ဗဟုတုသ

ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး စားလို႔မရတဲ့ အစားအစာမ်ား (ေသႏိုင္)

(Zawgyi)

ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး စားလို႔မရတဲ့ အစားအစာမ်ား (ေသႏိုင္)

ဒူးရင္းသီးနဲ႔တြဲဖက္ၿပီး မစားသုံးသင့္တဲ့ အစားအစာမ်ား

ႀကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ အနံ႔အလြန္ေမႊးၿပီး အရသာရွိလွတဲ့ ဒူးရင္းသီးဟာ အာဟာရဓာတ္ေတြ ႂကြယ္ဝစြာ ပါရွိတာမွန္ေပမယ့္ အလြန္အကြၽံစားသုံးတဲ့အခါနဲ႔ တြဲဖက္မစားသုံးသင့္တဲ့အစားအစာေတြနဲ႔ တြဲဖက္စားသုံးမိမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒူးရင္းသီးနဲ႔တြဲဖက္ၿပီးမစားသုံးသင့္တဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဒူးရင္းသီးစားသုံးၿပီးတဲ့အခါနဲ႔ မစားသုံးခင္မွာ အရက္၊ ဘီယာ၊ ဝိုင္အစရွိတဲ့ အယ္လ္ကိုေဟာ ပါဝင္တဲ့ အရည္ေတြ ေသာက္သုံးျခင္းကို အထူးေရွာင္ၾကဥ္သင့္ပါတယ္။ တြဲဖက္စားသုံးျခင္းအားျဖင့္ ဦးေႏွာက္ေသြးေၾကာျပတ္ျခင္း၊ ႏွလုံးေသြးေၾကာေပါက္ျခင္းနဲ႔ ေလျဖတ္ႏိုင္ျခင္းတို႔ကို ျဖစ္ေစႏိုင္တာေၾကာင့္ တြဲဖက္စားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၂) ေသြးတိုးေရာဂါရွိသူေတြအေနနဲ႔ ဒူးရင္းသီးစားၿပီး ႏို႔ထြက္ပစၥည္းမ်ား ထပ္မံစားသုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။ အခန႔္မသင့္ရင္ ေသေစႏိုင္တဲ့အထိ ျဖစ္ေစႏိုင္တာေၾကာင့္ သတိျပဳဆင္ျခင္သင့္ပါတယ္။

(၃) ဒူးရင္းသီးစားၿပီး ခရမ္းသီးစားျခင္းဟာ အပူစာႏွစ္ခုကို တၿပိဳင္နက္တည္းစားသုံးသလိုျဖစ္တာေၾကာင့္ အပူမ်ားၿပီး လည္ေခ်ာင္းနာျခင္းနဲ႔ ဖ်ားနာျခင္းေတြကို ျဖစ္ေစႏိုင္ပါတယ္။

(၄) ဒူးရင္းသီးနဲ႔ ဂဏန္းတြဲဖက္စားသုံးျခင္းဟာ အပူစာနဲ႔ အေအးစာႏွစ္ခုကို စားသုံးသလိုျဖစ္တာေၾကာင့္ ဝမ္းဗိုက္မအီမသာျဖစ္ျခင္းနဲ႔ ဗိုက္ေအာင့္ ဗိုက္နာေတြကိုျဖစ္ေစႏိုင္ပါတယ္။

(၅) အမဲသားတို႔ မႈိတို႔လို အပူစာေတြနဲ႔ ဒူးရင္းသီးကို တြဲဖက္စားသုံးျခင္းဟာ အစာအဆိပ္သင့္ေစႏိုင္ၿပီး ေအာ့အန္ျခင္း၊ အသက္ရႈၾကပ္ျခင္းနဲ႔ ဖ်ားနာျခင္းတို႔ကိုျဖစ္ေစႏိုင္ပါတယ္။

(၆) ကဖင္းဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့ ေကာ္ဖီနဲ႔ ဒူးရင္းသီးတြဲဖက္စားသုံးျခင္းဟာ ႐ုတ္တရက္ႏွလုံးရပ္ျခင္း၊ အသက္ရႈၾကပ္ျခင္းနဲ႔ ေခါင္းအလြန္အမင္းကိုက္ခဲျခင္း တို႔ကိုျဖစ္ေစႏိုင္ပါတယ္။

Credit-ဟယ္လ္သင္(ဧရာဝတီ),The Irrawaddy – Burmese Edition

(Unicode)

ဒူးရင်းသီးနဲ့တွဲဖက်ပြီး စားလို့မရတဲ့ အစားအစာများ (သေနိုင်)

ဒူးရင်းသီးနဲ့တွဲဖက်ပြီး မစားသုံးသင့်တဲ့ အစားအစာများ

ကြိုက်နှစ်သက်သူတွေအတွက်တော့ အနံ့အလွန်မွှေးပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒူးရင်းသီးနဲ့တွဲဖက်ပြီးမစားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒူးရင်းသီးစားသုံးပြီးတဲ့အခါနဲ့ မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။ တွဲဖက်စားသုံးခြင်းအားဖြင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်းနဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့်ရင် သေစေနိုင်တဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

(၃) ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းဟာ အပူစာနှစ်ခုကို တပြိုင်နက်တည်းစားသုံးသလိုဖြစ်တာကြောင့် အပူများပြီး လည်ချောင်းနာခြင်းနဲ့ ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) ဒူးရင်းသီးနဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာနဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

(၅) အမဲသားတို့ မှိုတို့လို အပူစာတွေနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

(၆) ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

Credit-ဟယ်လ်သင်(ဧရာဝတီ),The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *