အသက္ ၁၈ ႏွစ္ ေနာက္ပိုင္းမွာ အရပ္ရွည္ေအာင္ ဘယ္လိုလုပ္မလဲ

အသက္ ၁၈ ႏွစ္ ေနာက္ပိုင္းမွာ အရပ္ရွည္ေအာင္ ဘယ္လိုလုပ္မလဲ

(Zawgyi)

အသက္ ၁၈ ႏွစ္ ေနာက္ပိုင္းမွာ အရပ္ရွည္ေအာင္ ဘယ္လိုလုပ္မလဲ

အသက္ ၁၈ ႏွစ္ ျပည့္ၿပီးသြားရင္ အရပ္ရွည္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာဟာ အျပည့္အဝ မွန္ကန္တဲ့ အဆို တခုေတာ့ မဟုတ္ပါဘူး။ အာဟာရပညာရွင္ေတြနဲ႔ ေဆးပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ အသက္ ၁၈ ႏွစ္ေနာက္ပိုင္းမွာလည္း မွန္ကန္တဲ့ စားေသာက္ ေနထိုင္မႈပုံစံ ရွိမယ္ဆိုရင္ အရပ္ရွည္ႏိုင္ေသးတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္မို႔လို႔ အသက္ ၁၈ ႏွစ္ေနာက္ပိုင္း အရပ္ရွည္ေအာင္ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) သင့္တင့္မွ်တတဲ့ အာဟာရဓာတ္ေတြ လုံေလာက္ေအာင္ စားသုံးပါ

အရပ္ရွည္ေစဖို႔ အေထာက္အကူျဖစ္ေစတဲ့ သံဓာတ္၊ ပ႐ိုတင္းနဲ႔ ကယ္လ္ဆီယမ္ဓာတ္ ပါဝင္တဲ့ အစားအစာေတြကို ေ႐ြးခ်ယ္ၿပီး လုံေလာက္ေအာင္ စားသုံးေပးရပါမယ္။ ေနာက္ထပ္ အေရးႀကီးတာတခုကေတာ့ မနက္စာကို မပ်က္မကြက္ စားသုံးေပးရမွာပါ။ အာာဟာရ ျပည့္ဝတဲ့ မနက္စာ စားသုံးျခင္းဟာ အ႐ိုးအဆစ္ေတြကို သန္မာေစၿပီး အရပ္ရွည္ေစႏိုင္ဖို႔အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။

(၂) ေရမ်ားမ်ား ေသာက္ပါ

ေရမ်ားမ်ား ေသာက္သုံးေပးျခင္းဟာ ခႏၶာကိုယ္ ႀကီးထြားဖြံၿဖိဳးမႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။

(၃) ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ

ေယာဂက်င့္တာမ်ိဳးနဲ႔ ေလ့က်င့္ခန္းတခုခု ျပဳလုပ္ေပးတာမ်ိဳးဟာ အ႐ိုးအဆစ္ေတြ ႀကီးထြားဖြံ႕ၿဖိဳးဖို႔ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။

(၄) ေဆးလိပ္၊ အရက္ စတာေတြကို ေရွာင္ၾကဥ္ပါ

ေဆးလိပ္နဲ႔ အရက္ စတာေတြဟာ ခႏၶာကိုယ္ ႀကီးထြားဖြံ႕ၿဖိဳးေစတဲ့ ဆဲလ္ေတြ ထုတ္လႊတ္မႈကို အေႏွာင့္အယွက္ျဖစ္ေစတာေၾကာင့္ သတိျပဳ ေရွာင္ၾကဥ္သင့္ပါတယ္။

(၅) အိပ္ရာက ႏိုးတဲ့အခါ အေၾကာဆန႔္ပါ

အိပ္ရာက ႏိုးတဲ့အခါ ခ်က္ခ်င္း မထေသးဘဲ အပ်င္းေၾကာဆန႔္သလို တကိုယ္လုံးကို ဆန႔္ထုတ္ျခင္းက အရပ္ရွည္ေစဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

Ref. www.lybrate.com

Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

အသက် ၁၈ နှစ် နောက်ပိုင်းမှာ အရပ်ရှည်အောင် ဘယ်လိုလုပ်မလဲ

အသက် ၁၈ နှစ် ပြည့်ပြီးသွားရင် အရပ်ရှည်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာဟာ အပြည့်အဝ မှန်ကန်တဲ့ အဆို တခုတော့ မဟုတ်ပါဘူး။ အာဟာရပညာရှင်တွေနဲ့ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အသက် ၁၈ နှစ်နောက်ပိုင်းမှာလည်း မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ ရှိမယ်ဆိုရင် အရပ်ရှည်နိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့ အသက် ၁၈ နှစ်နောက်ပိုင်း အရပ်ရှည်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ လုံလောက်အောင် စားသုံးပါ

အရပ်ရှည်စေဖို့ အထောက်အကူဖြစ်စေတဲ့ သံဓာတ်၊ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်ပြီး လုံလောက်အောင် စားသုံးပေးရပါမယ်။ နောက်ထပ် အရေးကြီးတာတခုကတော့ မနက်စာကို မပျက်မကွက် စားသုံးပေးရမှာပါ။ အာာဟာရ ပြည့်ဝတဲ့ မနက်စာ စားသုံးခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပြီး အရပ်ရှည်စေနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

(၂) ရေများများ သောက်ပါ

ရေများများ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ယောဂကျင့်တာမျိုးနဲ့ လေ့ကျင့်ခန်းတခုခု ပြုလုပ်ပေးတာမျိုးဟာ အရိုးအဆစ်တွေ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၄) ဆေးလိပ်၊ အရက် စတာတွေကို ရှောင်ကြဉ်ပါ

ဆေးလိပ်နဲ့ အရက် စတာတွေဟာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ ဆဲလ်တွေ ထုတ်လွှတ်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် သတိပြု ရှောင်ကြဉ်သင့်ပါတယ်။

(၅) အိပ်ရာက နိုးတဲ့အခါ အကြောဆန့်ပါ

အိပ်ရာက နိုးတဲ့အခါ ချက်ချင်း မထသေးဘဲ အပျင်းကြောဆန့်သလို တကိုယ်လုံးကို ဆန့်ထုတ်ခြင်းက အရပ်ရှည်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

Ref. www.lybrate.com

Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top