ဗဟုတုသ

ေဟာ့ျဖစ္ေနတဲ့ ဆန္ေဆးေရကိစၥ

(Zawgyi)

ေဟာ့ျဖစ္ေနတဲ့ ဆန္ေဆးေရကိစၥ

ဆန္ေဆးေရကိစၥ အခုတေလာေခတ္စားေနတယ္။ ဂ်ာနယ္တခုမွာ ပါတဲ့ သတင္းတပုဒ္ေႀကာင့္ ျဖစ္ပါတယ္။ တရက္ကပဲ တနဂၤေႏြက်န္းမာေရးအေမးအေျဖ အစီအစဥ္တခုမွာ ဆန္ေဆးေရနဲ႔ပက္သတ္ျပီး ေမးထားတာရွ္လို႔ ေရးဖုိ႔ျဖစ္လာတယ္။ ဆန္ေဆးေရဆိုတာ ေရွးယခင္နွစ္ေပါင္းမ်ားစြာထဲက အဘိုးအဘြားေတြ သံုးစြဲခဲ့တာ ႀကားဖူးၾကမယ္။ အာယုေဗဒေဆးက်မ္း၊တရုတ္ေဆးက်မ္းေတြမွာလည္း ဆန္ေဆးေရရဲ႔ အာနိသင္ေတြေရးထားတာရွိပါတယ္။ အသားအေရလွတာ၊ ဝက္ျခံေပ်ာက္ကင္းတာ၊ ဆံသားကို နက္ေမွာင္သန္စြမ္းေစတာ စသည္ျဖင့္ အမ်ိဳးမ်ိဳးေပါ့။ တကယ္လည္း ဟုတ္ပါတယ္။

ဆံသားနဲ့ပက္သတ္ေျပာရရင္ Huangluo ရြာ တရုတ္မ်ိဳးႏြယ္စု တစုျဖစ္တဲ့ Yao လူမ်ိဳးစုေတြကို ခ်န္ထားလို႔မရပါ။ အဆိုပါ မ်ိဳးႏြယိစုဝင္ေတြရဲ႔ ပ်မ္းမွ်ဆံပင္အရွည္ဟာ ၆ေပ နီးပါးရွိလို႕ ဂင္းနစ္ကမာၻ႕စံခ်ိန္စာအုပ္မွာေတာင္ ထည့္သြင္းေဖာ္ျပခံရပါတယ္။ ထူးျခားခ်က္က အသက္ ၈၀ေက်ာ္တဲ့ထိ ဆံပင္ျဖဴတာမ်ိဳး မရွိပါဘူး။အဲလိုဆံသားေတြ နက္ေမွာင္သန္စြမ္းျခင္းရဲ႕ ေနာက္ကြယ္အေၾကာင္းရာကုိ ေလ့လာၾကည့္ေတာ့ ဆန္ေဆးေရေႀကာင့္ ျဖစ္ပါသတဲ့။ ေခါင္းေလွ်ာ္တဲ့အခါ ကေစာ္ေဖာက္ထားတဲ့ ဆန္ေဆးေရနဲ႕ေလွ်ာ္တဲ့အတြက္ ဆံသားေတြ သန္စြမ္းေနရတာျဖစ္တယ္လို႔ ဆိုႀကပါတယ္။

ဆန္ေဆးေရမွာ ပါဝင္တာေတြ ေလ့လာႀကည့္တဲ့အခါ အာဟာရဓာတ္စံုတယ္။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင္တီေအာက္စီးဒင့္ေတြပါသလို vitamin B1, B3, B5, B6 နဲ႔folic acid စတာေတြ ပါလို႕ အာဟာရဓာတ္စံုတယ္။ ဆန္ေဆးေရမွာပါတဲ့ phenolic နဲ႕ flavonoid ဓာတ္ေတြက အေရျပားအတြက္ေကာင္းမြန္တယ္။ ေနာက္ျပီး အေရးႀကီးတဲ့ သတၲဳဓာတ္ေတြျဖစ္တဲ့ magnesium, selenium, iron, phosphorous, manganese စတာ ေတြၾကြယ္ဝစြာ ပါဝင္ျပန္တယ္။ေလ့လာမႈေတြအရ ဆန္ေဆးေရမွာပါတဲ့ inositol ဓာတ္က ဆံသားကို ျပန္လည္နက္ေမွာင္သန္စြမ္းေစတယ္။ inositolက ေခါင္းေလွ်ာ္ျပီးေနာက္ပိုင္း ဆံသားထဲထိ ဝင္ေရာက္ျပဳျပင္နိုင္တယ္။ ေနာက္ျပီး ဆန္ေဆးရည္မွာပါတဲ့ အမိုင္နိုအက္ဆစ္က ဆံပင္အရင္းထိ အားျဖည့္ေပးတယ္။ ဆံသားကုိ ထူထပ္ေစတယ္။

ဆန္ေဆးေရကို အာယုေဗဒေဆးနည္းအရ အေရျပား ေရာင္ရမ္းနာေတြမွာ အသံုးျပဳတယ္။ အစုိဓာတ္ထိန္းေပးတယ္။ အနာက်က္ေစတယ္။ ေသြးလည္ပတ္မႈအားေကာင္းလို႕ အမဲစက္ေတြကို ေလွ်ာ့ပါးသက္သာေစတယ္။ အေရျပားေျခာက္ေသြ႕ရဟယားယံတဲ့အခါ သံုးနိုင္တယ္။ နွင္းခူနာနဲ႕ ဝက္ျခံေတြမွာလည္း သံုးတယ္။ တခ်ိဳ႔က ေနေလာင္တဲ့အခါ ဆန္ေဆးေရကို ခပ္ပါးပါးလိမ္းေပးခိုင္းတယ္။ မ်က္နွာမွာလိမ္းရင္ အေရးအေႀကာင္းကင္းစင္ျပီး အသားတင္းေစတယ္။ အသားျဖဴေစတယ္။ အဝတ္ေတြမွာလည္း ဒီတိုင္းပဲ။ ဆန္ေဆးေရနဲ႕ေလွ်ာ္ မီးပူတိုက္ထားရင္ တြန္႕ေခါက္တာ သိပ္မရွိေတာ့ဘူး။ ဆန္ေဆးရည္ကို အခ်ဥ္ေဖာက္နိုင္ရင္ ပုိေကာင္းေသးတယ္။ အခ်ဥ္ေဖာက္တယ္ဆိုတာ အခန္းအပူခ်ိန္မွာ နညိးနည္းခ်ဥ္လာသည္ထိ ခပ္ႀကာႀကာထားလိုက္တာကို ဆိုလိုတာ။ အဲလိုထားလိုက္ျခင္းအားျဖင့္ vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ္ေတြပိုထြက္လာတယ္။ ဒီေနာက္ပိုင္း အသားအေရတင္းရင္းတဲ့ ေဆးေတြမွာ piteraဓာတ္ကို အဓိကထားလာၾကတယ္။ အာနိသင္က ဆဲလ္ေတြကို ျပန္လည္နုပ်ိဳေစတာ သိထားလို႕ပါ။

ဆန္ေဆးေရနဲ႕ ပက္သတ္ျပီး အမ်ိဳးမ်ိဳးသံုးတယ္။ တခ်္ဳ႔က မ်က္နွာသစ္ၾကတယ္။ ေရခ်ိဳးႀကတယ္။ ေခါင္းေလွ်ာ္ႀကတယ္။ ဆန္ေဆးေရက အသားအရည္ကို ၾကည္လင္ဝင္းပေစတာ အမွန္ပဲ။ အသားလည္း ျဖဴေစတယ္။ အေရးအေႀကာင္းကင္းစင္ေစတာမို႕ ငယ္ရုပ္ဆင္တယ္ဆိုရင္ မမွားပါ။ ဝက္ျခံအဆီထြက္မ်ားသူေတြမွာ သံုးရင္ ေမႊးညွင္းေပါက္ကို က်ဥ္းေျမာင္းေစတာမို႔ ဝက္ျခံေတြ ေပ်ာက္ကင္းနိုင္တယ္။ ဆန္ေဆးရည္ကို တခ်ိဳ႔က ေခါင္းေလွ်ာ္ႀကတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ကေစာ္ေဖာက္ထားတဲ့ ဆန္ေဆးရည္က အေကာင္းဆံုးျဖစ္တယ္။ ကေစာ္ေဖာက္ျခင္းက အခ်ဥ္ဓာတ္ကဲေစတယ္။ pH level က်ဆင္းလာတာမို႕ ဆံပင္ရဲ႔ ပံုမွန္ pHနဲ႕ သြားတူတယ္။ ဆန္ေဆးရည္မွာပါတဲ့ အမိုင္နိုအက္ဆစ္က ဆံပင္အရင္းထိ အားျဖည့္ေပးလို႕ ဆံပင္ထူေစျပီး ဆံသားေတြကို နက္ေမွာင္သန္စြမ္းေစတယ္။

ဆန္ေဆးရည္ျပဳလုပ္ပံု

(၁)ဆန္ၾကမ္းကို ခြက္တဝက္စာယူျပီး ဇလံုတခုထဲထည့္ပါ။

(၂)ျပီးရင္ ေရတစ္ခြက္ယူျပီး ေလာင္းထည့္ပါ။တစ္မိနစ္ထားျပီး မေကာငိးတဲ့အညစ္အေၾကးေတြပါတဲ့ အဆိုပါ ဆန္ေဆးရည္ ေတြကို သြန္ပစ္လိုက္ပါ။

(၃)အဆိုပါ ဆန္ထဲကို ဒုတိယအၾကိမ္ ေရနွစ္ခြက္စာေလာင္းထည့္ပါ။(ဆန္နဲ႕ေရ အခ်ိဳးအဆ ၁:၄ ျဖစ္သင့္တယ္)

(၄)အဆိုပါ ဆန္ေဆးရည္ကို အနည္ထိုင္ေအာင္ ထားပါ။ ၁၀မိနစ္ခန္႕ၾကာရင္ ေအာက္ေျခမျမင္ရေအာင္ ေနွာက္လာလိမ့္မယ္။

(၅)ျပီးရင္ ေရစစ္နဲ႕စစ္ျပီး သန္႕စင္တဲ့ ဆန္ေဆးေရကို စစ္ထုတ္ယူပါ။ ရလာတဲ့ဆန္ေဆးရည္ကို စတင္သံုးစြဲနိုင္ျပီျဖစိပါတယ္။

ကေစာ္ေဖာက္ခ်င္ေသးတယ္ဆိုရင္ အဆိုပါဆန္ေဆးရည္ကို အခန္းအပူခ်ိန္မွာ ၂၄-၄၈နာရီ ထားရမွာ ျဖစ္ပါတယ္။ အပူခ်ိန္ျမင့္ေလေလ ကေစာ္ေဖာက္တဲ့အခ်ိန္ ျမန္ေလေလျဖစ္တယ္။ ျပီးရင္ ကေစာ္ေဖာက္ထားတဲ့ ဆန္ေဆးရည္ကို နညိးနည္း အပူေပးလိုက္ပါ။သံုးမိနစ္ခန္႕အပူေပးျပီး အေအးခံလုိက္႐င္ အသင့္သံုးစြဲနိုင္တဲ့ ဆန္ေဆးရည္ကို ရရွိမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကေစာ္ေဖာက္ထားတဲ့ဆန္ေဆးရည္ေတြက နည္းနည္းျပင္းတယ္။ အနံ႕နံတယ္။ ဒါေၾကာင့္ မသံုးခင္ ေရတခြက္စာနဲ႕ ေရာျပီးမွ သံုးသင့္တယ္။

မွတ္ခ်က္- ဆန္ေဆးရည္ေနရာမွာ ထမင္းရည္က္ုလည္း အစားထိုးသံုးနိုင္တယ္။ ပြက္ခါစ ထမင္းရည္(သုိ႔) ပြက္ျပီးသား ထမင္းရည္ ၾကိဳက္နွစ္သက္ရာအသံုးျပဳနိုင္တယ္။ သတိျပဳရမွာက တမင္းရည္ကို ေရနဲ႔အရင္ေရာျပီးမွ သံုးပါ။ ေရခဲေသတၲာထဲမွာ ထား႐င္ တပတ္ထိ အထားခံတယ္။

သံုးစြဲပံု-

သန္႔စင္တဲ့ ပိတ္ပါးစတခုကို ဆန္ေဆးရည္ထဲစိမ္ပါ။ အဆုိပါအဝတ္နဲ႕ မ်က္နွာကို အသာဖိသုတ္ပါ။အေရျပားထဲစိမ့္ဝင္သည္ထိ နွိပ္နယ္ျပီး ေျခာက္ေသြ႔ေအာင္ထားပါ။ ၃-၅မိနစ္ေလာက္ ထားသင့္တယ္။ မ်က္နွာမွာ တင္း႐င္းတဲ့ ခံစားမႈမ်ိဳးရတဲ့အခါ မ်က္နွာစသစ္လုိ႕ ရပါျပီ။ ေခါင္းေလွ်ာ္တဲ့ေနရာမွာသံုးရင္ ဆံသားကုိ နက္ေမွာင္သန္စြမ္းေစျပီး ဆံပင္ကၽြတ္ျခင္းမွ ကာကြယ္တယ္လို႕ဆိုတယ္။ ကေစာ္ေဖာက္ထားတဲ့ ဆန္ေဆးေရက ဆံသားအတြက္ အေကာင္းဆံုးျဖစ္တယ္။

ဆန္ေဆးေရကို မ်က္နွာမွာ သံုးတဲ့အခါ မနက္(သို႔)ညေန ေန႕စဥ္သံုးသင့္တယ္။ ဆံသားအတြက္ တပတ္ ၁-၂ၾကိမ္ ေခါင္းေလွ်ာ္ေပးနိုင္တယ္။ တခါေလွ်ာ္ရင္ ၅မိနစ္ခန္႕ထားပါ။

body scrub အေနနဲ႔လည္း သံုးလုိ႕ရတယ္။အရင္ဆံုး ဆန္လံုးကုိ အမႈန္႕ျဖစ္ေအာင္ ၾကိတ္ပါ။ ျပီးရင္ ေရွာက္ရည္ ထမင္းစားဇြန္း နွစ္ဇြန္းနဲ႔ သံလြင္ဆီ နွစ္ဇြန္းကို ႀကိတ္ထားတဲ့ ဆန္မႈန္႔နဲ႔ေရာျပီး အေရျပားမွာ လိမ္းပါ။ ဒီနည္းအတိုင္း တပတ္တခါ(သုိ႔)နွစ္ပတ္ တခါ လုပ္နိုင္ပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ အမဲစက္ကင္းစင္ျပီး နူးညံ့စုိေျပတဲ့ အသားေရကို ပိုင္ဆုိင္နိုင္မွာ ျဖစ္ပါတယ္။

ေသာက္တဲ့ကိစၥ-

အေမးမ်ားတဲ့ ေမးခြန္းေနာက္တခုက ဝိတ္က်တယ္ဆိုတဲ့ ကိစၥပါ။ ဝိတ္က်ဖို႔ ေသာက္လို႕ရတယ္ဆိုတာမ်ိဳးႀကားရပါတယ္။ အဲဒီအေၾကာင္းကလည္း ဂ်ာနယ္တခုမွာ ဆရာဝန္တေယာက္က ေျဖထားတာေၾကာင့္ျဖစ္ပါတယ္။ တကယ္ေတာ့ ဆရာဝန္ေျပာတဲ့ အေမးအေျဖကို ေသခ်ာဖတ္ၾကည့္ရင္ သိသိသာသာဝိတ္က်တယ္လို႕ ေျပာမထားပါ။ သူတကယ္ဝိတ္က်ခဲ့တာ အားကစားျပင္းျပင္းထန္ထန္လုပ္လို႕ ျဖစ္ပါတယ္။ အစားအေသာက္ထိန္းတာနဲ႕ အားကစားကသာ အဓိကက်တယ္။ ဆန္ေဆးေရနဲ႕မဆိုင္ပါ။ ဆန္ေဆးေရက တြန္႕သြားတဲ့ အသားအေရကုိ ျပန္လည္တင္းရင္းေစျပီး ေနာက္ပုိင္း တက္လာမယ့္ ဝိတ္ကို ထိန္းသြားနိုင္တယ္။ တက္လိုက္က်လိုက္ မျဖစ္ေတာ့ဘူး၊ အဲဒါကို သူက အဓိက ေျပာခ်င္တာပါ။ ဒါေပမယ့္ မီဒီယာေတြက ေခါင္းစဥ္တပ္ေတာ့ ဝိတ္က်တယ္ဆိုျပီး ျဖစ္သြားတယ္။

ဆန္ေဆးေရနဲ႕ပက္သတ္ျပီး အသားေရအတြက္ကလြဲရင္ ဝိတ္က်ဖို႔သံုးတယိဆိုတာမ်ိဳးမဖတ္ရပါ။ဒါေပမယ့္ တမင္းရည္ မနက္ေစာေစာေသာက္ရင္ ဝိတ္က်နိုင္တယ္ ဆိုတာမ်ိဳး ေတြ႔ရတယ္။ ထမင္းရည္တစ္ပန္းကန္က ကယ္လိုရီ(၁၀၀)ေလာက္သာပါဝင္လို႕ေကာင္းတယ္။ ရင္ျပည့္ေစတယ္။ ဝမ္းမွန္ေစတယ္။ ပံုမွန္စားသံုးမႈရဲ႔ သံုးပံုတပံုသာရွိလို႔ ဝိတ္က်နိုင္တယ္။ ဒီေလာက္ပဲ ဖတ္ရတယ္။ ဆန္ေဆးေရက ဝိတ္က်တယ္လို႔ မဖတ္ရပါ။

ေနာက္တခ်က္က ဆန္ေဆးေရ ေသာက္တဲ့အခါ အမ်ားစုိးရိမ္သလို ပိုးသတ္ေဆး၊ဓာတုကင္းစင္မႈကုိလည္း သတိျပဳသင့္တယ္။ ဒီဖက္ေခတ္ဆန္ေတြကို ယံုရင္ အမွားႀကီး မွားလိမ့္မယ္။ ဆန္ကို တၾကိမ္ေဆးေၾကာရံုနဲ႔ ေရာဂါပုိးမႊား၊ ဓာတုေဆးပစၥည္းေတြ ကင္းစင္မယ္ မဟုတ္ေသးပါ။ ဒါကိုေတာ့ ဂရုစိုက္ေစခ်င္တယ္။ ဆန္ေဆးေရကို ခႏၶာကိုယ္ ျပင္ပ အသားအေရအတြက္ သံုးစြဲလို႕ရတာ ဟုတ္ပါတယ္။ ဒါေပမယ့္ ဝိတ္က်ဖို့ပဲျဖစ္ျဖစ္၊ တျခားအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ေသာက္သံုးမယ္ဆိုရင္ အထူးဂရုစိုက္သင့္တယ္။

Credit- ေဒါက္တာ ေအးမင္းထူး

(Unicode)

ဟော့ဖြစ်နေတဲ့ ဆန်ဆေးရေကိစ္စ

ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေ ကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရှ်လို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။ အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။ အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။ ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တချ်ု့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။ အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။ ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။ ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။ဆန်ဆေးရည်ပြုလုပ်ပုံ(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နှောက်လာလိမ့်မယ်။(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။ ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နညိးနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်က်ုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက တမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။သုံးစွဲပုံ-သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။ ၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။ဆန်ဆေးရေကို မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။ ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။သောက်တဲ့ကိစ္စ-အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။ အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။ သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။ အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။ ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။ ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။ဒါပေမယ့် တမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။

Credit- ဒေါက်တာ အေးမင်းထူး

Leave a Reply

Your email address will not be published. Required fields are marked *