ဗဟုတုသ

ရာသီဥတုပူလာလို႔ သင့္ကားကို အနက္ေရာင္စေတကာ ကပ္မယ္ဆိုရင္ ဒါေလးသိထားပါ။

(Zawgyi)

ရာသီဥတုပူလာလို႔ သင့္ကားကို အနက္ေရာင္စေတကာ ကပ္မယ္ဆိုရင္ ဒါေလးသိထားပါ။

ရာသီဥတုေၾကာင့္ အနက္ေရာင္စေတကာ ကပ္ခ်င္ေနတဲ့ ကြၽန္ေတာ့္ယာဥ္ေမာင္းေတြ ရွိၾကပါလိမ့္မယ္။ စေတကာအမဲႀကီးေတြကပ္လို႔ အၿမဲတမ္း စည္းကမ္းလိုက္နာခဲ့တဲ့ ယာဥ္ေမာင္းေတြျဖစ္တဲ့အတြက္ စည္းကမ္းေဖါက္ရာ က်သြားမွာကို စိုးရိမ္ေနတဲ့ ယာဥ္ေမာင္းေကာင္းေတြလည္း ရွိေနပါလိမ့္မယ္။

ဘယ္လိုရာခိုင္ႏႈန္းနဲ႔ ဘယ္လိုကပ္ခြင့္ရွိတာလဲ ဆိုတာကို တိတိက်က် မသိတာလည္းပါတာေပါ့။ ဒါေၾကာင့္ ယာဥ္အသုံးျပဳသူ ညီအကိုေတြအတြက္ အနက္ေရာင္စေတကာ ရာခိုင္ႏႈန္းေလးကို ဒီလိုေျပာျပခ်င္ပါတယ္။

ၾကားဖူးထားၾကတဲ့အတိုင္း ၆၀ ၄၀ ပါ။ ျမင္ႏိုင္စြမ္း ၆၀၊ မျမင္ႏိုင္စြမ္း ၄၀ ပါ။ ပိုၿပီးနားလည္ေအာင္ ထပ္ရွင္းျပရရင္ ျမင္ႏိုင္စြမ္း ၆၀ ဆိုတာ ကားထဲမွာရွိတဲ့ လူ၊ အရာဝတၳဳစသည္တို႔ကို ၆၀ ရာခိုင္ႏႈန္း ေကာင္းစြာျမင္ရျခင္းကို ဆိုလိုပါတယ္။ မျမင္ႏိုင္စြမ္း ၄၀ ဆိုတာကေတာ့ ကားထဲမွာရွိတဲ့ လူ၊ အရာဝတၳဳစသည္တို႔ကို ၄၀ ရာခိုင္ႏႈန္း မျမင္ရျခင္းကို ဆိုလိုပါတယ္။

ျမင္ႏိုင္စြမ္း ၆၀% မျမင္ႏိုင္စြမ္း ၄၀% ဆိုတာ အဲ့ဒီလိုအဓိပၸါယ္ပါခင္ဗ်ာ။ ဒီေတာ့ မိမိကားကို စေတကာကပ္ခ်င္လို႔ ဆိုင္မွာေရာက္တဲ့အခါ ျမင္ႏိုင္စြမ္း ၆၀ မျမင္ႏိုင္စြမ္း ၄၀ လို႔ေသခ်ာေျပာဆိုရင္း စေတကာနဲ႔ပတ္သတ္လို႔ စည္းကမ္းေဖါက္ရာၾကေနမလားဆိုတဲ့စိတ္ေလး ပ်ယ္ေဖါက္လိုက္လို႔ရပါၿပီ။

မွတ္ခ်က္။ ။ အငွားယာဥ္မ်ား / AA, BB, CC စသည့္ Taxi ယာဥ္မ်ားကေတာ့ စေတကာအမဲ၊ လိုက္ကာတပ္ဆင္ျခင္း၊ေလစုပ္ခြက္၊ ေၾကာ္ျငာကပ္ျခင္းမ်ား ျပဳလုပ္ေမာင္ႏွင္ျခင္းမျပဳရလို႔ ယမန္ႏွစ္ကထဲက စာထုတ္ျပန္ထားသည္ကို ေတြ႕ရပါသည္။

Credit – ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

(Unicode)

ရာသီဥတုကြောင့် အနက်ရောင်စတေကာ ကပ်ချင်နေတဲ့ ကျွန်တော့်ယာဉ်မောင်းတွေ ရှိကြပါလိမ့်မယ်။ စတေကာအမဲကြီးတွေကပ်လို့ အမြဲတမ်း စည်းကမ်းလိုက်နာခဲ့တဲ့ ယာဉ်မောင်းတွေဖြစ်တဲ့အတွက် စည်းကမ်းဖေါက်ရာ ကျသွားမှာကို စိုးရိမ်နေတဲ့ ယာဉ်မောင်းကောင်းတွေလည်း ရှိနေပါလိမ့်မယ်။

ဘယ်လိုရာခိုင်နှုန်းနဲ့ ဘယ်လိုကပ်ခွင့်ရှိတာလဲ ဆိုတာကို တိတိကျကျ မသိတာလည်းပါတာပေါ့။ ဒါကြောင့် ယာဉ်အသုံးပြုသူ ညီအကိုတွေအတွက် အနက်ရောင်စတေကာ ရာခိုင်နှုန်းလေးကို ဒီလိုပြောပြချင်ပါတယ်။

ကြားဖူးထားကြတဲ့အတိုင်း ၆၀ ၄၀ ပါ။ မြင်နိုင်စွမ်း ၆၀၊ မမြင်နိုင်စွမ်း ၄၀ ပါ။ ပိုပြီးနားလည်အောင် ထပ်ရှင်းပြရရင် မြင်နိုင်စွမ်း ၆၀ ဆိုတာ ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို ၆၀ ရာခိုင်နှုန်း ကောင်းစွာမြင်ရခြင်းကို ဆိုလိုပါတယ်။ မမြင်နိုင်စွမ်း ၄၀ ဆိုတာကတော့ ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို ၄၀ ရာခိုင်နှုန်း မမြင်ရခြင်းကို ဆိုလိုပါတယ်။

မြင်နိုင်စွမ်း ၆၀% မမြင်နိုင်စွမ်း ၄၀% ဆိုတာ အဲ့ဒီလိုအဓိပ္ပါယ်ပါခင်ဗျာ။ ဒီတော့ မိမိကားကို စတေကာကပ်ချင်လို့ ဆိုင်မှာရောက်တဲ့အခါ မြင်နိုင်စွမ်း ၆၀ မမြင်နိုင်စွမ်း ၄၀ လို့သေချာပြောဆိုရင်း စတေကာနဲ့ပတ်သတ်လို့ စည်းကမ်းဖေါက်ရာကြနေမလားဆိုတဲ့စိတ်လေး ပျယ်ဖေါက်လိုက်လို့ရပါပြီ။

မှတ်ချက်။ ။ အငှားယာဉ်များ / AA, BB, CC စသည့် Taxi ယာဉ်များကတော့ စတေကာအမဲ၊ လိုက်ကာတပ်ဆင်ခြင်း၊လေစုပ်ခွက်၊ ကြော်ငြာကပ်ခြင်းများ ပြုလုပ်မောင်နှင်ခြင်းမပြုရလို့ ယမန်နှစ်ကထဲက စာထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Leave a Reply

Your email address will not be published. Required fields are marked *