လိုက္ထရက္ကားမ်ားတြင္ လူတင္ေဆာင္လွ်င္ အေရးယူသေလာ

လိုက္ထရက္ကားမ်ားတြင္ လူတင္ေဆာင္လွ်င္ အေရးယူသေလာ

(Zawgyi)

လိုက္ထရက္ကားမ်ားတြင္ လူတင္ေဆာင္လွ်င္ အေရးယူသေလာ

ဒီေမးခြန္းကို အေတာ္မ်ားမ်ားေမးေနၾကပါတယ္။ လိုက္ထရက္ကားေနာက္မွာ လူတင္လွ်င္ အေရးယူသလား ဆရာတဲ့။ ထပ္ျဖည့္ေမးေပးပါအုံးမယ္ဗ်ာ။ ဟိုက္ဂ်က္ကားမွာေရာ လူတင္ရင္ အေရးယူပါသလား။ လိုက္ထရက္ ဟိုက္ဂ်က္ကားတို႔နဲ႔ ဘုရားဖူးထြက္ခဲ့ရင္ အေရးယူပါသလားလို႔။

တကယ္ေတာ့ လိုက္ထရက္ ဟိုက္ဂ်က္ကားေတြဟာ မူလထုတ္လုပ္ကတည္းက ပစၥည္းသယ္ယူယာဥ္အေနနဲ႔ပဲ ထုတ္လုပ္ခဲ့တာပါ။ ကားေရွ႕ခန္းမွာ ယာဥ္ေမာင္းနဲ႔ အျခားတစ္ေယာက္ ေပါင္းႏွစ္ေယာက္အတြက္ ေနရာပါရွိပါတယ္။ ေနာက္မွာေတာ့ ပစၥည္းတင္ဖို႔ ဟာလာျပင္ပါ။ ဒါကယာဥ္ရဲ႕ တည္ေဆာက္ပုံနဲ႔ အေနအထားကို ေျပာျပတာပါ။

ဒီေတာ့ ဒါဆို ေနာက္ခန္းမွာ လူတင္လို႔ မရဘူးလားလို႔ ေမးလာခဲ့ရင္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာေနရာအႏွံ႔ ၿမိဳ႕ေရာ ေတာပါ ဒီလိုပဲ လူတင္ၿပီး သြားလာေနၾကပါတယ္။ တစ္ေနရာနဲ႔ တစ္ေနရာ အုပ္စုလိုက္စုၿပီး ေနာက္ခန္းမွာ စီးသြားၾကတယ္။ ဘုရားဖူးထြက္တဲ့အခါ အဲ့ဒီလိုက္ထရက္ ဟိုက္ဂ်က္ကားေတြကို စုငွားၿပီး သြားၾကတယ္။ အလႉလွည့္တဲ့အခါမွာလည္း လိုက္ထရက္ ဟိုက္ဂ်က္နဲ႔ ေနာက္ဆုံး အသုဘခ်သြားတဲ့ အခါမွာေတာင္ ဒီလိုပဲ တစုတေဝးနဲ႔ လိုက္ထရက္ကားေနာက္မွာ စီးလို႔သြားၾကတယ္။

ဒီေန႔အခ်ိန္ထိ ကြၽန္ေတာ္ရွိတဲ့ ေနျပည္ေတာ္မွာ လိုက္ထရက္ ဟိုက္ဂ်က္ကားေနာက္မွာ လူစီးလို႔ဆိုၿပီး ဖမ္းဆီးအေရးယူတာ မရွိပါဘူး။ ရန္ကုန္ မႏၲေလးစတဲ့ ၿမိဳ႕ႀကီးေတြမွာလည္း အေရးယူတယ္လို႔ မၾကားမိေသးပါဘူး။ ဟိုတေလာက fb မွာတက္လာတဲ့ လိုက္ထရက္ လူတင္လို႔ဆိုတာကို အတည္မယူပါနဲ႔။ယေန႔အခ်ိန္ထိ အေရးယူတာ မရွိပါဘူး။ ကြၽန္ေတာ္ေျပာၿပီးပါၿပီ ဘုရားသြားသြား အသုဘပဲပို႔ပို႔ ဒီလိုပဲသြားလာတင္ေဆာင္ လုပ္ကိုင္ေနၾကရပါတယ္။ လိုက္ထရက္ ဟိုက္ဂ်က္ကားပိုင္ရွင္မ်ား စိတ္လြတ္လပ္စြာ ကုသိုလ္ျပဳပါခင္ဗ်ာ။

Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ 26.5.2019

(Unicode)

လိုက်ထရက်ကားများတွင် လူတင်ဆောင်လျှင် အရေးယူသလော

ဒီမေးခွန်းကို အတော်များများမေးနေကြပါတယ်။ လိုက်ထရက်ကားနောက်မှာ လူတင်လျှင် အရေးယူသလား ဆရာတဲ့။ ထပ်ဖြည့်မေးပေးပါအုံးမယ်ဗျာ။ ဟိုက်ဂျက်ကားမှာရော လူတင်ရင် အရေးယူပါသလား။ လိုက်ထရက် ဟိုက်ဂျက်ကားတို့နဲ့ ဘုရားဖူးထွက်ခဲ့ရင် အရေးယူပါသလားလို့။

တကယ်တော့ လိုက်ထရက် ဟိုက်ဂျက်ကားတွေဟာ မူလထုတ်လုပ်ကတည်းက ပစ္စည်းသယ်ယူယာဉ်အနေနဲ့ပဲ ထုတ်လုပ်ခဲ့တာပါ။ ကားရှေ့ခန်းမှာ ယာဉ်မောင်းနဲ့ အခြားတစ်ယောက် ပေါင်းနှစ်ယောက်အတွက် နေရာပါရှိပါတယ်။ နောက်မှာတော့ ပစ္စည်းတင်ဖို့ ဟာလာပြင်ပါ။ ဒါကယာဉ်ရဲ့ တည်ဆောက်ပုံနဲ့ အနေအထားကို ပြောပြတာပါ။

ဒီတော့ ဒါဆို နောက်ခန်းမှာ လူတင်လို့ မရဘူးလားလို့ မေးလာခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာနေရာအနှံ့ မြို့ရော တောပါ ဒီလိုပဲ လူတင်ပြီး သွားလာနေကြပါတယ်။ တစ်နေရာနဲ့ တစ်နေရာ အုပ်စုလိုက်စုပြီး နောက်ခန်းမှာ စီးသွားကြတယ်။ ဘုရားဖူးထွက်တဲ့အခါ အဲ့ဒီလိုက်ထရက် ဟိုက်ဂျက်ကားတွေကို စုငှားပြီး သွားကြတယ်။ အလှူလှည့်တဲ့အခါမှာလည်း လိုက်ထရက် ဟိုက်ဂျက်နဲ့ နောက်ဆုံး အသုဘချသွားတဲ့ အခါမှာတောင် ဒီလိုပဲ တစုတဝေးနဲ့ လိုက်ထရက်ကားနောက်မှာ စီးလို့သွားကြတယ်။

ဒီနေ့အချိန်ထိ ကျွန်တော်ရှိတဲ့ နေပြည်တော်မှာ လိုက်ထရက် ဟိုက်ဂျက်ကားနောက်မှာ လူစီးလို့ဆိုပြီး ဖမ်းဆီးအရေးယူတာ မရှိပါဘူး။ ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း အရေးယူတယ်လို့ မကြားမိသေးပါဘူး။ ဟိုတလောက fb မှာတက်လာတဲ့ လိုက်ထရက် လူတင်လို့ဆိုတာကို အတည်မယူပါနဲ့။ယနေ့အချိန်ထိ အရေးယူတာ မရှိပါဘူး။ ကျွန်တော်ပြောပြီးပါပြီ ဘုရားသွားသွား အသုဘပဲပို့ပို့ ဒီလိုပဲသွားလာတင်ဆောင် လုပ်ကိုင်နေကြရပါတယ်။ လိုက်ထရက် ဟိုက်ဂျက်ကားပိုင်ရှင်များ စိတ်လွတ်လပ်စွာ ကုသိုလ်ပြုပါခင်ဗျာ။

Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ 26.5.2019

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top