ဖရဲသီး ဝယ္ရင္ အသီးေကာင္းမေကာင္း ခ်ိဳမခ်ိဳ ေ႐ြးနည္း

(Zawgyi)

ဖရဲသီး ဝယ္ရင္ အသီးေကာင္းမေကာင္း ခ်ိဳမခ်ိဳ ေ႐ြးနည္း

အရင္တုန္းကေတာ့ ဖရဲသီး စားခ်င္ရင္ ေႏြရာသီပဲ စားရတာ။ ခုေတာ့ ဖရဲသီးက အခ်ိန္တိုင္း စားလို႔ရေနၿပီ။ ဖရဲသီး စားရတဲ့အခါ ရင္ထဲမွာ ေအးသြားေရာ။ ဖရဲသီး ႀကိဳက္တယ္ဆို ဖရဲသီးေကာင္းေကာင္း ေ႐ြးတတ္ဖို႔လိုတယ္။

ကိုယ္က မေ႐ြးတတ္ဘဲ အလုံးႀကီးရင္ ၿပီးေရာဆိုၿပီး စြတ္ဝယ္လာၿပီးမွ ဖရဲသီးႏုလို႔ လႊင့္ပစ္လိုက္ရတာ ႏွေမ်ာစရာႀကီး။ဒီေတာ့ မဝယ္ခင္တည္းကေန ဖရဲသီးေကာင္းေကာင္းကို ေ႐ြးတတ္ဖို႔လိုတယ္။ ေဈးသည္ကိုေ႐ြးခိုင္းရင္ ဂ်င္းထည့္ခံရမွာ။

ဖရဲသီး ေ႐ြးမယ္ဆို ဖရဲသီး ေအာက္ေျခနားေလးကို ၾကည့္ပါ။ ဖရဲသီး အညႇာနဲ႔ ေျမျပင္နဲ႔ ထိတဲ့ေနရာေလးက ျဖဴေနရင္ ဖရဲသီးေကာင္းျဖစ္ပါတယ္။ ဝါေနရင္ေတာ့ ရွယ္ဖရဲသီး ျဖစ္သြားၿပီ။

ဖရဲသီး အလုံးက ခပ္ရွည္ရွည္ဆိုရင္ အရည္႐ႊမ္းတယ္၊ ပုဝိုင္းဝိုင္းေလးဆို အရသာက ခ်ိဳတယ္။ ဖရဲသီး အညႇာမေႂကြေသးဘူးဆိုရင္ အညႇာကို ၾကည့္လိုက္ပါ။ အညႇာေလး က ေျခာက္ေသြ႕မေနဘဲ စိမ္းေနတယ္ဆို ဖရဲသီးက မမွည့္ေသးပါဘူး။ ႏုပါေသးတယ္။

Credit – မူရင္းေရးသားသူ

Via – Wunyun

(Unicode)

ဖရဲသီး ဝယ်ရင် အသီးကောင်းမကောင်း ချိုမချို ရွေးနည်း

အရင်တုန်းကတော့ ဖရဲသီး စားချင်ရင် နွေရာသီပဲ စားရတာ။ ခုတော့ ဖရဲသီးက အချိန်တိုင်း စားလို့ရနေပြီ။ ဖရဲသီး စားရတဲ့အခါ ရင်ထဲမှာ အေးသွားရော။ ဖရဲသီး ကြိုက်တယ်ဆို ဖရဲသီးကောင်းကောင်း ရွေးတတ်ဖို့လိုတယ်။

ကိုယ်က မရွေးတတ်ဘဲ အလုံးကြီးရင် ပြီးရောဆိုပြီး စွတ်ဝယ်လာပြီးမှ ဖရဲသီးနုလို့ လွှင့်ပစ်လိုက်ရတာ နှမျောစရာကြီး။ဒီတော့ မဝယ်ခင်တည်းကနေ ဖရဲသီးကောင်းကောင်းကို ရွေးတတ်ဖို့လိုတယ်။ ဈေးသည်ကိုရွေးခိုင်းရင် ဂျင်းထည့်ခံရမှာ။

ဖရဲသီး ရွေးမယ်ဆို ဖရဲသီး အောက်ခြေနားလေးကို ကြည့်ပါ။ ဖရဲသီး အညှာနဲ့ မြေပြင်နဲ့ ထိတဲ့နေရာလေးက ဖြူနေရင် ဖရဲသီးကောင်းဖြစ်ပါတယ်။ ဝါနေရင်တော့ ရှယ်ဖရဲသီး ဖြစ်သွားပြီ။

ဖရဲသီး အလုံးက ခပ်ရှည်ရှည်ဆိုရင် အရည်ရွှမ်းတယ်၊ ပုဝိုင်းဝိုင်းလေးဆို အရသာက ချိုတယ်။ ဖရဲသီး အညှာမကြွေသေးဘူးဆိုရင် အညှာကို ကြည့်လိုက်ပါ။ အညှာလေး က ခြောက်သွေ့မနေဘဲ စိမ်းနေတယ်ဆို ဖရဲသီးက မမှည့်သေးပါဘူး။ နုပါသေးတယ်။

Credit – မူရင်းရေးသားသူ

Via – Wunyun

Comments

Leave a Reply

Your email address will not be published. Required fields are marked *