ဗဟုတုသ

ယာဥ္ေမာင္းလိုင္စင္ ေပ်ာက္သြားခဲ့ရင္ ျပန္ေလွ်ာက္နည္း။ ဒီေန႔ေလွ်ာက္ ဒီေန႔ရတယ္။

(Zawgyi)

ယာဥ္ေမာင္းလိုင္စင္ ေပ်ာက္သြားခဲ့ရင္ ျပန္ေလွ်ာက္နည္း။ ဒီေန႔ေလွ်ာက္ ဒီေန႔ရတယ္။

ယာဥ္ေမာင္းလိုင္စင္ ေပ်ာက္သြားခဲ့ရင္ ဒီလိုျပန္ေလွ်ာက္

သင္ကိုင္ထားတဲ့ ယာဥ္ေမာင္းလိုင္စင္ ေပ်ာက္ဆုံးသြားတယ္ဆိုရင္ ဘာမွစိတ္ပူမေနနဲ႔။ ဒီလိုေလးျပန္ေလွ်ာက္။ ဒီေန႔ေလွ်ာက္ ဒီေန႔ျပန္ရတယ္။ မွတ္ပုံတင္မူရင္းရယ္ မိတၳဴရယ္ ယာဥ္ထိန္းေထာက္ခံစာရယ္ပဲလိုတာ အဲ့ဒီသုံးမ်ိဳးစုံရင္ ကညနမွာျပန္ေလွ်ာက္ ျပန္ရေရာ။

အဲ့ တစ္ခုေတာ့ရွိတယ္ ယာဥ္ထိန္းေထာက္ခံစာဟာ မိမိရဲ႕ ယာဥ္ေမာင္းလိုင္စင္ နံပါတ္ေျပာျပႏိုင္မွ ေထာက္ခံစာေရးလို႔ ရမွာမို႔ မိမိေပ်ာက္ဆုံးသြားတဲ့ ယာဥ္ေမာင္းလိုင္စင္ရဲ႕ နံပါတ္ေတာ့ မွတ္မိရမယ္ေနာ္။ ႐ိုက္ထားတဲ့ပုံေတြ ကူးခဲ့ဖူးတဲ့ မိတၳဴေတြရွိရင္ အဲ့ထဲမွာျပန္ၾကည့္ေပါ့။

မဟုတ္ဘူး ဘယ္လိုမွကိုမမွတ္မိေတာ့ဘူး ျပန္ၾကည့္စရာလဲ ဘာမွမရွိဘူး ဆိုခဲ့ရင္ျဖင့္လည္း စိတ္မပူပါနဲ႔ ဒီလိုေလးလုပ္။

မွတ္ပုံတင္ယူသြားၿပီး ကညနမွာ ကြၽန္ေတာ့္ ယာဥ္ေမာင္းလိုင္စင္ေလး ေပ်ာက္သြားတာ ျပန္ေလွ်ာက္ခ်င္လို႔ နံပါတ္မမွတ္မိေတာ့လို႔ နံပါတ္ေလး သိခ်င္လို႔ပါခင္ဗ်ာ လို႔ေျပာၿပီး အကူအညီေတာင္း ရွာေပးပါတယ္ နံပါတ္ရလာပါလိမ့္မယ္။

ကဲ ဘာအခက္အခဲရွိေသးလဲ အားလုံး OK ေနာ္။ ေအာ္ ကုန္က်စရိတ္လား ေျပာျပေပးပါ့မယ္။ ယာဥ္ေမာင္းလိုင္စင္ အလိုက္ ေပ်ာက္ဆုံးသြားလို႔ ျပန္ေလွ်ာက္တဲ့အခါ ဒီေလာက္ကုန္ပါတယ္.

“သ” ယာဥ္ေမာင္းလိုင္စင္ ၃၀၀၀

“က-၁” ယာဥ္ေမာင္းလိုင္စင္ ၅၀၀၀

“က” ယာဥ္ေမာင္းလိုင္စင္ ၈၀၀၀

“ခ” ယာဥ္ေမာင္းလိုင္စင္ ၃၀၀၀၀

“ဂ” ယာဥ္ေမာင္းလိုင္စင္ ၃၀၀၀၀

“ဃ” ယာဥ္ေမာင္းလိုင္စင္ ၃၀၀၀၀

“င” ယာဥ္ေမာင္းလိုင္စင္ ၅၀၀၀၀

“ဌ” “ဟ”ယာဥ္ေမာင္းလိုင္စင္ ၁၀၀၀၀

“စ” စပယ္ယာလိုင္စင္ ၅၀၀၀

သက္တမ္းလြန္တာေတြ ဘာေတြညာေတြဆိုရင္ေတာ့ သက္တမ္းလြန္ေၾကးက သက္သက္ပါေနာ္။

Credit – ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)

ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ပြန်လျှောက်နည်း။ ဒီနေ့လျှောက် ဒီနေ့ရတယ်။

ယာဉ်မောင်းလိုင်စင် ပျောက်သွားခဲ့ရင် ဒီလိုပြန်လျှောက်

သင်ကိုင်ထားတဲ့ ယာဉ်မောင်းလိုင်စင် ပျောက်ဆုံးသွားတယ်ဆိုရင် ဘာမှစိတ်ပူမနေနဲ့။ ဒီလိုလေးပြန်လျှောက်။ ဒီနေ့လျှောက် ဒီနေ့ပြန်ရတယ်။ မှတ်ပုံတင်မူရင်းရယ် မိတ္ထူရယ် ယာဉ်ထိန်းထောက်ခံစာရယ်ပဲလိုတာ အဲ့ဒီသုံးမျိုးစုံရင် ကညနမှာပြန်လျှောက် ပြန်ရရော။

အဲ့ တစ်ခုတော့ရှိတယ် ယာဉ်ထိန်းထောက်ခံစာဟာ မိမိရဲ့ ယာဉ်မောင်းလိုင်စင် နံပါတ်ပြောပြနိုင်မှ ထောက်ခံစာရေးလို့ ရမှာမို့ မိမိပျောက်ဆုံးသွားတဲ့ ယာဉ်မောင်းလိုင်စင်ရဲ့ နံပါတ်တော့ မှတ်မိရမယ်နော်။ ရိုက်ထားတဲ့ပုံတွေ ကူးခဲ့ဖူးတဲ့ မိတ္ထူတွေရှိရင် အဲ့ထဲမှာပြန်ကြည့်ပေါ့။

မဟုတ်ဘူး ဘယ်လိုမှကိုမမှတ်မိတော့ဘူး ပြန်ကြည့်စရာလဲ ဘာမှမရှိဘူး ဆိုခဲ့ရင်ဖြင့်လည်း စိတ်မပူပါနဲ့ ဒီလိုလေးလုပ်။

မှတ်ပုံတင်ယူသွားပြီး ကညနမှာ ကျွန်တော့် ယာဉ်မောင်းလိုင်စင်လေး ပျောက်သွားတာ ပြန်လျှောက်ချင်လို့ နံပါတ်မမှတ်မိတော့လို့ နံပါတ်လေး သိချင်လို့ပါခင်ဗျာ လို့ပြောပြီး အကူအညီတောင်း ရှာပေးပါတယ် နံပါတ်ရလာပါလိမ့်မယ်။

ကဲ ဘာအခက်အခဲရှိသေးလဲ အားလုံး OK နော်။ အော် ကုန်ကျစရိတ်လား ပြောပြပေးပါ့မယ်။ ယာဉ်မောင်းလိုင်စင် အလိုက် ပျောက်ဆုံးသွားလို့ ပြန်လျှောက်တဲ့အခါ ဒီလောက်ကုန်ပါတယ်.

“သ” ယာဉ်မောင်းလိုင်စင် ၃၀၀၀

“က-၁” ယာဉ်မောင်းလိုင်စင် ၅၀၀၀

“က” ယာဉ်မောင်းလိုင်စင် ၈၀၀၀

“ခ” ယာဉ်မောင်းလိုင်စင် ၃၀၀၀၀

“ဂ” ယာဉ်မောင်းလိုင်စင် ၃၀၀၀၀

“ဃ” ယာဉ်မောင်းလိုင်စင် ၃၀၀၀၀

“င” ယာဉ်မောင်းလိုင်စင် ၅၀၀၀၀

“ဌ” “ဟ”ယာဉ်မောင်းလိုင်စင် ၁၀၀၀၀

“စ” စပယ်ယာလိုင်စင် ၅၀၀၀

သက်တမ်းလွန်တာတွေ ဘာတွေညာတွေဆိုရင်တော့ သက်တမ်းလွန်ကြေးက သက်သက်ပါနော်။

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *