ခ်ိဳင္းေမႊးေတြကို သဘာဝအတိုင္း ဖယ္ရွားေပးမယ့္ နည္းလမ္း (၃) သြယ္

ခ်ိဳင္းေမႊးေတြကို သဘာဝအတိုင္း ဖယ္ရွားေပးမယ့္ နည္းလမ္း (၃) သြယ္

(Zawgyi)

ခ်ိဳင္းေမႊးေတြကို သဘာဝအတိုင္း ဖယ္ရွားေပးမယ့္ နည္းလမ္း (၃) သြယ္

ရိတ္တာလား၊ ႏုတ္တာလား။ ရိတ္ရင္ ခ်ိဳင္းေမႊး ပိုထူလာၿပီး ႏုတ္ရင္လည္း အေရျပားထိခိုက္လို႔ ခ်ိဳင္းသား ပ်က္ဆီးပါတယ္။ အဲဒီအတြက္ ဘယ္လိုနည္းလမ္းကိုသုံးမလဲလို႔ စဥ္းစားမိရင္ စာဖတ္သူေတြအတြက္ နည္းလမ္းေကာင္း ၃ သြယ္ကို တင္ဆက္ေပးသြားမယ္ေနာ္။

နည္းလမ္း ၁-

ႏြားႏို႔ စားပြဲတင္ဇြန္း ၂ ဇြန္း၊ နႏြင္းမႈန႔္ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း-

ပါဝင္ပစၥည္းႏွစ္မ်ိဳးကိုေရာၿပီး ခ်ိဳင္းေအာက္မွာ ၁၅ မိနစ္ (သို႔) မေျခာက္ခင္ထိ ထားပါ။ ၿပီးရင္ ေရေအးနဲ႔ေဆးခ်ပါ။ ေန႔တိုင္း တစ္ေန႔တခါ ပုံမွန္လုပ္ပါ။ ၂ ပတ္ေလာက္ဆိုရင္ သိသာလာမွာ ျဖစ္ပါတယ္။

နည္းလမ္း ၂ –

ၾကက္ဥ ၁ လုံး၊ ေျပာင္းဖူးမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဝက္

ျပဳလုပ္နည္း –

ပါဝင္ပစၥည္း ႏွစ္မ်ိဳးကိုေရာလိုက္ပါ။ ၿပီးရင္ ခ်ိဳင္းေအာက္မွာ လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ေရေအးနဲ႔ ေဆးခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္ ၂ ပတ္တိတိလုပ္ေပးပါ။ ခ်ိဳင္းေမႊးေတြ တျဖည္းျဖည္းရွင္းသြားပါလိမ့္မယ္။

နည္းလမ္း ၃ –

သၾကား စားပြဲတင္ဇြန္း ၁ ဇြန္း၊ သံပုရာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း (သို႔) သံပုရာသီး တစ္ျခမ္း

ျပဳလုပ္နည္း –

ပါဝင္ပစၥည္း ႏွစ္မ်ိဳးလုံးကို ေရာလိုက္ပါ။ သံပုရာသီးတစ္ျခမ္းကို သုံးမယ္ဆိုရင္ အဲဒီေပၚမွာ သၾကားကိုတင္ပါ။ ၿပီးရင္ ခ်ိဳင္းေအာက္မွာ ေသခ်ာပြတ္လိမ္းေပးပါ။ မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ အဝတ္စကို ေရေအးစြတ္ၿပီး သန႔္ရွင္းေရးလုပ္ပါ။

တစ္ေန႔ကို ၁ ခါလုပ္ပါ။ ၂ ပတ္ေလာက္ဆိုရင္ အေမႊးေတြ တျဖည္းျဖည္း နည္းသြားမွာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ အဆင္ေျပတဲ့ နည္းလမ္းကို အသုံးျပဳႏိုင္ပါတယ္။

Credit:mystylemyanmar.com

(Unicode)

ချိုင်းမွှေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးမယ့် နည်းလမ်း (၃) သွယ်

ရိတ်တာလား၊ နုတ်တာလား။ ရိတ်ရင် ချိုင်းမွှေး ပိုထူလာပြီး နုတ်ရင်လည်း အရေပြားထိခိုက်လို့ ချိုင်းသား ပျက်ဆီးပါတယ်။ အဲဒီအတွက် ဘယ်လိုနည်းလမ်းကိုသုံးမလဲလို့ စဉ်းစားမိရင် စာဖတ်သူတွေအတွက် နည်းလမ်းကောင်း ၃ သွယ်ကို တင်ဆက်ပေးသွားမယ်နော်။

နည်းလမ်း ၁-

နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း၊ နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း-

ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး ချိုင်းအောက်မှာ ၁၅ မိနစ် (သို့) မခြောက်ခင်ထိ ထားပါ။ ပြီးရင် ရေအေးနဲ့ဆေးချပါ။ နေ့တိုင်း တစ်နေ့တခါ ပုံမှန်လုပ်ပါ။ ၂ ပတ်လောက်ဆိုရင် သိသာလာမှာ ဖြစ်ပါတယ်။

နည်းလမ်း ၂ –

ကြက်ဥ ၁ လုံး၊ ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း –

ပါဝင်ပစ္စည်း နှစ်မျိုးကိုရောလိုက်ပါ။ ပြီးရင် ချိုင်းအောက်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ရေအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် ၂ ပတ်တိတိလုပ်ပေးပါ။ ချိုင်းမွှေးတွေ တဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်။

နည်းလမ်း ၃ –

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) သံပုရာသီး တစ်ခြမ်း

ပြုလုပ်နည်း –

ပါဝင်ပစ္စည်း နှစ်မျိုးလုံးကို ရောလိုက်ပါ။ သံပုရာသီးတစ်ခြမ်းကို သုံးမယ်ဆိုရင် အဲဒီပေါ်မှာ သကြားကိုတင်ပါ။ ပြီးရင် ချိုင်းအောက်မှာ သေချာပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် အဝတ်စကို ရေအေးစွတ်ပြီး သန့်ရှင်းရေးလုပ်ပါ။

တစ်နေ့ကို ၁ ခါလုပ်ပါ။ ၂ ပတ်လောက်ဆိုရင် အမွှေးတွေ တဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူတို့ အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

Credit:mystylemyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top