ဗဟုတုသ

အခု လို အချိန် ၁၀ တန်း ကျောင်းသားကျောင်းသူ တွေ စာမေးပွဲ ဖြေနေချိန် မှာ ဘာတွေ စားသင့်သလဲ????

အခု လို အချိန် ၁၀ တန်း ကျောင်းသားကျောင်းသူ တွေ စာမေးပွဲ ဖြေနေချိန် မှာ ဘာတွေ စားသင့်သလဲ????

ကျောင်းသား ကျောင်းသူ တွေ က စာမေးပွဲ နီးလာ ရင် စိတ်ဖိစီးမှု့တွေ များပြီး ဘာမှ မစားချင် ဖြစ်တတ်ပါတယ်။ ဒါကို လူကြီး တွေ က ဂရုပြု ပြီး ပြင်ဆင်ပေးဖို့လိုပါတယ်။
ခန္ဓာကိုယ်ထဲ မှာ ဘာမှ မစားလို့ သကြားဓါတ်နည်း သွားပြီ ဆိုတာနဲ့ ဦးနှောက် ရဲ့ လုပ်ဆောင်ချက် ကလည်း သိသိသာသာ ကျဆင်းသွားပါတယ်။ မှတ်ဉာဏ် စွမ်းအား လည်း လျော့ကျသွားပါတယ်။ အာပာာရ ပြည့်ပြည့် ဝဝ စားမှ သာလျှင် စာကောင်းကောင်း ကျက်နိုင်မှာပါ။

အဓိက ကတော့ စာကျက် နေရတာ ဖြစ်လို့ တစ်ခါတည်း နဲ့ အများကြီး စားရင် အိပ်ငိုက် တတ်တဲ့ အတွက် ၆ ကြိမ်ခွဲ စားဖို့လိုပါတယ်။

(၁) မနက်စာ ကို ကြက်ဥ ပြုတ် နှစ်လုံးနဲ့ ပေါင်မုန့် နှစ်ချပ်လောက် စစားပါ။ ကြက်ဥ မှာ ပါတဲ့ Choline ဓါတ် က မှတ်ဉာဏ်စွမ်းအား ကို ပိုကောင်းစေပါတယ်။

(၂) နေ့လည်လောက် ကို ထမင်း ပန်းကန်လုံး တစ်လုံး နဲ့ ငါး တစ်မျိုးမျိုး ကို ပာင်းရွက်ကြော် နဲ့ တွဲ စားပါ။

(၃) နေ့လည် အဆာပြေ ကို Green Tea သို့မပာုတ် Lemon Tea သောက်ပါ။ ခရမ်းချဉ် သီးဖျော်ရည် (readymade) ဒါမှ မပာုတ် လိမ္မော်ရည် တစ်ခွက်သောက် ပေးလည်း အဆင်ပြေပါတယ်။

(၄) ညနေ ပိုင်း ကို စတော်ဘယ်ရီ သီး blueberry သီး နာနတ်သီး ဖြစ်ဖြစ် စားပါ။ Vitamin C ပါဝင် တဲ့ အတွက် ရောဂါ ပိုးမွှား ကာကွယ် တဲ့ အပြင် စိတ်ရွှင်လန်း တက်ကြွ စေတဲ့ အတွက် စာကျက်လို့ ပိုကောင်းစေပါတယ်။ Dark Chocolate စားပေးရင် လည်း စိတ်ကြည်လင် စေပါတယ်။

(၅) ညစာ ကို တော့ ထမင်း ပန်းကန်လုံး တစ်လုံး ကို ငါးပေါင်း ၄ တုံးလောက် / ငါးမစားပါက ကြက်သား ၄ တုံး လောက် နဲ့ စားပါ။ ငါးကတော့ ပင်လယ်ငါးတွေ က Omega 3 ပါဝင် တဲ့ အတွက် မှတ်ဉာဏ် စွမ်းအား ပိုကောင်းစေတဲ့ အတွက် ပိုသင့်တော်ပါတယ်။

(၆) ညဘက် အိပ်ခါ နီး မှာတော့ နောက်နေ့ မနက် လန်း နေအောင် နို့တစ်ခွက် သောက်ပြီးမှ အိပ်ပါ။ နို့တစ်ခွက် သောက်ခြင်း အားဖြင့် အချိန် ခဏလေး အတွင်း မှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် စေတဲ့ အတွက် နောက်တစ်နေ့ မနက် မှာ လန်းဆန်းတက်ကြွစေပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Leave a Reply

Your email address will not be published. Required fields are marked *