ဗဟုတုသ

ဒယ္အိုးေအာက္ေျခမွာ တက္ေနတဲ့အိုးမဲေတြ ေျပာင္ၿပီး အသစ္လိုျဖစ္သြားေစမယ့္ နည္း

(Zawgyi)

ဒယ္အိုးေအာက္ေျခမွာ တက္ေနတဲ့အိုးမဲေတြ ေျပာင္ၿပီး အသစ္လိုျဖစ္သြားေစမယ့္ နည္း

ပရိသတ္ႀကီးတို႔ေရ ဒီတစ္ေခါက္ေတာ့ အိမ္ရွင္မေတြ ေတြ႕ႀကဳံေနရတဲ့ အခက္အခဲထဲက တစ္ခုျဖစ္တဲ့အသုံးျပဳေနတဲ့ ဒယ္ အိုးေတြ၊ ထမင္းအိုးေတြ၊ ေရေႏြးအိုးေတြရဲ႕ ေအာက္ေျခမွာ တိုက္ခြၽတ္ရခက္တဲ့အိုးမဲေတြ တက္ေနတာပါ။

ဘယ္လို ဆပ္ျပာ၊ ဆပ္ျပာဆီေတြပဲသုံးသုံး တိုက္ခြၽတ္လို႔မရပဲ အင္မတန္မွကို အ႐ုပ္ဆိုးအက်ည္းတန္တာကိုေတာ့ လူတို င္းေတြ႕ႀကဳံေနရတာပါ။ ဒီေန႔ေတာ့ အိမ္ရွင္မမ်ားအတြက္ ဘယ္လိုနည္းလမ္းနဲ႔ လုပ္ရင္ ဒယ္အိုးကအိုးမဲေတြေျပာင္ၿပီး အသစ္လိုေျပာင္လက္သြားမလဲဆိုတာကို တင္ဆက္ေပးမွာ ျဖစ္ပါတယ္။

လိုအပ္တဲ့ပစၥည္းကေတာ့ ေပ်ာ့ေနတဲ့ ခရမ္းခ်ဥ္သီး သို႔မဟုတ္ ပုတ္ခါနီးခရမ္းခ်ဥ္သီး (ေဈးထဲမွာ ဆိုရင္အ လကားေတာင္ ေတာင္းယူလို႔ ရပါတယ္) ဒါမွမဟုတ္ လတ္လတ္ဆတ္ဆတ္ခရမ္းခ်ဥ္သီး ၃-၄လုံးေလာက္ကို ပါးပါးလွီးကာ အ၀က်ယ္ ဒယ္အိုးထဲထည့္ ေရသင့္႐ုံထည့္ၿပီး ဆူပြက္လာတဲ့အထိက်ိဳလိုက္ပါ။

အိုးမဲခြၽတ္လိုတဲ့အိုးေတြခြက္ေတြကို အဲဒီထဲ ထည့္ျပဳတ္လိုက္ပါ။ ၃မိနစ္ကေန ၅မိနစ္ရွိၿပီဆိုရင္ ခါတိုင္းသုံးေနတဲ့ ဆပ္ျပာ ဆီနဲ႔ေဖာ့ကိုအသုံးျပဳကာ ပြတ္ခ်လိုက္ပါ။ ဒယ္အိုးေအာက္ေျခေတြ အသစ္လို ေျပာင္လက္သြားမွာပဲျဖစ္ပါတယ္။ အရမ္းလည္းလြယ္ၿပီး ကုန္က်စရိတ္နည္းပါးတဲ့ နည္းပါ။ မယုံရင္ အခုဘဲ သင္ စမ္းၾကည့္လိုက္စမ္းပါ။ သင္စိတ္ခ်မ္းသာေစမယ္လို႔ ရဲရဲႀကီး အာမခံပါတယ္။

Credit: shwemyanmartoday

Via – Daily Hot News

(Unicode)

ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့် နည်း

ပရိသတ်ကြီးတို့ရေ ဒီတစ်ခေါက်တော့ အိမ်ရှင်မတွေ တွေ့ကြုံနေရတဲ့ အခက်အခဲထဲက တစ်ခုဖြစ်တဲ့အသုံးပြုနေတဲ့ ဒယ် အိုးတွေ၊ ထမင်းအိုးတွေ၊ ရေနွေးအိုးတွေရဲ့ အောက်ခြေမှာ တိုက်ချွတ်ရခက်တဲ့အိုးမဲတွေ တက်နေတာပါ။

ဘယ်လို ဆပ်ပြာ၊ ဆပ်ပြာဆီတွေပဲသုံးသုံး တိုက်ချွတ်လို့မရပဲ အင်မတန်မှကို အရုပ်ဆိုးအကျည်းတန်တာကိုတော့ လူတို င်းတွေ့ကြုံနေရတာပါ။ ဒီနေ့တော့ အိမ်ရှင်မများအတွက် ဘယ်လိုနည်းလမ်းနဲ့ လုပ်ရင် ဒယ်အိုးကအိုးမဲတွေပြောင်ပြီး အသစ်လိုပြောင်လက်သွားမလဲဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး (ဈေးထဲမှာ ဆိုရင်အ လကားတောင် တောင်းယူလို့ ရပါတယ်) ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာ အ၀ကျယ် ဒယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိကျိုလိုက်ပါ။

အိုးမဲချွတ်လိုတဲ့အိုးတွေခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ။ ၃မိနစ်ကနေ ၅မိနစ်ရှိပြီဆိုရင် ခါတိုင်းသုံးနေတဲ့ ဆပ်ပြာ ဆီနဲ့ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ။ ဒယ်အိုးအောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲဖြစ်ပါတယ်။ အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နည်းပါ။ မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်စမ်းပါ။ သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်။

Credit: shwemyanmartoday

Via – Daily Hot News

Leave a Reply

Your email address will not be published. Required fields are marked *