ဗဟုတုသ

နဝရတ် ကိုးပါး၏ အစွမ်းသတ္တိများ

(Zawgyi)

န၀ရတ္ ကိုးပါး၏ အစြမ္းသတၱိမ်ား

၁။ ပတၱျမား – ဘုန္းႀကီးျခင္း။

၂။ ျမ – ေအးခ်မ္းမႈရွိျခင္း။

၃။ စိန္ – ဂုဏ္ပညာျမင့္မားျခင္း။

၄။ နီလာ – ေမတၱာစြမ္းအားစူးရွျခင္း။

၅။ ေဂၚမုတ္ – ခြန္အားႀကီးမားျခင္း။

၆။ ဥႆဖယား – က်န္းမာျခင္း။

၇။ သႏၲာ – အျမင့္သို႔တက္လွမ္းလြယ္ျခင္း။

၈။ ေၾကာင္ – ခ်စ္ခင္သူမ်ားျခင္း။

၉။ ပုလဲ – က်က္သေရရွိျခင္း။

၁။ ပတၱျမား (ဘုန္းႀကီးျခင္း)

အေရာင္းအဝယ္ ျပဳသူမ်ား၊ ကုန္စည္ ကူးသန္းသူမ်ား အတြက္ ပတၱျမားဟာ မရွိမျဖစ္ လာဘ္ပြင့္ ေစတဲ့ အေဆာင္ေက်ာက္္ျဖစ္ပါတယ္။ အလုပ္စီးပြားအတြက္ ခရီးထြက္ လႈပ္ရွားတဲ့အခါ လူနဲ႕အတူ သယ္ေဆာင္သြားပါက အလိုရွိရာ ျပည့္စံုျခင္း၊ ေအာင္ျမင္ျခင္း အစြမ္းသတၱိရွိပါတယ္။

၂။ ျမ (ေအးခ်မ္းမႈရွိျခင္း)

ေနနဲ႔လ၊ ေရႊနဲ႔ျမ ဆိုသကဲ့သို႔ လိုက္ဖက္ညီေထြရွိၿပီး ေအးခ်မ္းတဲ့ အစြမ္းသတၱိကို ေဆာင္လုိ႔ ျမန္မာလူမ်ိဳးတို႔ အလြန္တန္ဖိုးထားတဲ့ ရတနာတစ္ပါး ျဖစ္ပါတယ္။

၃။ စိန္ (ဂုဏ္ပညာျမင့္မားျခင္း)

စိန္ကို ေက်ာက္မ်က္တို႔၏ ဘုရင္ဟုပင္ ေခၚသည္။ ေက်ာက္မ်က္အမ်ိဳးေပါင္း ၁၂၀-ခန္႔ရွိသည့္အနက္ စိန္သည္ အမာဆံုးေသာ ေက်ာက္မ်က္ျဖစ္သည္။စိန္သည္ ေအာင္ျမင္သူ တစ္ဦးျဖစ္ေၾကာင္း ေႂကြးေၾကာ္ ေအာင္ပြဲခံျခင္း အစြမ္းသတၱိရွိသည္။ ကမၻာတစ္ဝန္းရွိ ဂမီၻရ ပညာရွင္မ်ားသည္ စိန္ကို ခ်စ္ျခင္း ေမတၲာရဲ႕ သေကၤတ (symbol of love) ဟုလည္း ေခၚဆိုခဲ့ၾကသည္။

၄။ နီလာ (ေမတၱာစြမ္းအားစူးရွျခင္း)

နီလာေက်ာက္သည္ သူတပါး၏ေမတၱာကို ရရွိသည္။ လူတို႔၏ ခ်စ္ခင္ျမတ္ႏိုးမႈကို ရရွိသည္။ ရန္အေပါင္းမွ ကာကြယ္ႏိုင္သည္ စသည္မ်ားကို စြမ္းေဆာင္ႏိုင္သည္ဟု သိရသည္။

၅။ ေဂၚမုတ္ (ခြန္အားႀကီးမားျခင္း)

ေဂၚမုတ္ေက်ာက္သည္ ခြန္အားႀကီးျခင္း၊ က်န္းမာျခင္း၊ ရန္သူကို ေအာင္ႏိုင္ျခင္း စသည္မ်ားကို စြမ္းေဆာင္ႏိုင္သည္ဟု သိရသည္။

၆။ ဥႆဖယား (က်န္းမာျခင္း)

ဥႆဖယားေက်ာက္သည္ က်န္းမာေရး ေကာင္းမြန္မႈကို ေပးစြမ္းႏိုင္ျခင္း၊ စိတ္ခ်မ္းသာျခင္း၊ စီးပြားလာဘ္လာဘ ေကာင္းျခင္း စသည္မ်ားကို စြမ္းေဆာင္ႏိုင္သည္ဟု ဆိုသည္။

၇။ သႏၲာ (ႀကီးကဲ/အျမင့္သို႔တက္လွမ္းလြယ္ျခင္း)

သႏၲာေက်ာက္သည္ အႀကီးအကဲျဖစ္ျခင္း၊ ေခါင္းေဆာင္ျဖစ္ျခင္း၊ သူတပါးအက်ိဳးကို ေဆာင္ရြက္ႏိုင္ျခင္း၊ ရန္သူကို ေအာင္ႏိုင္ျခင္း စသည္မ်ားကို စြမ္းေဆာင္ႏိုင္သည္ဟု ဆိုသည္။

၈။ ေၾကာင္ (သိဒိၶ/ခ်စ္ခင္သူမ်ားျခင္း)

ေၾကာင္ေက်ာက္သည္ သိဒၶိၿပီးေျမာက္သည္၊ ေအာင္ျမင္သည္၊ တန္ခိုးရွိသည္ စသည္မ်ားကို စြမ္းေဆာင္ႏိုင္သည္ဟု သိရသည္။

၉။ ပုလဲ (က်က္သေရရွိျခင္း)

ပုလဲရတနာသည္ က်က္သေရရွိျခင္း၊ လူ၊ နတ္၊ ခ်စ္ခင္ျခင္း၊ က်န္းမာျခင္း၊ အႏၲရာယ္ကင္းျခင္း စသည္မ်ားကို စြမ္းေဆာင္ႏိုင္သည္ဟု သိရသည္။လူတစ္ဦး တစ္ေယာက္ ၾကံဳေတြ႕ရမယ့္ ေလာကဓံ အဆိုးမ်ားကို ေလ်ာ့ပါး ေျပေပ်ာက္ေစတယ္။ ပုလဲမွာ အၾကင္နာ၊ ေမတၱာ၊သနား၊ဂရုဏာ၊ စာနာနားလည္မႈ၊ ရိုင္းပင္းမႈ တို႔ကို ျဖစ္ေပၚေစတဲ့ ဓာတ္သဘာဝႏွင့္ အစြမ္းသတၱိမ်ား ခိုေအာင္းေနပါတယ္။

ေန႔သင့္နံသင့္အေဆာင္အျဖစ္ အသုံးျပဳေသာ ေက်ာက္မ်က္ရတနာမ်ားမွာ

၁။ တနဂၤေႏြ = ေက်ာက္နီ/ပတၱျမား

၂။ တနလၤာ = ပုလဲ

၃။ အဂၤါ = သႏၲာ

၄။ ဗုဒၶဟူး = ျမ

၅။ ၾကာသပေတး = ဥႆဖယား

၆။ ေသာၾကာ = စိန္

၇။ စေန = နီလာ

၈။ ရာဟု = ေဂၚမုတ္ တို႔ျဖစ္ၾကပါ၏။

ကိုယ္ႏွင့္လိုက္ဖက္သင့္ေလ်ာ္ေသာ ေက်ာက္မ်က္ရတနာမ်ားကို ေရြးခ်ယ္ဝတ္ဆင္ရင္း က်န္းမာေပ်ာ္ရႊင္ၾကပါေစ။

Credit – Original Poster

(Unicode)

နဝရတ် ကိုးပါး၏ အစွမ်းသတ္တိများ

၁။ ပတ္တမြား – ဘုန်းကြီးခြင်း။

၂။ မြ – အေးချမ်းမှုရှိခြင်း။

၃။ စိန် – ဂုဏ်ပညာမြင့်မားခြင်း။

၄။ နီလာ – မေတ္တာစွမ်းအားစူးရှခြင်း။

၅။ ဂေါ်မုတ် – ခွန်အားကြီးမားခြင်း။

၆။ ဥဿဖယား – ကျန်းမာခြင်း။

၇။ သန္တာ – အမြင့်သို့တက်လှမ်းလွယ်ခြင်း။

၈။ ကြောင် – ချစ်ခင်သူများခြင်း။

၉။ ပုလဲ – ကျက်သရေရှိခြင်း။

၁။ ပတ္တမြား (ဘုန်းကြီးခြင်း)

အရောင်းအဝယ် ပြုသူများ၊ ကုန်စည် ကူးသန်းသူများ အတွက် ပတ္တမြားဟာ မရှိမဖြစ် လာဘ်ပွင့် စေတဲ့ အဆောင်ကျောက်ဖြစ်ပါတယ်။ အလုပ်စီးပွားအတွက် ခရီးထွက် လှုပ်ရှားတဲ့အခါ လူနဲ့အတူ သယ်ဆောင်သွားပါက အလိုရှိရာ ပြည့်စုံခြင်း၊ အောင်မြင်ခြင်း အစွမ်းသတ္တိရှိပါတယ်။

၂။ မြ (အေးချမ်းမှုရှိခြင်း)

နေနဲ့လ၊ ရွှေနဲ့မြ ဆိုသကဲ့သို့ လိုက်ဖက်ညီထွေရှိပြီး အေးချမ်းတဲ့ အစွမ်းသတ္တိကို ဆောင်လို့ မြန်မာလူမျိုးတို့ အလွန်တန်ဖိုးထားတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။

၃။ စိန် (ဂုဏ်ပညာမြင့်မားခြင်း)

စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင် ခေါ်သည်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀-ခန့်ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။စိန်သည် အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံခြင်း အစွမ်းသတ္တိရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များသည် စိန်ကို ချစ်ခြင်း မေတ္တာရဲ့ သင်္ကေတ (symbol of love) ဟုလည်း ခေါ်ဆိုခဲ့ကြသည်။

၄။ နီလာ (မေတ္တာစွမ်းအားစူးရှခြင်း)

နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၅။ ဂေါ်မုတ် (ခွန်အားကြီးမားခြင်း)

ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၆။ ဥဿဖယား (ကျန်းမာခြင်း)

ဥဿဖယားကျောက်သည် ကျန်းမာရေး ကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။

၇။ သန္တာ (ကြီးကဲ/အမြင့်သို့တက်လှမ်းလွယ်ခြင်း)

သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။

၈။ ကြောင် (သိဒ္ဓိ/ချစ်ခင်သူများခြင်း)

ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၉။ ပုလဲ (ကျက်သရေရှိခြင်း)

ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊ နတ်၊ ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရာယ်ကင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။လူတစ်ဦး တစ်ယောက် ကြုံတွေ့ရမယ့် လောကဓံ အဆိုးများကို လျော့ပါး ပြေပျောက်စေတယ်။ ပုလဲမှာ အကြင်နာ၊ မေတ္တာ၊သနား၊ဂရုဏာ၊ စာနာနားလည်မှု၊ ရိုင်းပင်းမှု တို့ကို ဖြစ်ပေါ်စေတဲ့ ဓာတ်သဘာဝနှင့် အစွမ်းသတ္တိများ ခိုအောင်းနေပါတယ်။

နေ့သင့်နံသင့်အဆောင်အဖြစ် အသုံးပြုသော ကျောက်မျက်ရတနာများမှာ

၁။ တနင်္ဂနွေ = ကျောက်နီ/ပတ္တမြား

၂။ တနင်္လာ = ပုလဲ

၃။ အင်္ဂါ = သန္တာ

၄။ ဗုဒ္ဓဟူး = မြ

၅။ ကြာသပတေး = ဥဿဖယား

၆။ သောကြာ = စိန်

၇။ စနေ = နီလာ

၈။ ရာဟု = ဂေါ်မုတ် တို့ဖြစ်ကြပါ၏။

ကိုယ်နှင့်လိုက်ဖက်သင့်လျော်သော ကျောက်မျက်ရတနာများကို ရွေးချယ်ဝတ်ဆင်ရင်း ကျန်းမာပျော်ရွှင်ကြပါစေ။

Credit – Original Poster

Leave a Reply

Your email address will not be published. Required fields are marked *