ဗဟုတုသ

ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံးနိုင်ငံလို့ သတ်မှတ်ခြင်းခံရတဲ့ ဘူတန်နိုင်ငံအကြောင်း

(Zawgyi)

ကမာၻေပၚမွာ စိတ္အခ်မ္းသာဆုံးႏိုင္ငံလို႔သတ္မွတ္ျခင္းခံရတဲ့ ဘူတန္ႏိုင္ငံအေၾကာင္း

ဘူတန္ႏိုင္ငံကို ကမာၻ႔နံပါတ္ ၁ လို႔ဆိုလိုက္ရင္ ဘယ္ေနရာမွာ ၁ တာလဲ၊ အင္အားႀကီးတဲ့ေနရာမွာလား၊ နည္းပညာမွာလား၊ ခ်မ္းသာတဲ့ေနရာမွာလား စသျဖင့္ေမးမိၾကမွာပါ။

တကယ္ေတာ့ ဘူတန္ႏိုင္ငံ ကမာၻ႔နံပါတ္ ၁စြဲတဲ့ေနရာကေတာ့ ေပ်ာ္႐ႊင္တဲ့ေနရာမွာပါ။ ဟုတ္ပါတယ္။ ဘူတန္ႏိုင္ငံဟာ ကမာၻေပၚမွာ အေပ်ာ္႐ႊင္ဆုံးႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရတဲ့ ႏိုင္ငံျဖစ္ပါတယ္။

တစ္ကမာၻလုံးက တိုင္းျပည္တစ္ျပည္ရဲ႕စံႏႈန္းကို GDP နဲ႔ တိုင္းေနတဲ့အခ်ိန္မွာ ဘူတန္ႏိုင္ငံကေတာ့ ႏိုင္ငံသားေတြရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ပဲ တိုင္းပါသတဲ့။ ျပည္သူျပည္သားေတြေပ်ာ္ရင္တိုးတက္တယ္လို႔ သတ္မွတ္ထားပါသတဲ့။ အဲဒီေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဘူတန္ႏိုင္ငံရဲ႕အေၾကာင္းကိုေလ့လာၾကည့္ရေအာင္….

ဘူတန္ လို႔ေခၚေနၾကေပမယ့္ သူ႔ရဲ႕တကယ့္နာမည္အမွန္က ဘူတန္ဘုရင့္ႏိုင္ငံ(Kingdom of Bhutan) ျဖစ္ပါတယ္။ ဟိမဝႏၲာေတာင္တန္းအေရွ႕နားက ကုန္းတြင္းပိတ္ႏိုင္ငံေလးျဖစ္ပါတယ္။

၁၇ရာစုတုန္းက ပေဒသရာဇ္ႏိုင္ငံငယ္ေလးျဖစ္ခဲ့ၿပီး တိဘက္မွာဘာသာေရးႏွိပ္ကြပ္မႈေတြျပင္းထန္လာတဲ့အခါ လူမ်ားဟာ ထြက္ျပးတိမ္းေရွာင္ခဲ့ၾကၿပီး ဘူတန္ႏိုင္ငံေနရာမွာ ဘူတန္လူမ်ိဳးအျဖစ္ေနထိုင္ခဲ့ၾကပါတယ္။

၂၀ရာစုအေစာပိုင္းမွာေတာ့ ၿဗိတိသွ်လက္ေအာက္ကိုက်ေရာက္ခဲ့ၿပီး အဲဒီေနာက္ေတာ့ အိႏၵိယရဲ႕လႊမ္းမိုးမႈကိုခံခဲ့ရျပန္ပါတယ္။ အက်ယ္အဝန္း ၃၈၈၁၆စတုရန္းကီလိုမီတာသာက်ယ္ဝန္းၿပီး လူဦးေရ ၇သိန္းခန႔္ေနထိုင္ၾကပါတယ္။

အမ်ားစုမွာ ဝဇီရာယာနဗုဒၶဘာသာကို ကိုးကြယ္ၿပီး ဟိႏၵဴဘာသာဝင္အနည္းငယ္ရွိပါတယ္။ အဓိကလုပ္ငန္းမွာ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ သစ္ေတာလုပ္ငန္းမ်ားျဖစ္ပါတယ္။ ၿမိဳ႕ေတာ္မွာ သင္မ္ဖ်ဴး (Thimphu)ျဖစ္ပါတယ္။

တစ္ကမာၻလုံးစာရင္းမွာေတာ့ ဘူတန္ႏိုင္ငံရဲ႕ ေပ်ာ္႐ႊင္ျခင္းအဆင့္ကို ၅ လို႔သာ သတ္မွတ္ထားေပမယ့္ ဒါဟာအလြန္ခ်မ္းသာတဲ့ အျခားႏိုင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္ခ်က္ျဖစ္ပါတယ္။ မခ်မ္းသာေပမယ့္ ေပ်ာ္႐ႊင္တဲ့ႏိုင္ငံေတြထဲမွာေတာ့ ဘူတန္ဟာ နံပါတ္ ၁ ျဖစ္ပါတယ္။

ဘူတန္ႏိုင္ငံကို ေပ်ာ္႐ႊင္ျခင္းႏိုင္ငံျဖစ္အာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့သူကေတာ့ လက္ရွိဘူတန္ဘုရင္ရဲ႕ဖခင္ Jigme Singye Wangchuck ျဖစ္ပါတယ္။ မတိုးတက္ မခ်မ္းသာေပမယ့္ ဘာေၾကာင့္ ဘူတန္ဟာ အေပ်ာ္႐ႊင္ဆုံးႏိုင္ငံျဖစ္ေနရပါသလဲ။

အဓိက အခ်က္ေတြကေတာ့-

ဘူတန္ဟာ သဘာဝတရားကို လတ္လတ္ဆတ္ဆတ္ထိေတြ႕ခြင့္ရျခင္း၊ ၿမိဳ႕ႀကီးၿမိဳ႕ငယ္ လမ္းအသြယ္သြယ္မွာ ေတာင္းရမ္းစားေသာက္သူမ်ား မရွိျခင္း၊ ေဆးသမားမ်ား၊ မိန္းမပ်က္မ်ား မရွိျခင္း၊ ခမ္းနားႀကီးက်ယ္တဲ့ အိမ္မ်ားမရွိသလို၊ စုတ္ျပတ္ မိုးမလုံတဲ့အိမ္မ်ား မရွိျခင္း၊ တိုင္းျပည္ကို အလြန္ခ်စ္တဲ့ဘုရင္ရွိျခင္း စတဲ့အခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။

ဘူတန္ဟာ သဘာဝတရားကို အထိမ္းသိမ္းႏိုင္ဆုံးတိုင္းျပည္၊ သစ္ေတာမျပဳန္းတီးဆုံး တိုင္းျပည္ျဖစ္ၿပီး ႏိုင္ငံရဲ႕ ၇၀ရာခိုင္ႏႈန္းေက်ာ္ဟာ သစ္ေတာမ်ားျဖစ္ပါတယ္။

ေဆးလိပ္ေသာက္ျခင္းကိုလည္း အကန႔္အသတ္ဥပေဒနဲ႔ ခြင့္ျပဳထားၿပီး တစ္ႏိုင္ငံလုံးနီးပါးဟာ ေဆးလိပ္မေသာက္ရတဲ့ေနရာမ်ားျဖစ္ပါတယ္။ ပတ္ဝန္းက်င္ကို ထိမ္းသိမ္းတဲ့အေနနဲ႔ ပလတ္စတစ္တင္သြင္းခြင့္ကိုလည္း ပိတ္ပင္ထားတဲ့ႏိုင္ငံျဖစ္ပါတယ္။ ရာဇဝတ္မႈျဖစ္ပြားတာလည္း အလြန္နည္းတဲ့ႏိုင္ငံပါ။

ခ်မ္းသာတဲ့တိုင္းျပည္ေတြနဲ႔အၿပိဳင္ လူတိုင္း ေဆးကုခြင့္၊ ေက်ာင္းေနခြင့္ကို ရထားသလို ေရအားလွ်ပ္စစ္ကိုအသုံးခ်ကာ တိုင္းျပည္ရဲ႕ ေနရာ ၇၀ရာခိုင္ႏႈန္းကို လွ်ပ္စစ္မီးေပးႏိုင္ပါတယ္။ ႏိုင္ငံျခားကိုထြက္ကာ ပညာသင္သူေတြရွိၿပီး ထြက္သြားသူတိုင္းရဲ႕ ၉၉ရာခိုင္ႏႈန္းဟာ တိုင္းျပည္ကိုျပန္လာကာ အလုပ္အေကြၽးျပဳၾကပါတယ္။

အဓိကဥပေဒ တစ္ရပ္ရွိပါေသးတယ္။ အဲဒါကေတာ့ သူတို႔လူမ်ိဳးနဲ႔ ဘာသာကို ေစာင့္ထိမ္းတဲ့အေနနဲ႔ သူတို႔လူမ်ိဳးေတြကို ႏိုင္ငံျခားသားေတြနဲ႔ လက္ထပ္ခြင့္မျပဳတာပါ။

ဘုရင္ကစလို႔ ျပည္သူျပည္သားအားလုံးဟာ ႐ိုးရာဝတ္စုံကိုသာ ဝတ္ဆင္ေလ့ရွိၾကပါတယ္။ ေယာက်ၤားေတြကေတာ့ gol လို႔ေခၚတဲ့ ဒူးထိရွည္လ်ားတဲ့ဝတ္စုံကိုဝတ္ဆင္ၿပီး မိန္းမေတြကေတာ့ Kira လို႔ေခၚတဲ့ ေျခမ်က္စိအထိရွိတဲ့ဝတ္စုံကို ဝတ္ဆင္ၾကပါတယ္။

ဘူတန္ကို ေရာက္တဲ့အခါ မည္သည့္ လူႀကီးကေလးေတြကို ဒီမွာေနရတာအဆင္ေျပလားလို႔ ေမးတဲ့အခါ ေက်နပ္တယ္ ေပ်ာ္႐ႊင္တယ္ ဆိုတဲ့စကားကိုပဲ ၾကားရမွာျဖစ္ပါတယ္။

တိုင္းျပည္နဲ႔ ျပည္သူခ်စ္တဲ့ ဘုရင္ရွိတဲ့ႏိုင္ငံ၊ ဘုရင္နဲ႔တိုင္းျပည္ကိုခ်စ္တဲ့ ျပည္သူရွိတဲ့ႏိုင္ငံ၊ သဘာဝတရားႀကီးကို လုံးဝလြတ္လပ္စြာခံစားခြင့္ရတဲ့ ႏိုင္ငံျဖစ္တာေၾကာင့္ ဘူတန္ဟာ ဆင္းရဲေပမယ့္ အေပ်ာ္႐ႊင္ဆုံးႏိုင္ငံ ျဖစ္တာ သိပ္မဆန္းပါဘူး။

ကြၽန္ေတာ္တို႔ႏိုင္ငံကိုလည္း ဒိန္းမတ္တို႔ ေနာ္ေဝတို႔လို ခ်မ္းသာမႈ ေအးခ်မ္းမႈေတြနဲ႔ျပည့္စုံတဲ့ ႏိုင္ငံမျဖစ္ရင္ေတာင္ ဘူတန္လို ေပ်ာ္႐ႊင္ျခင္းနဲ႔ ျပည့္တဲ့ႏိုင္ငံျဖစ္ေစခ်င္ပါတယ္..

Credit – သုတဇုန္

(Unicode)

ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံးနိုင်ငံလို့သတ်မှတ်ခြင်းခံရတဲ့ ဘူတန်နိုင်ငံအကြောင်း

ဘူတန်နိုင်ငံကို ကမ္ဘာ့နံပါတ် ၁ လို့ဆိုလိုက်ရင် ဘယ်နေရာမှာ ၁ တာလဲ၊ အင်အားကြီးတဲ့နေရာမှာလား၊ နည်းပညာမှာလား၊ ချမ်းသာတဲ့နေရာမှာလား စသဖြင့်မေးမိကြမှာပါ။

တကယ်တော့ ဘူတန်နိုင်ငံ ကမ္ဘာ့နံပါတ် ၁စွဲတဲ့နေရာကတော့ ပျော်ရွှင်တဲ့နေရာမှာပါ။ ဟုတ်ပါတယ်။ ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက တိုင်းပြည်တစ်ပြည်ရဲ့စံနှုန်းကို GDP နဲ့ တိုင်းနေတဲ့အချိန်မှာ ဘူတန်နိုင်ငံကတော့ နိုင်ငံသားတွေရဲ့ပျော်ရွှင်မှုနဲ့ပဲ တိုင်းပါသတဲ့။ ပြည်သူပြည်သားတွေပျော်ရင်တိုးတက်တယ်လို့ သတ်မှတ်ထားပါသတဲ့။ အဲဒီတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘူတန်နိုင်ငံရဲ့အကြောင်းကိုလေ့လာကြည့်ရအောင်….

ဘူတန် လို့ခေါ်နေကြပေမယ့် သူ့ရဲ့တကယ့်နာမည်အမှန်က ဘူတန်ဘုရင့်နိုင်ငံ(Kingdom of Bhutan) ဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းအရှေ့နားက ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပါတယ်။

၁၇ရာစုတုန်းက ပဒေသရာဇ်နိုင်ငံငယ်လေးဖြစ်ခဲ့ပြီး တိဘက်မှာဘာသာရေးနှိပ်ကွပ်မှုတွေပြင်းထန်လာတဲ့အခါ လူများဟာ ထွက်ပြးတိမ်းရှောင်ခဲ့ကြပြီး ဘူတန်နိုင်ငံနေရာမှာ ဘူတန်လူမျိုးအဖြစ်နေထိုင်ခဲ့ကြပါတယ်။

၂၀ရာစုအစောပိုင်းမှာတော့ ဗြိတိသျှလက်အောက်ကိုကျရောက်ခဲ့ပြီး အဲဒီနောက်တော့ အိန္ဒိယရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပြန်ပါတယ်။ အကျယ်အဝန်း ၃၈၈၁၆စတုရန်းကီလိုမီတာသာကျယ်ဝန်းပြီး လူဦးရေ ၇သိန်းခန့်နေထိုင်ကြပါတယ်။

အများစုမှာ ဝဇီရာယာနဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ဟိန္ဒူဘာသာဝင်အနည်းငယ်ရှိပါတယ်။ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောလုပ်ငန်းများဖြစ်ပါတယ်။ မြို့တော်မှာ သင်မ်ဖျူး (Thimphu)ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးစာရင်းမှာတော့ ဘူတန်နိုင်ငံရဲ့ ပျော်ရွှင်ခြင်းအဆင့်ကို ၅ လို့သာ သတ်မှတ်ထားပေမယ့် ဒါဟာအလွန်ချမ်းသာတဲ့ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။ မချမ်းသာပေမယ့် ပျော်ရွှင်တဲ့နိုင်ငံတွေထဲမှာတော့ ဘူတန်ဟာ နံပါတ် ၁ ဖြစ်ပါတယ်။

ဘူတန်နိုင်ငံကို ပျော်ရွှင်ခြင်းနိုင်ငံဖြစ်အာင် စွမ်းဆောင်နိုင်ခဲ့တဲ့သူကတော့ လက်ရှိဘူတန်ဘုရင်ရဲ့ဖခင် Jigme Singye Wangchuck ဖြစ်ပါတယ်။ မတိုးတက် မချမ်းသာပေမယ့် ဘာကြောင့် ဘူတန်ဟာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေရပါသလဲ။

အဓိက အချက်တွေကတော့-

ဘူတန်ဟာ သဘာဝတရားကို လတ်လတ်ဆတ်ဆတ်ထိတွေ့ခွင့်ရခြင်း၊ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းစားသောက်သူများ မရှိခြင်း၊ ဆေးသမားများ၊ မိန်းမပျက်များ မရှိခြင်း၊ ခမ်းနားကြီးကျယ်တဲ့ အိမ်များမရှိသလို၊ စုတ်ပြတ် မိုးမလုံတဲ့အိမ်များ မရှိခြင်း၊ တိုင်းပြည်ကို အလွန်ချစ်တဲ့ဘုရင်ရှိခြင်း စတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။

ဘူတန်ဟာ သဘာဝတရားကို အထိမ်းသိမ်းနိုင်ဆုံးတိုင်းပြည်၊ သစ်တောမပြုန်းတီးဆုံး တိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၇၀ရာခိုင်နှုန်းကျော်ဟာ သစ်တောများဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကိုလည်း အကန့်အသတ်ဥပဒေနဲ့ ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးနီးပါးဟာ ဆေးလိပ်မသောက်ရတဲ့နေရာများဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အနေနဲ့ ပလတ်စတစ်တင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ရာဇဝတ်မှုဖြစ်ပွားတာလည်း အလွန်နည်းတဲ့နိုင်ငံပါ။

ချမ်းသာတဲ့တိုင်းပြည်တွေနဲ့အပြိုင် လူတိုင်း ဆေးကုခွင့်၊ ကျောင်းနေခွင့်ကို ရထားသလို ရေအားလျှပ်စစ်ကိုအသုံးချကာ တိုင်းပြည်ရဲ့ နေရာ ၇၀ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ပါတယ်။ နိုင်ငံခြားကိုထွက်ကာ ပညာသင်သူတွေရှိပြီး ထွက်သွားသူတိုင်းရဲ့ ၉၉ရာခိုင်နှုန်းဟာ တိုင်းပြည်ကိုပြန်လာကာ အလုပ်အကျွေးပြုကြပါတယ်။

အဓိကဥပဒေ တစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ သူတို့လူမျိုးနဲ့ ဘာသာကို စောင့်ထိမ်းတဲ့အနေနဲ့ သူတို့လူမျိုးတွေကို နိုင်ငံခြားသားတွေနဲ့ လက်ထပ်ခွင့်မပြုတာပါ။

ဘုရင်ကစလို့ ပြည်သူပြည်သားအားလုံးဟာ ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိကြပါတယ်။ ယောင်္ကျားတွေကတော့ gol လို့ခေါ်တဲ့ ဒူးထိရှည်လျားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီး မိန်းမတွေကတော့ Kira လို့ခေါ်တဲ့ ခြေမျက်စိအထိရှိတဲ့ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။

ဘူတန်ကို ရောက်တဲ့အခါ မည်သည့် လူကြီးကလေးတွေကို ဒီမှာနေရတာအဆင်ပြေလားလို့ မေးတဲ့အခါ ကျေနပ်တယ် ပျော်ရွှင်တယ် ဆိုတဲ့စကားကိုပဲ ကြားရမှာဖြစ်ပါတယ်။

တိုင်းပြည်နဲ့ ပြည်သူချစ်တဲ့ ဘုရင်ရှိတဲ့နိုင်ငံ၊ ဘုရင်နဲ့တိုင်းပြည်ကိုချစ်တဲ့ ပြည်သူရှိတဲ့နိုင်ငံ၊ သဘာဝတရားကြီးကို လုံးဝလွတ်လပ်စွာခံစားခွင့်ရတဲ့ နိုင်ငံဖြစ်တာကြောင့် ဘူတန်ဟာ ဆင်းရဲပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံ ဖြစ်တာ သိပ်မဆန်းပါဘူး။

ကျွန်တော်တို့နိုင်ငံကိုလည်း ဒိန်းမတ်တို့ နော်ဝေတို့လို ချမ်းသာမှု အေးချမ်းမှုတွေနဲ့ပြည့်စုံတဲ့ နိုင်ငံမဖြစ်ရင်တောင် ဘူတန်လို ပျော်ရွှင်ခြင်းနဲ့ ပြည့်တဲ့နိုင်ငံဖြစ်စေချင်ပါတယ်..

Credit – သုတဇုန်

Leave a Reply

Your email address will not be published. Required fields are marked *