ကားတစ္စီး ဝယ္မယ္ဆိုလွ်င္ စစ္ေဆးရမည့္ အခ်က္မ်ား

ကားတစ္စီး ဝယ္မယ္ဆိုလွ်င္ စစ္ေဆးရမည့္ အခ်က္မ်ား

(Zawgyi)

ကား တစ္စီးဝယ္မယ္ဆိုလွ်င္ စစ္ေဆးရမည့္ အခ်က္မ်ား…

မကြၽမ္းက်င္ေသးတဲ့ သူေတြအတြက္ အေျခခံေလးေတြပါ။ ကားနားလည္တဲ့သူကိုလည္း ေခၚသြားရင္း ကိုယ္လည္း ဒါေလးေတြ စစ္ၾကည့္ပါ။ ကားမွာအေရးအႀကီးဆုံးက အရႈပ္အရွင္းကင္းၿပီး လိုင္စင္ပါတဲ့ကား ျဖစ္ဖို႔ပါ။

အုံနာဘုတ္ ဝွီးတပ္ မွန္ / မမွန္

ခ်က္စီ (Chassis) ေဘာင္ႏွင့္ မိန္းပလိတ္ျပား ျဖတ္ဆက္လုပ္ထားလား ဆိုတာ ေသခ်ာေအာင္ ကညန႐ုံးမွာ ကားမဝယ္ခင္ သြားစစ္ပါ။ မွတ္ပုံတင္ျပၿပီး တရားဝင္စစ္တာ ေငြငါးေထာင္ေပးရပါတယ္။ ကားမွာ အလိမ္ေတြပါရင္ေတာ့ ကားသိမ္းခံရၿပီး လူပါအမႈျဖစ္မွာပါ။ ဒါကေတာ့ ကားကိုၾကည့္ၿပီး အားလုံးႀကိဳက္လို႔ ေဈးပါတည့္ၿပီးမွ final အေနႏွင့္ လုပ္ရမွာပါ။
ကားတစ္စီးဝယ္ဖို႔ သြားၾကည့္ရင္

၁။ အင္ဂ်င္ခန္း ၾကည့္မယ္။ ကားရဲ႕ အ႐ိုးအစစ္လို႔ေခၚတဲ့ အဓိကတန္းေတြ Frame ေတြၾကည့္ပါမယ္။ ေရတိုင္ကီတန္းေတြ ေဘးေဘာင္ေတြ ေရွာ့ဘားေဘာင္ေတြ ေသသပ္ရမယ္။ အင္ဂ်င္ ဂီယာေဘာက္စ္ အားလုံး ၾကည့္ေကာင္းေနရမယ္အင္ဂ်င္ခန္းက ေအာ္ေဆးျဖစ္ရမယ္။ Original Spot ေတြ ခ်ိတ္ေတြျဖစ္ရမယ္။ ေဘာနပ္ေအာက္က ခ်ိတ္ေတြ ေဆးေတြ မွန္ရမယ္။ (Original ဟုတ္မဟုတ္ သိရန္ နားလည္တဲ့သူ လိုပါသည္)

၂။ စက္ႏႈိးမယ္။ AC ဖြင့္မယ္။ အင္ဂ်င္သံ နားေထာင္မည္။ အသံေကာင္းလား ၿငိမ္လား။ လီဗာေျဖးေျဖးနင္းၾကည့္မယ္ RPM တက္တာမွန္လား။ AC ေအးလားၾကည့္မယ္။ ပါဝင္တဲ့ စနစ္ေတြအလုပ္လုပ္လား စမ္းမယ္( ဥပမာ Auto Swing )အင္ဂ်င္ဝိုင္ တိုင္းတဲ့အတံကို ဆြဲၾကည့္မယ္။ အင္ဂ်င္ဝိုင္ ထည့္တဲ့အဖုံး ဖြင့္ၾကည့္မယ္။ အင္ဂ်င္ဝိုင္ဂ်ိဳးေတြ ရွိေနမယ္ဆို အင္ဂ်င္ cleaning လုပ္ရမွာ။

၃။ ကားတစ္စီးလုံး ပတ္လည္ ေအာ္ေဆးလား လိုက္ၾကည့္မယ္။ တံခါးေတြဖြင့္ၿပီး တံခါးေဘာင္ေတြ အခ်ိဳးေတြ အ႐ိုးအစစ္ေတြ သပ္ရပ္လား ၾကည့္မယ္။ ေအာ္ေဆးလားသိဖို႔က ခက္ပါသည္။ သို႔ေသာ္ ေဆးသားအေရာင္လြဲတာ မညီတာ လႈိင္းေတြလိုမ်ိဳး ျဖစ္ေနတာ အ႐ိုးအစစ္ ေတြမညီတာေတြက ေသခ်ာၾကည့္ရင္ ျမင္ရပါသည္။ ကားတစ္စီးလုံးမွာ ခ်ိတ္ေတြ spot ေတြရွိပါတယ္။ အဲဒါေတြက ထိခိုက္မိရင္ ေအာ္အတိုင္း ျပန္လုပ္ဖို႔မလြယ္ပါဘူး။ တစ္ခုခုကို သံသယရွိတယ္ဆိုရင္ဘယ္ဘက္နဲ႔ ညာဘက္ တစ္ဖက္နဲ႔တစ္ဖက္တူလား ၾကည့္ပါ။ တံခါးေတြ ေဆးျပန္မႈတ္ထားတယ္ ထင္ရင္ ေခါက္ၾကည့္ပါ။ သံျပားအသံလား ပတ္တီး အသံလား နားေထာင္ပါ။

၄။ ေနာက္ဖုံးဖြင့္မယ္။ ခ်ိတ္ေတြမွန္ရမယ္။ အတြင္းခန္း ေအာ္ေဆးျဖစ္ရမယ္။

၅။ ေအာက္ပိုင္းၾကည့္မယ္။ သံေခ်းအေဆြးရွိလား။ဖရိန္ေတြတန္းေတြ ၾကည့္ေကာင္းလား။ ကြိဳင္စပရိန္ေတြ ေရွာ့ဘားေတြၾကည့္မယ္။

၆။ မီးလုံးေတြ original အမွန္ေတြလား။ မွန္ေတြလိုက္စစ္မယ္ ။ ေအာ္မွန္ေတြလား ။ ျပန္ထည့္လား။ မွန္တံဆိပ္ေတြ ျပန္႐ိုက္ထားတဲ့ဟာေတြလား။ မွန္ေဘးလိုင္နာေတြ ေသသပ္လား။ မွန္အကြဲ အက္ရာရွိလား။

၇။ အတြင္းခန္းၾကည့္မယ္။ စီလင္ ဒက္ရွ္ဘုတ္ ထိုင္ခုံ ေဘးကာဗာေတြ အေျခအေန။ စတီရာရင္ ဂီယာ အမွန္လား။ ကားမွာပါတာေတြ အကုန္စစ္ ( TV ထိုင္ခုံေမာ္တာ seat-heater seat-memory TRC ECO )

၈။ Original Alloy လား။ ျပန္ထည့္လား။တာယာေတြေကာင္းေသးလား။ လဲရေတာ့မလား။

၉။ Model Year ကို internet မွာစစ္ပါ။

ကား color code ကိုမွန္လား google မွာရွာၿပီးစစ္ပါ။ ( တစ္စီးလုံး အေရာင္ေျပာင္းေတြရွိတတ္လို႔ )ေျပာထားတဲ့ ကား Grade ျပည့္လား။ Grade change ထားလား။( ဥပမာ Wish 2003 XS ဆိုၿပီး အေနာက္ဘရိတ္က Drum ျဖစ္ေနတာမ်ိဳး )

၁၀။ ခြင့္ျပဳတယ္ဆို ကားစမ္းေမာင္းၾကည့္္မယ္။ AC ဖြင့္ထားမယ္။ အင္ဂ်င္အသံ ေအာက္ပိုင္းအသံ နားေထာင္မယ္။ ခ်ိဳင့္အေသးေလးေတြက်ရင္ ဘယ္လိုလဲ။ ေရွာ့ဘားေတြ ဘြတ္ေတြေကာင္းလား။ ဘရိတ္ေကာင္းလား စမ္းမယ္။ ေမာ္ဒယ္ျမင့္ကားဆို ကိုယ့္အသိ workshop မွာ computer ထိုးစစ္မယ္ ( ဥပမာ Honda Civic hybrid မွာ IMA error လိုမ်ိဳးရွိမွာေၾကာက္ရင္ )

ျမန္မာျပည္က ကားမ်ားသည္ brand new ကားမ်ားမဟုတ္လို႔ိ အနည္းအမ်ား ျပစ္ခ်က္ရွိမွာပါ။ ေဈးေပၚမူတည္ၿပီး ဝယ္သင့္ မဝယ္သင့္ဆုံးျဖတ္ပါ။ အခ်ိဳ႕လူမ်ားသည္ ကားအားလုံးေကာင္းၿပီး ေဈးတန္ေသာ္လည္း ဘန္ဘာ တြင္အဆင္းရာမ်ားရွိ၍ မႀကိဳက္ဟုေျပာသည္။ ထို႔ေနာက္ အေရွ႕ေရာ အေနာက္ပါ တိုက္ထားၿပီး ေဆး body ျပန္လုပ္ထားေသာကားကို စင္းလုံးေခ်ာထင္၍ ဝယ္သြားသည္ကို ၾကားဖူးသည္။

kilo 120000 ကားကို ကီလိုမ်ားသည္ဟု kilo 180000 ကို ကီလို 70000 ေျပာင္းထားေသာ ကားကိုဝယ္သည္။ ကီလိုအနည္းအမ်ား အေရးႀကီးေသာ္လည္း အင္ဂ်င္ ဂီယာေဘာက္စ္ ေအာက္ပိုင္း ပိုေကာင္းတဲ့ကားကို ယူရပါမည္။ ကီလိုနည္းၿပီး ကားေကာင္းရင္ေတာ့ အေကာင္းဆုံးေပါ့။

သိသေလာက္ မွတ္သေလာက္ ေလးေတြတင္ေပးလိုက္ပါသည္။ က်န္ခဲ့တာေတြလည္းရွိမွာပါ။ ကားဝယ္သူတိုင္း ကားေကာင္းရၾကပါေစ။

Credit–ကားခ်စ္သူ

(Unicode)

ကား တစ်စီးဝယ်မယ်ဆိုလျှင် စစ်ဆေးရမည့် အချက်များ…

မကျွမ်းကျင်သေးတဲ့ သူတွေအတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေ စစ်ကြည့်ပါ။ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကား ဖြစ်ဖို့ပါ။

အုံနာဘုတ် ဝှီးတပ် မှန် / မမှန်

ချက်စီ (Chassis) ဘောင်နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။ ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ ဈေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။
ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

၁။ အင်ဂျင်ခန်း ကြည့်မယ်။ ကားရဲ့ အရိုးအစစ်လို့ခေါ်တဲ့ အဓိကတန်းတွေ Frame တွေကြည့်ပါမယ်။ ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။ အင်ဂျင် ဂီယာဘောက်စ် အားလုံး ကြည့်ကောင်းနေရမယ်အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။ Original Spot တွေ ချိတ်တွေဖြစ်ရမယ်။ ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။ (Original ဟုတ်မဟုတ် သိရန် နားလည်တဲ့သူ လိုပါသည်)

၂။ စက်နှိုးမယ်။ AC ဖွင့်မယ်။ အင်ဂျင်သံ နားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။ AC အေးလားကြည့်မယ်။ ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်( ဥပမာ Auto Swing )အင်ဂျင်ဝိုင် တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။ အင်ဂျင်ဝိုင် ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင်ဂျိုးတွေ ရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်ဘယ်ဘက်နဲ့ ညာဘက် တစ်ဖက်နဲ့တစ်ဖက်တူလား ကြည့်ပါ။ တံခါးတွေ ဆေးပြန်မှုတ်ထားတယ် ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရှ်ဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

၈။ Original Alloy လား။ ပြန်ထည့်လား။တာယာတွေကောင်းသေးလား။ လဲရတော့မလား။

၉။ Model Year ကို internet မှာစစ်ပါ။

ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။ ( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )ပြောထားတဲ့ ကား Grade ပြည့်လား။ Grade change ထားလား။( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

မြန်မာပြည်က ကားများသည် brand new ကားများမဟုတ်လို့ိ အနည်းအများ ပြစ်ချက်ရှိမှာပါ။ ဈေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး ဈေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။

kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။ ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။

သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။ ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။

Credit–ကားချစ်သူ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top