ဗဟုတုသ

ကိုယ္တိုင္လုပ္ ႏို႕ဆီစစ္စစ္ျပဳလုပ္နည္း

(Zawgyi)

ႏို႔ဆီျပဳလုပ္နည္း

Home made ႏို႔ဆီစစ္စစ္ပါ။ ႏြားႏို႔ငါးဆယ္သားကို ခ်က္ၿပီး လုပ္တာ နည္းနည္းပဲရတယ္။ ကိုယ္တိုင္လုပ္ေတာ့ အေရာအေႏွာကင္းတဲ့ ႏို႔ဆီစစ္စစ္ရေတာ့ စိတ္ခ်မ္းသာတယ္။ ႏြားႏို႔နံ႔ ေမႊးေမႊးေလးနဲ႔ ႏို႔ဆီေပါ့။

ႏို႔ဆီျပဳလုပ္နည္း –

ႏြားႏို႔ငါးဆယ္သားကို မီးေအးေအးျဖင့္ က်ိဳပါ။ မလိုင္မ်ားတက္၍ ဆူပြက္လာလွ်င္ မလိုင္ဖတ္မ်ားကို သီးသန႔္ဆယ္ထားပါ။ မ်ားလွ်င္ ေထာပတ္ခ်က္လို႔ရတယ္။ ႏြားႏို႔ကို အရည္က်ေအာင္က်ိဳၿပီး သၾကားထမင္းစားဇြန္း ေျခာက္ဇြန္း/ခုႏွစ္ဇြန္းခန႔္ ထည့္က်ိဳ၍ ေမႊေပးပါ။

မီးရွိန္ေအးျဖင့္က်ိဳပါ။ ေနာက္ဆုံး ႏြားႏို႔မ်ားပ်စ္လာလွ်င္ အေအးခံပါ။ ေအးသြားလွ်င္ ပ်စ္လာၿပီး ႏို႔ဆီျဖစ္ပါၿပီ။ ပုလင္းထဲသိမ္း၍ ေရခဲေသတၱာထဲ ထားသိုပါ။

Credit-နန္းေခ်ာစုလႈိင္

(Unicode)

နို့ဆီပြုလုပ်နည်း

Home made နို့ဆီစစ်စစ်ပါ။ နွားနို့ငါးဆယ်သားကို ချက်ပြီး လုပ်တာ နည်းနည်းပဲရတယ်။ ကိုယ်တိုင်လုပ်တော့ အရောအနှောကင်းတဲ့ နို့ဆီစစ်စစ်ရတော့ စိတ်ချမ်းသာတယ်။ နွားနို့နံ့ မွှေးမွှေးလေးနဲ့ နို့ဆီပေါ့။

နို့ဆီပြုလုပ်နည်း –

နွားနို့ငါးဆယ်သားကို မီးအေးအေးဖြင့် ကျိုပါ။ မလိုင်များတက်၍ ဆူပွက်လာလျှင် မလိုင်ဖတ်များကို သီးသန့်ဆယ်ထားပါ။ များလျှင် ထောပတ်ချက်လို့ရတယ်။ နွားနို့ကို အရည်ကျအောင်ကျိုပြီး သကြားထမင်းစားဇွန်း ခြောက်ဇွန်း/ခုနှစ်ဇွန်းခန့် ထည့်ကျို၍ မွှေပေးပါ။

မီးရှိန်အေးဖြင့်ကျိုပါ။ နောက်ဆုံး နွားနို့များပျစ်လာလျှင် အအေးခံပါ။ အေးသွားလျှင် ပျစ်လာပြီး နို့ဆီဖြစ်ပါပြီ။ ပုလင်းထဲသိမ်း၍ ရေခဲသေတ္တာထဲ ထားသိုပါ။

Credit-နန်းချောစုလှိုင်

Leave a Reply

Your email address will not be published. Required fields are marked *