ဗဟုတုသ

ဈေးဝယ်ရင် ဟင်းသီးဟင်းရွက်များ အနုအရင့်ရွေးချယ်နည်း

(Zawgyi)

ေဈးဝယ္ရင္ ဟင္းသီးဟင္း႐ြက္မ်ားကို အႏုအရင့္ေ႐ြးခ်ယ္နည္း

လတ္ဆတ္မႈမရွိ ရင့္ေထာ္ေနတဲ့ ဟင္းသီးဟင္း႐ြက္မ်ားဟာ က်န္းမာေရးနဲ.မညီၫြတ္သလို၊ အာဟာရဂုဏ္သတၱိ တန္ဖိုးမ်ားလည္း ပ်က္ျပယ္သြားၿပီမို႔ မည္သို႔ပင္ ေငြကုန္ခံ၊ အခ်ိန္ကုန္ခံၿပီး ဝယ္ယူခ်က္ျပဳတ္ထားပါေသာ္လည္း၊ အရသာမရွိ အခ်ည္းႏွီး ျဖစ္ရပါတယ္။ နိစၥဓူဝ ခ်က္ျပဳတ္စားေသာက္ေနရေသာ ဟင္းသီးဟင္း႐ြက္ႏွင့္ သစ္သီးဝလံတို႔ကို နည္းမွန္ လမ္းမွန္ျဖင့္ ေ႐ြးခ်ယ္တတ္မွသာ က်န္းမာသုခလူေနမႈဘဝကို ပိုင္ဆိုင္ႏိုင္မွာပါ။ သို႔ပါ၍ အိမ္ေထာင္ရွင္မ (စားဖိုမႉး)မ်ားအတြက္ ဟင္းသီးဟင္း႐ြက္မ်ား အႏု၊ အရင့္ ေ႐ြးခ်ယ္နည္း ေအာက္ပါအတိုင္း အသိေပးမွ်ေဝလိုက္ရပါတယ္။

(ဗုံလုံသီး)

ရင့္ေသာဗုံလုံသီးမ်ားဟာ ခါးသက္သက္ျဖစ္ကာ၊ အရသာလဲ မရွိေတာ့ပါ။ ဒါေၾကာင့္ဗုံလုံသီးကို အရင္းမွကိုင္ဆၾကည့္ပါ။ ေအာက္ဖက္သို႔ အတန္ငယ္ၫြတ္က်ေနေသာ အသီးမ်ားက ႏုၿပီးလတ္ဆတ္ေနပါတယ္။

(ခဝဲသီး)

အသီးရဲ႕အညႇာဘက္ထိပ္မွ မသိမသာ ခ်ိဳးၾကည့္ျခင္းျဖင့္ အႏုအရင့္ကိုသိႏိုင္ပါတယ္။ အခြံေျမႇာင္းတိမ္ၿပီး ေျမႇာင္းက်ယ္ေနလွ်င္ရင့္ၿပီး၊ ေျမႇာင္းက်ဥ္းလွ်င္ ႏုပါတယ္။ အစိမ္းေရာင္ေတာက္ေတာက္ အသီးကလည္းႏုပါတယ္။

(ၾသဇာသီး)

ၾသဇာသီးကို ကိုင္ဆၾကည့္တဲ့အခါ၊ လက္ထဲမွာ အေလးခ်ိန္စီးၿပီးမ်က္ကြင္းက်ယ္ေသာ အသီးရင့္ရင့္ကိုသာ ေ႐ြးခ်ယ္ပါ။ အသီး ေတြမပိျပားရေလေအာင္ အင္ဖက္ေတြျဖင့္ အထပ္လိုက္ဖုံးအုပ္ထားပါ (သို႔) ဆန္အိုးထဲမွာအမွည့္ခံပါ။ အသီးႏုႏုတို႔ကို အခ်ိန္ၾကာျမင့္စြာ အုပ္ထားေသာ္လဲ မမွည့္လာဘဲ မႈိတက္ၿပီး မည္းသြားတတ္ပါတယ္။

(႐ုံးပတီသီး)

႐ုံးပတီသီး အႏုအရင့္ကို ခြဲျခားႏိုင္ဖို႔အတြက္ အဖ်ားဘက္ရွိ အခြၽန္ေလးကိုခ်ိဳးၾကည့္ျခင္းျဖင့္ သိႏိုင္ပါတယ္။ ခ်ိဳးလိုက္၍ ဆတ္ခနဲက်ိဳးသြားလွ်င္ႏုၿပီး၊ မက်ိဳးဘဲထိပ္ကြဲသြားလွ်င္ ရင့္ပါတယ္။

(ေၾကာင္လွ်ာသီး)

အေပၚယံအခြံေရာင္ေမွာင္ေလ ေၾကာင္လွ်ာသီး ရင့္ေလဘဲျဖစ္ပါတယ္။ ေၾကာင္လွ်ာသီးကို အရင္းမွ ကိုင္ဆၾကည့္တဲ့အခါ ေအာက္သို႔ေကြးၫြတ္ေပ်ာ့က်ေလႏုေလပါဘဲ။

(ခရမ္းသီး)

ႏွိပ္ၾကည့္ပါက မာေနရင္ ရင့္ပါတယ္။ လတ္ဆတ္ေသာ ခရမ္းသီး၏အေရာင္မွာ ခရမ္းေသြးက်ၿပီးေျပာင္လက္ေနပါတယ္။ ရႈံ႕ၿပီး ေပ်ာ့ေနလွ်င္ မလတ္ဆတ္ေတာ့ပါဘူး။ (ခရမ္းရွည္သီး-ခရမ္းဝိုင္းသီး-ခရမ္းႂကြပ္သီးမ်ားအားလုံးကို ဤနည္းအတိုင္းသာ ေ႐ြးခ်ယ္ပါ)

(တည္သီး)

မရင့္မွည့္ခင္အေရာင္မွာခပ္ေဖ်ာ့ေဖ်ာ့ရွိၿပီး၊ အေပၚယံအေရခြံမ်ားလည္းမာတင္းေနပါတယ္။ အသီးမမွည့္ေသးခင္စားပါက အရသာ အလြန္ဖန္ပါတယ္။ တည္သီး မွည့္လာေသာအခ်ိန္တြင္ အေရာင္ရင့္သြားၿပီး၊ အခြံလည္း ေပ်ာ့အိလာကာမွည့္ေလ ခ်ိဳေလပါဘဲ။ မ်ိဳးစိပ္ေပၚမူတည္ၿပီး တည္သီးကို လိေမၼာ္ဝါေရာင္(သို႔)လိေမၼာ္နီေရာင္ အျဖစ္ျမင္ေတြ႕ႏိုင္ပါတယ္။ လိေမၼာ္နီေရာင္ အသီးမ်ိဳးက အရသာပိုေကာင္းပါတယ္။ မမွည့္ေသးတဲ့တည္သီးကို ဆန္အိုးထဲ့၍ အမွည့္ခံေပးႏိုင္ပါတယ္။

(ဒန႔္သလြန္သီး)

လတ္ဆတ္ၿပီးႏုတဲ့ ဒန႔္သလြန္သီးရဲ႕အေရာင္ဟာစိုျပည္ၿပီး အစိမ္းေရာင္ျဖစ္ပါတယ္။ မြဲေျခာက္ၿပီး ျပဳပ္ထ၍ ေခ်းကြက္ေတြျဖစ္ေပၚေနရင္ ရင့္တတ္ပါတယ္။ အခြံမွာ အေျမႇာင္းသုံးခုလဲ ေပၚေနျခင္းကလည္းအသီးရင့္တဲ့ လကၡဏာေတြပါဘဲ။

(ပိႏၷဲသီး)

ဘို႔(အဆူး)ႀကီးေလ၊ အထဲကပိႏၷဲသီး အမႊာထြားေလျဖစ္ၿပီး အရသာပိုေကာင္းပါတယ္။ ေနာက္ၿပီး ဘို႔(အဆူး)က်ဲတဲ့ အသီးကို ေ႐ြးခ်ယ္ပါ။ ျမန္ျမန္မွည့္လာပါလိမ့္မယ္။

(မာလာဖူး)

တို႔စရာတမ်ိဳးျဖစ္တဲ့ မာလာဖူးေတြရင့္သြားတဲ့အခါ ၾကမ္းတမ္း၍ဝါးလို.လည္းမေကာင္းေတာ့ေပ။ အပြင့္ကားၿပီး အဝါဝတ္ဆံမ်ား ထြက္ေပၚေနရင္ ရင့္တတ္ပါတယ္။ မာလာဖူးႏု၏ အေရာင္က မရမ္းေစ့ေရာင္ျဖစ္ပါတယ္။ မရမ္းေရာင္ထက္ ေဖ်ာေတာ့ၿပီး ပြင့္ဖတ္ အဆင့္မ်ားရင္လည္း ရင့္တတ္ပါတယ္။

(ဖရဲသီး)

အ႐ြယ္ခ်င္းတူေသာ္လည္း အေလးခ်ိန္ပိုစီးေသာ အသီးမ်ိဳးကိုေ႐ြးခ်ယ္ပါ။ အေပၚယံအခြံကို ၾကည့္ပါ။ အသီး၏တျခမ္းက စိမ္းစိုေနၿပီး၊ က်န္တျခမ္းက အတန္ငယ္ဝါေနေသာ အခြံသီးမ်ိဳးက အရသာပို၍ခ်ိဳပါတယ္။ (အဘယ္ေၾကာင့္ဆိုေသာ္ ဖရဲသီးဟာ ေျမေပၚမွာ ဝပ္တြားသီးတဲ့အမ်ိဳးအစားျဖစ္တာေၾကာင့္၊ ေျမဆီလႊာနဲ႔ထိတဲ့အပိုင္းက စိမ္းစိုေနၿပီး၊ ေနေရာင္ျခည္ ေကာင္းစြာထိတဲ့ အပိုင္းက ဝင္းဝါေနျခင္းျဖစ္၍ ေန-ေလ-ေျမဆီလႊာဓာတ္တို႔ ျပည့္ဝတဲ့ အသီးကပို၍ခ်ိဳပါတယ္)

(ကၫြတ္)

ကၫြတ္ပင္၏ အဖ်ားပိုင္းကိုသာစားလို႔ရၿပီး၊ ပ်မ္းမွ်ကၫြတ္တစ္ပိသာဝယ္လွ်င္ အစိတ္သားခန႔္သာ စားလို႔ရပါတယ္။ ကၫြတ္ ပင္ေပၚမွာပါရွိတဲ့အဖုကေလးေတြ တစ္ခုနဲ႔တစ္ခု နီးကပ္ေနလွ်င္ႏုၿပီး၊ ၎အဖုေဝးလွ်င္ရင့္ပါတယ္။(လယ္ကြက္ေတြမွာအလို အေလ်ာက္ေပါက္တဲ့အ႐ိုးနီအ႐ြက္စိမ္းမ်ိဳးဟာ ေရကၫြတ္ျဖစ္ၿပီး၊ တကူးတက စိုက္ယူရတဲ့ အစိမ္းေရာင္ ကၫြတ္မ်ိဳးလည္း ရွိပါတယ္။ ႏွစ္မ်ိဳးစလုံးကို ဤနည္းအတိုင္းေ႐ြးခ်ယ္ပါ)

(ေထာပတ္သီး)

ေထာပတ္သီးဝယ္တဲ့အခါ အထဲမွာမႈိတက္ေနၿပီး မည္းေနတဲ့အသီးကို အေ႐ြးမမွားေစဖို႔အတြက္၊ ဦးစြာ အသီးရဲ႕အညႇာဖက္ အပိုင္းကို လက္ျဖင့္အသာအယာဖိၾကည့္ပါ။ေပ်ာ့ေနရင္ လတ္ဆတ္တဲ့အသီးျဖစ္ပါတယ္။

(သခြားသီး)

အညႇာေနရာမွေနၿပီး၊ အျခားတစ္ဖက္ဖ်ားအထိေျဖာင့္ေျဖာင့္ စိမ္းစိမ္းမ်ိဳးကိုသာ ေ႐ြးခ်ယ္ပါ။ အဝါ(သို႔မဟုတ္)အျဖဴအစင္းက်ား ေတြက အသီးရင့္ပါတယ္။ အညႇာနားမွာသိမ္ေနၿပီး၊ အဖ်ားပိုင္းက သိမ္သည့္အပိုင္းထက္ ပို၍တိုပါက မဝယ္သင့္ပါဘူး။

(ဒူးရင္းသီး)

အတြင္းအသား ထူ/မထူကိုအညႇာၾကည့္ၿပီးေ႐ြးခ်ယ္ႏိုင္ပါတယ္။ အညႇာမွာအျဖဴရစ္နဲ႔ အတြင္းအရစ္ဝိုင္းကေလး တစ္ခုရွိပါတယ္။ ၎အျဖဴရစ္ပါးၿပီး၊ အဝိုင္းထူရင္ အတြင္း အႏွစ္အသား ထူပါတယ္။

(ဌက္ေပ်ာသီး)

ဌက္ေပ်ာခြံေပၚမွာ အမည္းေရာင္ အစက္အေျပာက္ေလးမ်ားပါတဲ့အသီးက ရင့္ၿပီးအရသာလည္း ပိုေကာင္းပါတယ္။ အေပြးတက္ေလ ပိုခ်ိဳေလပါဘဲ။

(ဘူးသီး)

ကိုင္းဘူးသီး၊ စင္ဘူးသီးဆိုၿပီး ၂-မ်ိဳးရွိပါတယ္။ (၁) ကိုင္းဘူးသီးကေျဖာင့္တန္းညီညာမႈမရွိဘဲ အညႇာအနီးမွာခ်ိဳင့္ေနတတ္ပါ တယ္။ ခ်က္ျပဳတ္တဲ့အခါ မာေၾကာၿပီး စားရင္လည္း ဆတ္ေတာက္ေတာက္ျဖစ္ေနပါတယ္။ အခြံက အစိမ္းေရာင္မသန္းဘဲ ျဖဴေနရင္ အသီးရင့္ပါတယ္။ (၂) စင္ဘူးသီးက စားတဲ့အခါ ခ်ိဳ၍ ညက္ေညာပါတယ္။ အညႇာကေန ခ်က္တိုင္အထိ ေျဖာင့္တန္းၿပီး အေမြးႏုေတြရွိပါတယ္။ အစိမ္းရင့္ေပၚမွာ အျဖဴေျပာက္က်ားအကြက္ေတြပါေနရင္ အရင့္သီးျဖစ္ၿပီး“ဘူးက်ား” လို႔ေခၚပါတယ္။ ဘူးက်ားကို ဘယ္လိုခ်က္ခ်က္ ဆတ္ေတာက္ေတာက္ျဖစ္ေနၿပီး အရသာလည္း မရွိပါ။

(ခ်ဥ္ေပါင္႐ြက္)

ခ်ဥ္ေပါင္နီ၊ ခ်ဥ္ေပါင္ျဖဴနဲ႔ ခ်ဥ္ေပါင္ခါး(ေခၚ)ဓာတ္ခ်ဥ္ေပါင္ဟူ၍ သုံးမ်ိဳးရွိပါတယ္။ ခ်ဥ္ေပါင္ျဖဴက အ႐ိုးနီေသာခ်ဥ္ေပါင္နီနဲ႔ အမ်ိဳး အစားခ်င္းတူပါတယ္။ ခ်ဥ္ေပါင္ခါးက ခါးေသာအရသာရွိပါတယ္။ ခ်ဥ္ေပါင္ေၾကာ္ အတြက္ ခ်ဥ္ေပါင္ျဖဴ-နီ အ႐ြက္ရင့္ကိုေ႐ြးပါ။ ခ်ဥ္ရည္ဟင္း နဲ႔ဟင္းခ်ိဴအတြက္ကိုေတာ့ ေမႊရင္ေၾကလြယ္တဲ့ ခ်ဥ္ေပါင္႐ြက္ အႏုေတြကိုေ႐ြးပါ။

(ေဂၚဖီထုပ္)

အထုပ္ပြပြကိုဝယ္ပါ။ က်စ္လစ္ေနတဲ့ ေဂၚဖီထုပ္က အလယ္အူတိုင္ေတြ အဆမတန္ ႀကီးမားတန္ ႀကီးတတ္လို႔ပါ။

(ပန္းေဂၚဖီ)

ေဖြးေဖြးက်စ္က်စ္နဲ႔ ေလးေလးကိုဝယ္ပါ။ အမည္းစက္ေျပာက္မ်ားပါတဲ့၊ သၾကားမႈန္လိုေမႊးႏုပါၿပီးဝါေနတဲ့ အပြင့္မ်ိဳးကို မဝယ္ပါနဲ႔။ ေမွာက္ရက္လွန္ၿပီး အတြင္းမွာ ပိုးရွိမရွိကိုလည္းၾကည့္ပါ။ ျဖဴၿပီးေလးေနရင္လည္း အတြင္းမွာ ပိုးတြယ္ေနတတ္ပါတယ္။

(ပဲေတာင့္ရွည္)

က်စ္ၿပီးအလ်ားရွည္တဲ့ အေတာင့္ကိုဝယ္ပါ။ ျဖဴ၍ အသားပြတဲ့ ပဲေတာင့္ကမေကာင္းပါဘူး။

(ၾကက္ဟင္းခါးသီး)

အစိမ္းရင့္မ်ိဳး နဲ႔အျဖဴမ်ိဳး ၂-မ်ိဳးရွိတယ္။ ဘို႔စိတ္ၿပီးဘို႔ပါးတဲ့ ၾကက္ဟင္းခါးသီးက မေကာင္းပါ။ ဘို႔က်ဲ၍ထြားၿပီး ေကာက္ေကြ႕ျခင္း မရွိတဲ့ ၾကက္ဟင္းခါးသီးကို သာဝယ္ေ႐ြးပါ။ အနီေရာင္၊ အဝါေရာင္ ၾကက္ဟင္းခါးသီးကေတာ့ အမွည့္လြန္ေနတာျဖစ္ပါတယ္။

(ေဆာင္းပါးရွင္ ေပါက္ေပါက္…ေရးသားမွ်ေဝသည္)

Credit – ေပါက္ေပါက္

(Unicode)

ဈေးဝယ်ရင် ဟင်းသီးဟင်းရွက်များကို အနုအရင့်ရွေးချယ်နည်း

လတ်ဆတ်မှုမရှိ ရင့်ထော်နေတဲ့ ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးနဲ.မညီညွတ်သလို၊ အာဟာရဂုဏ်သတ္တိ တန်ဖိုးများလည်း ပျက်ပြယ်သွားပြီမို့ မည်သို့ပင် ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး ဝယ်ယူချက်ပြုတ်ထားပါသော်လည်း၊ အရသာမရှိ အချည်းနှီး ဖြစ်ရပါတယ်။ နိစ္စဓူဝ ချက်ပြုတ်စားသောက်နေရသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို နည်းမှန် လမ်းမှန်ဖြင့် ရွေးချယ်တတ်မှသာ ကျန်းမာသုခလူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ သို့ပါ၍ အိမ်ထောင်ရှင်မ (စားဖိုမှူး)များအတွက် ဟင်းသီးဟင်းရွက်များ အနု၊ အရင့် ရွေးချယ်နည်း အောက်ပါအတိုင်း အသိပေးမျှဝေလိုက်ရပါတယ်။

(ဗုံလုံသီး)

ရင့်သောဗုံလုံသီးများဟာ ခါးသက်သက်ဖြစ်ကာ၊ အရသာလဲ မရှိတော့ပါ။ ဒါကြောင့်ဗုံလုံသီးကို အရင်းမှကိုင်ဆကြည့်ပါ။ အောက်ဖက်သို့ အတန်ငယ်ညွတ်ကျနေသော အသီးများက နုပြီးလတ်ဆတ်နေပါတယ်။

(ခဝဲသီး)

အသီးရဲ့အညှာဘက်ထိပ်မှ မသိမသာ ချိုးကြည့်ခြင်းဖြင့် အနုအရင့်ကိုသိနိုင်ပါတယ်။ အခွံမြှောင်းတိမ်ပြီး မြှောင်းကျယ်နေလျှင်ရင့်ပြီး၊ မြှောင်းကျဉ်းလျှင် နုပါတယ်။ အစိမ်းရောင်တောက်တောက် အသီးကလည်းနုပါတယ်။

(သြဇာသီး)

သြဇာသီးကို ကိုင်ဆကြည့်တဲ့အခါ၊ လက်ထဲမှာ အလေးချိန်စီးပြီးမျက်ကွင်းကျယ်သော အသီးရင့်ရင့်ကိုသာ ရွေးချယ်ပါ။ အသီး တွေမပိပြားရလေအောင် အင်ဖက်တွေဖြင့် အထပ်လိုက်ဖုံးအုပ်ထားပါ (သို့) ဆန်အိုးထဲမှာအမှည့်ခံပါ။ အသီးနုနုတို့ကို အချိန်ကြာမြင့်စွာ အုပ်ထားသော်လဲ မမှည့်လာဘဲ မှိုတက်ပြီး မည်းသွားတတ်ပါတယ်။

(ရုံးပတီသီး)

ရုံးပတီသီး အနုအရင့်ကို ခွဲခြားနိုင်ဖို့အတွက် အဖျားဘက်ရှိ အချွန်လေးကိုချိုးကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ချိုးလိုက်၍ ဆတ်ခနဲကျိုးသွားလျှင်နုပြီး၊ မကျိုးဘဲထိပ်ကွဲသွားလျှင် ရင့်ပါတယ်။

(ကြောင်လျှာသီး)

အပေါ်ယံအခွံရောင်မှောင်လေ ကြောင်လျှာသီး ရင့်လေဘဲဖြစ်ပါတယ်။ ကြောင်လျှာသီးကို အရင်းမှ ကိုင်ဆကြည့်တဲ့အခါ အောက်သို့ကွေးညွတ်ပျော့ကျလေနုလေပါဘဲ။

(ခရမ်းသီး)

နှိပ်ကြည့်ပါက မာနေရင် ရင့်ပါတယ်။ လတ်ဆတ်သော ခရမ်းသီး၏အရောင်မှာ ခရမ်းသွေးကျပြီးပြောင်လက်နေပါတယ်။ ရှုံ့ပြီး ပျော့နေလျှင် မလတ်ဆတ်တော့ပါဘူး။ (ခရမ်းရှည်သီး-ခရမ်းဝိုင်းသီး-ခရမ်းကြွပ်သီးများအားလုံးကို ဤနည်းအတိုင်းသာ ရွေးချယ်ပါ)

(တည်သီး)

မရင့်မှည့်ခင်အရောင်မှာခပ်ဖျော့ဖျော့ရှိပြီး၊ အပေါ်ယံအရေခွံများလည်းမာတင်းနေပါတယ်။ အသီးမမှည့်သေးခင်စားပါက အရသာ အလွန်ဖန်ပါတယ်။ တည်သီး မှည့်လာသောအချိန်တွင် အရောင်ရင့်သွားပြီး၊ အခွံလည်း ပျော့အိလာကာမှည့်လေ ချိုလေပါဘဲ။ မျိုးစိပ်ပေါ်မူတည်ပြီး တည်သီးကို လိမ္မော်ဝါရောင်(သို့)လိမ္မော်နီရောင် အဖြစ်မြင်တွေ့နိုင်ပါတယ်။ လိမ္မော်နီရောင် အသီးမျိုးက အရသာပိုကောင်းပါတယ်။ မမှည့်သေးတဲ့တည်သီးကို ဆန်အိုးထဲ့၍ အမှည့်ခံပေးနိုင်ပါတယ်။

(ဒန့်သလွန်သီး)

လတ်ဆတ်ပြီးနုတဲ့ ဒန့်သလွန်သီးရဲ့အရောင်ဟာစိုပြည်ပြီး အစိမ်းရောင်ဖြစ်ပါတယ်။ မွဲခြောက်ပြီး ပြုပ်ထ၍ ချေးကွက်တွေဖြစ်ပေါ်နေရင် ရင့်တတ်ပါတယ်။ အခွံမှာ အမြှောင်းသုံးခုလဲ ပေါ်နေခြင်းကလည်းအသီးရင့်တဲ့ လက္ခဏာတွေပါဘဲ။

(ပိန္နဲသီး)

ဘို့(အဆူး)ကြီးလေ၊ အထဲကပိန္နဲသီး အမွှာထွားလေဖြစ်ပြီး အရသာပိုကောင်းပါတယ်။ နောက်ပြီး ဘို့(အဆူး)ကျဲတဲ့ အသီးကို ရွေးချယ်ပါ။ မြန်မြန်မှည့်လာပါလိမ့်မယ်။

(မာလာဖူး)

တို့စရာတမျိုးဖြစ်တဲ့ မာလာဖူးတွေရင့်သွားတဲ့အခါ ကြမ်းတမ်း၍ဝါးလို.လည်းမကောင်းတော့ပေ။ အပွင့်ကားပြီး အဝါဝတ်ဆံများ ထွက်ပေါ်နေရင် ရင့်တတ်ပါတယ်။ မာလာဖူးနု၏ အရောင်က မရမ်းစေ့ရောင်ဖြစ်ပါတယ်။ မရမ်းရောင်ထက် ဖျောတော့ပြီး ပွင့်ဖတ် အဆင့်များရင်လည်း ရင့်တတ်ပါတယ်။

(ဖရဲသီး)

အရွယ်ချင်းတူသော်လည်း အလေးချိန်ပိုစီးသော အသီးမျိုးကိုရွေးချယ်ပါ။ အပေါ်ယံအခွံကို ကြည့်ပါ။ အသီး၏တခြမ်းက စိမ်းစိုနေပြီး၊ ကျန်တခြမ်းက အတန်ငယ်ဝါနေသော အခွံသီးမျိုးက အရသာပို၍ချိုပါတယ်။ (အဘယ်ကြောင့်ဆိုသော် ဖရဲသီးဟာ မြေပေါ်မှာ ဝပ်တွားသီးတဲ့အမျိုးအစားဖြစ်တာကြောင့်၊ မြေဆီလွှာနဲ့ထိတဲ့အပိုင်းက စိမ်းစိုနေပြီး၊ နေရောင်ခြည် ကောင်းစွာထိတဲ့ အပိုင်းက ဝင်းဝါနေခြင်းဖြစ်၍ နေ-လေ-မြေဆီလွှာဓာတ်တို့ ပြည့်ဝတဲ့ အသီးကပို၍ချိုပါတယ်)

(ကညွတ်)

ကညွတ်ပင်၏ အဖျားပိုင်းကိုသာစားလို့ရပြီး၊ ပျမ်းမျှကညွတ်တစ်ပိသာဝယ်လျှင် အစိတ်သားခန့်သာ စားလို့ရပါတယ်။ ကညွတ် ပင်ပေါ်မှာပါရှိတဲ့အဖုကလေးတွေ တစ်ခုနဲ့တစ်ခု နီးကပ်နေလျှင်နုပြီး၊ ၎င်းအဖုဝေးလျှင်ရင့်ပါတယ်။(လယ်ကွက်တွေမှာအလို အလျောက်ပေါက်တဲ့အရိုးနီအရွက်စိမ်းမျိုးဟာ ရေကညွတ်ဖြစ်ပြီး၊ တကူးတက စိုက်ယူရတဲ့ အစိမ်းရောင် ကညွတ်မျိုးလည်း ရှိပါတယ်။ နှစ်မျိုးစလုံးကို ဤနည်းအတိုင်းရွေးချယ်ပါ)

(ထောပတ်သီး)

ထောပတ်သီးဝယ်တဲ့အခါ အထဲမှာမှိုတက်နေပြီး မည်းနေတဲ့အသီးကို အရွေးမမှားစေဖို့အတွက်၊ ဦးစွာ အသီးရဲ့အညှာဖက် အပိုင်းကို လက်ဖြင့်အသာအယာဖိကြည့်ပါ။ပျော့နေရင် လတ်ဆတ်တဲ့အသီးဖြစ်ပါတယ်။

(သခွားသီး)

အညှာနေရာမှနေပြီး၊ အခြားတစ်ဖက်ဖျားအထိဖြောင့်ဖြောင့် စိမ်းစိမ်းမျိုးကိုသာ ရွေးချယ်ပါ။ အဝါ(သို့မဟုတ်)အဖြူအစင်းကျား တွေက အသီးရင့်ပါတယ်။ အညှာနားမှာသိမ်နေပြီး၊ အဖျားပိုင်းက သိမ်သည့်အပိုင်းထက် ပို၍တိုပါက မဝယ်သင့်ပါဘူး။

(ဒူးရင်းသီး)

အတွင်းအသား ထူ/မထူကိုအညှာကြည့်ပြီးရွေးချယ်နိုင်ပါတယ်။ အညှာမှာအဖြူရစ်နဲ့ အတွင်းအရစ်ဝိုင်းကလေး တစ်ခုရှိပါတယ်။ ၎င်းအဖြူရစ်ပါးပြီး၊ အဝိုင်းထူရင် အတွင်း အနှစ်အသား ထူပါတယ်။

(ဌက်ပျောသီး)

ဌက်ပျောခွံပေါ်မှာ အမည်းရောင် အစက်အပြောက်လေးများပါတဲ့အသီးက ရင့်ပြီးအရသာလည်း ပိုကောင်းပါတယ်။ အပွေးတက်လေ ပိုချိုလေပါဘဲ။

(ဘူးသီး)

ကိုင်းဘူးသီး၊ စင်ဘူးသီးဆိုပြီး ၂-မျိုးရှိပါတယ်။ (၁) ကိုင်းဘူးသီးကဖြောင့်တန်းညီညာမှုမရှိဘဲ အညှာအနီးမှာချိုင့်နေတတ်ပါ တယ်။ ချက်ပြုတ်တဲ့အခါ မာကြောပြီး စားရင်လည်း ဆတ်တောက်တောက်ဖြစ်နေပါတယ်။ အခွံက အစိမ်းရောင်မသန်းဘဲ ဖြူနေရင် အသီးရင့်ပါတယ်။ (၂) စင်ဘူးသီးက စားတဲ့အခါ ချို၍ ညက်ညောပါတယ်။ အညှာကနေ ချက်တိုင်အထိ ဖြောင့်တန်းပြီး အမွေးနုတွေရှိပါတယ်။ အစိမ်းရင့်ပေါ်မှာ အဖြူပြောက်ကျားအကွက်တွေပါနေရင် အရင့်သီးဖြစ်ပြီး“ဘူးကျား” လို့ခေါ်ပါတယ်။ ဘူးကျားကို ဘယ်လိုချက်ချက် ဆတ်တောက်တောက်ဖြစ်နေပြီး အရသာလည်း မရှိပါ။

(ချဉ်ပေါင်ရွက်)

ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူနဲ့ ချဉ်ပေါင်ခါး(ခေါ်)ဓာတ်ချဉ်ပေါင်ဟူ၍ သုံးမျိုးရှိပါတယ်။ ချဉ်ပေါင်ဖြူက အရိုးနီသောချဉ်ပေါင်နီနဲ့ အမျိုး အစားချင်းတူပါတယ်။ ချဉ်ပေါင်ခါးက ခါးသောအရသာရှိပါတယ်။ ချဉ်ပေါင်ကြော် အတွက် ချဉ်ပေါင်ဖြူ-နီ အရွက်ရင့်ကိုရွေးပါ။ ချဉ်ရည်ဟင်း နဲ့ဟင်းချိူအတွက်ကိုတော့ မွှေရင်ကြေလွယ်တဲ့ ချဉ်ပေါင်ရွက် အနုတွေကိုရွေးပါ။

(ဂေါ်ဖီထုပ်)

အထုပ်ပွပွကိုဝယ်ပါ။ ကျစ်လစ်နေတဲ့ ဂေါ်ဖီထုပ်က အလယ်အူတိုင်တွေ အဆမတန် ကြီးမားတန် ကြီးတတ်လို့ပါ။

(ပန်းဂေါ်ဖီ)

ဖွေးဖွေးကျစ်ကျစ်နဲ့ လေးလေးကိုဝယ်ပါ။ အမည်းစက်ပြောက်များပါတဲ့၊ သကြားမှုန်လိုမွှေးနုပါပြီးဝါနေတဲ့ အပွင့်မျိုးကို မဝယ်ပါနဲ့။ မှောက်ရက်လှန်ပြီး အတွင်းမှာ ပိုးရှိမရှိကိုလည်းကြည့်ပါ။ ဖြူပြီးလေးနေရင်လည်း အတွင်းမှာ ပိုးတွယ်နေတတ်ပါတယ်။

(ပဲတောင့်ရှည်)

ကျစ်ပြီးအလျားရှည်တဲ့ အတောင့်ကိုဝယ်ပါ။ ဖြူ၍ အသားပွတဲ့ ပဲတောင့်ကမကောင်းပါဘူး။

(ကြက်ဟင်းခါးသီး)

အစိမ်းရင့်မျိုး နဲ့အဖြူမျိုး ၂-မျိုးရှိတယ်။ ဘို့စိတ်ပြီးဘို့ပါးတဲ့ ကြက်ဟင်းခါးသီးက မကောင်းပါ။ ဘို့ကျဲ၍ထွားပြီး ကောက်ကွေ့ခြင်း မရှိတဲ့ ကြက်ဟင်းခါးသီးကို သာဝယ်ရွေးပါ။ အနီရောင်၊ အဝါရောင် ကြက်ဟင်းခါးသီးကတော့ အမှည့်လွန်နေတာဖြစ်ပါတယ်။

(ဆောင်းပါးရှင် ပေါက်ပေါက်…ရေးသားမျှဝေသည်)

Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *