တောင်အဆင်းလမ်းမှာ ကားဘီး ရေလောင်းတာ ဘာ့ကြောင့်လဲ?

တောင်အဆင်းလမ်းမှာ ကားဘီး ရေလောင်းတာ ဘာ့ကြောင့်လဲ?

(Zawgyi)

ေတာင္အဆင္းလမ္းမွာ… ကားဘီး ေရေလာင္းတာဘာ့ေၾကာင့္လဲ?

(ေအာ္တိုဂီယာ ကားေလးမ်ား အဆင္းႀကီးရင္ဂီယာႀကီးနဲ႔ ဆင္းၾကပါ)

ျပင္ဦးလြင္ကေန မႏၲေလးကို အဆင္းလမ္းမွာ တြဲကားႀကီးေတြ၊ ၁၂ဘီးကားႀကီးေတြ ဆင္းလာရာမွာလမ္းတေလွ်ာက္ ကားဘီးကို ေရျဖန္းၿပီး ဆင္းလာၾကပါတယ္။ ဘာ့ေၾကာင့္ပါလည္း….?

ေတာင္အဆင္းလမ္းမွာ ”ဂီယာႀကီးနဲ႔ ဆင္းပါလို႔” သတိေပးဆိုင္းဘုတ္ေတြ ေျခာက္ထပ္ေကြ႕ မီးသတ္ေကြ႕ အဆင္းမွာ ေတြ႕ရတယ္။

အဆင္းႀကီး/ အဆင္းရွည္ေတာ့ ဘရိတ္ တအားသုံးရတယ္၊ ဘရိတ္ဆိုတဲ့အမ်ိဳးက ပူလာရင္ ေပ်ာက္တတ္တယ္။ သတင္းေတြမွာေရးသလို ”ဘရိတ္ေပါက္တာ မဟုတ္ဘူးဗ်၊” ဘရိတ္ေပ်ာက္သြားၾကတာ။ အဲသလို ပူၿပီး ဘရိတ္မေပ်ာက္ေအာင္ ကားဘီးကို ေရေလာင္းၿပီး ဆင္းၾကတာ။

အဆင္းႀကီးရင္ ဂီယာနံပါတ္ 2 ကို ဘရိတ္ထိန္းၿပီးမွ ထည့္ပါတယ္…ေအာ္တိုဂီယာ ကားေလးေတြလည္း ဂီယာႀကီး ေျပာင္းသင့္တယ္။ 12.4.2019 က်ေနာ္ျပင္ဦးလြင္က ဆင္းလာရာမွာ ၁၈ မိုင္ေကြ႕ အဆင္းမွာ အိမ္စီးကား Suzukiကား အနက္ေရာင္ တဖက္ယာဥ္ေၾကာဝင္ၿပီး ေက်ာက္နံရံဘက္ ဦးတိုက္ဖင္ေထာင္ေနပါတယ္။ အရွိန္မထိန္းႏိုင္ဘဲ ေခ်ာက္ထဲက်မွာေၾကာင့္ တဖက္နံရံကို ေျပးေဆာင့္တဲ့ သေဘာပါဘဲ။ ေအာ္တိုဂီယာဆိုၿပီး အဆင္းမွာ ဂီယာႀကီးကို ကားက ေအာ္တိုေျပာင္းမေပးပါ။ ဂီယာႀကီး 2 သို႔မဟုတ္ဝိတ္မ်ားရင္ L ကိုေျပာင္းေပးရပါမယ္။ အမ်ားစုက D ျဖင့္ ဆင္းေနတာ ေတြ႕ရပါတယ္။ (တခ်ိဳ႕က OD သုံးၿပီး ဆင္းတယ္လို႔ ဆိုတယ္) က်ေနာ္ကေတာ့ အဆင္းႀကီးရင္ ဂီယာနံပါတ္ 2 ကို ဘရိတ္ထိန္းၿပီးမွ ထည့္ပါတယ္။ အရွိန္ထိန္းသြားတာ အရမ္းသိသာပါတယ္။

ကားအေသးဘီးကို ေရေလာင္းတာ မတူတဲ့အျမင္တခ်ိဳ႕ –

(အပူက်င့္/ အေအးက်င့္တဲ့) ျပင္ဦးလြင္လမ္း အဆင္း၂၁မိုင္မွာ လူတခ်ိဳ႕ ကားဘီးေရေလာင္းတယ္။(က်ေနာ္လည္း ေလာင္းပါတယ္)။ ကားစက္ရပ္ၿပီး ခ်က္ခ်င္းမေလာင္းဘဲ ငါးမိနစ္ခန႔္ၾကာမွ ေနာက္တာယာကို အရင္ေလာင္းပါတယ္၊ ၿပီးမွကားေဂြကို ေလာင္းတယ္၊ ေနာက္ဆုံးမွ ဟတ္ဒရမ္ကို ေလာင္းတယ္။ေရွ႕ဘီးေလာင္းရင္ ညာဘက္ဘီးက အပူခ်ိန္အရမ္းမ်ားတယ္။ ေရွ႕ဘယ္ဘက္က ဘီးကို တာယာ၊ ဘက္ပလိတ္ျပား၊ ကားေဂြ၊ ေနာက္ကားဘရိတ္ disc ျပား အစဥ္လိုက္ ေရေလာင္းပါတယ္။

ေအာ္တိုဂီယာ ကားေလးေတြလည္း ဂီယာႀကီး ေျပာင္းသင့္တယ္… “ေနာက္ဆုံးမွ ညာဘက္ဘီးကိုေဖာ္ျပပါအတိုင္း ေလာင္းၿပီး “အဆုံးသတ္ပါတယ္။ (ပူလြန္းလို႔ ေရေတြ အေငြ႕ျပန္တဲ့ အထိပါဘဲ) တခ်ိဳ႕က ေရေလာင္းတာ လက္မခံ မႀကိဳက္ၾကပါဘူး။ ဘရိတ္ disc ေတြ drum ေတြ လန႔္ၿပီးကြဲတတ္လို႔ပါတဲ့။ (ဒီအတိုင္း ဆင္းၾကပါတယ္)။

ဘရိတ္ေပ်ာက္သြားတဲ့ က်ေနာ့သူငယ္ခ်င္း-

ဘရိတ္ရႈးျခမ္းပါးရင္/ ဘရိတ္သုံးတာမ်ားရင္ ဘရိတ္ေပ်ာက္သြားတတ္တယ္။ က်ေနာ့သူငယ္ခ်င္းတေယာက္ ျပင္ဦးလြင္အဆင္း ဘရိတ္ေပ်ာက္သြားဘူတယ္။ (ေတာင္ေျခ ၁၆ မိုင္မွာျဖစ္လို႔ ေတာ္ေသးတာေပါ့)။ ဘရိတ္ေပ်ာက္ရင္ ကားဘီးကို အေအးခံ/ ခနအနားေပးၿပီးမွ ျပန္ေမာင္းသင့္ပါတယ္။

ေရေလာင္းၿပီး ျပန္ထြက္မယ္ဆိုရင္….

ကားဘီးေရေလာင္းၿပီးရင္ စက္ႏိုးကာ ခ်က္ခ်င္းမထြက္သင့္ပါ။ ဘရိတ္ကို ႏွစ္ခ်က္ေလာက္ မိ/မမိ အရင္စမ္းၾကည့္ၿပီးမွ ဆက္ၿပီး ဆင္းသင့္ပါေၾကာင္း အႀကံျပဳ ေရးသားလိုက္ရပါတယ္။

Tin Lay Zaw

AC Auto Parts

(Unicode)

တောင်အဆင်းလမ်းမှာ… ကားဘီး ရေလောင်းတာဘာ့ကြောင့်လဲ?

(အော်တိုဂီယာ ကားလေးများ အဆင်းကြီးရင်ဂီယာကြီးနဲ့ ဆင်းကြပါ)

ပြင်ဦးလွင်ကနေ မန္တလေးကို အဆင်းလမ်းမှာ တွဲကားကြီးတွေ၊ ၁၂ဘီးကားကြီးတွေ ဆင်းလာရာမှာလမ်းတလျှောက် ကားဘီးကို ရေဖြန်းပြီး ဆင်းလာကြပါတယ်။ ဘာ့ကြောင့်ပါလည်း….?

တောင်အဆင်းလမ်းမှာ ”ဂီယာကြီးနဲ့ ဆင်းပါလို့” သတိပေးဆိုင်းဘုတ်တွေ ခြောက်ထပ်ကွေ့ မီးသတ်ကွေ့ အဆင်းမှာ တွေ့ရတယ်။

အဆင်းကြီး/ အဆင်းရှည်တော့ ဘရိတ် တအားသုံးရတယ်၊ ဘရိတ်ဆိုတဲ့အမျိုးက ပူလာရင် ပျောက်တတ်တယ်။ သတင်းတွေမှာရေးသလို ”ဘရိတ်ပေါက်တာ မဟုတ်ဘူးဗျ၊” ဘရိတ်ပျောက်သွားကြတာ။ အဲသလို ပူပြီး ဘရိတ်မပျောက်အောင် ကားဘီးကို ရေလောင်းပြီး ဆင်းကြတာ။

အဆင်းကြီးရင် ဂီယာနံပါတ် 2 ကို ဘရိတ်ထိန်းပြီးမှ ထည့်ပါတယ်…အော်တိုဂီယာ ကားလေးတွေလည်း ဂီယာကြီး ပြောင်းသင့်တယ်။ 12.4.2019 ကျနော်ပြင်ဦးလွင်က ဆင်းလာရာမှာ ၁၈ မိုင်ကွေ့ အဆင်းမှာ အိမ်စီးကား Suzukiကား အနက်ရောင် တဖက်ယာဉ်ကြောဝင်ပြီး ကျောက်နံရံဘက် ဦးတိုက်ဖင်ထောင်နေပါတယ်။ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျမှာကြောင့် တဖက်နံရံကို ပြေးဆောင့်တဲ့ သဘောပါဘဲ။ အော်တိုဂီယာဆိုပြီး အဆင်းမှာ ဂီယာကြီးကို ကားက အော်တိုပြောင်းမပေးပါ။ ဂီယာကြီး 2 သို့မဟုတ်ဝိတ်များရင် L ကိုပြောင်းပေးရပါမယ်။ အများစုက D ဖြင့် ဆင်းနေတာ တွေ့ရပါတယ်။ (တချို့က OD သုံးပြီး ဆင်းတယ်လို့ ဆိုတယ်) ကျနော်ကတော့ အဆင်းကြီးရင် ဂီယာနံပါတ် 2 ကို ဘရိတ်ထိန်းပြီးမှ ထည့်ပါတယ်။ အရှိန်ထိန်းသွားတာ အရမ်းသိသာပါတယ်။

ကားအသေးဘီးကို ရေလောင်းတာ မတူတဲ့အမြင်တချို့ –

(အပူကျင့်/ အအေးကျင့်တဲ့) ပြင်ဦးလွင်လမ်း အဆင်း၂၁မိုင်မှာ လူတချို့ ကားဘီးရေလောင်းတယ်။(ကျနော်လည်း လောင်းပါတယ်)။ ကားစက်ရပ်ပြီး ချက်ချင်းမလောင်းဘဲ ငါးမိနစ်ခန့်ကြာမှ နောက်တာယာကို အရင်လောင်းပါတယ်၊ ပြီးမှကားဂွေကို လောင်းတယ်၊ နောက်ဆုံးမှ ဟတ်ဒရမ်ကို လောင်းတယ်။ရှေ့ဘီးလောင်းရင် ညာဘက်ဘီးက အပူချိန်အရမ်းများတယ်။ ရှေ့ဘယ်ဘက်က ဘီးကို တာယာ၊ ဘက်ပလိတ်ပြား၊ ကားဂွေ၊ နောက်ကားဘရိတ် disc ပြား အစဉ်လိုက် ရေလောင်းပါတယ်။

အော်တိုဂီယာ ကားလေးတွေလည်း ဂီယာကြီး ပြောင်းသင့်တယ်… “နောက်ဆုံးမှ ညာဘက်ဘီးကိုဖော်ပြပါအတိုင်း လောင်းပြီး “အဆုံးသတ်ပါတယ်။ (ပူလွန်းလို့ ရေတွေ အငွေ့ပြန်တဲ့ အထိပါဘဲ) တချို့က ရေလောင်းတာ လက်မခံ မကြိုက်ကြပါဘူး။ ဘရိတ် disc တွေ drum တွေ လန့်ပြီးကွဲတတ်လို့ပါတဲ့။ (ဒီအတိုင်း ဆင်းကြပါတယ်)။

ဘရိတ်ပျောက်သွားတဲ့ ကျနော့သူငယ်ချင်း-

ဘရိတ်ရှုးခြမ်းပါးရင်/ ဘရိတ်သုံးတာများရင် ဘရိတ်ပျောက်သွားတတ်တယ်။ ကျနော့သူငယ်ချင်းတယောက် ပြင်ဦးလွင်အဆင်း ဘရိတ်ပျောက်သွားဘူတယ်။ (တောင်ခြေ ၁၆ မိုင်မှာဖြစ်လို့ တော်သေးတာပေါ့)။ ဘရိတ်ပျောက်ရင် ကားဘီးကို အအေးခံ/ ခနအနားပေးပြီးမှ ပြန်မောင်းသင့်ပါတယ်။

ရေလောင်းပြီး ပြန်ထွက်မယ်ဆိုရင်….

ကားဘီးရေလောင်းပြီးရင် စက်နိုးကာ ချက်ချင်းမထွက်သင့်ပါ။ ဘရိတ်ကို နှစ်ချက်လောက် မိ/မမိ အရင်စမ်းကြည့်ပြီးမှ ဆက်ပြီး ဆင်းသင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။

Tin Lay Zaw

AC Auto Parts

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top