ဗဟုတုသ

လက္ေတြ႕က်က် ပု႐ြက္ဆိတ္ အႏၲာရာယ္ လြယ္လြယ္နဲ႕ ႏွိမ္နင္းနည္း

(Zawgyi)

လက္ေတြ႕က်က် ပု႐ြက္ဆိတ္ အႏၲာရာယ္ ႏွိမ္နင္းနည္း

မုန္႔အခ်ိဳမ်ားႏွင့္ အစားအစာေတြက ပု႐ြက္ဆိတ္ေတြအတြက္ သည္းေျခႀကိဳက္ျဖစ္ၾကသလို၊ တခါတရံ ပန္းပင္ေတြေပၚအုံခဲေန တတ္ၿပီး အပင္မ်ားကို ေသေစတတ္တာေၾကာင့္၊ အိမ္ရွင္မမ်ား စိတ္ညစ္ရၿပီေပါ့ရွင္။ ေဟာဒီမွာ သဘာဝက်က်ႏွိမ္နင္းႏိုင္တဲ့ နည္းလမ္းေကာင္းေလးေတြရွိလို႔ စမ္းသပ္ၾကည့္ၾကပါဦးေနာ္။

(၁) မုန္႔လုပ္ေဆာ္ဒါက ပု႐ြက္ဆိတ္ေတြအတြက္ အဆိပ္မႈန္႔ျဖစ္ေစလို႔၊ ပု႐ြက္ဆိတ္အုံေပၚ ေဆာ္ဒါမႈန္႔ ျဖဴးေပးပါ။(သို႔မဟုတ္) မုန္႔လုပ္ေဆာ္ဒါနဲ႔ သၾကားဆ တူေရာၿပီးျဖဴးေပးပါ။ သူတို႔ အစာအဆိပ္သင့္ၿပီး ေသသြားၾကပါတယ္။

(၂) ဂ်ဳံမႈန္႔နဲ႔ ကေလးေပါင္ဒါမႈန္႔မ်ားေပၚ ပု႐ြက္ဆိတ္ေတြ ျဖတ္သန္းေက်ာ္လႊားႏိုင္စြမ္း မရွိၾကပါဘူး။ ဒါေၾကာင့္ ပန္းပင္ေတြရဲ႕ ေအာက္ေျခပတ္လည္မွာ ဂ်ဳံမႈန္႔နဲ႔ ကေလး ေပါင္ဒါမႈန္႔ေလးေတြ စက္ဝိုင္းသ႑ာန္ ျဖဴးထားလိုက္ေတာ့ပု႐ြက္ဆိတ္ရန္က ကင္းၿပီ ေပါ့။

(၃) င႐ုပ္သီးမႈန္႔၊ င႐ုပ္ေကာင္းမႈန္႔မ်ားကလည္း ပု႐ြက္ဆိတ္ကိုႏိုင္တဲ့ အမႈန္႔မ်ားျဖစ္ပါတယ္။

(၄) ပု႐ြက္ဆိတ္တြင္း(သို႔မဟုတ္)ပု႐ြက္အိမ္ေပၚကို ေကာ္ဖီမႈန္႔ ျဖဴးထားတဲ့အခါ၊ ပု႐ြက္ ဆိတ္ေတြ ေကာ္ဖီမႈန္႔စားၾကၿပီး၊ သူတို႔ အေဆာက္အအုံ ယိုယြင္းၿပိဳက်သြားကာ၊ သူတို႔အဲဒီေနရာကို ဘယ္ေတာ့မွ ျပန္မလာၾကေတာ့ဘဲ အသိုက္ေျပာင္းသြားပါေတာ့တယ္။

(၅) ရွာလကာရည္နဲ႔ေရ တို႔ဆတူေရာၿပီး spray ဖ်န္းဗူးထဲထဲ့ကာ၊ ပု႐ြက္ဆိတ္မ်ားကို ဖ်န္းပက္ေပးျခင္းက သူတို႔အတြက္ အက္ဆစ္ေရ ျဖစ္ေစလို႔ ေသေစႏိုင္ပါတယ္။

(၆) သံပုရာရည္ကလည္း သူတို႔အတြက္ အက္ဆစ္ရည္ျဖစ္လို႔ ေျပးၾကၿပီေပါ့ရွင္။

(၇) ေျမျဖဴလိုင္းတားထားပါ။ သူတို႔က ေျမျဖဴကို ေက်ာ္ခြၿပီး မျဖတ္ရဲၾကဘူးေလ။ (သို႔မဟုတ္) ေျမျဖဴမႈန္႔(သို႔မဟုတ္) ထုံးမႈန္႔ ျဖဴးထားႏိုင္ပါတယ္။

(၈) ပု႐ြက္ဆိတ္ အုံေပၚသို႔ေရေႏြးပူ ေလာင္းခ်ျခင္း(သို႔မဟုတ္)ေရေႏြးနဲ႔ ပန္းကန္ေဆး ဆပ္ျပာရည္ ေရာၿပီး spray ဗူးျဖင့္ ဖ်န္းပက္ျခင္းျပဳလုပ္ပါ။

(၉) ပင္စိမ္း႐ြက္ရနံ႔ကို ပု႐ြက္ဆိတ္ေတြ ေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ ပင္စိမ္း႐ြက္ အေျခာက္မႈန္႔(သို႔မဟုတ္)ပင္စိမ္း႐ြက္ သတၱဳရည္ တို ျဖင့္ ႏွိမ္နင္းပါ။

(၁၀) သစ္ၾကပိုးေခါက္နဲ႔ ေလးညႇင္းပြင့္ရနံ႔တို႔ကိုလည္း ပု႐ြက္ဆိတ္ ေတြမႀကိဳက္ၾကဘူးေလ။ မိမိအိမ္အခန္းေဒါင့္မွာ သစ္ၾကပိုး ေခါက္မႈန္႔ (သို႔မဟုတ္) ေလးညႇင္းပြင့္ေလးေတြ ပုံထားေပးပါ။

(၁၁) ပန္းေပါင္းစုံရာပန္းဆီရနံ႔က ပု႐ြက္ဆိတ္ေတြကို မြန္းၾကပ္ပူစပ္ေလာင္ေစႏိုင္တာေၾကာင့္၊ ရာပန္းဆီကို ေရအနည္းငယ္ေရာ၍ spray ဖ်န္းပါ။

မူလအစကတည္းက ပု႐ြက္ဆိတ္မ်ား မအုံဖြဲ႕ႏိုင္ေအာင္ မိမိ အိမ္တြင္း အိမ္ျပင္ကို သန္႔ရွင္းစင္ၾကယ္စြာ ထိန္းသိမ္းႏိုင္ရင္ အကုသိုလ္ မျဖစ္ေစေတာ့ဘူးေပါ့ရွင္။ အထက္ပါ ပု႐ြက္ဆိတ္ ႏွိမ္ႏွင္းနည္းအခ်ိဳ႕က အိမ္ေမြးေခြး/ေၾကာင္ နဲ႔ ကေလး သူငယ္မ်ားကို အႏၲာရာယ္ျဖစ္ေစလို႔ သတိနဲ႔ယွဥ္ၿပီး ပု႐ြက္ဆိတ္ ႏွိမ္နင္းႏိုင္ၾကပါရန္ ႏႈိးေဆာင္လိုက္ပါရေစ။

ေဆာင္းပါးရွင္ ေပါက္ေပါက္

Credit: ေပါက္ေပါက္

(Unicode)

လက်တွေ့ကျကျ ပုရွက်ဆိတ် အန္တာရာယ် နှိမ်နင်းနည်း

မုန့်အချိုများနှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြသလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကို သေစေတတ်တာကြောင့်၊ အိမ်ရှင်မများ စိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိလို့ စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့်လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့်ဖြစ်စေလို့၊ ပုရွက်ဆိတ်အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။(သို့မဟုတ်) မုန့်လုပ်ဆော်ဒါနဲ့ သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့ အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့်နဲ့ ကလေးပေါင်ဒါမှုန့်များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော်လွှားနိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့ အောက်ခြေပတ်လည်မှာ ဂျုံမှုန့်နဲ့ ကလေး ပေါင်ဒါမှုန့်လေးတွေ စက်ဝိုင်းသဏ္ဍာန် ဖြူးထားလိုက်တော့ပုရွက်ဆိတ်ရန်က ကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့်၊ ငရုပ်ကောင်းမှုန့်များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့်စားကြပြီး၊ သူတို့ အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့အဲဒီနေရာကို ဘယ်တော့မှ ပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့တယ်။

(၅) ရှာလကာရည်နဲ့ရေ တို့ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ်များကို ဖျန်းပက်ပေးခြင်းက သူတို့အတွက် အက်ဆစ်ရေ ဖြစ်စေလို့ သေစေနိုင်ပါတယ်။

(၆) သံပုရာရည်ကလည်း သူတို့အတွက် အက်ဆစ်ရည်ဖြစ်လို့ ပြေးကြပြီပေါ့ရှင်။

(၇) မြေဖြူလိုင်းတားထားပါ။ သူတို့က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို့မဟုတ်) မြေဖြူမှုန့်(သို့မဟုတ်) ထုံးမှုန့် ဖြူးထားနိုင်ပါတယ်။

(၈) ပုရွက်ဆိတ် အုံပေါ်သို့ရေနွေးပူ လောင်းချခြင်း(သို့မဟုတ်)ရေနွေးနဲ့ ပန်းကန်ဆေး ဆပ်ပြာရည် ရောပြီး spray ဗူးဖြင့် ဖျန်းပက်ခြင်းပြုလုပ်ပါ။

(၉) ပင်စိမ်းရွက်ရနံ့ကို ပုရွက်ဆိတ်တွေ ကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက် အခြောက်မှုန့်(သို့မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

(၁၀) သစ်ကြပိုးခေါက်နဲ့ လေးညှင်းပွင့်ရနံ့တို့ကိုလည်း ပုရွက်ဆိတ် တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန့် (သို့မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ့က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော၍ spray ဖျန်းပါ။

မူလအစကတည်းက ပုရွက်ဆိတ်များ မအုံဖွဲ့နိုင်အောင် မိမိ အိမ်တွင်း အိမ်ပြင်ကို သန့်ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ် နှိမ်နှင်းနည်းအချို့က အိမ်မွေးခွေး/ကြောင် နဲ့ ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို့ သတိနဲ့ယှဉ်ပြီး ပုရွက်ဆိတ် နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

ဆောင်းပါးရှင် ပေါက်ပေါက်

Credit: ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *