ဗဟုတုသ

ငါးအ႐ိုးမ်က္ျခင္းအတြက္ လက္ေတြ႕ေဆးၿမီးတိုနည္းမ်ား

(Zawgyi)

ငါးအ႐ိုးမ်က္ျခင္းအတြက္ ေဆးၿမီးတိုနည္းမ်ား

ငါးအ႐ိုးမ်က္လွ်င္ အေတာ္ကို ခံစားရခက္သည္မွာ အားလုံးလည္း သိၿပီးျဖစ္မွာပါ။ တစ္ခါတရံ ခဏေလးနဲ႔ ေပ်ာက္သြားေပမယ့္ အခန႔္မသင့္လွ်င္ ေဆး႐ုံတက္ၿပီး လည္ေခ်ာင္းကေန ခြဲထုတ္ရတဲ့အထိ ျဖစ္တတ္ၾကပါတယ္။ အဲဒါေၾကာင့္ ငါးအ႐ိုးမ်က္လွ်င္ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ အိမ္တြင္းကုထုံးေလးမ်ားကို ရသမွ်စုစည္း၍ တင္ေပးလိုက္ပါတယ္။ ကိုယ္နဲ႔အဆင္ေျပရာနည္းကို ျပဳလုပ္ႏိုင္ၾကပါတယ္။

(၁) သံပုရာသီးကို အခြံမာမ်ားခြါ၍ အလုံးကို သြားၾကားထိုးသံျဖင့္ အေပါက္ေလးမ်ား ထိုးဆြထား၍ ေခတၱမွ် ငုံထားပါ။ အရည္ကို တေျဖးေျဖး မ်ိဳခ်ေပးပါ။ အခ်ဥ္ဓါတ္က ငါး႐ိုးမ်ားကို တိုက္စားသြားေပလိမ့္မည္။

(၂) ငွက္ေပ်ာသီး စားပါ။ ဘာငွက္ေပ်ာသီးျဖစ္ျဖစ္ အဆင္ေျပပါသည္။

(၃) ၾကက္ဥအကာကို ေသာက္ေပးပါ။ ငါး႐ိုးသည္ အခြၽဲမ်ားႏွင့္အတူ က်သြားမည္။

(၄) သံပုရာသီး သို႔မဟုတ္ သံပုယိုသီးကို ၄ စိတ္ခြဲ၍ ပါးစပ္ဟကာ အာေခါင္ထဲကို တစ္စိတ္ခ်င္းစီ အရည္ည်စ္၍ သံပုရာရည္ကို ေခတၱငုံထားပါ။ ၿပီးမွေရေသာက္လိုက္ပါ။ ငါး႐ိုးမ်က္ျခင္း ေပ်ာက္ကင္းသြားလိမ့္မည္။

(၅) ဇီးျဖဴသီးကို အလုံးလိုက္ ဝါးစားၿပီး အရည္ေရာ အဖတ္ပါ မ်ိဳခ်ပါ။ ငါး႐ိုးမ်ား အရည္ေပ်ာ္က်သြားပါလိမ့္မည္။

(၆) ေရမ်ားမ်ား ေသာက္ပါ။ ေသာက္ေရထဲကို ဆားအနည္းငယ္ ခတ္၍ ေသာက္ပါ။ ဆားဓါတ္က ငါး႐ိုးကို အျမတ္ေခ်ဖ်က္ေပးႏိုင္ပါသည္။

(၇) သံလြင္ဆီ အနည္းငယ္ခန႔္ကို ေသာက္ပါ။ ငါး႐ိုးမ်ား ဆီႏွင့္အတူ ေလွ်ာက်သြားမည္။ လည္ေခ်ာင္းနာလည္း ေပ်ာက္မည္။

(၈) လိေမၼာ္ရည္၊ သံပုရာရည္တို႔ကို ေဖ်ာ္ေသာက္ပါ။ ၎တို႔မွာ ပါဝင္သည့္ Citric Acid က ငါး႐ိုးမ်ားကို အျမန္ေက်သြားေစပါသည္။

(၉) ယခုေခတ္တြင္ ေပါမ်ားေနေသာ Coke, Pepsi စသည့္ ဂက္စ္ပါဝင္သည့္ အခ်ိဳရည္တို႔ကို ေသာက္ပါ။ ငါး႐ိုးကို အျမန္ေပ်ာ့သြားေစပါသည္။

သတိျပဳရန္ –

ငါး႐ိုးမ်က္ေနစဥ္ လည္ေခ်ာင္းအျပင္ဘက္မွ ဖိျခင္း၊ ႏွိပ္နယ္ျခင္းမ်ား မျပဳလုပ္ပါႏွင့္။ အားလုံးပဲ ေဘးအႏၲရာယ္ ကင္းရွင္းႏိုင္ၾကပါေစ။

Credit – ဆရာ ေစာႏြဲ႕ေနဆိုင္(ခမ္းတီလုန္)

ကိုးကား – ႐ိုးရာေဆးၿမီးတိုမ်ား

(Unicode)

ငါးအရိုးမျက်ခြင်းအတွက် ဆေးမြီးတိုနည်းများ

ငါးအရိုးမျက်လျှင် အတော်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူ ပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ ခေတ္တမျှ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပေလိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့်အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်း ပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။

သတိပြုရန် –

ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ။

Credit – ဆရာ စောနွဲ့နေဆိုင်(ခမ်းတီလုန်)

ကိုးကား – ရိုးရာဆေးမြီးတိုများ

Leave a Reply

Your email address will not be published. Required fields are marked *