ဗဟုတုသ

သင့္ယာဥ္ေမာင္းလိုင္စင္ဟာ အျခားႏိုင္ငံေတြမွာလည္း ေမာင္းလို႔ရတယ္ဆိုတာ သင္သိပါရဲ႕လား

(Zawgyi)

သင့္ယာဥ္ေမာင္းလိုင္စင္ဟာ အျခားႏိုင္ငံေတြမွာလည္း ေမာင္းလို႔ရတယ္ဆိုတာ သင္သိပါရဲ႕လား

” ကားဆရာခင္ဗ် အကို႔ယာဥ္ေမာင္းလိုင္စင္က ထိုင္းတို႔မေလးရွားတို႔မွာလဲ ေမာင္းလို႔ရတယ္ဗ်”ဟု ကြၽန္ေတာ္က စကားလက္ေဆာင္ အပိုေပးလိုက္ရာ ဟာ ဟုတ္လားဟု ကားဆရာက အံၾသစြာ ဆိုေလသည္။ ထိုသို႔ကြၽန္ေတာ္ေျပာမိေတာ့ကားဆရာေဘးမွ တစ္ေယာက္က ၄င္၏ယာဥ္ေမာင္းလိုင္စင္အား ကမ္းေပးရင္း ကြၽန္ေတာ့္ယာဥ္ေမာင္းလိုင္စင္ေရာ ႏိုင္ငံျခားမွာ ေမာင္းလို႔ရပါသလား ၾကည့္ေပးပါဗ်ဟု ေျပာလာရာ ကြၽန္ေတာ္ယူၾကည့္မိသည္ “မရဘူးအကို အကို႔ယာဥ္ေမာင္းလိုင္စင္ကေတာ့ ျမန္မာႏိုင္ငံမွာပဲ ေမာင္းႏွင္လို႔ရမွာဗ်” ဟု..။

ယာဥ္ေမာင္းလိုင္စင္ႏွစ္ခုလုံးမွာ “ခ”လိုင္စင္မ်ားျဖစ္ၾကသည္။ “ခ”ခ်င္းအတူတူ တစ္ခုက အျခားႏိုင္ငံမွာ ေမာင္းလို႔ရပီး တစ္ခုက ေမာင္းလို႔မရဟုဆိုေသာ္ ဘယ္လိုပါလဲဟူေသာ သိခ်င္စိတ္တို႔ ျဖစ္လာၾကသည္။ ကြၽန္ေတာ္က ကားေပၚပါလူမ်ားႏွင့္အတူ မိမိတပည့္မ်ားပါ လူစုေစပီး အားလုံးဗဟုသုတရေစရန္ ဤသို႔ရွင္းျပမိပါသည္။

ယခင္ထုတ္ေပးသည့္ ယာဥ္ေမာင္းလိုင္စင္တြင္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ေမာင္းႏွင္ခြင့္ရွိသည္ ဟူေသာ စာတန္းပါရွိသည္။ ယခုေနာက္ထုတ္ေပးေသာလိုင္စင္၌ အဆိုပါစာတန္း မပါရွိေတာ့။ စာတန္းပါရွိေသာ လိုင္စင္မွာ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ ေမာင္းႏွင္ခြင့္ရွိၿပီး အဆိုပါစာတန္း မပါရွိသည့္ ယာဥ္ေမာင္းလိုင္စင္မွာ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ ေမာင္းႏွင္ခြင့္ရွိသည့္အျပင္ ၁၉၉၇ ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္ေန႔မွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ထုတ္ေပးေသာ ျပည္တြင္းယာဥ္ေမာင္းလိုင္စင္မ်ားအား အသိအမွတ္ျပဳေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး အခုဆို သေဘာတူအတည္ျပဳခဲ့ၿပီးတာမို႔ ကြၽန္ေတာ္တို႔ႏိုင္ငံက ယာဥ္ေမာင္းလိုင္စင္ဟာလည္း အာဆီယံႏိုင္ငံမ်ားမွာ ေမာင္းႏွင္ခြင့္ရွိၿပီး အာဆီယံႏိုင္ငံမ်ားမွ ယာဥ္ေမာင္းလိုင္စင္ဟာလည္း ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေမာင္းႏွင္ခြင့္ရွိပါသည္။

ဒါေၾကာင့္ယာဥ္ေမာင္းလိုင္စင္တြင္ ပါရွိသည့္ “ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ ေမာင္းႏွင္ခြင့္ရွိသည္” ဟူေသာစာတန္း မပါရွိေတာ့ျခင္းမွာ အာဆီယံႏိုင္ငံမ်ားပါေမာင္းႏွင္ခြင့္ ရွိလာေသာေၾကာင့္ ျဖစ္ပါေတာ့သည္။

(အာဆီယံမဟုတ္ေသာ အျခားႏိုင္ငံမ်ားဆိုပါက အျပည္ျပည္ဆိုင္ရာ ယာဥ္ေမာင္းလိုင္စင္မွသာ ေမာင္းႏိုင္ပါမည္)

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

Credit-ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)

သင့်ယာဉ်မောင်းလိုင်စင်ဟာ အခြားနိုင်ငံတွေမှာလည်း မောင်းလို့ရတယ်ဆိုတာ သင်သိပါရဲ့လား

” ကားဆရာခင်ဗျ အကို့ယာဉ်မောင်းလိုင်စင်က ထိုင်းတို့မလေးရှားတို့မှာလဲ မောင်းလို့ရတယ်ဗျ”ဟု ကျွန်တော်က စကားလက်ဆောင် အပိုပေးလိုက်ရာ ဟာ ဟုတ်လားဟု ကားဆရာက အံသြစွာ ဆိုလေသည်။ ထိုသို့ကျွန်တော်ပြောမိတော့ကားဆရာဘေးမှ တစ်ယောက်က ၄င်၏ယာဉ်မောင်းလိုင်စင်အား ကမ်းပေးရင်း ကျွန်တော့်ယာဉ်မောင်းလိုင်စင်ရော နိုင်ငံခြားမှာ မောင်းလို့ရပါသလား ကြည့်ပေးပါဗျဟု ပြောလာရာ ကျွန်တော်ယူကြည့်မိသည် “မရဘူးအကို အကို့ယာဉ်မောင်းလိုင်စင်ကတော့ မြန်မာနိုင်ငံမှာပဲ မောင်းနှင်လို့ရမှာဗျ” ဟု..။

ယာဉ်မောင်းလိုင်စင်နှစ်ခုလုံးမှာ “ခ”လိုင်စင်များဖြစ်ကြသည်။ “ခ”ချင်းအတူတူ တစ်ခုက အခြားနိုင်ငံမှာ မောင်းလို့ရပီး တစ်ခုက မောင်းလို့မရဟုဆိုသော် ဘယ်လိုပါလဲဟူသော သိချင်စိတ်တို့ ဖြစ်လာကြသည်။ ကျွန်တော်က ကားပေါ်ပါလူများနှင့်အတူ မိမိတပည့်များပါ လူစုစေပီး အားလုံးဗဟုသုတရစေရန် ဤသို့ရှင်းပြမိပါသည်။

ယခင်ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်မောင်းနှင်ခွင့်ရှိသည် ဟူသော စာတန်းပါရှိသည်။ ယခုနောက်ထုတ်ပေးသောလိုင်စင်၌ အဆိုပါစာတန်း မပါရှိတော့။ စာတန်းပါရှိသော လိုင်စင်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မောင်းနှင်ခွင့်ရှိပြီး အဆိုပါစာတန်း မပါရှိသည့်ယာဉ်မောင်းလိုင်စင်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မောင်းနှင်ခွင့်ရှိသည့်အပြင် ၁၉၉၇ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ပေးသော ပြည်တွင်းယာဉ်မောင်းလိုင်စင်များအား အသိအမှတ်ပြုရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခုဆို သဘောတူအတည်ပြုခဲ့ပြီးတာမို့ ကျွန်တော်တို့နိုင်ငံက ယာဉ်မောင်းလိုင်စင်ဟာလည်း အာဆီယံနိုင်ငံများမှာ မောင်းနှင်ခွင့်ရှိပြီး အာဆီယံနိုင်ငံများမှ ယာဉ်မောင်းလိုင်စင်ဟာလည်း ကျွန်တော်တို့နိုင်ငံမှာ မောင်းနှင်ခွင့်ရှိပါသည်။

ဒါကြောင့်ယာဉ်မောင်းလိုင်စင်တွင် ပါရှိသည့် “မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မောင်းနှင်ခွင့်ရှိသည်” ဟူသောစာတန်း မပါရှိတော့ခြင်းမှာ အာဆီယံနိုင်ငံများပါမောင်းနှင်ခွင့် ရှိလာသောကြောင့် ဖြစ်ပါတော့သည်။

(အာဆီယံမဟုတ်သော အခြားနိုင်ငံများဆိုပါက အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင်မှသာ မောင်းနိုင်ပါမည်)

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Credit-ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *