ဗဟုတုသ

အိပ္ရာဝင္ခါနီး ရွစ္ပါးသီလ ယူလိုက္ပါအံုးမယ္ဆိုတာ မွန္ပါ့မလား?

(Zawgyi)

အိပ္ရာဝင္ခါနီး ရွစ္ပါးသီလယူတာ မွန္ပါသလား

ေမး- အရွင္ဘုရား- ဆရာေတာ္တစ္ပါးက ရွစ္ပါးသီလ (သို႔) ကိုးပါးသီလ ယူၿပီးသီလႏွင့္ အိပ္လွ်င္ အက်ိဳးရွိေၾကာင္း သင္ၾကားပါသည္.. အျခားတစ္ပါးကမူ အိပ္ရာဝင္ခါနီး ရွစ္ပါးသီလ ကိုးပါးသီလ ေဆာက္တည္ျခင္းမွာ လူပ်င္းအလုပ္ျဖစ္၍ အက်ိဳးမမ်ားဟု ဆိုျပန္ပါသည္.. တပည့္ေတာ္ ေခါင္းရႈပ္သြားပါသျဖင့္ ဆရာေတာ္ဘုရားမွ ေျဖၾကားေပးေစခ်င္ပါသည္ဘုရား?..

ေျဖ- ဝိဇၨာလယ ေက်ာင္းေဆာင္ေတာ္မ်ား ေရစက္ခ်ပြဲ အခမ္းအနားမွာ မင္းကြန္းတိပိဋက ဆရာေတာ္ႀကီးက ဤအခ်ိန္အတြင္း ေဆာက္တည္မယ္လို႔ စိတ္ထဲက အခ်ိန္ကာလကိုပိုင္းျဖတ္ၿပီး ေဆာက္တည္ဖို႔ ၫႊန္ၾကားရင္း ပရိသတ္အား ကိုးပါးသီလ ခ်ီးျမႇင့္ဖူးတာကို အမွတ္ရတယ္.. အခ်ိန္ကာလ ပိုင္းျခားသတ္မွတ္ၿပီး ေဆာက္တည္တဲ့ ကာလပရိယႏၲသီလ ရာသက္ပန္ ေဆာက္တည္တဲ့ အာပါဏေကာဋိကသီလလို႔ ဥပုသ္သီလ ေဆာက္တည္ပုံ ႏွစ္မ်ိဳးရွိတယ္..(ဝိသုဒၶိမဂၢ ၁-၁၂).. ဒီေန႔ ဒီည ဒီအခ်ိန္အတြင္း ေဆာက္တည္မယ္လို႔ အခ်ိန္ကိုသတ္မွတ္ၿပီး ေဆာက္တည္ရင္ ကာလပရိယႏၲသီလ(ဝိသုဒၶိမဂၢ-ဋီ ၁-၃၃).. အဲဒီက်မ္းဆိုအရ ဆရာေတာ္ႀကီး မိန႔္ေတာ္မူတာ ျဖစ္ပါတယ္..

တစ္နာရီၾကာ အခမ္းအနားဆိုရင္ အဲဒီသီလက တစ္နာရီဥပုသ္သီလ ျဖစ္မွာေပါ့.. ဒါလည္း စိတ္ပါရင္ အက်ိဳးရွိႏိုင္တာပဲ.. ဘာမွန္းမသိ သူမ်ားဆိုလို႔ လိုက္ဆိုတာမ်ိဳးဆိုရင္ေတာ့ သိပ္မထူးျခားပါဘူး.. အလႉပြဲအခမ္းအနားေတြမွာ ဆရာေတာ္ႀကီးမ်ားက ေစတနာပိုၿပီး ကာလ ပရိယႏၲ ကိုးပါးသီလ ခ်ီးျမႇင့္တာကို လက္ခံေပမယ့္ အေျခအေနေကာင္း ရွိပါလ်က္နဲ႔ ၂နာရီပဲ ၁နာရီပဲ ဥပုသ္ေစာင့္ၾကည့္မယ္ ဆိုတာမ်ိဳးကိုေတာ့ လူပ်င္းအလုပ္လို႔ ယူဆတဲ့အတြက္ ဘုန္းႀကီးအားမေပးလိုဘူး..

‘အိပ္ခါနီးသီလ’ သာမန္အိမ္ေထာင္သည္တစ္ေယာက္အေနနဲ႔ ရာသက္ပန္ ဥပုသ္သီလ ေဆာက္တည္ဖို႔ ခက္တယ္.. ဒါေၾကာင့္ ၁ရက္ ၁ပတ္ ၁လစသည္ အဓိ႒ာန္ၿပီး ဥပုသ္သီလ ေဆာက္တည္ႏိုင္တယ္.. အေၾကာင္းမညီၫြတ္ေသးလို႔ ေန႔အခ်ိန္မျဖစ္ႏိုင္ရင္ အမွန္ေစာင့္လိုစိတ္နဲ႔ အနည္းဆုံး ညအိပ္ရာဝင္ခါနီး ဥပုသ္သီလခံယူၿပီး အိပ္တာမ်ိဳးကိုေတာ့ ဘုန္းႀကီးအားေပးပါတယ္..

သီလယူၿပီးေနာက္ အိပ္ရာေပၚမွာ ကိုယ့္သီလကို အဖန္ဖန္ ဆင္ျခင္ၿပီး အိပ္ရင္ သီလာႏုႆတိ (ကိုယ့္သီလကို ဆင္ျခင္ျခင္း)ဘာဝနာလည္း ျဖစ္ႏိုင္တာပဲ.. အပ်င္းေျပ သေဘာမ်ိဳးမဟုတ္ပဲ ဆႏၵာဓိပတိတပ္လုပ္ရင္ အက်ိဳးလည္းႀကီးပါတယ္.. ေရာဂါေပ်ာက္ခ်င္လို႔ စိတ္ဆိုးစိတ္ေကာက္လို႔ ဟန္ေဆာင္လို႔ဆိုတဲ့ မမွန္စိတ္ထားနဲ႔ ဆိုရင္ေတာ့ ေန႔ညမဟူ ဥပုသ္ေစာင့္လို႔ အက်ိဳးမမ်ားႏိုင္ပါဘူး..

‘ေရွာင္ရန္’ ဝကဇာတ္ေတာ္(ဇာ-႒၂..၄၀၇)မွာ ေက်ာက္ေဆာင္တစ္ခုကို အမွီျပဳေနထိုင္ၿပီး သားေကာင္ရွာမရတဲ့ က်ားသစ္တစ္ေကာင္ဟာ ‘အလုပ္မရွိတဲ့အဆုံး ဥပုသ္ေစာင့္တာပဲေကာင္းတယ္’ဆိုၿပီး ဥပုသ္ေစာင့္ရင္း အိပ္သတဲ့.. က်ားသစ္ရဲ႕စိတ္ကို သိလိုတာနဲ႔ သိၾကားမင္းက ဆိတ္ေယာင္ေဆာင္ၿပီး လာျပသတဲ့.. က်ားသစ္ ႏိုးၿပီး ေတြ႕ေတာ့ ‘ဥပုသ္ကို ေနာက္မွေစာင့္လည္း ရတာပဲ’ ‘အစာရွိတုန္း ဖမ္းလိုက္ဦးမွ’ဆိုၿပီး ဆိတ္ကိုဖမ္းဖို႔ ႀကိဳးစားသတဲ့.. ဖမ္းမရတဲ့အခါ ‘အင္း..ငါ့ဥပုသ္ မက်ိဳးေသးဘူး’ဆိုၿပီး ျပန္အိပ္သတဲ့.. သမာဒါန ဒုဗၺလ ျဖစ္(ေစာင့္ထိန္းမႈမွာ အားနည္း) လို႔ ဒါမ်ိဳးေတာ့ မလုပ္သင့္ဘူး….။

အရွင္ေကလာသ

ေစတနာေမတၱာအရင္းခံျဖင့္ ထပ္ဆင့္မွ်ေဝပါသည္..

Credit – ohmarshin

(Unicode)

အိပ်ရာဝင်ခါနီး ရှစ်ပါးသီလယူတာ မှန်ပါသလား

မေး- အရှင်ဘုရား- ဆရာတော်တစ်ပါးက ရှစ်ပါးသီလ (သို့) ကိုးပါးသီလ ယူပြီးသီလနှင့် အိပ်လျှင် အကျိုးရှိကြောင်း သင်ကြားပါသည်.. အခြားတစ်ပါးကမူ အိပ်ရာဝင်ခါနီး ရှစ်ပါးသီလ ကိုးပါးသီလ ဆောက်တည်ခြင်းမှာ လူပျင်းအလုပ်ဖြစ်၍ အကျိုးမများဟု ဆိုပြန်ပါသည်.. တပည့်တော် ခေါင်းရှုပ်သွားပါသဖြင့် ဆရာတော်ဘုရားမှ ဖြေကြားပေးစေချင်ပါသည်ဘုရား?..

ဖြေ- ဝိဇ္ဇာလယ ကျောင်းဆောင်တော်များ ရေစက်ချပွဲ အခမ်းအနားမှာ မင်းကွန်းတိပိဋက ဆရာတော်ကြီးက ဤအချိန်အတွင်း ဆောက်တည်မယ်လို့ စိတ်ထဲက အချိန်ကာလကိုပိုင်းဖြတ်ပြီး ဆောက်တည်ဖို့ ညွှန်ကြားရင်း ပရိသတ်အား ကိုးပါးသီလ ချီးမြှင့်ဖူးတာကို အမှတ်ရတယ်.. အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်တဲ့ ကာလပရိယန္တသီလ ရာသက်ပန် ဆောက်တည်တဲ့ အာပါဏကောဋိကသီလလို့ ဥပုသ်သီလ ဆောက်တည်ပုံ နှစ်မျိုးရှိတယ်..(ဝိသုဒ္ဓိမဂ္ဂ ၁-၁၂).. ဒီနေ့ ဒီည ဒီအချိန်အတွင်း ဆောက်တည်မယ်လို့ အချိန်ကိုသတ်မှတ်ပြီး ဆောက်တည်ရင် ကာလပရိယန္တသီလ(ဝိသုဒ္ဓိမဂ္ဂ-ဋီ ၁-၃၃).. အဲဒီကျမ်းဆိုအရ ဆရာတော်ကြီး မိန့်တော်မူတာ ဖြစ်ပါတယ်..

တစ်နာရီကြာ အခမ်းအနားဆိုရင် အဲဒီသီလက တစ်နာရီဥပုသ်သီလ ဖြစ်မှာပေါ့.. ဒါလည်း စိတ်ပါရင် အကျိုးရှိနိုင်တာပဲ.. ဘာမှန်းမသိ သူများဆိုလို့ လိုက်ဆိုတာမျိုးဆိုရင်တော့ သိပ်မထူးခြားပါဘူး.. အလှူပွဲအခမ်းအနားတွေမှာ ဆရာတော်ကြီးများက စေတနာပိုပြီး ကာလ ပရိယန္တ ကိုးပါးသီလ ချီးမြှင့်တာကို လက်ခံပေမယ့် အခြေအနေကောင်း ရှိပါလျက်နဲ့ ၂နာရီပဲ ၁နာရီပဲ ဥပုသ်စောင့်ကြည့်မယ် ဆိုတာမျိုးကိုတော့ လူပျင်းအလုပ်လို့ ယူဆတဲ့အတွက် ဘုန်းကြီးအားမပေးလိုဘူး..

‘အိပ်ခါနီးသီလ’ သာမန်အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ရာသက်ပန် ဥပုသ်သီလ ဆောက်တည်ဖို့ ခက်တယ်.. ဒါကြောင့် ၁ရက် ၁ပတ် ၁လစသည် အဓိဋ္ဌာန်ပြီး ဥပုသ်သီလ ဆောက်တည်နိုင်တယ်.. အကြောင်းမညီညွတ်သေးလို့ နေ့အချိန်မဖြစ်နိုင်ရင် အမှန်စောင့်လိုစိတ်နဲ့ အနည်းဆုံး ညအိပ်ရာဝင်ခါနီး ဥပုသ်သီလခံယူပြီး အိပ်တာမျိုးကိုတော့ ဘုန်းကြီးအားပေးပါတယ်..

သီလယူပြီးနောက် အိပ်ရာပေါ်မှာ ကိုယ့်သီလကို အဖန်ဖန် ဆင်ခြင်ပြီး အိပ်ရင် သီလာနုဿတိ (ကိုယ့်သီလကို ဆင်ခြင်ခြင်း)ဘာဝနာလည်း ဖြစ်နိုင်တာပဲ.. အပျင်းပြေ သဘောမျိုးမဟုတ်ပဲ ဆန္ဒာဓိပတိတပ်လုပ်ရင် အကျိုးလည်းကြီးပါတယ်.. ရောဂါပျောက်ချင်လို့ စိတ်ဆိုးစိတ်ကောက်လို့ ဟန်ဆောင်လို့ဆိုတဲ့ မမှန်စိတ်ထားနဲ့ ဆိုရင်တော့ နေ့ညမဟူ ဥပုသ်စောင့်လို့ အကျိုးမများနိုင်ပါဘူး..

‘ရှောင်ရန်’ ဝကဇာတ်တော်(ဇာ-ဋ္ဌ၂..၄၀၇)မှာ ကျောက်ဆောင်တစ်ခုကို အမှီပြုနေထိုင်ပြီး သားကောင်ရှာမရတဲ့ ကျားသစ်တစ်ကောင်ဟာ ‘အလုပ်မရှိတဲ့အဆုံး ဥပုသ်စောင့်တာပဲကောင်းတယ်’ဆိုပြီး ဥပုသ်စောင့်ရင်း အိပ်သတဲ့.. ကျားသစ်ရဲ့စိတ်ကို သိလိုတာနဲ့ သိကြားမင်းက ဆိတ်ယောင်ဆောင်ပြီး လာပြသတဲ့.. ကျားသစ် နိုးပြီး တွေ့တော့ ‘ဥပုသ်ကို နောက်မှစောင့်လည်း ရတာပဲ’ ‘အစာရှိတုန်း ဖမ်းလိုက်ဦးမှ’ဆိုပြီး ဆိတ်ကိုဖမ်းဖို့ ကြိုးစားသတဲ့.. ဖမ်းမရတဲ့အခါ ‘အင်း..ငါ့ဥပုသ် မကျိုးသေးဘူး’ဆိုပြီး ပြန်အိပ်သတဲ့.. သမာဒါန ဒုဗ္ဗလ ဖြစ်(စောင့်ထိန်းမှုမှာ အားနည်း) လို့ ဒါမျိုးတော့ မလုပ်သင့်ဘူး….။

အရှင်ကေလာသ

စေတနာမေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပါသည်..

Credit – ohmarshin

Leave a Reply

Your email address will not be published. Required fields are marked *