ျမတ္စြာဘုရားေဟာျကားခဲ့တဲ့ ဆင္းရဲၿပီး ဒုကၡေရာက္ေနသူမ်ား ျပဳသင့္တဲ့ ကုသုိလ္

(Zawgyi)

အရွင္ဘုရားဆင္းရဲႏြမ္းပါးၿပီး ေဆးဖိုးဝါးခ မတတ္ႏိုင္သူမ်ား၊ က်န္းမာေရးမေကာင္းလို႔ အလုပ္မလုပ္ႏိုင္ စားဝတ္ေနေရးပါ ဒုကၡေရာက္ရသူမ်ား ဘယ္လို ကုသိုလ္မ်ိဳး ျပဳသင့္ပါသလဲဘုရား။

အဲဒီလိုအေျခအေနမ်ိဳးမွာ လုပ္ႏိုင္တဲ့ကုသိုလ္မ်ိဳးကို လုပ္ဖို႔လိုပါတယ္။ ဗုဒၶစာေပမွာ ပုညႀကိယဝတၱဳဆယ္မ်ိဳး (ေကာင္းေသာအက်ိဳး၏ တည္ရာျဖစ္၍ ျပဳသင့္ျပဳထိုက္တဲ့ ကုသိုလ္ဆယ္မ်ိဳး) ရွိေၾကာင္းေဖာ္ျပထားပါတယ္။ အဲဒီဆယ္မ်ိဳးကေတာ့…

၁။ ဒါန = ေပးကမ္းလႉဒါန္းျခင္း

၂။ သီလ = ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါးစေသာ သီလေဆာက္တည္ျခင္း

၃။ ဘာဝနာ = တရားဓမၼက်င့္ႀကံအားထုတ္ျခင္း

၄။ အပစာယာန = အသက္သိကၡာ ဂုဏ္ဝါႀကီးသူအား အ႐ိုအေသျပဳျခင္း

၅။ ေဝယ်ာဝစၥ = သူမ်ားကုသိုလ္ေကာင္းမႈ၌ ကူညီေဆာင္႐ြက္လုပ္ကိုင္ေပးျခင္း

၆။ ပတၱိဒါန = မိမိရေသာ၊ မိမိလုပ္ေသာ ကုသိုလ္ေကာင္းမႈကို အမွ်ေပးေဝျခင္း

၇။ ပတၱာႏုေမာဒနာ = မိမိသို႔ေရာက္လာေသာ ကုသိုလ္အဖို႔ တစ္နည္းအားျဖင့္ သူမ်ားျပဳေသာ ကုသိုလ္အဖို႔ကို ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚယူျခင္း

၈။ ဓမၼႆဝန = တရားနာယူျခင္း

၉။ ဓမၼေဒသနာ = လာဘ္လာဘကို မငဲ့ဘဲ တရားေဟာေျပာျခင္း

၁၀။ ဒိ႒ိဇုကမၼ = အယူဝါဒကို ေျဖာင့္မတ္မွန္ကန္စြာ ျပဳျခင္းတို႔ျဖစ္ပါတယ္။

ဒီဆယ္မ်ိဳးထဲက မိမိတို႔လုပ္ႏိုင္တဲ့ ကုသိုလ္မ်ိဳးကို လုပ္ေနပါကလည္း ကုသိုလ္ျဖစ္ေနၿပီး ဘာမွမလုပ္တာထက္စာရင္ အမ်ားႀကီးအက်ိဳးႀကီးပါတယ္။ ကုသိုလ္ဆိုတာ လုပ္တတ္ရင္ ယူတတ္ရင္ ရပါတယ္။ လႉစရာမရွိလို႔ ကုသိုလ္မရဘူးဆိုတာ မရွိပါဘူး။ ဒါနလုပ္မွသာ ကုသိုလ္ျဖစ္တာ မဟုတ္ပါဘူး။ ဒီမွာ ေဖာ္ျပထားတဲ့ ဆယ္မ်ိဳးထဲမွာ လုပ္လို႔ရတဲ့ကုသိုလ္ေတြ အမ်ားႀကီးပါ။ မိမိတို႔လုပ္ႏိုင္တဲ့ လုပ္လို႔ရတဲ့ ကုသိုလ္မ်ိဳး ႀကိဳးစားၿပီး လုပ္ေနမယ္ဆိုရင္ အဆိုးထဲကအေကာင္းဆိုသလို ကုသိုလ္တရား တိုးပြားေနမွာပါ။

Credit-မနာပဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)

Via-DailyHotNews

(Unicode)

အရှင်ဘုရားဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။

အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယဝတ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…

၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း

၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း

၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်း

၄။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း

၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း

၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း

၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း

၈။ ဓမ္မဿဝန = တရားနာယူခြင်း

၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း

၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်းတို့ဖြစ်ပါတယ်။

ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာ မဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။

Credit-မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

Via-DailyHotNews

Comments

Leave a Reply

Your email address will not be published. Required fields are marked *