ဗဟုတုသ

အစားလျှော့မစားဘဲ သင့်ကို ကျန်းမာလှပစေမယ့် အချက် (10) ချက်

အစားလျှော့မစားဘဲ သင့်ကို ကျန်းမာလှပစေမယ့် အချက် (10) ချက်

အချိန်တို အတွင်းမှာ အစားလျှော့စားခြင်းက ကိုယ်အလေးချိန်လည်း မကျစေသလို လူအများစုနဲ့ ကျန်းမာရေးနဲ့ မကိုက်ညီဘူး လို့ American Psychologist ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့ သူတွေက အစားလျှော့စားရင် အန္တရာယ် ရှိပါတယ်။

1. ဖြည်းဖြည်းစားပြီး သေချာဝါးပါ…

အစားကို မြန်မြန်စားတဲ့သူက နှေးနှေးစားတဲ့ သူထက် အလေးချိန်မြန်မြန် တက်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ သေချာဝါးစားရင် နည်းနည်း စားတာတောင် ဗိုက်ပြည့်သလိုခံစားရမှာပါ။ဖြည်းဖြည်းစားတတ်တဲ့ အလေ့အကျင့်ရဖို့ တစ်လုတ်ကို ဘယ်နှကြိမ်ဝါးလဲ ဆိုတာ ရေတွက်ထားပါ။ တဖြည်းဖြည်းနဲ့ ဝါးတဲ့အကြိမ်အရေအတွက် များလာပါလိမ့်မယ်။

2. ရေမှန်မှန် သောက်ပါ…

ကျန်းမာရေး ကောင်းဖို့အတွက် ရေက မရှိမဖြစ် လိုအပ်ပါတယ်။ ထမင်းမစားခင် ရေသောက်ထားခြင်းက ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး ကိုယ်အလေးချိန်လည်း လျော့စေပါတယ်။ ရေသောက်ခြင်းက ကယ်လိုရီ လွန်ကဲမှုကိုလည်း လျော့ကျစေပါတယ်။ 12 ပတ်ကျော်ကြာ စမ်းသပ်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာတော့ အစားမစားခင် ရေသောက်တဲ့သူက မသောက်တဲ့သူထက် အလေးချိန် 44% ပိုကျတာတွေ့တယ် လို့ ဖော်ပြထားပါတယ်။

3. ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို အနီရောင် ပန်းကန်တွေထဲမှာ
ထည့်ပါ…

ဒါကတော့ ထူးဆန်းနေပါလိမ့်မယ်။ လေ့လာမှု တစ်ခုမှာတော့ အနီရောင်ခွက်တွေ၊ ပန်းကန်တွေနဲ့ အပြာရောင် ခွက်တွေ၊ ပန်းကန်တွေထဲမှာ စားသောက်စရာတွေကို အတူတူ ထည့်ထားပါတယ်။ လူတွေက အနီရောင်ခွက်တွေ၊ ပန်းကန်တွေထဲက စားသောက်စရာတွေကို နည်းနည်းပဲ စားကြတာကိုပါ တွေ့ရပါတယ်။ အဲဒါကြောင့် အနီရောင်ကို သတိပေးတဲ့ အမှတ်အသား အသုံးပြုကြတာပါ။

4. သကြားဓာတ်များတဲ့ အချိုရည်တွေကို ရှောင်ပါ…

သကြား ပါဝင်မှုများတဲ့ အချိုရည်တွေက ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါကနေ နှလုံးရောဂါအထိ ဖြစ်စေတတ်တဲ့ အကြီးဆုံး ပြဿာနာပါ။ အချိုရည်တစ်ဘူးမှာ သကြား 52 ဂရမ် ပါဝင်ပါတယ်။ အမျိုးသားတွေထက် အဲဒီသကြားဓာတ်က နေ့စဉ်လိုအပ်တဲ့ သကြားဓာတ်ထက် 37.5 ဂရမ် ပိုနေပါတယ်။ အမျိုးသမီးတွေ အတွက် 25 ဂရမ် ပိုနေပါတယ်။ အချိုရည်တွေ သောက်မယ့် အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေနွေးကြမ်း၊ ကော်ဖီနဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်သင့်ပါတယ်။

5. အာရုံအနှောင့်အယှက် မဖြစ်စေတဲ့နည်းနဲ့ စားပါ…

ထမင်း စားရင်းနဲ့ တီဗွီ မကြည့်တဲ့အခါ၊ ဂိမ်းမဆော့တဲ့အခါ သင်ဟာ နည်းနည်းပဲ စားဖြစ်ကြီး ကယ်လိုရီလည်း နည်းနည်းပဲ တက်မှာပါ။ ပတ်ဝန်းကျင်မှာ အာရုံနောက်စရာ မရှိဘူးဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားဖို့ ပိုပြီး သတိထားနိုင်မှာပါ။ လူတွေဟာ တစ်ခုခုကို အာရုံစိုက်ရင်းနဲ့ ထမင်းစားရင်တော့ 10% ပိုပြီး စားမိကြတယ် လို့ ကျောင်းသား 24 ယောက် ပြုစုထားတဲ့ စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။

6. တစ်နေ့ကို ကြက်ဥ နှစ်လုံး စားပါ…

မနက်စာကို ကယ်လိုရီ နည်းနည်းပဲပါတဲ့ အစားအစာတွေနဲ့ ကြက်ဥကို ရောစပ်ပြီး စားပါလို့ International Journal of Obesity ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီလို စားခြင်းက မနက်စာမှာ ပေါင်မုန့်စားခြင်းထက် ကိုယ်အလေးချိန် ပိုလျော့စေပါတယ်။ ကြက်ဥမှာပါတဲ့ ပရိုတိန်းဓာတ်က အချိန်အတော် ကြာအောင် ဗိုက်မဆာစေပါဘူး။

7. မနက်စာကို နေ့စဉ်စားပါ…

မနက်ခင်းမှာ အရေးတကြီး လုပ်စရာ ရှိနေရင် တစ်ခါတလေ မနက်စာ မစားမိတာ၊ နည်းနည်းပဲ စားလိုက်တာတို့ ရှိတတ်ပါတယ်။ အဲဒီလို လုပ်ပါများရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ မနက်စာ စားခြင်းက တစ်နေ့တာကို စတင်ဖို့ လုံလောက်တဲ့ စွမ်းအားတွေ ပေးရုံမကဘဲ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ နှလုံးရောဂါဖြစ်ဖို့ အလားအလာတွေကို လျော့ကျစေပါတယ်။ မနက်စာ စားခြင်းက ကိုယ်အလေးချိန်လျှော့ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ အလေးချိန် 28 ပေါင်လျော့သွားတဲ့ သူတွေရဲ့75% က မနက်စာကို နေ့တိုင်း စားကြပါတယ်။

8. ဗိုက်ဆာရင် ပူဒီနာပီကေ ဝါးပါ…

သကြားမပါတဲ့ ပူဒီနာပီကေ ဝါးခြင်းက ဗိုက်ဆာမှုကို ဟန့်တားပေးပါတယ်။ ပူဒီနာ အရသာက ရသာဖူးတွေကို လျော့ပါးစေပြီး အစား စားချင်စိတ်ကို တိုက်ထုတ်ပေးပါတယ်။ နေ့လယ်ပိုင်းမှာ ပီကေဝါးခြင်းက ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ထမင်းမစား ဖြစ်တော့ဘူးလို့ Rhode Island တက္ကသိုလ်က သုတေသန တစ်ခုမှာ ဖော်ပြထားပါတယ်၊

9. အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စားပါ။

အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စားခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်ဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။ အလင်းရောင် ကောင်းကောင်း ရတဲ့နေရာမှာ စားတဲ့သူက အလင်းရောင် မှိန်တဲ့နေရာမှာ စားတဲ့သူထက် ကယ်လိုရီ 39% ပိုပြီးလောင်ကျွမ်းတယ် လို့ အမေရိကန် တက္ကသိုလ် အတော်များများက သုတေသီတွေက ပြောတာဖြစ်ပါတယ်

10. တစ်နေ့ကို သုံးကြိမ်အထက် စားပါ

တစ်နေ့ကို ခြောက်ကြိမ်နဲ့ နည်းနည်း စားခြင်းက တစ်နေ့ကို သုံးကြိမ်နဲ့ များများစားခြင်းထက် ပိုကျန်းမာစေပါတယ်။ စားနေကျ မနက်စာ၊နေ့လယ်စာနဲ့ ညစာကြားတွေမှာ အချိန်လေးတွေ ထပ်ခွဲပြီး စားပေးပါ။ အစားစားဖို့ ကြာကြာစောင့်ရလေ များများပို စားမိလေပါပဲ။ “သုံးနာရီကြာ ဘာမှ မစားဘဲနေရင် သွေးထဲက သကြားဓာတ်က ကျလာပါပြီ။ လေးနာရီကြာရင်တော့ သင် စားထားသမျှတွေကို အစာချေဖျက်ပြီးပါပြီ။ ငါးနာရီကြာ မစားတာနဲ့ သွေးတွင်း သကြားဓာတ်က ထိုးစိုက်ကျလာပြီး သင်လည်း တွေ့သမျှကို ယူစားတော့မှာပါပဲ” လို့ Cleveland တကက္ကသိုလ်က အာဟာရဗေဒပညာရှင် Amy Jamieson-Petonic က ပြောပါတယ်။

Zombie(Loveအတိုအစလေးများ)

Ref – Brightside

Leave a Reply

Your email address will not be published. Required fields are marked *