယ္မယ္ဆိုရင္ မသိမျဖစ္ သိထားသင့္တဲ့ အခ်က္မ်ား

(Zawgyi)

ေျမဝယ္မယ္ဆိုရင္ မသိမျဖစ္ သိထားသင့္တဲ့ အခ်က္မ်ား

ေျမဝယ္ယူမယ္ဆိုရင္ ေအာက္ပါအခ်က္ေတြ သိထားသင့္ပါတယ္။

၁။ ေျမပိုင္ဆိုင္မႈ အမ်ိဳးအစား

မိမိအေနနဲ႔ ေျမဝယ္ယူမယ္ဆိုရင္ ေျမပိုင္ဆိုင္မႈ အမ်ိဳးအစားကို သိရွိရန္ အေရးႀကီးပါတယ္။ ဥပမာ – လယ္ေျမ၊ ႐ြာေျမ၊ ဥယ်ာဥ္ၿခံေျမ၊ ဂရန္ေျမ၊ ဘိုးဘြားပိုင္ေျမ စတဲ့ ေျမအမ်ိဳးအစား မ်ားစြာရွိတဲ့အတြက္ မိမိဝယ္ယူမယ့္ ေျမအမ်ိဳးအစားကို သိရွိဖို႔လိုအပ္ပါတယ္။ ေျမအမ်ိဳးအစားေပၚ မူတည္ၿပီး ခိုင္မာမႈ၊ ေဈးႏႈန္းကြာျခားခ်က္ ေတြရွိေနတာေၾကာင့္ မိမိကိုယ္တိုင္နားမလည္ပါက တတ္ကြၽမ္းနားလည္သူနဲ႔ ဝယ္ယူသင့္ပါတယ္။

၂။ ေျမပိုင္ဆိုင္မႈ အေထာက္အထား မွန္ကန္မႈ၊ ရွိမရွိ

ေျမပိုင္ဆိုင္မႈ အေထာက္အထားအမွန္ကန္မႈ ရွိ၊ မရွိ စစ္ေဆးတတ္ဖို႔ လိုအပ္ပါတယ္။ ေျမပိုင္ဆိုင္မႈအေထာက္အထား မွန္ကန္မႈ မရွိပါက မိမိေငြေၾကး ဆုံးရႈံးနစ္နာမႈႏွင့္ တရား႐ုံးမွာ အမႈဖြင့္ၿပီး အမႈရင္ဆိုင္ရႏိုင္တာေၾကာင့္ ၎အခ်က္က အေရးႀကီးပါတယ္။ မိမိကိုယ္တိုင္ မစစ္ေဆးတတ္ပါက တတ္ကြၽမ္းနားလည္သူကို ေခၚယူစစ္ေဆးရန္ အေရးႀကီးပါတယ္။

၃။စာခ်ဳပ္ကို ပိုင္ဆိုင္မႈခိုင္မာစြာ ခ်ဳပ္ဆိုရင္

မိမိဝယ္ယူတဲ့ ေျမနဲ႔ပတ္သက္ၿပီး ေငြေပးေခ်မယ္ဆိုပါက စရန္စာခ်ဳပ္မွ ၿပီးဆုံးတဲ့အထိ စာခ်ဳပ္အေရးအသားကို ပိုင္ဆိုင္စြာ ခ်ဳပ္ဆိုတတ္ရန္လည္း အေရးႀကီးပါတယ္။ ၿပီးစလြယ္ ခ်ဳပ္ဆိုမယ္ဆိုရင္ ေနာက္ေငြေပးေခ်မႈ အဆင့္တိုင္းမွာ နစ္နာမႈ ရွိတာေၾကာင့္ စရန္စာခ်ဳပ္အေရးအသား အခ်က္အလက္နဲ႔ ေငြေပးေခ်မႈ အဆင့္ဆင့္ ရက္စြဲေတြကို တိက်စြာ ေရးသားထားဖို႔ လိုအပ္ပါတယ္။ ေငြေပးေခ်မႈ အဆင့္တိုင္းမွာလဲ မည္မွ်ရာခိုင္ႏႈန္း ေပးၿပီးပါက ဝယ္ယူတဲ့ပိုင္ဆိုင္မႈ ပစၥည္းရဲ႕ မူရင္းအခ်ိဳ႕ လက္ဝယ္ကိုရရွိႏိုင္ဖို႔ ထည့္သြင္းခ်ဳပ္ဆိုႏိုင္ရန္ ေရးဖို႔ အေရးႀကီးပါတယ္။

၄။ မျဖစ္မေန မိမိဝယ္ယူထားတဲ့ ေျမနဲ႔ပတ္သက္ၿပီး သတင္းစာမွာ ကန႔္ကြက္ႏိုင္ေၾကာင္းထည့္ရန္

မိမိဝယ္ယူထားတဲ့ ေျမနဲ႔ပတ္သက္ၿပီး စရန္ေငြေပးေခ်ၿပီးတာနဲ႔ ရက္မဆိုင္းဘဲ သတင္းစာထဲမွာ ၎ေျမနဲ႔ ပတ္သက္ၿပီး ကန႔္ကြက္သူရွိပါက ကန႔္ကြက္ႏိုင္ရန္ ဖိတ္ေခၚတဲ့အေနနဲ႔ ေၾကာ္ျငာထည့္သင့္ပါတယ္။

၅။ ကိုယ္ဝယ္ယူမယ့္ ေျမေပါက္ေဈးကို သိရန္လိုအပ္

မိမိဝယ္ယူမယ့္ ေျမေပါက္ေဈးကို ေသခ်ာစုံစမ္းေမးျမန္းရန္ လိုအပ္ပါတယ္။ ေပါက္ေဈး မသိရွိပါက အေၾကာင္းအမ်ိဳမ်ိဳးေၾကာင့္ မိမိဝယ္ယူမယ့္ ေျမေဈးႏႈန္းဟာ ေပါက္ေဈးထက္ မ်ားတတ္ေၾကာင္း သတိထားရမွာပါ။

Credit- le’ Moe (Shweproperty.com)

https://www.shweproperty.com/property-guide/property-knowledge/land-buyer-know-tips-1449

(Unicode)

မြေဝယ်မယ်ဆိုရင် မသိမဖြစ် သိထားသင့်တဲ့ အချက်များ

မြေဝယ်ယူမယ်ဆိုရင် အောက်ပါအချက်တွေ သိထားသင့်ပါတယ်။

၁။ မြေပိုင်ဆိုင်မှု အမျိုးအစား

မိမိအနေနဲ့ မြေဝယ်ယူမယ်ဆိုရင် မြေပိုင်ဆိုင်မှု အမျိုးအစားကို သိရှိရန် အရေးကြီးပါတယ်။ ဥပမာ – လယ်မြေ၊ ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ စတဲ့ မြေအမျိုးအစား များစွာရှိတဲ့အတွက် မိမိဝယ်ယူမယ့် မြေအမျိုးအစားကို သိရှိဖို့လိုအပ်ပါတယ်။ မြေအမျိုးအစားပေါ် မူတည်ပြီး ခိုင်မာမှု၊ ဈေးနှုန်းကွာခြားချက် တွေရှိနေတာကြောင့် မိမိကိုယ်တိုင်နားမလည်ပါက တတ်ကျွမ်းနားလည်သူနဲ့ ဝယ်ယူသင့်ပါတယ်။

၂။ မြေပိုင်ဆိုင်မှု အထောက်အထား မှန်ကန်မှု၊ ရှိမရှိ

မြေပိုင်ဆိုင်မှု အထောက်အထားအမှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးတတ်ဖို့ လိုအပ်ပါတယ်။ မြေပိုင်ဆိုင်မှုအထောက်အထား မှန်ကန်မှု မရှိပါက မိမိငွေကြေး ဆုံးရှုံးနစ်နာမှုနှင့် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင်ရနိုင်တာကြောင့် ၎င်းအချက်က အရေးကြီးပါတယ်။ မိမိကိုယ်တိုင် မစစ်ဆေးတတ်ပါက တတ်ကျွမ်းနားလည်သူကို ခေါ်ယူစစ်ဆေးရန် အရေးကြီးပါတယ်။

၃။စာချုပ်ကို ပိုင်ဆိုင်မှုခိုင်မာစွာ ချုပ်ဆိုရင်

မိမိဝယ်ယူတဲ့ မြေနဲ့ပတ်သက်ပြီး ငွေပေးချေမယ်ဆိုပါက စရန်စာချုပ်မှ ပြီးဆုံးတဲ့အထိ စာချုပ်အရေးအသားကို ပိုင်ဆိုင်စွာ ချုပ်ဆိုတတ်ရန်လည်း အရေးကြီးပါတယ်။ ပြီးစလွယ် ချုပ်ဆိုမယ်ဆိုရင် နောက်ငွေပေးချေမှု အဆင့်တိုင်းမှာ နစ်နာမှု ရှိတာကြောင့် စရန်စာချုပ်အရေးအသား အချက်အလက်နဲ့ ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲတွေကို တိကျစွာ ရေးသားထားဖို့ လိုအပ်ပါတယ်။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်းအချို့ လက်ဝယ်ကိုရရှိနိုင်ဖို့ ထည့်သွင်းချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီးပါတယ်။

၄။ မဖြစ်မနေ မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်းထည့်ရန်

မိမိဝယ်ယူထားတဲ့ မြေနဲ့ပတ်သက်ပြီး စရန်ငွေပေးချေပြီးတာနဲ့ ရက်မဆိုင်းဘဲ သတင်းစာထဲမှာ ၎င်းမြေနဲ့ ပတ်သက်ပြီး ကန့်ကွက်သူရှိပါက ကန့်ကွက်နိုင်ရန် ဖိတ်ခေါ်တဲ့အနေနဲ့ ကြော်ငြာထည့်သင့်ပါတယ်။

၅။ ကိုယ်ဝယ်ယူမယ့် မြေပေါက်ဈေးကို သိရန်လိုအပ်

မိမိဝယ်ယူမယ့် မြေပေါက်ဈေးကို သေချာစုံစမ်းမေးမြန်းရန် လိုအပ်ပါတယ်။ ပေါက်ဈေး မသိရှိပါက အကြောင်းအမျိုမျိုးကြောင့် မိမိဝယ်ယူမယ့် မြေဈေးနှုန်းဟာ ပေါက်ဈေးထက် များတတ်ကြောင်း သတိထားရမှာပါ။

Credit- le’ Moe (Shweproperty.com)

https://www.shweproperty.com/property-guide/property-knowledge/land-buyer-know-tips-1449

Leave a Reply

Your email address will not be published. Required fields are marked *