ဗဟုတုသ

ကြော်မလား၊ သုပ်မလား။ ကိုယ်တိုင်လုပ် တို့ဟူး အကောင်းစား။

(Zawgyi)

ေၾကာ္မလား၊ သုပ္မလား။ Homemade တိုဟူး။

၁။ ပဲ အစိမ္းမႈန႔္ (ထမင္းေပါင္းအိုး ဆန္ခ်င္ခြက္ ၂ခြက္)

၂။ ပဲမႈန႔္ေတြအားလုံး ေပ်ာ္သည္အထိ ေရနဲ႔ေဖ်ာ္ရပါမယ္။ ထြက္လာတဲ့ အျမႇဳပ္ေတြကို ခပ္ထုတ္ပစ္ပါ။

၃။ (၃)နာရီပိုပို စိမ္ထားပါက အေပၚအရည္ၾကည္နဲ႔ ပဲအႏွစ္ (၂)လႊာကြဲလာပါမယ္။

၄။ တိုဟူးက်ိဳဖို႔ ပဲအႏွစ္ကိုပဲ ယူပါမယ္။

၅။ ေရ ထမင္းေပါင္းအိုးဆန္ခ်င္ခြက္(၅)ခြက္ ( တိုဟူးက်ိဳတဲ့အခါ သုံးတဲ့ေရပမာဏ မွန္ဖို႔အလြန္အေရးႀကီးပါတယ္။ ေရမ်ားရင္ က်ိဳခ်ိန္ၾကာၿပီး ေရက်န္ပါက တိုဟူး ေပ်ာ့ၿပဲၿပီး မခဲပဲ ျဖစ္တတ္ပါတယ္။ ေရနည္းပါက တိုဟူး မာဆတ္ဆတ္နဲ႔ပဲအစိမ္းနံ႔ က်န္တတ္ပါတယ္။) ေရထဲဆား/ဆႏြင္းအနည္းငယ္၊ ဆီထမင္းစားဇြန္း(၁)ဇြန္းထည့္ၿပီး ပူ႐ုံ (အိုးေအာက္ပိုင္းေရသီးထ႐ုံ) အေနအထားမွာ ပဲအႏွစ္ေတြ ေလာင္းထည့္ၿပီး နာရီလက္တံအတိုင္း အဆက္မျပတ္ေမႊရပါမယ္။ (ေရဆူေအာင္မလုပ္ရပါ။)

၆။ ပဲရည္ေတြ တေျဖးေျဖးပ်စ္လာၿပီး ေမႊဖို႔ခက္လာပါမယ္။ ပဲရည္ေတြ တခါတရံ ေပါက္စဥ္တတ္လို႔ မီးအတိုးအဆုတ္လုပ္ေပးရပါမယ္။

၇။ ပဲရည္ေတြကို ေယာင္းမနဲ႔ ေကာ္ၾကည့္ပါက ေညႇာင္ေစးတန္းတဲ့အေနအထားဆိုရင္ ပဲစိမ္းနံ႔လည္းေပ်ာက္ ဆီပါးပါးသုတ္ထားတဲ့ ဘန္းထဲသြန္ေလာင္းထည့္ုၿပီး အေအးခံ ေပးရပါမယ္။ ေရနဲ႔ပဲမႈန႔္အခ်ိဳးအဆ မွန္ရင္ တိုဟူးက်ိဳဖို႔ အခက္အခဲမရွိပါ။

Credit – Mo Win Myint အေမ့စိတ္ကူးလက္ရာ

(Unicode)

ကြော်မလား၊ သုပ်မလား။ Homemade တိုဟူး။

၁။ ပဲ အစိမ်းမှုန့် (ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ခွက်)

၂။ ပဲမှုန့်တွေအားလုံး ပျော်သည်အထိ ရေနဲ့ဖျော်ရပါမယ်။ ထွက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ပစ်ပါ။

၃။ (၃)နာရီပိုပို စိမ်ထားပါက အပေါ်အရည်ကြည်နဲ့ ပဲအနှစ် (၂)လွှာကွဲလာပါမယ်။

၄။ တိုဟူးကျိုဖို့ ပဲအနှစ်ကိုပဲ ယူပါမယ်။

၅။ ရေ ထမင်းပေါင်းအိုးဆန်ချင်ခွက်(၅)ခွက် ( တိုဟူးကျိုတဲ့အခါ သုံးတဲ့ရေပမာဏ မှန်ဖို့အလွန်အရေးကြီးပါတယ်။ ရေများရင် ကျိုချိန်ကြာပြီး ရေကျန်ပါက တိုဟူး ပျော့ပြဲပြီး မခဲပဲ ဖြစ်တတ်ပါတယ်။ ရေနည်းပါက တိုဟူး မာဆတ်ဆတ်နဲ့ပဲအစိမ်းနံ့ ကျန်တတ်ပါတယ်။) ရေထဲဆား/ဆနွင်းအနည်းငယ်၊ ဆီထမင်းစားဇွန်း(၁)ဇွန်းထည့်ပြီး ပူရုံ (အိုးအောက်ပိုင်းရေသီးထရုံ) အနေအထားမှာ ပဲအနှစ်တွေ လောင်းထည့်ပြီး နာရီလက်တံအတိုင်း အဆက်မပြတ်မွှေရပါမယ်။ (ရေဆူအောင်မလုပ်ရပါ။)

၆။ ပဲရည်တွေ တဖြေးဖြေးပျစ်လာပြီး မွှေဖို့ခက်လာပါမယ်။ ပဲရည်တွေ တခါတရံ ပေါက်စဉ်တတ်လို့ မီးအတိုးအဆုတ်လုပ်ပေးရပါမယ်။

၇။ ပဲရည်တွေကို ယောင်းမနဲ့ ကော်ကြည့်ပါက ညှောင်စေးတန်းတဲ့အနေအထားဆိုရင် ပဲစိမ်းနံ့လည်းပျောက် ဆီပါးပါးသုတ်ထားတဲ့ ဘန်းထဲသွန်လောင်းထည့်ုပြီး အအေးခံ ပေးရပါမယ်။ ရေနဲ့ပဲမှုန့်အချိုးအဆ မှန်ရင် တိုဟူးကျိုဖို့ အခက်အခဲမရှိပါ။

Credit – Mo Win Myint အမေ့စိတ်ကူးလက်ရာ

Leave a Reply

Your email address will not be published. Required fields are marked *