ဗဟုတုသ

အကောင်းစား ပုစွန်ချဉ် အိမ်မှာလွယ်လွယ်လုပ်မယ်

(Zawgyi)

ပုစြန္ခ်ဥ္လုပ္နည္း

အိမ္မွာ ေမေမလုပ္တဲ့နည္းကို မွ်ေဝလိုက္ပါတယ္။ ပုစြန္ေသးေသး ၂၀ သားကို ေခါင္းျဖဳတ္ၿပီး ေရစင္ေအာင္ေဆးပါ။ ဇကာနဲ႔ ေရခဏစစ္ထားၿပီး ဆားကို ခါတိုင္းဟင္းခ်က္တာထက္ နဲနဲပိုထည့္ၿပီး ႏွံ႔ေအာင္နယ္ပါ နာရီဝက္ေလာက္ေရစစ္ထားၿပီး ထမင္းပူပူနဲ႔ ဆားနယ္ထားတဲ့ပုစြန္ကို ေရာနယ္ေပးပါ။

နယ္ၿပီးရင္ ေျခာက္ေသြ႕သန႔္ရွင္းတဲ့ အေနေတာ္ဖန္ပုလင္းထဲကို ဖိသိပ္ၿပီးထည့္ပါ။ ပုလင္းျပည့္ေအာင္ အေပၚကေန ဝါး႐ြက္ ငွက္ေပ်ာ႐ြက္ဖိထည့္ၿပီး ေလလုံေအာင္အဖုံးဖုံးကာ တစ္ည ထားလိုက္ပါ။

ေနာက္တေန႔အဖုံးဖြင့္ၿပီး ပန္ကန္ျပားေပၚ ေမွာက္ထားေပးပါ။ ပုစြန္ခ်ဥ္ ပုလင္းမွ ထြက္က်လာေသာ အရည္မ်ားကို ေန႔တိုင္းသြန္ပစ္ေပးပါ။ အဲဒီအတိုင္း ၂ ရက္ ၃ ရက္ထားၿပီးရင္ ပုစြန္ခ်ဥ္ ရပါၿပီ။ ခ်ဥ္ၿပီးမွ ေရခဲသတၱာထဲထည့္ပါ

ငါးခ်ဥ္ကို အိမ္မွာေတာ့ ငါးခုံးမနဲ႔လုပ္ၿပီး ေရစစ္ရင္ အေပၚကေန အေလး တစ္ခုခုနဲ႔ဖိထားရပါတယ္။ က်န္တာေတာ့ ဒီနည္းအတိုင္းပဲလုပ္ပါတယ္။

ပုစြန္ခ်ဥ္သုပ္ကို ၾကက္သြန္နီ ဆီ င႐ုတ္သီးအက်က္မႈန႔္ ရွမ္းနံနံ စပါးလင္နဲ႔ ေရာၿပီးသုပ္စားပါတယ္။

Credit – မြန္မ လက္ရာ စားစရာ

(Unicode)

ပုစွန်ချဉ်လုပ်နည်း

အိမ်မှာ မေမေလုပ်တဲ့နည်းကို မျှဝေလိုက်ပါတယ်။ ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။ ဇကာနဲ့ ရေခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ နာရီဝက်လောက်ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော်ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။ ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။

နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ် မှောက်ထားပေးပါ။ ပုစွန်ချဉ် ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။ အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ

ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေး တစ်ခုခုနဲ့ဖိထားရပါတယ်။ ကျန်တာတော့ ဒီနည်းအတိုင်းပဲလုပ်ပါတယ်။

ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ ဆီ ငရုတ်သီးအကျက်မှုန့် ရှမ်းနံနံ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။

Credit – မွန်မ လက်ရာ စားစရာ

Leave a Reply

Your email address will not be published. Required fields are marked *